← Chapters

မိန်းကလေးရော့ယိုး

Vol. 41 Ch. 4.133

မိန်းကလေးရော့ယိုး

Vol. 41 Ch. 4.133

ယွင့်ယွဲ့ သူမ၏ နှလုံးသားထဲတွင် လေးနက်သော ချစ်ခြင်း မေတ္တာများဖြင့် အနည်းငယ် ပြုံးလိုက်သည်။

"ရယ်စရာ မဖြစ်သွားပါဘူး... ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး ကောင်းကင်အရက်ကို ထပ်မံ မြည်းစမ်းခွင့်ရတာ ဂုဏ်ယူမိပါတယ်... ဘာပဲဖြစ်ဖြစ် ထျန်းလုံကျောင်းတော်ကို ဝင်ခွင့်ရတဲ့အတွက် မိန်းကလေးကျောက်ရှင်းကိုလည်း ဂုဏ်ပြုပါတယ်.... ကျေးဇူးပြုပြီး လက်ဆောင်လေး တစ်ခု လက်ခံပေးပါ.... ရေစက်ရှိရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်ဆုံကြတာပေါ့"

လုရွှမ် စကားပြောနေစဉ် သူ့လက်ချောင်းများထဲ ဝိညာဥ်စွမ်းအင်များ စိမ့်ထွက်လာပြီး ကျောက်ရှင်းရဲ့ နဖူးကို ထိလိုက်သည်။ ကျောက်ရှင်းနဲ့ ယွင်ယွဲ့တို့ ကြောင်အပြီး မလှုပ်နိုင်သေးခင် လုရွှမ် သူ့လက်ချောင်းကို ပြန်ဆုတ်၍ သူတို့ဘေးက တိုက်ရိုက် ဖြတ်သန်းသွားတာကို တွေ့လိုက်ရသည်။

စားသောက်ဆိုင်ထဲက အခင်းအကျင်း ကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး ပြေးထွက်သွားရာ အမှောင်ထုထဲ ပျောက်ကွယ်သွားတော့သည်။

"ညီမလေး အဆင်ပြေရဲ့လား?"

နဖူးကို ထိမှန်တာက တစ်ခုခုလုပ်သည် ဖြစ်စေ မလုပ်သည်ဖြစ်စေ ထိုနေရာကို ကျင့်ကြံသူများ အနေနဲ့ တားမြစ်ချက် တစ်ခုအဖြစ် သတိထားရမှာပဲ ဖြစ်သည်။

ကျောက်ရှင်း စကားမပြောဘဲ ရုတ်တရက် တင်ပျဉ်ခွေ ထိုင်လိုက်ကာ မျက်လုံးမှိတ်လျက် ငြိမ်သက်နေခဲ့သည်။

ယွင်ယွဲ့က လျင်မြန်စွာ အိပ်ပျော်နေတဲ့ ကျောက်ဟဲရဲ့ နောက်စေ့ကို ရိုက်ချလိုက်​ပေသည်။

"ဟင် ဘာတွေဖြစ်သွားတာလဲ? အစ်ကိုလုရွှမ်ရော?"

"သွားပြီ!"

ယွင့်ယွဲ့သည် ယခင် အဖြစ်အပျက်များကို အလျင်အမြန် ပြောပြခဲ့သည်။ လုရွှမ်က သူ့ညီမငယ်၏ အသိစိတ်ထဲကို စွမ်းအင်တချို့ ထည့်သွင်းလိုက်ကြောင်း ကြားလိုက်သောအခါ ရုတ်တရက် မူးနေရာမှ လန့်နိုးလာပြီး သူ့ညီမလေးကို စိုးရိမ်တကြီး ကြည့်နေလေသည်။

ကျောက်ရှင်းသည် နောက်ဆုံးတွင် မတ်တပ်ထရပ်ကာ သူမ၏ မျက်လုံးများသည် လျှပ်စီးရောင်တွေ တဖျတ်ဖျတ် တောက်ပနေသည်။

"အစ်ကို... မရီး....ညီမ သူတော်စင်တစ်ပိုင်း အဆင့်၃ လျှပ်စီးနယ်ပယ်ကို ဖြတ်​ကျော်သွားပြီ"

ကျောက်ဟဲနဲ့ ယွင်ယွဲ့တို့သည် ကျောက်ရှင်းရဲ့ မျက်လုံးတွေထဲက လျှပ်စီးကြောင်းကို မြင်သောအခါ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ လုရွှမ်က ကျင့်ကြံမှုနယ်ပယ် တစ်ခုကို ထည့်သွားခဲ့တာလား။

"အဲဒါတင်မကသေးဘူး အစ်ကိုလုရွှမ်က ညီမတို့ကို လေ့ကျင့်ရေး နည်းလမ်းတစ်ခု ပေးခဲ့​သေးတယ်..."

ကျောက်ရှင်းက ရုတ်တရက် စကားရပ်လိုက်ပြီး လှည့်ကြည့်ကာ နှစ်ယောက်သားထံ အသံထုတ်လွှင့်မှုမှ တစ်ဆင့် ပြောလိုက်သည်။

"အဲဒါ သူတော်စင်​ အဆင့်နိမ့်အဆင့်"

လေ့ကျင့်​ရေး နည်းလမ်းများကို အဆင့်ငါးဆင့်ဖြင့် နတ်ဘုရား၊ သူတော်စင်၊ ဝိညာဉ်၊ တစ္ဆေနှင့် သေမျိုး ဟူ၍ ခွဲခြားထားသည်။ သို့သော် နတ်အဆင့် လေ့ကျင့်​ရေး နည်းလမ်းကို ဧကရာဇ်ငါးပါးထဲ တစ်ပါးကသာ ကျင့်သုံးခဲ့သည်။ ဝိညာဥ်အဆင့် လေ့ကျင့်ရေး နည်းလမ်းများကိုတော့ ဘိုးဘေးများက မီးရှို့ခဲ့ပြီးသား ဖြစ်သည်။

အသံထုတ်လွှင့်မှု တစ်ခုဖြစ်သော်လည်း သူမသည် အလွန် စိတ်လှုပ်ရှားနေတာကြောင့် ငိုလုမတတ် ဖြစ်နေသည်။ ကျောက်ဟဲနှင့် ယွင်ယွဲ့တို့ နှစ်ဦးစလုံးမှာလည်း အံသြသွားကြသည်။ ကျောက်ဟဲက သူမမျက်နှာကို ရုတ်တရက် လှမ်းရိုက်လိုက်တော့ ယွင်ယွဲ့ လန့်သွားပြီး

"ရှင်ဘာလုပ်တာလဲ?"

"ငါ အိပ်​ပျော်နေသေးတာလား? ကြည့်စမ်းပါဦး...ဘယ်က အစ်ကိုလုရွှမ်လဲ? ငါတို့သူ့ကို အကြီးအကဲလုရွှမ်လို့ ခေါ်ရမယ် ဒီအရက်ကို ငါမသောက်​တော့ဘူး ဒါကို သိမ်းထားမယ်....နောက်တစ်ခေါက် အကြီးအကဲနဲ့ ထပ်တွေ့ခွင့်ရရင် ငါ သူ့ကို ပေးလိုက်မယ်"

ကောင်မလေး နှစ်ယောက်ကလည်း တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

လုရွှမ်ကတော့ သူခံစားဖူးသော အရသာကို မြည်းစမ်းပြီးနောက် စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။ ကြုံရာကျပန်း တည်းခိုခန်းတစ်ခုကို ရှာတွေ့ကာ အနားယူခဲ့သည်။

နောက်တစ်နေ့ လုရွှမ် အိပ်ရာကထ၍ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ စားပွဲထိုးလေးက လုရွှမ် အပျင်းကြီးပြီး အိပ်ရာထ နောက်ကျနေတာကို တွေ့တော့ လျင်မြန်စွာ ပြေးလာကာ

"ဧည့်သည်.... ဘာလို့အခုမှ နိုးလာတာလဲ? ခင်ဗျား နောက်ကျနေပြီဗျ"

"ဘာကိုနောက်ကျတာလဲ?"

"ခင်ဗျား မနေ့ညကမှ ရောက်လာတာ...ခင်ဗျား လက်ထဲမှာ လက်နက်လည်း မရှိဘူး ခင်ဗျားက လက်နက်တွေကို သန့်စင်ဖို့ မိန်းကလေးရော့ယိုးကို လာရှာတာ သေချာတယ် ဟုတ်တယ်မလား?"

"မိန်းကလေးရော့ယိုးရဲ့ အခင်းအကျင်းပညာက ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ ထိပ်တန်းသုံးယောက်ထဲမှာ အဆင့်ဝင်တဲ့လူပဲ... သူမဆီက အကူအညီကို ဘယ်သူက မလိုချင်ဘဲ နေမှာလဲ? သူတော်စင်နယ်ပယ်က လက်နက်တောင် သူမအကူအညီနဲ့ဆို ပိုအဆင့်မြင့်သွားနိုင်တယ်"

"မနက်ဖြန် မိန်းကလေးရော့ယိုးက ထျန်းလုံ အင်ပါယာမြို့တော်ကို သွားတော့မယ်... ဒီနေ့က ဒီမှာနေဖို့ နောက်ဆုံးနေ့ပဲ လူတိုင်းက မိန်းကလေးရော့ယိုးကို မနက် အစောကြီးကတည်းက သွားတွေ့နေကြပြီ ခင်ဗျားက အိပ်နေတုန်းပဲ... ဒါအရမ်း နောက်ကျသွားပြီ မဟုတ်ဘူးလား?"

လုရွှမ်သည် စားပွဲထိုးလေးထံသို့ ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို တိတ်တဆိတ် ပစ်ပေးလိုက်သည်။

"သိပ်နောက်ကျနေပြီ ဟုတ်လား? စောနေသေးတယ်လေ"

လုရွှမ် ပြုံးကာ နေကို ညွှန်ပြလိုက်သည်။ နေမှာ မကြာသေးမီကမှ ထွက်လာခဲ့တာကြောင့် အပြင်မှာ သိပ်ပင်မလင်းသေးချေ။

ဝိညာဥ်ကျောက်များ ချီးမြှင့်ခြင်း ခံရပြီးနောက် စားပွဲထိုးသည် ပို၍သတိထားကာ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလာခဲ့သည်။

"စောသေးပေမယ့် လူစုလူဝေးက တိုးမပေါက်နိုင်ဘူး... မိန်းကလေးရော့ယိုးက တစ်နေ့ကို ပစ္စည်းဆယ်ခုပဲ သန့်စင်ပေးတာ... သူမကို ခင်ဗျားရဲ့လက်နက်အကြောင်း ပြောပြချင်ရင် မြန်မြန်လေး သွားမှရမယ်"

လုရွှမ်က ဘာပဲဖြစ်ဖြစ် ငြီးငွေ့စရာ ကောင်းတယ်လို့ တွေးလိုက်မိပေမယ့် မိန်းကလေးရော့ယိုးရဲ့ အရည်အချင်းက ဘယ်လောက် ကောင်းလဲဆိုတာကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

စားပွဲထိုးလေးပြောတဲ့ တည်နေရာအရ လုရွှမ်သည် အိမ်တံခါးဝတွင် ရှည်လျားသော လူတန်းကြီးတစ်ခုကို ရှာတွေ့ရန်သာ ဖြစ်သည်။

လူတစ်ဦးကို ပေါ့ပေါ့ဆဆ ဆုပ်ကိုင်လိုက်ပြီး လုရွှမ် မေးလိုက်သည်။ လုရွှမ် လက်နက် မကိုင်ထားတာကို တွေ့လိုက်ရတော့ ထိုသူ့မျက်နှာသည် ချက်ချင်းကြီး တိုးတက်လာခဲ့ပြီး

"မိန်းကလေးရော့ယိုးရဲ့ စည်းမျဉ်းက လူဆယ်ယောက်အတွက်ပဲ လက်နက် သန့်စင်ပေးတာ... ဒါပေမဲ့ အဲဒါကလည်း လက်နက်တွေရဲ့ အရည်အသွေးပေါ် မူတည်တယ်... မဟုတ်ရင် မိန်းကလေးရော့ယိုးရဲ့ ကွဲအက်နေတဲ့ ကြေးနီနဲ့ သံပုပ်ပေါ်မှာ ရေးထွင်းဖို့ ထိုက်တန်ပါ့မလား? အဲဒါက မိန်းကလေးရော့ယိုးရဲ့ မျက်လုံးထဲ ဝင်ဆံ့ဖို့ လိုသေးတယ်လေ"

လုရွှမ်က ခေါင်းညိတ်လိုက်ပြီး သူပြောတာက အဓိပ္ပာယ်ရှိကြောင်း သိလိုက်သည်။

"ဟေ့ တစ်ယောက် ထွက်လာပြီ!"

လူတစ်ဦးသည် ဝမ်းနည်းကြေကွဲသော မျက်နှာဖြင့် ထွက်လာသော် အားလုံးက ရယ်မောလိုက်ကြသည်။ ဒီလူရဲ့ ပစ္စည်းတွေ လုံလောက်စွာ မကောင်းတာကြောင့် မိန်းကလေးရော့ယိုးဆီက ပယ်ချခံခဲ့ရတာ ဖြစ်လိမ့်မည်။

"မင်းတို့က ဘာရယ်နေတာလဲ? ဒီနေ့ မင်းတို့ကို ရွေးမယ်လို့ ထင်နေတာလား? ငါပြောလိုက်မယ် ဒီနေ့ လက်နက်တစ်ခုမှ မရွေးချယ်ရသေးဘူး မိန်းကလေးရော့ယိုးက မင်းတို့အတွက် စကားတစ်ခွန်း အမှာပါးလိုက်တယ်"

ဒီအချိန်မှာတော့ ထို​လူက ညစ်ညမ်းတဲ့ပုံစံနဲ့ မိန်းကလေးရော့ယိုး အတွက် စကားပြော​ပေးရတာကို အရမ်း ဂုဏ်ယူနေသလိုပင်။

"မိန်းကလေးရော့ယိုးက ပြောတယ်... ဒီနေ့က နောက်ဆုံးနေ့ပဲ သူမ သူတော်စင်နယ်ပယ်က ရှေးဟောင်းပစ္စည်း (၃) မျိုးကို သန့်စင်ပေးမယ်လို့ ပြောတယ်... အဲဒီပစ္စည်း၃မျိုးက ခမ်းနား၊ မှော်ဆန်ပြီး သူမမျက်လုံးကို ဖမ်းစားနိုင်ရမယ်... မဟုတ်ရင် ရွေးချယ်ဖို့တောင် မပြောနဲ့ သူတို့ထဲက တစ်ခုကိုမှ လှည့်ကြည့်မှာ မဟုတ်ဘူးတဲ့"

"အဲ့တော့ ကိုယ့်ကိုကိုယ် သိတဲ့လူက တတ်နိုင်သမျှ နောက်ဆုတ်လိုက်သင့်ပြီ... ပစ္စည်း တကယ်ကောင်းတဲ့ လူတွေက လာလို့ရတယ်... မဟုတ်ရင် ဟမ့် ပြန်သာလှည့်သွားလိုက်တော့"

တိတ်ဆိတ်မှုထဲမှာ လုရွှမ်က ရုတ်တရက် ပြုံးပြီး

"ဒါဆို အစ်ကို မင်းရဲ့ ပစ္စည်းက ဘာလဲ?"

လူတိုင်းက တစ်ချက် ကြည့်လိုက်သည်။ ဒါက တကယ်တော့ သဘာဝအရ ပိုရှင်းတဲ့ နှိုင်းယှဉ်မှုတစ်ခုလို့ ဆိုနိုင်၏။

ထိုလူသည် ကျောက်စိမ်းသေတ္တာကို ဖွင့်၍ အဖိုးတန် ဓားတစ်လက်ကို ပြလိုက်သည်။ လျှို့ဝှက် ဆန်းကြယ်သော အလင်းရောင်များ စီးဆင်းလာ၏။

"မင်ဟဲရွှေစင်.... ဟမ့် မင်းတို့ရဲ့ ပစ္စည်းတွေထဲမှာ ဘယ်သူက ငါ့ပစ္စည်းထက် ပိုကောင်းတာရှိလို့လဲ!"

သူ့စကား ထွက်လာသည်နှင့် လူ ၉၉% နီးပါးက ခေါင်းညိမ့်ပြလိုက်ကြသည်။

"ဒါ့အပြင် ပစ္စည်းအရည်အသွေး မလုံလောက်ဘဲ အထဲဝင်နိုင်မယ်လို့ ထင်လား? မိန်းကလေးရော့ယိုးက ပြောတယ်.... တမင်တကာ ပြဿနာဖြစ်အောင် သိမ်းဆည်းလာတဲ့ ပစ္စည်းတွေ မရဘူးတဲ့!!"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် တန်းစီနေသော လူအများစုမှာ လူငါးဦးသာ ကျန်တော့အထိ နောက်ဆုတ်သွားကြသည်။ ထိုလူငါးဦးမှာ အောင်ပွဲခံ၍ လူစုခွဲသွားသူများကို ဂုဏ်ယူစွာ စိုက်ကြည့်နေကြသည်။

လုရွှမ်နှလုံးက တစ်ချက် တုန်သွားသည်။ ထျန်းလုံဧကရာဇ် အင်ပါယာ တစ်ခုလုံးကို ရွေ့လျားစေခဲ့တဲ့ ဒီအခင်းအကျင်း ပညာရှင်က ဘယ်လို ကျင့်ကြံမှုလမ်းကြောင်းကို လိုက်ခဲ့တာလဲ။

လွမ့်ထျန်းတောထဲက အံ့ဖွယ်ပုံစံ အမြောက်အမြားကို မြင်ပြီးနောက် လုရွှမ် သူ၏မောက်မာမှုကို ထိန်းထားနိုင်ခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာအတွင်း တိမ်ပင်လယ် နယ်မြေသည် ဘယ်လောက် တိုးတက်ကောင်းမွန်လာကာ ဘယ်လို ပါရမီရှင်တွေ ထွက်ပေါ်လာလဲ ဆိုတာ ဘယ်သူက သိမှာလဲ?

လုရွှမ်ရှေ့မှ လူငါးဦးအနက် ၃ယောက်မှယ ခြွင်းချက်မရှိ အရိုက်ခံရ၍ ထွက်လာရသည်။ ပစ္စည်းတွေကို စောင့်ရှောက်သူ နှစ်ယောက်ကလွဲလို့ ကျန်တဲ့ ထိုသုံးယောက်ကတော့ ဝမ်းနည်းပူဆွေးတဲ့ မျက်နှာတွေနဲ့ ထွက်သွားကြရလေ၏။

သူတို့ထဲက တစ်ယောက်က သူ့ခြေထောက်ကို တိုက်ရိုက် အချိုးခံလိုက်ရပြီး တစ်ယောက်ကတော့ သူ့ရင်ဘတ်မှာ နီရဲနေသည်။

"ဒီကလေးမလေးက ဘယ်လို စွမ်းအားမျိုး ရှိနေတာလဲ? သူဒီလိုလုပ်နေတာ တစ်ယောက်ကလာပြီး ပြဿနာရှာမှာ မကြောက်ဘူးလား?"

လုရွှမ်သည် လူပေါင်းများစွာ၏ မျက်လုံးများထဲက စူးရှသော အလင်းရောင်ကို တစ်ချက်ကြည့်လျက် တွေးလိုက်မိသည်။ ထို့နောက် အိမ်ထဲသို့ လှမ်းကြည့်လိုက်သည်။

All Chapters