← Chapters

ကောင်းကင်အရက်

Vol. 41 Ch. 4.132

ကောင်းကင်အရက်

Vol. 41 Ch. 4.132

အရိပ်တစ်ခုသည် ညကောင်းကင်ယံကို ဖြတ်၍ ဆင်းသက်လာခဲ့သည်။

လုရွှမ် မြို့တစ်​မြို့ထဲသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် စျေးကွက်တစ်ခု ဖြစ်သော်လည်း ဒီနေရာမှာ ရှိတဲ့ ဝိညာဥ်ချီသည် မြို့ထောင်ချီမဟာမိတ်ထက် များစွာပြင်းထန်တာကို ခံစားနိုင်သည်။

ဈေးထဲတွင် ကျင်လည်နေသူများထဲ၌ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူကို မတွေ့ရပေ။ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်၏ အာဟာရအောက်တွင် သာမန်လူသားများပင် ကျင့်​​​ကြံနိုင်သည်။ ပါရမီရှင် ဂုဏ်ပုဒ်နှင့် ဝေးနေသော်လည်း အနည်းဆုံး အဆင့်တစ်ခုထိ လေ့ကျင့်ရာတွင် ပြဿနာမရှိပေ။

အလယ်အလတ် ဧကရာဇ်အင်ပါယာ အထက်တွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က ကျင့်ကြံသူတွေ မရှိဘူးဆိုတာ မုသားမဟုတ်တာ သေချာ​လေသည်။

စားသောက်ဆိုင် တစ်ဆိုင်ရှေ့ ရောက်တော့ သူ့နှာခေါင်းထဲက ဝိုင်ပိုးကောင်များ တုန်လှုပ်သွားတာကို ခံစားလိုက်ရသည်။ သူ့နှာခေါင်းကို ရှုံ့ကာ ရှူကြည့်သော် ၎င်းသည် ယခင်ဘဝက သူအကြိုက်ဆုံး ကောင်းကင်ဝိုင် ဖြစ်​လေသည်။

ဒီလိုအလယ်အလတ် ဧကရာဇ်အင်ပါယာကြီးမှာ ဒီလိုဝိုင်ကောင်းတွေ ရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတဲ့အတွက် လုရွှမ် အပေါ်ထပ်ကို တိုက်ရိုက် တက်သွားခဲ့သည်။

စားသောက်ဆိုင်သည် ကိုးထပ်မြင့်ပြီး ​သေရည်ဆိုသည့် ​စကားလုံးနှင့် လိုက်လျောညီထွေ ရှိသော လုရွှမ်သည် ကိုးထပ်သို့ တန်းတန်းမတ်မတ် တက်သွားရာ တံခါးရှေ့တွင် လူနှစ်ယောက်က သူ့ကို ပိတ်ဆို့ထား၏။

"ဒီကဧည့်သည် တောင်းပန်ပါတယ် အပေါ်ထပ်က လူပြည့်နေပါပြီ"

သူတို့နှစ်ဦးသည် အလွန်တရာ ခံ့ညားထည်ဝါပြီး သူတော်စင်တစ်ပိုင်း အဆင့်၃ ဖြစ်သော်ငြား တံခါးကို စောင့်ကြပ်နေရသည်။ ကိုးထပ်ကြီးတွင် ဝိုင်သောက်နေသူများမှာ ထူးထူးခြားခြား အဆင့်အတန်း ရှိကြသည်မှာ ထင်ရှား​လေသည်။

လုရွှမ်၏ အဝတ်အစားသည် သာမန်သာ ဖြစ်ပြီး သူ့ကျင့်​ကြံမှုသည် သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်တွင်သာ ရှိသည်။ သူ့နောက်တွင် လိုက်လာသူ အစောင့် မရှိလို့ အနည်းငယ် ပိုင်းခြားသိမြင်သူတိုင်း လုရွှမ်တွင် နောက်ခံမရှိသည်ကို သိလိမ့်မည်။

ကြမ်းပြင်တိုင်းတွင် အခင်းအကျင်း ဖွဲ့စည်းမှုဖြင့် ကန့်သတ်ချက်ထားပြီး လုရွှမ် စိတ်ဝိညာဉ်စွမ်းအားကို ဆန့်ထုတ်ထားသော်လည်း ၎င်းကို စုပ်ယူ၍ မရချေ။

"ဒါပေမဲ့ ကိုးထပ်က လူတွေကပဲ ကောင်းကင်အရက်ကို သောက်နိုင်တာ အောက်က လူတွေမှာ မရှိဘူး"

လုရွှမ်က ရယ်လျက် ဆိုလိုက်၏။

လူနှစ်ယောက်က ကြောင်အသွားသည်။ အပေါ်ထပ်က သခင်သည် ကောင်းကင်အရက်ကို သောက်နေမှန်း သိသော်လည်း နောက်ခံမရှိသူ လူငယ်သည် ဝိုင်နံ့အနည်းငယ်ကို အနံ့ခံကာ ကောင်းကင်အရက် ဖြစ်ကြောင်း ချက်ချင်း သိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူတို့နှစ်ဦးသည် သခင်နှင့်အတူ အချိန်အတော်ကြာ နေခဲ့ကြသော်လည်း သခင်သည် ၎င်းတို့နှစ်ဦးအား ကောင်းကင်အရက်ကို မြည်းစမ်းကြည့်​စေရန် ဘယ်သောအခါမှ ဆန္ဒမရှိခဲ့ပေ။

ထိုအရက်မှာ အရမ်း ဈေးကြီးပြီး တစ်ခွက်ကိုပင် ဝိညာဥ်ကျောက်တုံး ၁၀၀၀ အထက် ရှိလေသည်။

"အိုး? ဒီကမိတ်ဆွေ နာမည်ဘယ်လိုခေါ်လဲလို့ မေးပါရစေ"

သူတို့နှစ်ယောက်က ပြဿနာကို ပိုကြီးအောင် မဝံ့ရဲကြဘူး။ ဒီလိုလူစားမျိုးက ဘယ်လို ကြောက်စရာကောင်းတဲ့ လက္ခဏာတွေ ရှိ​နေလဲ ဘယ်သူက သိမှာလဲ? အသေးစား ဝန်ဆောင်မှုတွေမှာတောင် သီးသန့် လည်ပတ်မှုတွေ ရှိရတယ် မဟုတ်လား?

လုရွှမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"အထီးကျန်တဲ့ တိမ်တိုက်တွေနဲ့ တောရိုင်းကြိုးကြာငှက်တွေကြားက လုရွှမ်ပါ"

နှစ်ယောက်သား အံ့အားသင့်သွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး လုရွှမ် နာမည်ကို မကြားဖူးကြပေ။

"တောင်းပန်ပါတယ် သခင်လေးလု.... ဒီအရက်ကို ကျွန်တော်တို့ သခင်လေး ယူလာခဲ့တာ အရမ်း အဖိုးတန်တယ်..အဲဒါ..."

"ပုစန်း...ပုစစ် သခင်လေးလုရွှမ် တက်လာပါစေ... အနံ့ခံလိုက်ရုံနဲ့ ကောင်းကင်အရက်မှန်း ချက်ချင်း သိတယ်ဆိုတော့ သေရည်အင်ပါယာက အဆင့်မြင့် သခင်တစ်ယောက် ဖြစ်နိုင်တယ်..."

အပေါ်ထပ်မှ ကျောက်စိမ်းကဲ့သို့ ရွှေဝါရောင်အသံတစ်ခု ထွက်ပေါ်လာပြီး နှစ်ယောက်သား ရိုသေလေးစားစွာ ထွက်ခွာသွားရာ လုရွှမ်လည်း ပြုံးကာ လှမ်းတက်လာခဲ့သည်။

လမ်းကြောင်းတစ်ခု ပွင့်လာပြီး လုရွှမ် သူ့အမြင်အာရုံ ပြောင်းလဲသွားတာ ခံစားလိုက်ရကာ လမ်းကြောင်း တစ်လျှောက် လျှောက်သွားရင်း သေတ္တာတစ်ခုဆီသို့ ရောက်လာသည်။

ကိုးအထပ်သည် အောက်ထပ် ရှစ်ထပ်နှင့် အမှန်တကယ် ကွဲပြားပါသည်။ သေတ္တာများကို တစ်ခုပြီးတစ်ခု ဖြန့်ထားသော်လည်း အိမ်ပုံစံအတိုင်း ရှိသော်လည်း အပြင်ဘက်တွင် သာမက အတွင်းဘက်အထိပါ အခင်းအကျင်း ကန့်သတ်ချက်များစွာ ရှိ​နေသည်။

အခန်းထဲမှ ကြယ်နဲ့လကို ကြည့်နိုင်သလို ကောင်းကင်နဲ့မြေကြီးရဲ့ ခမ်းနားတဲ့ ရှုခင်းတွေကိုလည်း ခံစား ကြည့်ရှုနိုင်၏။

အခန်းထဲတွင် ရုပ်ရည် ချောမောသော သခင်လေး တစ်ယောက်နှင့် မိန်းကလေး နှစ်ယောက်လည်း ရှိသည်။ သခင်လေးနဲ့ သူ့ဘေးကလူဟာ စုံတွဲတွေ ဖြစ်ပုံရပြီး နောက်တစ်ယောက်က ဖိတ်ခေါ်ထားတဲ့ မိန်းကလေး ဖြစ်ပုံရသည်။

ယခုအချိန်တွင် အမျိုးသမီး၏ မျက်နှာမှာ တည်တည်တံ့တံ့ဖြင့် အနည်းငယ် ရှက်ရွံ့ ဒေါသနေသလိုဖြင့်။ ယောက်ျားက သူ့မျက်နှာတွင် ပြုံးကာ သူ့ဘေးနားရှိ အမျိုးသမီးအား ပြုံး​ပြနေသည်။

အစောက စကားပြောလာသူဟာ ဒီက သခင်လေး ဖြစ်လိမ့်မည်။

"လူကြီးမင်းတို့ သုံးယောက်ကို နှုတ်ဆက်ပါတယ်... ကျွန်တော်က လုရွှမ်ပါ"

လုရွှမ် တစ်ဖက်လူတွေကို နှုတ်ဆက်လိုက်သည်။

"အစ်ကိုလု ကျေးဇူးပြုပြီး ထိုင်ပါ... သေရည်ကြိုက်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အတူ သောက်ရတာ ရှားတယ် မဟုတ်လား?"

လုရွှမ် ထိုသခင်​​လေး၏ ဘေးတွင် သပ်ရပ်စွာ ထိုင်လိုက်သောအခါ ထိုလူက မိတ်ဆက်ပေးလာသည်။

"ကျုပ်က ကျောက်ဟဲပါ... ဒါက ကျုပ်မိန်းမ ယွင်ယွဲ့နဲ့ ကျုပ်ညီမ ကျောက်ရှင်းပါ... သေရည်အင်ပါယာက လူအချင်းချင်း မျက်နှာချင်းဆိုင် တွေ့ရတာ တကယ်ကို ကောင်းတာပဲ"

လုရွှမ် သဘောကျစွာ ပြုံး၍ သူ့ပုံစံအတိုင်း ဟန်ဆောင်ချင်သော်လည်း လူတိုင်းက သူ့​ကို သူ့ဘာသာသူ ညွှန်ပြ​ပေးလာလိမ့်မည်လို့ မမျှော်လင့်ထားခဲ့။ လုရွှမ် သူ့လက်ကို ထပ်မံဆုပ်လျက် နှုတ်ဆက်လိုက်သည်။

"ခင်ဗျားက သေရည် အနံ့ကို ရတာနဲ့ ကောင်းကင်အရက်မှန်း သိတယ်ဆိုတော့ တစ်ခွက်လောက် မြည်းကြည့်ပေါ့... ဘယ်နှစ်နှစ်က ဖောက်ထားတာလဲဆိုတာ ခန့်မှန်းကြည့်ရအောင်"

ကျောက်ဟဲက အော်ပြောပြီး လုရွှမ်အတွက် ပန်းကန်လုံး အမြန် လောင်းထည့်လိုက်သည်။

ကောင်းကင်အရက်ကို သောက်တာက ပန်းကန်လုံးနဲ့? လုရွှမ်မှာ နည်းနည်းပင် မူးချင်လာတော့သည်။ အခုအချိန်မှာတော့ သူ့ဦးနှောက်မှာ တစ်ခုခု မှားနေပြီ ဆိုတာကို ထောက်ပြလာ၏။

သူ၏ အပြုအမူများမှ ကျောက်ဟဲ၏ ပြေပြစ်သော ရုပ်ရည်ကို မြင်နိုင်သော်လည်း တကယ်တမ်းတွင် သူသည် သူရဲကောင်းဆန်သူ ဖြစ်သည်။ သူသည် ပန်းကန်လုံးအား တိုက်ရိုက် ကောက်ကိုင်လိုက်ပြီး သက်ပြင်းချ လိုက်သည်။

"ကောင်းပြီ ကမ်းပေ့!"

ကျောက်ဟဲ ကျယ်လောင်စွာ အော်လိုက်ပြီး ပန်းကန် တစ်ခုလုံးကို အမြန်ပဲ သောက်ချလိုက်သည်။

"၅၃၃နှစ်.... အရင်နှစ်ကမှ ထုတ်လာတာ!"

လုရွှမ် သူ့နှုတ်ခမ်းကို သပ်ပြီး တစ်ကြိတ်တည်း မော့ချလိုက်သည်။

ကျောက်ဟဲ၏ မျက်လုံးများသည် တခဏချင်း ပြူးကျယ်သွားပြီး ယွင်ယွဲ့နှင့် ကျောက်ရှင်းသည် လုရွှမ်ကို ပို၍ ထိတ်လန့်စွာ ကြည့်နေလေသည်။

"မှန်တယ်!" ကျောက်ဟဲက စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး

"သူ့သက်တမ်းက ၅၃၄ နှစ်ရှိပြီ.... အစ်ကိုလုက အံ့သြစရာပဲ... ထပ်ချမယ်"

သူတို့နှစ်ယောက် ပန်းကန်လုံးတွေကို ခွက်နှစ်ခွက်ကို ဆက်တိုက် သောက်ကြပေမယ့် ယွင်ယွဲ့နဲ့ ကျောက်ရှင်း ဝိုင်မကြိုက်တဲ့အတွက် ပန်းကန်လုံးထဲက သေရည်ကို မြည်းရင်း အမျိုးသမီး နှစ်ယောက် နှာတွန့်သွားကြသည်။

"အစ်ကိုလု... ဒါ ငါ အမှတ်တမဲ့ ရလိုက်တဲ့ ကောင်းကင်သေရည်ပဲ... ဟားဟား အဲဒါကြောင့် ငါတိတိကျကျ သိနေတာလေ ဒါပေမဲ့ မင်းက ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း သိ​နေတာလဲ?"

"အစ်ကို?"

ကျောက်ရှင်း အော်လိုက်ပြီး ယွင်ယွဲ့လည်း သူ့ကို ကြည့်လာသည်။ လုရွှမ် မကြိုက်မှာစိုးလို့ပင်။ ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်က မိသားစုရဲ့ အသေးစိတ် အချက်အလတ်တွေကို စူးစမ်းဖို့ဆိုတာ သိသာပါသည်။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းကာ လျစ်လျူရှုသည်။ ကျောက်ဟဲ၏ ရဲရင့်မှုသည် သူ့အား မေးမြန်းရန် မရည်ရွယ်သော်လည်း သိချင်စိတ်သက်သက်သာဖြစ်ကြောင်း သိလျက်နှင့် လိုက်ဖက်သည်။

"အရင်တုန်းက ကျွန်တော် အကြိုက်ဆုံးက ဒီကောင်းကင်အရက်ပဲ... နေ့တိုင်း သောက်တယ်..ကံဆိုးစွာနဲ့ပဲ တခြားသူတွေရဲ့ လှည့်စားမှုကို ခံခဲ့ရပြီး ကျွန်တော့်မိသားစုလည်း ပျက်စီးသွားတယ်လေ... အဲ့ကတည်းက ကောင်းကင်အရက်ကို မမြည်းစမ်းရတာ ကြာပြီပေါ့"

"အိုး မုန်းတယ် ဒီလူဆိုးတွေက ငါအမုန်းဆုံးတွေပဲ"

ယွင်ယွဲ့နဲ့ ကျောက်ရှင်းမှာ ကျောက်ဟဲ ရုတ်တရက် ထအော်လိုက်သံကြောင့် ရှက်ရွံ့စွာဖြင့် သူ့ခေါင်းကို ဝိုင်းရိုက်ကြတော့သည်။ ကျောက်ဟဲ သူ့ခေါင်းကို ပွတ်လိုက်ပြီး

"ဟေး ဒီနေ့က ပျော်စရာကောင်းတဲ့နေ့ပဲ.... တခြားဝမ်းနည်းစရာ ဘာမှ မပြောနဲ့တော့ တကယ်တော့ ဒီနေ့က ငါတို့ ညီမလေးကို ဂုဏ်ပြုဖို့ ထွက်လာတာ... ဟဲဟဲ သူက ထျန်းလုံကျောင်းတော်မှာ ပါဝင်ဖို့ စာရင်းသွင်းထားပြီ... သူ့အနာဂတ် အတွက်တော့ သနားစရာပဲ!"

လုရွှမ် အံ့သြသွားပြီး ကျောက်ရှင်းကို စိုက်ကြည့်လိုက်သည်။ ထျန်းလုံကျောင်းတော်က ကျောင်းသား တစ်ဦးကို မထင်မှတ်ပဲ ဝင်တိုက်မိသွားပြီ။

"လာ...ထပ်ဖြည့်ကြရအောင် ဝါသနာတူတဲ့ သူငယ်ချင်းနဲ့တွေ့ရင် ခွက်တစ်ထောင်က နည်းလွန်းတယ်.... နောက်ဆုံးအိုးကို ဘာလို့ ငြီးတွားနေရမှာလဲ? လာ... အတူတူ မြည်းစမ်းကြည့်ရအောင်"

လုရွှမ် သူ့လက်ကို အမြန် ဝှေ့ယမ်းလိုက်သည်။ ကျောက်ဟဲက ရည်ရွယ်ချက်ကောင်း ရှိသော်လည်း ကမ်းလှမ်းမှုကို လက်ခံလိုက်ရင်း လောဘ ကြီးလွန်းသွားပြီလေ။

"ဒီလောက်ဆို လုံလောက်ပြီ!! ပန်းကန်လုံး သုံးခွက်လောက် သောက်ပြီးပြီလေ... ထပ်သောက်ရင် နောင်မှာ ဝိုင်ကောင်းကောင်းတွေ မသောက်နိုင်တော့မှာကို ကြောက်ရတယ်.... အဲဒီတုန်းက ကျွန်​တော့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ့် ကောင်းကင်အရက်တွေ မရှိတော့တဲ့ ခံစားချက်က တကယ်ကို နာကျင်ရတယ်ဗျ"

ထိုအခါ ကျောက်ဟဲက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"မှန်ပါတယ် မှန်ပါတယ်... ငါက ကောင်းကင်အရက်ကို ဆယ်နှစ်လောက် သောက်ခဲ့ပြီးပြီ.... ငါသောက်ပြီးရင် နောက်ထပ် မသောက်နိုင်တော့မှာကို ကြောက်ရတယ် ဟားဟား"

စကားပြောပြီးနောက် ခေါင်းငုံ့ကာ စားပွဲပေါ် ခေါင်းစိုက်သွားတော့သည်။

"သခင်လေးလု... တကယ် တောင်းပန်ပါတယ် ကျွန်မခင်ပွန်းက သေရည်သောက်ရတာ ကြိုက်တယ်... ဒါပေမဲ့ သူအများကြီး မသောက်နိုင်ဘူး... သခင်လေးကို ရယ်စေမိပါပြီ"

လုရွှမ်လည်း ပြုံး၍

"အစ်ကိုကျောက်ရဲ့ စကားလုံး အပြုအမူတိုင်းက ရိုးသားတယ်... စိတ်နှလုံးထဲက အမှားကင်းတဲ့ တကယ် လွတ်လပ်တယ်... သေရည်ကြောင့် စကားမှန်တွေ ထွက်လာပေမယ့် တကယ် ရိုးသားတဲ့လူပါ"

All Chapters