← Chapters

လျှပ်စီးငှက်

Vol. 42 Ch. 4.136

လျှပ်စီးငှက်

Vol. 42 Ch. 4.136

ထျန်းလုံမြို့မှာ အခွင့်အရေး အာဏာအရှိဆုံးက ဘယ်သူလဲ?

၁၀၀မှာ ၈၀%ရှိ လူများက ၎င်းမှာ ထျန်းလုံးကျောင်းတော်မှ ကျောင်းအုပ်ကြီး ဖြစ်သည်ဟု ဆိုကြပေသည်။ တချို့သော လူများကတော့ ထျန်းလုံဧကရာဇ်အင်ပါယာရဲ့ ဘုရင်မင်းမြတ်က ကျောင်းအုပ်ကြီးကိုပင် မကျော်နိုင်ဘူးဟု ပြောကြသည်။

ထျန်းလုံကျောင်းတော် လက်ရှိကျောင်းအုပ်ကြီး၏ အဆင့်နှင့် ပတ်သက်၍ မည်သူမျှ တိတိကျကျ မသိပေ။ တချို့က သူတော်စင်ဟု ဆိုကြပြီး တချို့က သူတော်စင် အထွတ်အထိပ်ဟု ဆိုကြကာ တချို့မှာ သူတော်စင်​​ကြီးဟုပင် ဆိုကြသည်။

သို့သော်လည်း မကြာသေးမီ နှစ်များအတွင်းက ကျောင်းအုပ်ကြီးသည် လူတိုင်းရှေ့မှောက်တွင် အချိန်အတော် ကြာအောင် ပေါ်မလာခဲ့သလို ကျောင်းအတွင်းက ပါမောက္ခတချို့ပင် ဌာနမှူးကို ထပ်မံတွေ့ခွင့် မရှိခဲ့ပေ။

အမှန်တကယ် တာဝန်ခံသူများသည် ဒုကျောင်းအုပ် လေးဦးနှင့် ယခင်က ကျောင်းတက်ခဲ့သည့် အထူးချွန်ဆုံး ကျောင်းသား ကိုးဦးဖြင့် ဖွဲ့စည်းထားသည့် ဂုဏ်ပြုအဖွဲ့သာ ဖြစ်သည်။ သို့သော် သာမန်ကျောင်းသားများ အတွက် ၎င်းတို့သည် ရာထူးကြီးပြီး ထူးထူးခြားခြား ကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်နေဆဲပင်။

သာမန်ကျောင်းသားများ အတွက် အောက်တန်းနှင့် အထက်တန်းများ ဟူ၍ အတန်းခွဲထားသည်။

ယခုအချိန်တွင် အငယ်တန်း ကျောင်းအုပ်ကြီးရုံးခန်းတွင် ကျောင်းသား အများအပြား ငိုယိုနေကြသည်။ လုရွှမ်သာ ရှိနေရင် ဒီကျောင်းသား အနည်းငယ်ဟာ ဓားလျှိုမြောင်မှာ သူတွေ့ခဲ့တဲ့ လူတစ်စုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိမ့်မည်။

"အကြီးအကဲဖန်း... အဲဒီလုရွှမ်က ရက်စက်ပြီး အရှက်ကင်းမဲ့တဲ့ လူကြမ်းတစ်ယောက်ပဲ... ဆရာ ကျွန်မတို့ကို ကာကွယ်ဖို့အတွက် အဲဒီလူကို သတ်ပစ်ဖို့ တိုက်ခိုက်ခဲ့တာ ဒါပေမဲ့ သူကဆရာ့ကို သတ်သွားခဲ့တယ်... ကျွန်မတို့မှာ စွမ်းအား မလုံလောက်လို့ ဆရာ့အတွက် လက်စားမချေနိုင်ခဲ့ဘူး... အဲဒါကြောင့် သူ့ကို သတ်ပစ်ဖို့ ကျောင်းကိုပြန်လာပြီး တောင်းဆိုတရတာပါ!"

ကျောင်းသူ မိန်းကလေးက သွားတွေကို အံကြိတ်ရင်း ပြောလေ၏။ ထိုအခါ ဖန်းဟုန်ရှန်းက စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး

"ဒါရိုးရိုးရှင်းရှင်း အတင့်ရဲနေတာပဲ.... ထျန်းလုံဧကရာဇ်အင်ပါယာ ထျန်းလုံကျောင်းတော်က ဆရာကို သတ်ရဲတယ်ပေါ့ ဟုတ်လား? သည်းမခံနိုင်ဘူး... လုံးဝ သည်းမခံနိုင်ဘူး... ရှောင်ဝမ် သွားပြီး သတ်ပစ်ဖို့ အမိန့်ထုတ်လိုက်... အဲဒီလူ ထျန်းလုံဧကရာဇ် အင်ပါယာနဲ့ ခြေတစ်လှမ်းအကွာမှာ ခြေချရဖို့ သတ္တိရှိတာနဲ့ သူ့ကို နောင်တရစေရမယ်"

"ဟုတ်ကဲ့!"

လက်ထောက် ရှောင်ဝမ်က တုံ့ပြန်ပြီး ကျောင်းသား အနည်းငယ်နဲ့အတူ ထွက်သွားခဲ့သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် တစ်ယောက်ကို တစ်ယောက် မကျေမနပ် မျက်နှာဖြင့် ကြည့်နေကြသည်။

ထျန်းလုံကျောင်းတော်ရဲ့ လူသတ်အမိန့်သည် ထျန်းလုံဧကရာဇ်အင်ပါယာရဲ့ လူသတ်အမိန့်ထက် ပို၍ အန္တရာယ်များသည်။ ယေဘူယျအားဖြင့် ထျန်းလုံကျောင်းတော်မှ တစ်စုံတစ်ဦးကို အရှက်ရစေခဲ့ပါက အင်ပါယာမှ သတ်ပစ်ရန် အမိန့်ထုတ်မှာ ဖြစ်သည်။

ထို့ကြောင့် ထျန်းလုံကျောင်းတော်မှ အမှန်တကယ် သတ်ရန် အမိန့်ထုတ်သည်ကို မြင်ပြီးနောက် လုရွှမ်သည် လူတိုင်း၏ မျက်လုံးထဲတွင် ငွေထုပ်ကြီး ဖြစ်လာခဲ့သည်။

အလွှာပေါင်းစုံမှ လူများသည် လူသတ်အမိန့် ကြေညာသူများ၊ တောင်ကို ပိတ်ပစ်ရန် ကြေညာသူများ စသည်ဖြင့် အားလုံး တညီတညွတ်တည်း လှုပ်ရှားနေကြတော့သည်။ ဆက်သွယ်ရေး ကောင်းတာကြောင့် ထျန်းလုံဧကရာဇ်အင်ပါယာ တစ်ခွင်လုံး နေရာအရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ထုံးစံအတိုင်း လုရွှမ်သည် ထျန်းလုံကျောင်းတော်မှ သူ့ကိုသတ်ရန် အမိန့်ထုတ်ထားတာကို မသိခဲ့ပေ။ ယခုအချိန်တွင် သူသည် တောင်များနှင့် သစ်တောများတွင် အေးအေးဆေးဆေး လှည့်ပတ်၍ ပျံသန်း သူတော်စင် သားရဲတစ်ကောင်ကို ဖမ်းဖို့ ကြံနေ၏။

အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာကြီးသည် အမှန်တကယ် ကြီးမားလွန်းလှသည်။ လုရွှမ် သူတော်စင်သားရဲထက် မနည်းသော အမြန်နှုန်းကို အားထား၍ ပျံသန်းလျှင် သိပ်ဒုက္ခမများနိုင်ဘူးဟု ထင်ခဲ့သည်။

သို့သော် တစ်လခွဲလောက် ပျံသန်းပြီးတဲ့ အချိန်မှာတော့ ဒီအတိုင်း ဆက်သွားနေတာက အလုပ်မဖြစ်ကြောင်း သိလိုက်တာကြောင့် တောင်ပေါ် တောထဲမှာပဲ ရပ်လိုက်တော့သည်။

တောင်ပေါ်တောသည် အလွန်ကျယ်ပြီး လွမ့်ထျန်းတော၏ အထက်တွင် ရှိနေဆဲ ဖြစ်သော်လည်း ရိုးရှင်းသော တောင်ပေါ်သစ်တော တစ်ခုသာ ဖြစ်ကြောင်း သိသာသောကြောင့် လုရွှမ် စိတ်သက်သာရာ ရသွားသည်။

သူသည် လွမ့်ထျန်းတောလို နေရာမျိုးကို ထပ်မံ ကြုံတွေ့ရပါက သူ့ဘဝအတွက် အမှန်တကယ် သံသယ ဖြစ်လာမိလိမ့်မည်။

စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး တက်လာကာ တောင်များနှင့် သစ်တောများအတွင်စ ဖုံးလွှမ်းသွားခဲ့သည်။ လူများစွာသည်လည်း တောင်များနှင့် သစ်တောများတွင် ရှိနေကြသည်။

ခွန်အားသည် သူတော်စင်တစ်ပိုင်း ပထမအဆင့်မှ အဆင့်၉ ပြီးပြည့်စုံမှုကာလသို့ ရောက်ရှိထားသည်။ ဒီနေရာမှာ ထျန်းလုံဧကရာဇ် အင်ပါယာ၏ အပြင်ဘက် နယ်မြေဖြစ်ပြီး သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံမှု ကာလမှာ အတော်လေး အားကောင်းနေပြီ ဖြစ်သည်။

တကယ်လို့ သူတော်စင်တစ်ပါး ရှိနေပါက လုရွှမ် စကားတစ်ခွန်းမှ မပြောဘဲ ရှောင်တိမ်းသွားမှာ ဖြစ်လေသည်။ ထိုနယ်ပယ်သည် ယခုအချိန်တွင် စော်ကားရန် မတတ်နိုင်တော့သော တည်ရှိမှုတစ်ခု ဖြစ်​ပေသည်။

စိတ်ဝိညာဉ် စွမ်းအားဖြင့် အာရုံခံခြင်းသည် အလွန်ယဉ်ကျေးသော အပြုအမူဖြစ်ပြီး လုရွှမ် အစပိုင်းတွင် တစ်ကြိမ်သာ အကဲဖြတ်၍ ဆယ်မိုင်အတွင်း လုံခြုံစိတ်ချရသော ဧရိယာတွင် ဖုံးအုပ်ကာ ပြန်လည် သိမ်းဆည်းသည်။

တစ်စုံတစ်ယောက်က သူ့ဖက်ကို တကယ်ရောက်လာတာလား? လုရွှမ် ခဏလောက် တွေးနေပေမယ့် ရှောင်မသွားဘဲ ရပ်နေလိုက်သည်။ တစ်ဖက်က လူသတ်ဖို့ ရည်ရွယ်ချက် မရှိလေဘူး။

များမကြာမီတွင် လူငယ့အုပ်စု တစ်ဖွဲ့ ရောက်ရှိလာ၏။ စုစုပေါင်း ခြောက်ဦးခန့် ဖြစ်ကာ အချင်းချင်း သတိထား ကြည့်နေကြတာကြောင့် ယာယီအဖွဲ့ ဖွဲ့ထားတာ ဖြစ်နိုင်သည်။

အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားလေးဦး ဖြစ်သည်။ ဇနီးမောင်နှံ တစ်တွဲပါပြီး ကျန်လူတွေက တစ်ဦးချင်း လာခဲ့ကြပုံဖြင့်။

"ဒီကအစ်ကို.... ခင်ဗျားလည်း သူတော်စင် သားရဲဥတွေကို ရှာဖို့ ဒီတောကို လာခဲ့တာလား? ဟဲဟဲ ကျုပ်တို့လည်း အတူတူပဲ... အဲဒါကြောင့် အဖွဲ့ငယ်လေး တစ်ဖွဲ့ကို ယာယီဖွဲ့လိုက်တာလေ ... နောက်ဆုံးတော့ လူများတော့ ခွန်အားလည်း အများကြီး ရှိတာပေါ့.... ခင်ဗျားကို ကျုပ်တို့ လျှော့မတွက်ပါဘူး....ဒီနေရာက အဆင့်၂ နယ်ပယ်ကလူအတွက် အန္တရာယ်များတယ်.... သူတော်စင် သားရဲဥကို ရဖို့ အတူတူ ပူးပေါင်းလိုက်ရင်ရော ဘယ်လိုလဲ?"

စကားပြောလာသူမှာ လင်မယားစုံတွဲထဲမှ ယောက်ျားဖြစ်သူ ဖြစ်ကာ ကျင့်​ကြံမှုအဆင့် အမြင့်ဆုံး အဆင့်၇ ဖြစ်သည်။ တခြားလူများမှာ သူတော်စင်တစ်ပိုင်း အဆင့်၄နှင့် အဆင့်၅တို့၌ ရှိကြသည်။

သူ​တော်စင်သားရဲဥ? လုရွှမ် ချက်ချင်း သဘောပေါက်သွားသည်။ ဟုတ်တယ် သူတော်စင် သားရဲကို ဖမ်းဖို့ အသက်ကို စွန့်စားမယ့်အစား သားရဲဥတွေကို ရှာလိုက်တာက ပိုကောင်းတယ်။ အန္တရာယ်ကလည်း သဘာဝကျကျ အများကြီး နည်းသွားမယ်။

ကိုယ်တိုင် အသုံးချတာဖြစ်ဖြစ် ပြန်ရောင်းတာပဲဖြစ်ဖြစ် အမြတ်က မသေးပေ။

"ဒါဆို ခင်ဗျားတို့ရဲ့ ပစ်မှတ်က ဘာလဲ?"

လုရွှမ် မေးလိုက်သည်။

"ဟုတ်တယ်.... ကျုပ်တို့ မိုးကြိုးငှက်သိုက်ကို တွေ့ထားပြီ ဟီးဟီး.... မင်းသာအဲဒါကို မျှားခေါ်နိုင်သရွေ့ ငှက်ဥတွေရဖို့ လွယ်သွားလိမ့်မယ်... မင်းလည်း လူလိုတယ်မလား... ငါ့ညီက အချိန်ကိုက် ပေါ်လာတာဆိုတော့ အတော်ပဲ ဖြစ်သွားတာပေါ့!"

လျှပ်စီးငှက်သည် အရှိန်-အမျိုးအစား သူတော်စင် သားရဲဖြစ်သည်။ ၎င်းသည် တတိယအဆင့် သူတော်စင် သားရဲမျှသာ ဖြစ်သော်လည်း အမြန်နှုန်းအရ သာမန် အဆင့်၆နှင့် အဆင့်၇ရှိ သူတော်စင် သားရဲများပင် ၎င်းတို့ထက် မမြန်နိုင်ပေ။

ဒါပေမဲ့ ဒီလိုသားရဲမျိုးက အလွန်ရှားပါးပြီး ပုန်းခိုနေတဲ့နေရာက ပိုလို့တောင် လျှို့ဝှက်တတ်လို့ အသိုက်ကိုရှာတွေ့ဖို့ ပိုတောင် ခက်ခဲသေးသည်။ ဒီလူတွေက အသိုက်ကိုတောင် ရှာတွေ့တယ် ဆိုတော့ ကံက မဆိုးကြဘူးပဲ။

လျှပ်စီးငှက်သည် တစ်ကြိမ်လျှင် ဥခုနစ်ဥ ဥတတ်သောကြောင့် ဒီလူအရေအတွက် အတိုင်း ခွဲဝေဖို့ လုံလောက်တယ်လို့ ပြောရမည်။ ဒါပေမဲ့ လုရွှမ် သူ့စိတ်ထဲမှာ ကောင်းကောင်း သိထားတာက ဒီလူတွေရဲ့အကြံက ဒါထက် ပိုနေတယ် ဆိုတာပဲ။

ထိုလူက ဆက်ပြောလာခဲ့သည်။

"တကယ်တော့ ငါ့မှာ ငါတို့ရဲ့ တည်နေရာကို ဖုံးကွယ်ထားနိုင်တဲ့ အခင်းအကျင်း တစ်ခုရှိတယ်.... ဒါပေမဲ့ အခင်းအကျင်း ဖွဲ့စည်းထူထောင်ဖို့ လူငါးယောက် လိုတယ်...ဒီအစ်ကိုကရော ငါတို့နဲ့ ပူးပေါင်းချင်လား?"

"ဟမ့်!"

လူတစ်ယောက်က မကျေမနပ်တဲ့ အသံကို ထုတ်လွှတ်လာခဲ့သည်။

"အစ်ကိုလုံ... မင်း အခင်းအကျင်းမှာ လူငါးယောက် လိုအပ်တယ် ဆိုတာ ငါသိပါတယ်... အစီအစဉ် အတိုင်းဆို မင်းက လျှပ်စီးငှက်မကို မျှားခေါ်မယ်.. မင်းရဲ့မိန်းမက ဥတွေကို ခိုးမယ်... ငါတို့ငါးယောက်က လျှို့ဝှက် အခင်းအကျင်း ဖွဲ့စည်းမှုကို ပံ့ပိုးမယ်... ဒါ​ပေမဲ့ ဒီလူက သူတော်စင်တစ်ပိုင်း အဆင့်၂ပဲ ရှိသေးတာ... နည်းနည်း​တော့ နည်းတယ်​ မထင်ဘူးလား?"

စကားပြောဆိုသူမှာ သခင်လေး တစ်ယောက်အသွင်ဖြင့် လူငယ်လေး ဖြစ်ပြီး အလွန်မာန ကြီးနေပုံရသည်။ တခြားသူများ စကားမပြောကြသော်လည်း အားလုံးက သဘောတူပုံရသည်။

ထိုလူက အနည်းငယ် မျက်မှောင်ကြုတ်ကာ

"သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်က နည်းနည်းနိမ့်ပေမယ့် လူတိုင်းလည်း လျှပ်စီးငှက်ရဲ့ စရိုက်ကို သိကြတာပဲ.... တစ်နေ့ပြီးရင် အသိုက်ကို ပြောင်းတော့မှာ ငါတို့ လူရှာဖို့ ထွက်လာတာ အချိန်တော်တော် ကြာသွားပြီ... ထပ်နောက်ကျရင် အချိန်မမီတော့မှာ ကြောက်ရတယ်"

ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် အခြားသူများ တိတ်ဆိတ်သွားသည်။ လျှပ်စီးငှက်က အမှန်တကယ်ပင် ဉာဏ်ကောင်းတာကြောင့် စိတ်မသက်မသာ ဖြစ်​စေ၏။

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

"ငါ့မှာ ပြဿနာမရှိဘူးလို့ ထင်တယ်!"

"ဟမ့် ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ... မင်းစဉ်းစားကြည့်ရုံနဲ့ ဖြေရှင်းလို့ ရမယ့် ကိစ္စမဟုတ်ဘူး... မင်းရဲ့ အခင်းအကျင်း ပံ့ပိုးမှုက လုံလောက်တဲ့ ထိရောက်မှု မရှိခဲ့ဘူးဆိုရင် မင်းရဲ့ဘဝလေးက တန်ဖိုး မရှိပေမယ့် ငါတို့ရဲ့ဘဝတွေက အများကြီး အဖိုးတန်တယ်"

ဆံပင်နီနီနဲ့ နောက်တစ်ယောက်ကလည်း လုရွှမ်ကို အထင်အမြင် သေးစွာ ကြည့်နေ၏။

"ဒါမှမဟုတ် သူ ဥခိုးလို့ရတာပဲ!"

All Chapters