ကျွန်ဆိုး
Vol. 41 Ch. 4.134
အိမ်ကြီးသည် ကြီးကျယ်ခမ်းနားနေတာ မဟုတ်ပေ။ ခြံကြီးဟု ပြောရလျှင် ပိုကောင်းသည်။ သို့သော် သာမာန်ဝင်းများနှင့် နှိုင်းယှဉ်ပါက အခင်းအကျင်းများ တစ်ခုပြီး တစ်ခု မရေမတွက်နိုင်အောင် ချထားလို့ ဤဝင်းသည် ကျန်နေရာများနှင့် မတူအောင် ထင်ရှားလေသည်။
အခင်းအကျင်း ပညာရှင် ဆိုတဲ့အတိုင်း ဝိညာဥ်ချီ သိပ်သည်းမှုမှာ အိမ်အပြင်ဘက်ထက် အနည်းဆုံး သုံးဆပိုများသည်။ အိမ်ကြီးအတွင်း၌ ထူးဆန်းသော ကျောက်ဆောင်များ၊ ရေကန်များ၊ စိမ်းလန်းသော သစ်ပင်များနှင့် ဝိညာဥ်သားရဲများ ရှိသည်။
ယုန်အနည်းငယ်သည် စိမ်းစိုနေသော မြက်ခင်းပြင်တွင် သွက်သွက်လက်လက် ပြေးလွှားနေပြီး လုရွှမ်အား ပတ္တမြားကဲ့သို့ မျက်လုံးများဖြင့် ကြည့်နေပုံမှာ အလွန် ချစ်စရာကောင်းလှသည်။
အိမ်အကူအဖြစ် ၀တ်ဆင်ထားသော မိန်းကလေး တစ်ဦးသည် လုရွှမ်၏ နံဘေးတွင် တိတ်တဆိတ် ရပ်နေ၏။ လုရွှမ်အား ဥယျာဉ်အတွင်းရှိ ခမ်းနားသော ရှုခင်းကို ကြည့်ရှုခွင့်ပေးကာ သူမ၏ အပေါ်နှုတ်ခမ်းကို အနည်းငယ် မြှင့်ထားသည်။
လုရွှမ်၏ အမူအရာနှင့် ပတ်သက်၍ သူမ အလွန်ကျေနပ်ကြောင်း ထင်ရှားလေသည်။
"သခင်လေး ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ!"
ကျွန်မိန်းကလေး ယင်ယင်က လမ်းကို အရင်ပြလာသည်။ လုရွှမ် ခပ်ဖျော့ဖျော့ပြုံးပြီး နောက်ကနေ လိုက်သွားခဲ့သည်။
လမ်းလျှောက်ရင်း စိမ်းစိုနေတဲ့ ရေတွေရှိတဲ့ တံတားတစ်စင်းကို ကျော်ဖြတ်ရင်း နောက်ဆုံးတော့ မြက်ခင်းပြင်ထဲကို ရောက်လာခဲ့၏။ မျက်နှာကို ပဝါနှင့် ဖုံးအုပ်ထားသော အမျိုးသမီးတစ်ဦး မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှိသည်။
သူမနောက်တွင် ရပ်နေသော အဘွားအိုများစွာ ရှိကာ လုရွှမ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေကြသည်။
ဒါဟာ အချက်ပြတာ ဒါမှမဟုတ်ရင် သတိပေးချက်ပဲ။ ကောင်လေး မင်း ရိုးရိုးသားသားပြောရင် ပိုကောင်းမယ် မဟုတ်ရင် အသက်ရှင်ဖို့ လမ်းစမရှိဘူးလို့ ခြိမ်းခြောက်နေသည့် အတိုင်းပင်။
"သခင်လေး ရှင့်နာမည် ဘယ်လိုခေါ်လဲ"
လုရွှမ်လည်း သူ့မျက်လုံးထောင့်ကနေ တစ်ချက် ကြည့်လိုက်ပြီး
"ဒါဆို ဒီမိန်းကလေး နာမည်ကရော ဘာလဲ?"
အမျိုးသမီးက မျက်မှောင်ကြုတ်ကာ
“ဒီကသခင်လေး နောက်ပြောင်နေတာလား? ရှင် ဒီမှာရှိကတည်းက ကျွန်မ ဘယ်သူလဲဆိုတာကို သိရမယ် မဟုတ်လား”
"မိန်းကလေးရော့ယိုးရဲ့ နာမည်ကို ကျုပ်ကြားဖူးပါတယ်.... ဒါပေမဲ့ မင်းက မိန်းကလေးရော့ယိုး မဟုတ်ဘူးဆိုတာ သိသာတယ်လေ ဒါကြောင့် မင်းနာမည်ကို မမေးသင့်ဘူးလား?"
အမျိုးသမီးက ရုတ်တရက် မတ်တပ်ထရပ်ပြီး ထူးခြားသော အသံဖြင့် ပြုံးလျက် ဆိုလိုက်သည်။
"ဘယ်လိုရှင်းပြမလဲ?"
"အခင်းအကျင်းပညာရှင်က အသွင်သဏ္ဌာန်တွေကို စွဲလမ်းတာ သဘာဝပါပဲ.... မိန်းကလေးရော့ယိုးရဲ့ အောင်မြင်မှုတွေဟာ သတင်းတွေထဲက အတိုင်း တကယ်ကို ထူးထူးခြားခြား ဖြစ်နေတယ်ဆိုရင် မင်းငါ့ကို ပထမဆုံး တွေ့တာနဲ့ မင်း အံ့သြပြီး သိချင်လာလိမ့်မယ်... ဒါပေမဲ့ မင်းကတော့ အဲဲဒီလိုမျိုး မဖြစ်ဘူး"
"ဒီနည်းနဲ့ ကောက်ချက်ချနိုင်တာ နှစ်ခုပဲရှိတယ်... မင်းက မိန်းကလေးရော့ယိုး မဟုတ်ဘူး ဒါမှမဟုတ်ရင် မင်းရဲ့အခင်းအကျင်း စွမ်းရည်က အလယ်အလတ် အဆင့်ပဲရှိတယ်... အပြင်က အခင်းအကျင်း ဖွဲ့စည်းပုံတွေကို ကြည့်လိုက်တာနဲ့ကို သိသာပါတယ်.... ဒါကြောင့် မိန်းကလေးက ထူးထူးခြားခြား ရှိတယ်ဆိုပေမယ့် မိန်းကလေးရော့ယိုးတော့ မဟုတ်ဘူး!"
ဖြောင်း ဖြောင်း ဖြောင်း!
အမျိုးသမီးက လက်ခုပ်တီးပြီး မျက်နှာပေါ်က ပိုးပဝါကို ချွတ်လိုက်၍ လှပတဲ့ ပါးပြင်ကို ပေါ်လွင်စေလိုက်သည်။
"မှန်ပါတယ်... ကျွန်မက ရော့ယိုး မဟုတ်ဘူး... ကျွန်မနာမည်က ရော့မင်ပါ.... ကျွန်မ ရော့ယိုးရဲ့ အမွှာညီမ.... အဟဲ သခင်လေးက ကျွန်မကို သိသွားပြီဆိုတော့ ကျွန်မအစ်မ ဘယ်မှာလဲဆိုတာ မင်း ခန့်မှန်းလို့ရမလား?"
လုရွှမ်ပြုံးပြီး ထိုမိန်းမရဲ့ မျက်လုံးထဲက လိမ္မာပါးနပ်တဲ့ အကြည့်ကို ကြည့်ပြီး ရုတ်တရက် ပြန်ပြောလိုက်သည်။
"မင်းပဲ မဟုတ်ဘူးလား!"
ရော့မင် အံ့အားသင့်သွားပြီး "နားမလည်ဘူး!"
ဆန့်ကျင်ဘက်တွင် သူမ၏ နောက်ကွယ်မှ လူအများအပြားသည် ထိတ်လန့်သွားပုံရပြီး တချို့မှာ သတ်ဖြတ်လိုသည့် ဆန္ဒကိုပင် အရိပ်အမြွက် ပြသလာခဲ့ကြသည်။
လုရွှမ်ကတော့ ကြောက်ရွံ့ခြင်း မရှိပေ။ ထိုအမျိုးသမီး၏ နောက်တွင် ရပ်နေသော လူများသည် အလွန်အားသန်ကြပြီး အထူးသဖြင့်သေဆုံးလုနီးပါး ဖြစ်နေသော ရှုံ့တွနေသည့် အဘွားကြီး ဖြစ်သည်။ သူမ၏ခွန်အားသည် သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသော ကာလကို ရောက်နေပြီ။
လျှို့ဝှက် ဆန်းကြယ်သော လွမ့်ထျန်းတောထဲတွင် လုရွှမ် ထိုအဆင့်ရှိ လျန့်ထျန်းရှန်နဲ့ တစ်ကြိမ် တိုက်ခဲ့ဖူးသည်။ အခင်းအကျင်း အစွမ်းကို အပြည့်အဝ မဖော်ပြထားသော်လည်း ဤနေရာတွင် အဘွားကြီး လှုပ်ရှားပါက သေချာသလောက် သူမသေရင်တောင် အသက်တစ်ဝက်လောက် ဆုံးရှုံးရလိမ့်မည်။
"မင်း နားမလည်ရင် ဘာလို့ နှောက်ယှက်နေမှာလဲ? ခဏစောင့်ကြည့်တာပေါ့ မင်းအစ်မက ငါ့ကို တွေ့ဖို့ ထွက်လာလိမ့်မယ်"
လုရွှမ် ကောင်းကင်ထက်က ဝင်တော့မယ့် အနီရောင် နေရောင်ကို မော့ကြည့်ရင်း ပြောလိုက်ပါ၏။
သူဝင်လာပြီးတာနဲ့ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေတယ်ဆိုတာ သိလိုက်ပြီးသားပင်။ ခန္ဓာတစ်ခုနှင့် ဝိညာဉ်နှစ်ခုသည် တစ်ကိုယ်တည်း ရှိသော်လည်း ၎င်းတို့သည် တစ်ခုနှင့်တစ်ခုအပေါ် လွှမ်းမိုးမှု လုံးဝမရှိပေ။
ထိုသို့သော လျှို့ဝှက်ချက်ကြောင့် စိတ်ဆန္ဒကို ထုတ်မပြနိုင်သည်မှာ သဘာဝကျ၏။ ထို့ကြောင့် ရော့ယိုးက သူမပဲဖြစ်ကြောင်း သူပြောသောအခါတွင် သူမနောက်ကွယ်မှ လူသတ်ချင်သည့် ရည်ရွယ်ချက်များ ထွက်ပေါ်လာခဲ့သည်။
"အငယ်လေး မင်းရဲ့ အသိပညာက ကောင်းပါတယ် ဒါပေမဲ့ မင်း မမြင်သင့်တဲ့ အရာတွေလည်း ရှိတယ်..."
အဘိုးအို တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်ပြီး နောက်ကနေ ဓားရှည် တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ဓားရှည်ပေါ်ရှိ မျဉ်းကြောင်းများသည် လျှို့ဝှက်ဆန်းကြယ်ပြီး ပြင်းထန်စွာ သတ်ဖြတ်ရန် ရည်ရွယ်ချက် အပြည့်အ၀ ရှိနေသည်။ ၎င်းသည် သူတော်စင် လက်နက်ဖြစ်ကြောင်း သိသာထင်ရှားပြီး အဆင့်မှာလည်း မနိမ့်ပေ။
လုရွှမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤလူများသည် သူတို့လျှို့ဝှက်ချက်ကို သိသွားမှန်း သတိပြုမိပြီးနောက် သူ့အား လူသတ် နှုတ်ပိတ်ချင်ကြသည်။
သူတော်စင်တစ်ပိုင်း အဆင့်၉ ဆိုတာကလည်း ကြောက်ရတာ မှန်ပေမယ့် သေတဲ့အထိ တကယ်တိုက်ရင် အဆုံးသတ် ဝေဒနာကို ခံစားရတဲ့သူက ဘယ်သူလဲဆိုတာ မသေချာသေးပါဘူး။
"ဦးလေးကျုံး... ဘာလုပ်နေတာလဲ? ဒီကောင်လေးက ကျွန်မရဲ့ လျှို့ဝှက်ချက်ကို မြင်ပြီးပြီ ဆိုပေမယ့် သူကဘေးဒုက္ခ မဖြစ်လာစေပါဘူး.... အဲဒါက တကယ့် ဘေးဒုက္ခတစ်ခု ဆိုရင်တောင် သတ်ဖြတ်တာက ပြဿနာကို မဖြေရှင်းနိုင်ဘူးလေ"
"သခင်လေး... ကျေးဇူးပြုပြီး ကျွန်မလျှို့ဝှက်ချက်ကို မေ့ထားလို့ရမလား?"
ဒီအချိန်မှာ ထိုမိန်းမရဲ့ ယုတ်ညံ့တဲ့ အရိပ်အယောင် ပျောက်ကွယ်သွားပြီး သူမဟာ အနည်းငယ် တည်ငြိမ်ပြီး ကြော့ရှင်းလာသည်။ သူမတို့ဟာ လူတစ်ယောက်တည်း ဆိုပေမယ့် အစောကပုံနဲ့ လုံးဝမတူဘူးလို့ ခံစားရလေသည်။
"မမေ့နိုင်မှာ ကြောက်ရတယ်!"
အဘိုးအိုက လူသတ်ချင်တဲ့ အငွေ့အသက်များ လွှမ်းခြုံလျက် ဟစ်အော်လိုက်သည်။
"ငါပြောတာကို မင်းမကြားဘူးလား?"
လုရွှမ် သူ့ရဲ့ပျော့ညံ့မှုကို မပြဘဲ သူတော်စင်တစ်ပိုင်း အဆင့်၇ ဖြစ်သော အဘိုးအိုကို မီးတောက်လို မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
စကားပုံတစ်ခု ရှိပါသည်။ ဧကရာဇ်မင်းက အလျင်မလိုခင် မိန်းမစိုးများက အလျင်လိုစွာ ရှေ့ထွက်အော်ကြသည်။ တချို့သော ကျွန်များမှာ သခင်က ဂရုမစိုက်သေးခင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်၍ ၎င်းတို့အင်အားကို ပြသလိုကြသည်။
လုရွှမ် လူတွေထဲမှာ ဒီလိုလူတွေကို အမုန်းဆုံးပင်။
ဒီလိုလူကို အားနည်းချက် မပြရဘူး။ မဟုတ်ရင် တစ်ဖက်လူက သူ ကြောက်လန့်သွားတယ် ထင်ပြီး ပိုဆိုးလာလိမ့်မယ်။ ဒါ့ထက်ကိုယ့်ဖက်က သူ့ကို ခြိမ်းခြောက်နိုင်တာက ပိုကောင်း၏။
"အတင့်ရဲချက်!"
သစ္စာရှိအဘိုးအိုက အော်ဟစ်လိုက်ပြီး သူ့ဓားရှည်ကို တည့်တည့် လှန်လိုက်ကာ ထက်ရှသော ဓားစွမ်းအင်ကို လှုံ့ဆော်၍ လုရွှမ်ကို တိုက်ခိုက်လိုက်သည်။
"ဦးလေးကျုံး!"
ရော့ယိုး ကျယ်လောင်စွာ အော်လိုက်ပေမယ့် ဓားစွမ်းအင်က ပြေးထွက်သွားပြီမို့ သူမ မကယ်တင်နိုင်ခဲ့ချေ။
လုရွှမ် နဂါးဆင်ရွှေလက်ဝါးကို ရုတ်တရက် ဖောက်ထုတ်လိုက်သည်။ သူသည် တဟုန်းဟုန်းတောက်နေသော ဓားရောင်ဝါကို ရည်ရွယ်ချက်ရှိရှိ ချိုးဖျက်လိုက်၏။ ၎င်းသည် ရိုးရှင်းသော ဖောက်ခွဲမှု တစ်ခုလိုပင်။
ဝုန်း!
ဓားစွမ်းအင်က လုရွှမ်၏ လက်ဝါးချက်များကို တရစပ် တိုက်ခိုက်ပြီး ပေါက်ကွဲသံများ ပျံ့လွင့်သွားသည်။ လုရွှမ် လက်ဝါးမှ လေလှိုင်းစွမ်းအင်များ ရွေ့လျားလာကာ လုရွှမ်၏ ခန္ဓာကိုယ်သည် ဒဏ်ရာလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ မလှုပ်မယှက် ရပ်နေကြောင်း လူများစွာက ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
"လူယုတ်မာ.... မင်း ငါ့ရဲ့ဓားစွမ်းအင်ကို တားဆီးနိုင်တယ်ပေါ့ ဟမ့် မင်း ဒီလောက် မာနကြီးတာ မဆန်းပါဘူး... ဒါဆို ငါ့ဓားချက်ကို ခံယူလိုက်စမ်း!"
သစ္စာရှိ အဘိုးအိုက အော်ပြောပြီး သူ့မျက်နှာ နီမြန်းသွားသည်။ သူ့အမြင်အရ သူသည် သူတော်စင်တစ်ပိုင်း အဆင့်၇ ကျင့်ကြံသူလက်မှ ထွက်လာသော ဓားစွမ်းအင်ပဲ ဖြစ်သည်။
စွမ်းအင် များများစားစား မရှိဘဲ စိတ်ဆန္ဒဖြင့် အစပျိုးလိုက်လျှင်ပင် သူတော်စင်တစ်ပိုင်း အဆင့်၃က အငယ်တန်း ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်တာက အလွယ်လေးပင်။
ဒီလူက သူ့ဓားစွမ်းအင်ကို တားဆီးနိုင်လိုက်တယ်။ ဒါက သူ့ကို အရှက်ရစေတာပဲ။ ဒီလောက်လေးနဲ့ ဖြေဖျောက်ဖို့ လုံးဝ မလုံလောက်ဘူး။
သူက သခင်မလေးရော့ယိုးရဲ့ ကျွန်ဖြစ်ကာ သခင်မလေးက ထျန်းလုံဧကရာဇ်အင်ပါယာရဲ့ ဧည့်သည်တစ်ဦးပဲ။ ဒီကောင်လေးရဲ့ နောက်မှာ ဘယ်လိုနောက်ခံမျိုးများ ရှိနေနိုင်မှာတဲ့လဲ။
သူ့မျက်လုံးထဲ လုံးဝကို ဘောင်မဝင်ဘူး!
"ဦးလေးကျုံး!"
ရော့ယိုး ကျယ်လောင်စွာ အော်လိုက်ပြီး သူမမျက်ခုံးတွေက အထိတ်တလန့် တွန့်ချိုးသွားကာ ဒေါသအမျက်များ ထွက်သွားတော့သည်။
"သခင်မလေး... ဒီလူသေမှရမယ်... ကျုပ်စကားကို နားထောင်ပါ ဒီကျွန်ပြောတာ သခင်မလေး အတွက်ပါ"