ရုပ်သေးလုပ်နေသူ
Vol. 42 Ch. 4.138
လုရွှမ် အခင်းအကျင်းထဲမှ နေ၍ လျှပ်စီးငှက်၏ မျက်လုံးများထဲက အံ့သြဖွယ်ရာ အသွင်အပြင်ကို မြင်လိုက်ရသည်။ ၎င်း၏ အတောင်များသည် နေရာတိုင်းကို ဖြန့်ကျက်ထားသော်လည်း ဘာကိုမှ မထိသွားသလိုပင်။
ချက်ချင်းပင် လျှပ်စီးသည် ဒေါသတကြီး ဟစ်အော် မြည်ဟီးလာပြီး ၎င်း၏ အမွေးများမှ လျှပ်စီးကြောင်းများ ပစ်ခတ်လိုက်ရာ အောက်ခြေမြေပြင်မှ ရွှံ့နွံများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။
အခင်းအကျင်း အတွင်း ရှိနေသူ အနည်းငယ်က အားလုံး အံ့အားသင့်ခဲ့ကြသည်။ ထိုအခါ အစ်ကိုလုံရဲ့ သက်လတ်ပိုင်း ဇနီးသည်က ဆိုလာ၏။
"စိတ်မပူပါနဲ့ ... လျှပ်စီးငှက် ကျွန်မတို့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
"နောက်တစ်ခုကတော့ လူတိုင်း ငြိမ်ငြိမ်နေရမယ်... ငှက်ထီးတွေ မကြာခင် ရောက်လာတော့မှာ ငှက်နှစ်ကောင် ပေါင်းစည်းသွားရင် ကံမကောင်းနိုင်ဘူး..သူတော်စင်တစ်ပိုင်း အဆင့်၉က ကျင့်ကြံသူတွေတောင် သူတို့နဲ့ ရန်သူ မဖြစ်ချင်ကြဘူး.... သုံးရက်ကြာရင် သူတို့ သဘာဝအတိုင်း နောက်ဆုတ်သွားလိမ့်မယ်... အဲဒီအချိန်ကျရင် ငါတို့ရဲ့ အချိန်ပဲ"
လူအတော်များများက ထပ်ခါတလဲလဲ ခေါင်းညိတ် ပြလာကြသည်။ ဤအရာသည် လျှပ်စီးငှက်အပေါ် လူသိအများဆုံး အင်္ဂါရပ်ဖြစ်လို့ သဘာဝအတိုင်း ကောင်းစွာ သိကြသည်။
မကြာခင်မှာဘဲ ငှက်တေးသံ တစ်သံ ထွက်ပေါ်လာပြီး လျှပ်စီးငှက်ကြီး တစ်ကောင်က ပျံတက်လာခဲ့သည်။ ငှက်မနဲ့ ယှဉ်လိုက်ရင် ငှက်ထီးက အရွယ်အစား အနည်းဆုံး နှစ်ဆလောက်ကြီး၏။
ပြင်းထန်တဲ့ ရောင်ဝါက လျှပ်စီးကြောင်းများ အဖြစ် ဘေးပတ်ပတ်လည်ကို ပစ်လွှတ်နေရာ နေရာတိုင်းမှာ အန္တရာယ်နှင့် ပြည့်နေသည်။
ငှက်နှစ်ကောင်၏ နှုတ်သီးများသည် အချိန်အတော်ကြာ ရောယှက်ကာ အနီးနားတွင် လှည့်ပတ်ရင်း သူတို့ရှိရာဖက်ကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
"သူတို့က ငါတို့ကို အာရုံခံမိနေတာလား?"
ငှက်၏အကြည့်ကြောင့် အနည်းငယ် ထိတ်လန့်သွားသူက သက်လတ်ပိုင်း အမျိုးသမီးကို မကူညီနိုင်ဘဲ မေးလိုက်သည်။
"မဖြစ်နိုင်ဘူး.... အစ်ကိုလုံနဲ့ ကျွန်မတို့ နှစ်ယောက်စလုံး သူတော်စင်တွေရဲ့ မျက်စိရှေ့ကနေ လွတ်မြောက်ခဲ့ပြီးပြီ.... လျှပ်စီးငှက်ရဲ့ ဝိညာဉ်ရေးအာရုံ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီနေရာကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
လုရွှမ် တိတ်တဆိတ် ဝမ်းသာပီတိ ဖြစ်သွားမိသည်။ သူတော်စင်ကိုတောင် လှည့်စားလို့ ရတယ်ပေါ့။ ကောင်းလိုက်တဲ့ လက်နက်ပဲ။
"အဟွတ်!" လုရွှမ် ချောင်းဆိုးလိုက်ပြီး တခြားသူတွေရဲ့ မျက်လုံးတွေကို ချက်ချင်း ပြန်ကြည့်လိုက်သည်။ ထို့နောက် သူက
"အမျိုးသမီးလုံ... ခင်ဗျားရဲ့ အခင်းအကျင်းကို ထိန်းထားရတာ ခင်ဗျား သတိမထားဘဲ လွှတ်လိုက်မိတာနဲ့ ကျွန်တော်တို့ကို ဖော်ထုတ် မိသွားလိမ့်မယ် အဲ့လိုလား!"
အမျိုးသမီးက ခေါင်းညိတ်ပြသည်။
"မှန်တယ်.... ဒီ အဖိုးတန်ဓားက ငါ့စိတ်နဲ့ ချိတ်ဆက်ထားတာ ပြီးတော့ သူတို့ လေးယောက်ကို အခင်းအကျင်း ထောက်ပံ့မှုနဲ့လည်း ချိတ်ဆက်နေတယ်.... ရှင်တို့အားလုံး ခံစားနိုင်တယ်မလား"
“မှန်တယ်!”
အခြားလူများစွာက အော်လိုက်ကြသည်။ သူတို့ရဲ့ ယွမ်ချီကို အဆက်မပြတ် စားသုံးနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားနေရလေသည်။
"စကားမစပ် ကောင်လေး.... မင်းဘာလို့ ငါတို့ရတနာကို အရင်ပြန်မပေးတာလဲ"
သခင်လေးမှာ စွမ်းအင်သုံးစွဲမှု၏ ထိတ်လန့်မှုကို ခံစားရင်း မပျော်မရွှင်ဖြစ်ကာ လုရွှမ်ကို ဒေါသတကြီး ကြည့်ရင်း တိုက်ရိုက် ထုတ်ပြောလိုက်သည်။
လုရွှမ်ကတော့ သူ့ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားပြီး အသက်ရှုမဝတော့သလို ပြုံးကာ ပြောလာသည်။
"အမျိုးသမီးလုံ... မင်းရဲ့ သိုင်းပညာကို ဒီနတ်ဆိုးဓားကနေ ရခဲ့တာလား? သူတို့ရဲ့ စွမ်းအင်တွေကို စုပ်ယူပြီး နတ်ဆိုးဓားနဲ့ အသွင်ပြောင်းပြီးရင် သန့်စင်တဲ့ ယွမ်ချီ ဖြစ်သွားတယ်.... ပြီးရင် မင်းရဲ့ခန္ဓာကိုယ်ကို စုပ်လိုက် စုစည်းလိုက်တယ်"
"တခြားသူကို ရုပ်သေးရုပ် ဖြစ်သွားအောင် အသုံးချလိုက်တာနဲ့ အတူတူပဲ... သူတို့အဆင့်နဲ့ဆို အားလုံးက ထိပ်တန်းအဆင့် လက်နက်လိုပဲလေ အံ့သြစရာကောင်းတဲ့ သိုင်းပညာ တစ်ခုပဲ.... အဲဒါက ကောင်းမွန်တဲ့ အရည်အချင်းလို့ ဆိုလို့ရတယ်... ကျွန်တော် အကဲဖြတ်ရမယ် ဆိုရင်တော့ သူတော်စင်အဆင့်နိမ့် လက်နက်အဖြစ် အဆင့်သတ်မှတ်ဖို့ လုံလောက်တယ်"
လုရွှမ်၏ စကားများ ထွက်လာသည်နှင့် တပြိုင်နက် အမျိုးသမီးလုံရဲ့ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏ လက်ဖဝါးများမှာ တုန်တုန်ယင်ယင်ပင် ဖြစ်လာခဲ့သည်။
"နင် ဘာပြောလိုက်တယ်??"
တခြားလူတွေကလည်း သံသယ ဝင်လာကြသည်။ ထိတ်လန့်တကြားဖြင့် ဘာကြောင့်မှန်း မသိပေမယ့် သူတို့ရဲ့ မျက်လုံးတွေမှာ လောဘကြီးလာတဲ့ အရိပ်အယောင်တွေ ထင်ဟပ်လာခဲ့သည်။
"ဝမ်းနည်းစရာက ဒီသိုင်းကျမ်းကို မင်းခင်ပွန်းက ပေးထားတာပဲမလား...ဟားဟား မကြာသေးခင်က မင်းစိတ်တွေ မရှင်းမလင်း ဖြစ်လာပြီး ထူးထူးခြားခြား အိပ်မက်တွေ မက်နေခဲ့တယ် မလား?"
အမျိုးသမီးလုံက ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး သူမမျက်နှာလည်း ဖြူဖျော့သွားခဲ့သည်။
အမျိုးသမီးလုံကို မြင်သောအခါ၌ လုရွှမ် သူမဆီမှာ တစ်ခုခု မှားနေပြီ ဆိုတာကို ခံစားမိသည်။ အဝေးက နတ်ဆိုးဓားကို ကြည့်လိုက်တော့မှ နောက်ဆုံးတွင် အမျိုးသမီးလုံ၏ ကိုယ်ပေါ်တွင် ရုပ်သေးရုပ် တစ်ပိုင်း လူတစ်ပိုင်း ဖြစ်နေကြောင့် သဘောပေါက်လိုက်သည်။
"မဟုတ်ဘူး.... မဟုတ်ဘူး သူက ငါ့ကို ချစ်တယ်!"
အမျိုးသမီးလုံရဲ့ အသံက သူ့ကိုယ်သူ ယုံကြည်ဖို့ ကြိုးစားနေသလို တုန်ရီနေ၏။
"ဝမ်းနည်းစရာပဲ ဝမ်းနည်းစရာပဲ.... မင်း ဓားကို အမြဲကိုင်ထား ရတာတောင် သူ့ရဲ့ ကျင့်ကြံမှုအခြေခံက ဘာလို့ မင်းထက် ပိုမြန်နေတာလဲ? အကြောင်းက မင်းရဲ့ စွမ်းအင်အများစုကို သူ စုပ်ယူသွားတာကြောင့် သူက ပိုထက်မြက်သွားတယ်လို့ ပြောလို့ရမှာပဲ... ဒါပေမဲ့ သူကမင်းထက် ပါရမီကောင်းတယ်လို့ ပြောထားကောင်း ပြောထားလိမ့်မယ်"
"ဟားဟား... ငါ့အမြင်အရ မင်းရဲ့အရည်အချင်းက ဝိညာဉ်အဆင့်မှာ အဆင့်သတ်မှတ် ခံရနိုင်တယ်... ဒါပေမဲ့ သူ့အရည်အချင်းက တစ္ဆေအဆင့်မှာပဲ ရှိတယ်...သူ့ရဲ့ စွမ်းအားက မင်းရဲ့ထက် သာလွန်တယ် ဆိုတော့ လုံးဝ ပြဿနာတစ်ခု ရှိနေလို့ပဲ"
အမျိုးသမီး၏ စိတ်သည် အနည်းငယ် ကြေကွဲနေပါပြီ။ သူမက ငိုရင်း။
"နင်ပြောချင်တာက သူ့စကားတွေက တမင်တကာ လိမ်ပြောနေတာ.... အတုအယောင်တွေပေါ့..."
"မင်းသေပြီးရင် အနည်းဆုံးတော့ မင်းက အသိဉာဏ်ရှိတဲ့ သရဲတစ္ဆေ ဖြစ်လာလိမ့်မယ် ဆိုတာ မင်းနားလည်အောင် ငါက သတိပေးချင်ရုံပဲ!"
လုရွှမ် ပြုံးပြီး သခင်လေးဟူသည့် လူငယ်ကို လှည့်ကြည့်လိုက်သည်။
"ကောင်လေး... မင်းရဲ့ ဝတ်ရုံက မဆိုးဘူး... မင်းရဲ့ မျိုးရိုးနာမည်က တုံးဖန်း မဟုတ်လား?"
ထိုသခင်လေးရဲ့ မျက်နှာလည်း ဖြူဖျော့သွားကာ
“ဒီသခင်လေးရဲ့ မျိုးရိုးနာမည်က တုံးဖန်း ဆိုတော့ရော ဘာဖြစ်လဲ?”
"တွေးကြည့်တော့ တုံးဖန်း မိသားစုကပဲ ဒီလိုလက်ရာမျိုး ထွက်နိုင်တာ.... အရမ်းကောင်းတယ်! လွန်ခဲ့တဲ့ နှစ်သုံးရာကျော်က လက်မှုပညာက လုံးဝကို ကျဆင်းမသွားဘဲ ပိုတောင် အားကောင်းလာခဲ့တာပဲ... ကြည့်ရတာ ကျိုးရန်က မင်းတို့အပေါ် ရက်ရောပုံရတယ်.... မင်းတို့ တုံးဖန်းမိသားစုက ကျိုးရန်ကို ထောက်ခံနေလို့ မပျက်စီးသေးတာ... မဟုတ်ရင် ဟားဟား ကျိုးရန်က မင်တို့ကို အစောကတည်းက မျိုးဖြုတ်ပြီးလောက်ပြီ.... သေသင့်တဲ့လူတွေ!"
ကျိုးရန်? အနှစ်သုံးရာ?
လူတော်တော် များများက လုရွှမ်ရဲ့မျက်နှာကို ကြည့်ပြီး ပြောင်းလဲတာ သိပေမယ့် ဘာကြောင့်လဲဆိုတာ နားမလည်ကြဘူး။ လုရွှမ် ဘာပြောနေမှန်းလည်း မသိချေ။ အောင်နိုင်သူကတော့ ဘုရင်ဖြစ်ပြီး အရှုံးသမားကတော့ ခွေးဖြစ်သွားတာပဲ။
ကျိုးရန် အနိုင်ရပြီးကတည်းက ဒီလျှို့ဝှက်ချက်တွေကို သဘာဝကျကျ မဖော်ပြခဲ့ချေ။
"မင်းတို့ အနည်းစုကတော့ မင်းတို့ရဲ့ ကံကောင်းမှုပေါ်မှာပဲ မူတည်တယ်"
လုရွှမ် သူ့လက်ဖဝါးကို ဖြန့်လိုက်ရာ အမျိုးသမီးလုံရဲ့ လက်ဖဝါးကို လှုပ်ခါလာပြီး သူမရဲ့လက်ထဲက နတ်ဆိုးဓားဟာလည်း တုန်လှုပ်သွားကာ လွှတ်ချချင်စ ပြုလာသည်။
လုရွှမ်လည်း မျက်မှောင်ကြုတ်သွား၏။ ဒီနတ်ဆိုးဓားက တကယ်ကို ဆိုးရွားလွန်းတာပဲ!
"နင် ဘာလုပ်ချင်နေတာလဲ"
လုရွှမ်ကို ယုံတာမယုံတာက ကိစ္စ တစ်ခုပဲ။ ဒါပေမဲ့ အခု နတ်ဆိုးဓား လက်ထဲက လွတ်သွားရင်တော့ သူတို့ သေချာပေါက် ပေါ်လာတော့မှာ ဖြစ်သလို ဒေါသထွက်နေတဲ့ ငှက်မောင်နှံ အောက်မှာ သူတို့သေသွားမှာ သံသယဖြစ်စရာပင် မလိုချေ။
အခြားလူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ လုရွှမ်က လှောင်ပြောင်ပြီး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်တားဆီးထားတဲ့ နေရာတိုင်းက စာလုံးတွေ ကွဲထွက်သွား၏။
"မင်းရဲ့လှည့်ကွက် သေးသေးလေးတွေက ငါ့ရှေ့မှာ ပုဆိန်တစ်ချောင်းလောက်တောင် အဆင့်မရှိဘူး.... ဒါမင်းအဆိပ်မလား"
လုရွှမ်က သူ့ကို တိုက်ထားခဲ့တဲ့ အဆိပ်ငွေ့ကို လူငယ်လေးဆီ ပစ်ပေးလိုက်သည်။ အဆိပ်က လူငယ်ရဲ့ အစာအိမ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွား၏။
"မင်း.... မင်းက ဘယ်သူလဲ?"
လူပေါင်းများစွာ ထိတ်လန့်တကြား စုရုံးသွားကာ တုန်လှုပ်သွားကြသည်။
"မင်းအသက် မရှင်ချင်တော့ဘူးလား? ရှင်းရှင်းလင်းလင်း တွေးကြည့်ရမှာက အခင်းအကျင်း ဖွဲ့စည်းမှု ပျက်သွားရင် မင်းလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
"ဒါတော့ မဟုတ်သေးဘူး.... ငါအစကတည်းက လျှပ်စီးငှက်ဥကို မလိုချင်ဘူး.... အချိန်လည်း အရမ်းကြာနေပြီ ဆိုတော့ ငါ သိပ်မစောင့်ချင်တော့ဘူး.... အဲဒီ ငှက်အထီး ရောက်လာတာ အတော်ပဲ မင်းတို့က တခြားသူတွေရဲ့ အမျိုးအနွယ်ကို ဖြတ်ပစ်ချင်နေတာ မဟုတ်လား? သူတို့ကလေးနဲ့ သူတို့ကို နာကျင်စေတယ်... အဲ့တော့ မင်းတို့ရဲ့ ကိုယ်ပိုင်လမ်းကို မင်းတို့ဘာသာ ဖြတ်ပစ်လိုက်တာပဲ"
လုရွှမ် ဆက်မပြောတော့ဘဲ ပေါ့ပေါ့တန်တန် ညည်းညူလိုက်သည်။ အမျိုးသမီးလုံရဲ့ လက်မောင်းတွေ တုန်ခါသွားကာ သူမလက်ထဲက နတ်ဆိုးဓားကို မကိုင်ထားနိုင်တော့ဘဲ လုရွှမ်ရဲ့လက်ထဲကို ပြေးဝင်သွားတော့သည်။
အခင်းအကျင်း ဖွဲ့စည်းမှု ပျက်သွား၍ လူခြောက်ယောက် ပေါ်လာခဲ့သည်။
လျှပ်စီးငှက် နှစ်ကောင်သည် ခဏမျှ အေးခဲသွားပြီး အတောင်ပံများ ခတ်ကာ လုရွှမ်နှင့် အဖွဲ့ဆီသို့ ပြေးလာခဲ့သည်။ ပထမဦးစွာ လျှပ်စီးကြောင်းများ ပစ်ခတ်လာရာ မျက်တောင်များ ပုတ်ခတ်နေမိသော အမျိုးသမီးလုံမှ လွဲ၍ ကျန်လေးဦးစလုံး အရိုက်ခံလိုက်ရသည်။
သူတို့လေးယောက် ထိတ်လန့်သွားကာ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားတာကို ခံစားလိုက်ရသည်။ ယွမ်ချီ စားသုံးခံရတာက သူတို့ထင်ထားထက် ကျော်လွန်သွားပြီ။
ယွမ်ချီ၏ အခြေခံအုတ်မြစ်မှာပင် အနည်းငယ် ခမ်းခြောက်နေ၏။ လုရွှမ် ပြောတာကို တွေးကြည့်တော့ သူတို့ သဘောပေါက်သွားသလို ရင်တထိတ်ထိတ် ဖြစ်လာခဲ့သည်။
သို့သော် ယခုအချိန်တွင် လွတ်မြောက်ရေးက ပထမဦးစားပေး ဖြစ်သည်။ ဒေါသတကြီးဖြင့် သူတို့လေးဦးသည် လက်စားချေတာကို မပြုသေးဘဲ လှည့်ထွက်ပြေးကြသည်။