← Chapters

အဘိုးကြီးကို သတ်ပစ်ပြီ

Vol. 41 Ch. 4.131

အဘိုးကြီးကို သတ်ပစ်ပြီ

Vol. 41 Ch. 4.131

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် အစောကတည်းက ဤလူများအပေါ် ဖုံးအုပ်ထားခဲ့ပြီးသား ဖြစ်သည်။ ၎င်းတို့၏ ခံစားချက်များက လုရွှမ်စိတ်ထဲ ရေးထွင်းထားပြီးသားပင်။ ဖူတုံး ဘာတွေ တွေးနေလဲ စောစောကတည်းက ခန့်မှန်းမိပြီးလေပြီ။

သူ့ရတနာကို သိမ်းပိုက်ဖို့ သူ့ကိုသတ်မယ်ပေါ့လေ။ ဒီလူ တကယ် သေချင်နေတာပဲ။

"မင်းငါ့ဆရာတူညီလေး ဖူတုံးကို သတ်ရဲလားကွ!!"

လူတစ်ယောက်က ထအော်လိုက်သည်။

ဖူတုံး မြေပြင်ပေါ်သို့ လဲကျကာ သွေးများ အဆက်မပြတ် ထွက်ကျလာခဲ့သည်။ သူ့ခန္ဓာကိုယ် လှုပ်ယမ်း​နေကာ သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအင် အသွင်အပြင်များ ပေါ်လာပြီး ကြည့်ရှုသူတိုင်း ထိတ်လန့်သွားကြသည်။

သူတော်စင်တစ်ပိုင်း အဆင့်၂ ရွှေခန္ဓာနယ်ပယ်မှစ၍ နိယာမစွမ်းအင် အသွင်အပြင်များသည် ရွှေရောင်ကိုယ်ထည်အဖြစ် သဘာဝကျကျ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

နိယာမစွမ်းအင် အသွင်အပြင်သည် မမြင်နိုင်သလောက် ဖြစ်ပြီး ပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခွန်အားများစွာ ဆုံးရှုံးသွားသည်မှာ ထင်ရှားပေ၏။ ယခုအခါ ဖူတုံး၏ ခန္ဓာကိုယ်ပေါ်ရှိ နိယာမစွမ်းအင် အသွင်အပြင်သည် ကျိုးပဲ့သွားကာ ၎င်း၏ ကျင့်​ကြံမှုအခြေခံပင် ဖျက်စီးခံလိုက်ရကြောင်း ရှင်းလေသည်။

ဒီလို ဖြစ်သွားတာက သေရတာနဲ့ ဘာကွာတော့မှာလဲ? သေရတာကတောင် ပိုကောင်းလိမ့်ဦးမည်။

"သူကငါ့ကို မသတ်ချင်ဘူး ဆိုရင် သူလည်းသေမှာ မဟုတ်ဘူး... ဒါသူ့ဘာသာ တောင်းဆိုတာ"

လုရွှမ်က ဆို၏။

"မာနကြီးနေတဲ့ကောင်!"

ထိုလူက အော်ဟစ်လိုက်သော်လည်း သူ့စိတ်ထဲတွင် မဆင်မခြင် မလုပ်ရဲသေးဘဲ ရုတ်ခြည်း ကျောခိုင်းကာ ကျောင်းသားအုပ်စုဖက် လှည့်၍ ကျယ်လောင်စွာ အော်လိုက်သည်။

"အစီအရင်တည်!! ကြယ်ကိုးပွင့် လူသတ်အခင်းအကျင်း!"

ချက်ချင်းဆိုသလို ကျောင်းသား ကိုးယောက် ပြေးချလာပြီး လုရွှမ်ကို ဝိုင်းထားကြသည်။ ဓားကိုးချောင်း လွတ်ထွက်လာကာ ယွမ်ချီနှင့် သူတော်စင် စွမ်းအင်တို့ကို ပေါင်းစပ်၍ လုရွှမ်ထံ ပစ်သွင်းလိုက်၏။

လုရွှမ်က ပူလောင်နေသော မျက်လုံးများဖြင့် နံဘေးမှ ငြိမ်သက်နေဆဲ အဘိုးအိုအား ကြည့်ကာ

"အဘိုးကြီး.... ဒါကို တကယ်လုပ်ချင်ရင် ဘာလို့ ကိုယ်တိုင် မထွက်လာတာလဲ?"

အဘိုးအိုက

"အငယ်လေး.... အခု မင်းကြောက်နေပြီဆိုတာ ငါသိတယ်... မင်းအရင်က လူတစ်ယောက်ကို သတ်တုန်းက ဖြစ်လာမယ့် အကျိုးဆက်တွေ အကြောင်း ဘာလို့ မစဉ်းစားမိတာလဲ? သူ့လက်မောင်းကို ဖြတ်လိုက်.... ခုခံဖို့ သတ္တိရှိရင် တစ်ခါတည်း သတ်ပစ်လိုက်!!"

“ဟုတ်ကဲ့!”

တပည့်ကိုးယောက်က ချက်ချင်း ပြန်ဖြေကြသည်။

ရုတ်တရက် လူကိုးယောက်ရဲ့ စွမ်းအင်တွေက ပြင်းထန်လာပြီး ဓားကိုးချောင်းက ဓားတစ်ချောင်းတည်း ဖြစ်သွားသည်။ လူကိုးယောက်စလုံးက သူတော်စင်တစ်ပိုင်း အဆင့်၄ ယန်ရှန်နယ်ပယ်များ ဖြစ်ပေ၏။

ဓားသိုင်းပညာကို အတူတကွ လေ့ကျင့်ထားပုံဖြင့် မူလ ခွန်အားနှင့် စိတ်ဝိညာဉ်တို့သည် ဆက်စပ်နေပါသည်။

လူကိုးယောက်သည် လူတစ်ဦးကဲ့သို့ ပေါင်းစပ်ထားလို့ သူတို့သည် သူတော်စင်တစ်ပိုင်း အဆင့်၇ သခင်များကိုပင် တိုက်လှန်နိုင်တာကြောင့် အဆင့်၂က ဝက်ကလေးကို ခေါင်းဖြတ်ရတာလောက်က အလွယ်လေးပင်။

လုရွှမ် အေးစက်စွာ နှာမှုတ်၍ လက်ကို ဆန့်လိုက်တဲ့အခါ သူ့လက်ထဲတွင် သံကြိုးတစ်ချောင်း ပေါ်လာခဲ့သည်။ ၎င်းမှာ ဖီးနစ်နတ်ရွှေသံကြိုး ဖြစ်သည်။

လုရွှမ် ကိုယ်တိုင်လည်း သူ့ကိုယ်ခန္ဓာအတွင်း သံကြိုးများ ပေါင်းစပ်ပြီးနောက် အဘယ်ကြောင့် ဤကြိုးများ ပေါ်လာသည်ကို မသိခဲ့ပေ။ ခန္ဓာကိုယ်အတွင်း နဂါးအရိုးကို သန့်စင်ပြီးတော့ ၎င်းကို ရှာတွေ့ခဲ့သည်။

သူအရင်က ချုပ်နှောင်ခံခဲ့ရတဲ့ အချိန်တုန်းက သံကြိုးနဲ့ ယှဥ်ရင် ဒီသံကြိုးက သေးငယ်ပေမယ့် စစ်မှန်တဲ့ ဖီးနစ်နတ်ရွှေသံ၏ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်၏။

လုရွှမ်ဆိုတာ တစ်ချိန်တုန်းက အခင်းအကျင်းပညာမှာ ကျွမ်းကျင်ပညာရှင် ဖြစ်သည်။ ဒါ့​ကြောင့် ကြယ်ကိုးပွင့် လူသတ်အခင်းအကျင်းက အရမ်းထူးခြားပြီး ဦးနှောက်ကို ချိတ်ဆက်ပေးနိုင်ကြောင်း သူသိသည်။

၎င်းသည် အလွန်ကြောက်စရာ ကောင်းပြီး သူ့အပေါ် ဖိအားများစွာ သက်ရောက်စေမှာ သေချာလေ၏။

လုရွှမ်သည် တောက်ပြောင်ခြင်း မရှိသော သံကြိုးတစ်ချောင်းကို ထုတ်ယူလိုက်တာကို မြင်လိုက်ရသဖြင့် လူကိုးယောက်က တစ်ပြိုင်တည်း ရယ်မောလိုက်ကြ၏။ ဒီကျိုးပဲ့နေတဲ့ သံကြိုးလေးတစ်ချောင်းနဲ့ သူတို့၏ ဓားအခင်းအကျင်းကို ပိတ်ဆို့ချင်နေတာ ဟာသတစ်ခုပဲ မဟုတ်ပါလား။

ဓားကိုးချောင်းသည် သူတော်စင်နယ်ပယ်က လက်မှုပစ္စည်း မဟုတ်သော်လည်း အရည်အသွေးများနှင့် ပတ်သက်လျှင် လုံလောက်တာထက် ပို၏။ တစ်ခုတည်းသော အရာမှာ အခင်းအကျင်း ပညာရှင် မရှိခြင်းပင် ဖြစ်သည်။

မူလပါဝင် ပစ္စည်းများနှင့် ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းဖို့ ဒီအချိန်မှာ ထွက်လာခဲ့ပြီး ပြန်သွားတဲ့အခါ ဒီဓား အခင်းအကျင်းသည် ပိုမိုမြင့်မားသော အဆင့်သို့ တက်နိုင်လိမ့်မည်။

“ဓားကို ကြည့်!” အသံတစ်သံက အော်လိုက်သည်။

လုရွှမ်သည် အရှေ့ကိုသာမက အနောက်ကိုပါ အာရုံစိုက်​နေစေရန် လူတစ်ဦးသည် အဖိုးတန်ဓားကိုးချောင်းကို တစ်ချိန်တည်းတွင် ကိုင်ဆောင်ထားသကဲ့သို့ ပုံဖော်လိုက်သည်။

လုရွှမ်၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ဖြစ်​နေပြီး သူ့လက်မောင်းပေါ်က လှိုင်းလုံး​ကြီးများနဲ့ အတူ သံကြိုးများက တုန်ခါသွားကာ ဓားကိုးချောင်းနှင့် တခဏချင်း တိုက်မိသွားသည်။

ထန်း!

ခွန်အားကို လုံးလုံး ချေမှုန်းပစ်နိုင်ခြင်း မဟုတ်သော်လည်း ဓားရှည် ကိုးစင်းရဲ့ တိုက်ရိုက် ပြန်လွင့်သွားသံတို့ ပေါ်ထွက်လာသည်။

ဖီးနစ်နတ်ရွှေသံသည် သူ ဧကရာဇ်ဘဝတုန်းက တောင့်တခဲ့သော သန့်စင်ထားသော ပစ္စည်းဖြစ်သည်။ ၎င်းကို တွေ့ကြုံခံစား တိုက်ခိုက်ခွင့်ရခြင်းသည် ဤလူများအတွက် အလွန်ဂုဏ်ယူစရာ ဖြစ်နေပါပြီ။

"မင်းတို့လက်နက်က စျေးပေါလွန်းတယ်!"

လုရွှမ် ဆိုလိုက်သည်။

"ငါတို့ဓားရှည်က သူတော်စင်တစ်ပိုင်းသာ ဆိုရင် မင်းသေတာ ကြာပြီ"

"ဟမ့်... အောင်ပွဲက လာတော့မှာပါ!"

လုရွှမ် ဒီလူတွေကို ရယ်ဖို့တောင် စိတ်မ၀င်စားပါဘူး။ သူတို့က ဘယ်လိုလုပ် လူဆိုးတွေ ဖြစ်မှာလဲ။ ဒါတွေက ဒီအဘိုးကြီးဆီပ ထွက်လာတဲ့ ကျောင်းသားတွေပဲလေ။ ပါရမီရှင်တွေက အရူးတွေ ဖြစ်သွားကြအောင် ပျိုးထောင်ထားတာပဲပေါ့။

အောင်ပွဲက မလာ​သေးဘူးလို့ ပြောကြပေမယ့် ဒါက လက်နက်ကို အခွင့်ကောင်းယူချင်နေတာပဲ မဟုတ်ဘူးလား?

"ငါ မင်းတို့ကို မသတ်ချင်ဘူး.... အဘိုးကြီး ငရဲကို သွားတော့လို့ ပြောရမှာ ရှက်စရာတော့ ကောင်းတယ်နော်!"

လုရွှမ် ဆို​လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က အလင်းတန်း တစ်ခုလို ပြောင်းလဲသွားကာ အဘိုးအိုဆီ ပြေးသွားသည်။ အရှိန်က မြန်လွန်းတော့ သာမန်မျက်စိနဲ့ လုံးဝ ဖမ်းလို့မမိချေ။ ကျောင်းသားအားလုံး၏ မျက်လုံးထဲတွင် လုရွှမ် လေထုထဲမှ ပျောက်ကွယ်သွားတာကိုသာ တွေ့လိုက်ရသည်။

အဘိုးအိုရဲ့ ခွန်အားက လုံးဝ မဆိုးပေ။ သူတော်စင်တစ်ပိုင်း အဆင့်၇ ဖြစ်လို့ သူ့ရဲ့ဝိညာဥ်ချီက သဘာဝအတိုင်း ထူးကဲလှသည်။ လုရွှမ် အရှိန်က မြန်နေသော်လည်း သူ့အမြင်ကိုတော့မမှားနိုင်သေးပေ။

လုရွှမ် ပြေးလာတာကို မြင်လိုက်ရသည်နှင့် တူညီသော ကောင်းကင်နဂါး လက်ဝါးတံဆိပ်ကို တရစပ် ပစ်သွင်းလာသည်။ ထွက်လာတဲ့ လက်ဝါးအရှိန်အဝါက ဖူတုံးထက် ပိုသန်မာလွန်း၏။

"ထွက်!"

ရုတ်​တရက်​ဆိုသလို တိမ်တိုက်တွေ လွင့်​ထွက်​သွားပြီး ကောင်​​လေး တစ်​​ယောက်​ကို တစ်​ခဏချင်း ဖုံးအုပ်​ထားလိုက်​သည်။

အဘိုးကြီး ခန္ဓာကိုယ်​က ခဏရပ်​လိုက်​ပြီး မမြင်​ရတဲ့ရန်​သူကို တိုက်​​နေသလိုမျိုး ​ကောင်းကင်​နဂါး လက်ဝါးတံဆိပ်​​တွေက ပတ်​၀န်းကျင်​ကို အဆက်​မပြတ်​ တရစပ်​ ​တိုက်ခိုက်နေ၏။

လုရွှမ် ပြန်ရိုက်ချလိုက်သည်။ သူအစက ဒီလူကြီးကို ကျီစားပြီး မျက်နှာပျက်အောင် လုပ်ဖို့ပဲ စီစဉ်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် ​​ဒီလို အဘိုးကြီးကလည်း ဆရာတစ်ယောက်ပဲမို့ သူ့အနာဂတ်ကို အဟန့်အတား ဖြစ်လာ​​စေလိမ့်မယ်။

အဘိုးအိုဟာ နတ်ဆိုးတစ်ကောင်ရဲ့ စိတ်နှလုံးလို အကြမ်းပတမ်း ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ လုရွှမ်ဆီက ပြေးထွက်လာတာကတော့ ညဥ့်နက်ဖျက်စီး လင်းနို့သားရဲရဲ့ ပြာတွေပါပဲ။

ဒီပြာက သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံတဲ့ ကာလကလူတောင် ကြောက်ရတာ အဆင့်၇ လောက်က ပြောစရာပင် မလိုချေ။ အဘိုးကြီးက သူချထားတဲ့ အခင်းအကျင်း ထောက်ချောက်ထဲ ဝင်ပြီးနေပြီလေ။

လုရွှမ်သည် သူ့အား မီးဓားဖြင့် အမှတ်တမဲ့ ခုတ်လိုက်ရာ အဘိုးအိုသည် အခင်းအကျင်းထဲ ဒုက္ခရောက်နေဆဲ ဖြစ်ပြီး ၎င်းကို သတိမပြုမိသေးပေ။ သူ၏ ဦးခေါင်းကို တိုက်ရိုက် ဖြတ်တောက်လိုက်ရာ သွေးများက ဆယ်ပေကျော်အထိ မြင့်တက်သွားခဲ့သည်။

နေရောင်အောက်တွင် သွေးများက တောက်ပနေလျက်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ပြီး အလွန် ကြောက်စရာကောင်းတဲ့ နေရာပင် ဖြစ်သွား၏။

ဤသည်မှာ ညဥ့်နက်ဖျက်စီး လင်းနို့ လူသတ်သမား၏ ထိတ်လန့်ဖွယ် ​ပြာများဖြစ်သည်။ ၎င်းသည် သွေးပေါ်တွင် တိုက်ရိုက် သက်ရောက်နိုင်ပြီး တစ်ကိုယ်လုံးရှိ သွေးများအတွင်း စိမ့်ဝင်သွားသဖြင့် ၎င်းကို ဖယ်ရှားရန် လုံးဝ မဖြစ်နိုင်ပေ။

ပြင်း​ပြသော ဇွဲလုံ့လဖြင့် သူထောင်ထားတဲ့ ထင်ယောင်ထင်မှား အခင်းအကျင်းထဲမှ မလွတ်မြောက်ပါက သူ့ရဲ့ တိုးမြင့်လာတဲ့ စိတ်ဝိညာဉ် စွမ်းအားနဲ့ ရန်သူဟာ သေရမယ့် အချိန်ကာလကိုသာ စောင့်မျှော်နေရ ပေလိမ့်မည်။

"ဆရာ့ကို သတ်လိုက်တာလား?"

"ဆရာ့သွေးက ဖြူပြီး ငြိမ်သက်နေတယ်... ​​မင်း အဆိပ်ခတ်လိုက်တာပဲ!! လူယုတ်မာ"

"ကောင်လေး.... မင်းမှာ သတ္တိရှိရင် မင်းနာမည်ကို ပြောလိုက်! ငါတို့ ထျန်းလုံကျောင်းတော်က ဒီတစ်သတ် မင်းနဲ့ မကြေဘူးကွ!"

ဝမ်းနည်းပူဆွေးနေသော ကျောင်းသားများသည် အဘိုးအို၏ အလောင်းကို ပြေးယူရင်း တစ်ယောက်ပြီး တစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လာကြသည်။

"အမှိုက်တစ်ထုပ်ပဲ... ငါဘယ်သူလဲဆိုတာ သိချင်တယ်ပေါ့... မင်းတို့နာမည် ဒါမှမဟုတ် မျိုးရိုးကို ပြောင်းလိုက်လေ.... ငါ့နာမည်က လုရွှမ်!"

အမှတ်တမဲ့ ဦးတည်ရာကို ရွေးပြီး ထွက်ပြေးသွားလိုက်တော့သည်။

တော်ဝင်အင်ပါယာသည် ကြီးမားပြီး သေးငယ်သော ဧကရာဇ်အင်ပါယာနှင့် အဆင့်အတန်း ဝေးကွာလွန်းသည်။ အသေးငယ်ဆုံး အဆင့်နိမ့် ဧကရာဇ်အင်ပါယာပင်လျှင် အကြီးဆုံး အဆင့်မြင့် တော်ဝင်အင်ပါယာထက် ဆယ်ဆ အရွယ်အစားရှိသည်။

ထျန်းလုံ ဧကရာဇ်အင်ပါယာလို အလယ်အလတ်စား ဧကရာဇ်အင်ပါယာကို ပြောစရာပင် မလိုတော့ပေ။

အကယ်၍ သူသည် သူတော်စင်တစ်ပိုင်းသို့ မရောက်ရှိထားပါက၊ သူတော်စင် သားရဲနှင့် ငှက်များကို မစီးပါက၊ ခွန်အားတစ်ခုတည်းကိုသာ အားကိုးပါက၊ သူ့တစ်သက်လုံး အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာထဲမှ ရုန်းထွက်နိုင်မှာ မဟုတ်တော့ပေ။

ထျန်းလုံကျောင်းတော်က လူတွေ ဒီကိုလာနိုင်ကြတဲ့ အတွက် ဒီနေရာက ထျန်းလုံဧကရာဇ်အင်ပါယာနဲ့ သိပ်မဝေးဘူးလို့ ဆိုလိုတာပဲ။ လုရွှမ် သူ့အတောင်များကို နောက်ကျော၌ ဖြန့်ကာ အရှိန်အဟုန်ဖြင့် ပြေးသွားခဲ့သည်။

ယေဘူယျအားဖြင့် ပြောရလျှင် သူတော်စင် သားရဲများသည် အဆင့်တူ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများထက် အနည်းဆုံး နှစ်ဆ ပိုမြန်သည်။ တချို့သော ရှားပါးငှက်များနှင့် သူတော်စင် သားရဲများသည် လူသား ကျင့်​ကြံသူများထက် နှစ်ဆပိုမိုမြန်ဆန်စွာ ပျံသန်းနိုင်သည်။

လုရွှမ် အရှိန်သည် ထိပ်တန်းအဆင့်၂ သူတော်စင် ပျံသန်း သားရဲနှင့် နှိုင်းယှဉ်လျှင် အလွန်နှေးကွေးနေတာတော့ မဟုတ်ပေ။ ဖီးနစ်နတ်ရွှေသံကို ဆက်လက် နားလည်လာသောအခါတွင် သူ၏အမြန်နှုန်းသည် ပိုမိုမြန်ဆန်လာမည်ဟု ခံစားရလေသည်။

All Chapters