← Chapters

မကောင်းတဲ့လူ

Vol. 42 Ch. 4.139

မကောင်းတဲ့လူ

Vol. 42 Ch. 4.139

ဒေါသကြီးတဲ့ လျှပ်စီးငှက်ရဲ့ လက်ထဲကနေ ဘယ်လိုလုပ် လွတ်မြောက်နိုင်ပါ့​မလဲ? လေပြင်းတွေ ထန်လာပြီး လူလေးယောက်က သူတို့ရဲ့ မူလနေရာတွေဆီ ပြန်ဆုတ်ခွာသွားရသည်။ သူတို့လေးယောက် အတူတူ ​ပေါင်းလုပ်ရမယ် မဟုတ်ရင် သေမှာ သေချာလေ၏။

"ကောင်လေး မင်းလည်း မလွတ်နိုင်ဘူး... မင်းခန္ဓာကိုယ်ပေါ်မှာ ငှက်ဥခုနစ်လုံး ရှိတယ်ကွ!!"

ဆံပင်အနီနဲ့ လူတစ်ယောက်က အော်ပြောကာ ရုတ်တရက် ကျေနပ်သွားသလို​တောင် ခံစားလိုက်ရသည်။

လုရွှမ်က ရယ်မောလိုက်ပြီး သူ့ပါးစပ်မှ ထူးဆန်းသော ဘာသာစကားတစ်ခု ထွက်ပေါ်လာပြီး မငြိမ်မသက် ဖြစ်​နေသော မိုးကြိုးလျှပ်စီး ငှက်နှစ်ကောင်သည် တဖြည်းဖြည်း ငြိမ်သက်သွား​လေသည်။

လူငါးယောက်သည် လုရွှမ်ကို မယုံနိုင်စွာ ကြည့်နေကြသည်။

"မင်း သူတို့ကို အရင်ရှင်းလိုက်.... ပြီးရင် ငါမင်းတို့ကို ဥတွေပေးမယ်"

လုရွှမ်က ပြောလိုက်သည်။

"မင်းဘာပြောလိုက်တယ်?"

"ငါ မင်းတို့ကို မပြောဘူး!"

လုရွှမ်က သူ့ကိုအော်လာတဲ့ သခင်လေးတုံးဖန်းကို တစ်ချက်ကြည့်လိုက်သည်။

လုရွှမ်သည် သူ့နေရာတွင် လွင့်မျောနေသော်လည်း လျှပ်စီးငှက် နှစ်ကောင်သည် သူ့အား တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိဘဲ အမျိုးသမီးလုံနဲ့ လူလေးယောက်ကိုသာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့နေ၏။

မိုးကြိုး လျှပ်စီးတွေ ပြင်းပြင်းထန်ထန် ပစ်ခတ်လာ၍ ချွန်ထက်တဲ့ ငှက်ရဲ့နှုတ်သီးကိုလည်း သတိထားရသေးသည်။ သူတို့ရဲ့ ခြေသည်းတွေက ထက်ရှလှသည်။ အမျိုးသမီးလုံကလွဲရင် ကျန်တဲ့လူတွေ အားလုံးက သန်မာကြလေသည်။

သိပ်မကြာခင်မှာဘဲ လူငါးဦးဟာ ပြင်းထန်စွာဒဏ်ရာရပြီး ရှုံးနိမ့်သွားတော့သည်။ သိသာထင်ရှားတဲ့ အချက်ကတော့ လူငါးဦးကို လွန်စွာ မုန်းတီးခဲ့ကြတဲ့ မိုးကြိုး လျှပ်စီးငှက်တို့ဇနီးမောင်နှံဟာ လူငါးဦးကို မသတ်ခဲ့ဘဲ သူတို့ရဲ့ ချီပင်လယ်နဲ့ ဒန်တန်ကိုသာ ဖြိုခွင်းခဲ့ကြလေသည်။

လူငါးယောက်မှာ လုရွှမ်ကို အလွန်မုန်းတီးစွာဖြင့် အဆက်မပြတ် အော်ဟစ် ကျိန်ဆဲလိုက်ကြသည်။

လုရွှမ် လျှပ်စီးငှက်မဆီ ဥခုနစ်လုံးကို ပြန်ပေးလိုက်သည်။ ငှက်မက ဥတွေကို ဂရုတစိုက် သယ်ဆောင်ပြီး ငှက်ထီးကတော့ လုရွှမ်ဆီ လျှပ်စီးကြောင်း တစ်ချက် ပစ်သွင်းလာ၏။ သူတို့ရဲ့ အမုန်းတရားတွေ မပျောက်ကွယ်သွားသေးတာ သိသာလေ၏။

လုရွှမ်လည်း မလှုပ်ရှားဘဲ လျှပ်စီးကြောင်းနှင့် ငှက်ထီး၏ ထိုးနှက်မှုကို တည်ငြိမ်စွာ ခံယူလိုက်သည်။

ဝုန်း!

မြည်သံနှင့်အတူ လျှပ်စီးမီးပွားများ တဖျပ်ဖျပ် ခတ်သွားကာ လုရွှမ် ခန္ဓာကိုယ်ပေါ်ရှိ အဝါရောင် အလင်းတန်းများ ဖြာထွက်သွားကာ လျှပ်စီးငှက်ထီးကို အနည်းငယ် နောက်ဆုတ်သွားစေသည်။

ငှက်နှစ်ကောင်သည် တစ်ချိန်တည်းမှာပင် ရှေ့သို့ ပြေးလာကာ လုရွှမ်ကို စိုက်ကြည့်ရင်း နောက်တစ်ကြိမ် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

"ဟားဟား..မင်းကိုလက်​လွှတ်​ခံမယ်​ ထင်​နေလား?..."

လုရွှမ် ပါးစပ်ထဲမှ နဂါးဟိန်းသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာပြီး အသံလှိုင်း အရှိန်အဟုန်သည် သက်တံကဲ့သို့ ဖြာထွက်သွားကာ လုရွှမ်ခန္ဓာကိုယ်မှ စိမ်း​ပြားနဂါး၏ ဖိအားများ ထွက်လာသည်။

ဝိညာဥ်စွမ်းအင်သည် အလွန်မွန်မြတ်ပြီး သန့်စင်တာကြောင့် ရက်စက်သော ငှက်များသည် တစ်ခဏမျှ အံ့အားသင့်သွားကာ လုရွှမ် ရှေ့တွင် အလွန်ရိုသေစွာ ဦးညွှတ်ရင်း ၎င်းတို့၏ နာခံမှုကို ပြသလိုက်လေသည်။

လုရွှမ် ငှက်ထီးတစ်ကောင်ရဲ့ ခေါင်းကို ပေါ့ပေါ့ပါးပါး ပွတ်သပ်ရင်း

“ကောင်းပြီ မင်း အခုကစပြီး ငါ့နောက်ကို လိုက်နိုင်တယ်.... အနည်းဆုံးတော့ ငါ့ရဲ့ ခွန်အားတွေ သူတော်စင်နယ်ပယ်ဆီ ရောက်တဲ့အထိ မင်းက အသုံးဝင်သေးတယ်... မင်း ဘယ်လောက် သင်ယူနိုင်မလဲ ဆိုတာကတော့ မင်းရဲ့ ကိုယ်ပိုင် ခွန်အားပေါ်မှာ မူတည်တယ်"

ငှက်အထီးက တုန်လှုပ်သွားပြီး သူ့ရဲ့ဦးခေါင်းကို လုရွှမ်ရဲ့ လက်ဖဝါးနဲ့ ချစ်ခင်စွာ ပွတ်သပ် လိုက်ပါတော့သည်။

လူငါးဦးလုံးမှာ မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်နေလေရဲ့။ နောက်ဆုံးတွင်တော့ သူတို့သည် ဘယ်လို နတ်ဆိုးဘုရင်ကို စော်ကားခဲ့မိလဲ သိရှိသွားကြ​တော့သည်။

"ထွက်လာခဲ့တော့... မင်းကြည့်နေတာ ကြာပြီ ငါ့ကို ဆွဲထုတ်စေချင်လို့လား?"

လူငါးယောက်ဟာ တခဏမျှ စိတ်ရှုပ်သွားကြပုံမှာ လုရွှမ် ဘာကို ပြောနေတာလဲ မသိကြပုံပင်။

ဝှစ်!

ရုတ်တရတ် ထွက်ပေါ်လာတဲ့ လူကတော့ လျှပ်စီးငှက်မကို မျှားခေါ်သွားတဲ့ အစ်ကိုလုံပဲ ဖြစ်လေသည်။

"ကောင်လေး မင်းကဘယ်သူလဲ?"

အရင်ကလို ကြင်နာမှုတွေ မရှိတော့ဘဲ ဒီအချိန်မှာ လူလတ်ပိုင်းအရွယ်က ဆိုးသွမ်းတဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်နေပြီး သူ့ရဲ့အသက်ရှုသံက အလွန် ဆိုးရွားနေ၏။

လုရွှမ်က ရယ်ပြီး

"မင်းကို စောစောက မပြောခဲ့ဘူးလား? လုရွှမ်!"

"ရှင်ကျွန်မကို ရုပ်သေးရုပ်လို ဆက်ဆံခဲ့တယ်လို့ သူပြောတယ်... အဲဒါ အမှန်ပဲလား?"

အမျိုးသမီးက ရုတ်တရက် ဟောက်လိုက်သည်။ သူမ မောပန်းနေပြီ။ သူမအသံက အသက်ရှူမဝသလို ဖြစ်နေပြီး အလွန်သနားစရာ ကောင်းတဲ့ အသံကို ကြားလိုက်ရသလိုပင်။

အစ်ကိုလုံဆီက ရုတ်တရက် အေးစက်တဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အမျိုးသမီးရဲ့ မျက်လုံးတွေထဲ တည့်မတ်စွာ ပြေးဝင်သွား၏။ ထို့နောက် ပေါက်ကွဲသံနဲ့အတူ သူမရဲ့ ခန္ဓာကိုယ်ဟာ အပိုင်းပိုင်း ကွဲသွားပါတော့သည်။

ကျန်လေးယောက်မှာ အလွန် ထိတ်လန့်သွားပြီး လုရွှမ်ကို အကူအညီ တောင်းဖို့ ကျယ်လောင်စွာ အော်ဟစ်ကြ​လေသည်။

"နတ်ဆိုးဓား ငါ့ဆီပြန်ပေး.... မင်းအသက်ကို ငါ ချန်ထားပေးမယ်... ဒါမှမဟုတ် မင်းကို ငါ့ရုပ်သေး ဖြစ်အောင် လုပ်လိုက်တာလည်း အကြံကောင်းပဲ"

အစ်ကိုလုံက အသက်ပြင်းပြင်း ရှူလိုက်ပြီးတော့ ခဏအကြာမှာ သူ့ရဲ့ခွန်အားတွေ တခဏချင်းမှာပဲ သူတော်စင်တစ်ပိုင်း အဆင့်၇မှ အဆင့်၈ အစောပိုင်းကာလ၊ အလယ်အလတ်ကာလကို ဖြတ်ကျော်၍ အဆင့်၈၏ အထွတ်အထိပ် ကာလအထိ အရှိန်အဟုန်နဲ့ တိုးတက်သွားတော့သည်။

"အခု မင်းငါ့ကို ဘယ်လိုပဲ တိုက်နေပါစေ မင်းကို သတ်လိုက်တာက ပုရွက်ဆိတ်ကို ကြိတ်သတ်​နေသလိုပဲ"

"ဒီနတ်ဆိုးဓားကို မင်းဘယ်ကရခဲ့တာလဲ"

လုရွှမ်က မတုန်မလှုပ်နဲ့ ပေါ့ပေါ့ပါးပါးပဲ မေးလိုက်သည်။ ထိုအခါ အစ်ကိုလုံက မျက်မှောင်ကြုတ်ပြီး

"နင်ဘာတွေပြောနေတာလဲ မင်းကိုယ့်ဘဝကိုပဲ ဂရုမစိုက်သင့်တယ်လို့ မထင်ဘူးလား"

"ငါ့ကို အံ့အားသင့်စေနိုင်တဲ့ အရာတွေ အများကြီး မရှိဘူး... ဒီနတ်ဆိုးဓားကတော့ မတူဘူး... မပြောရသေးဘဲ မင်းကို မတော်တဆ သတ်မိမှာကို ကြောက်လို့ အခုလို မေးနေတာ"

အစ်ကိုလုံဆိုသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက ကျယ်လောင်စွာ ရယ်မောပြီး လုရွှမ်ကို လက်ညိုး ထိုးပြကြည့်ရင်း လှောင်ပြောင်သံ တစ်ဝက်နဲ့ ပြောလာ၏။

"ကောင်လေး မင်း ငါ့ရုပ်သေး ဖြစ်လာပြီးရင် မင်းက အရမ်းရယ်စရာ ကောင်းပြီး ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်!.... အခုတော့ သေပေတော့!"

သူအော်ပြီး လုရွှမ်ဆီသို့ ပြေးသွားလိုက်သည်။

"မင်းတို့ နှစ်ယောက် မင်းရဲ့ သားသမီးတွေကို ကာကွယ်ပြီး နောက်ဆုတ်နေလိုက်.. မင်းတို့ ဒဏ်ရာရသွားရင် ငါ စိတ်ပူရလိမ့်မယ်"

လုရွှမ်က ပြောပြီး လျှပ်စီးငှက်နှစ်ကောင်ကို စိတ်ချလက်ချ ကျောခိုင်းလိုက်သည်။

အကယ်၍ ၎င်းသည် စစ်မှန်သော စွမ်းအားဖြင့် သူတော်စင်တစ်ပိုင်း အဆင့်၈ ဖြစ်လျှင် လုရွှမ် မနိုင်မှာစိုး၍ အနည်းငယ် ကြောက်နေ ရလိမ့်မည်။ သို့သော် ဤလူသည် ၎င်း၏ခွန်အားကို ဤအဆင့်အထိ မြှင့်တင်ရန် လျှို့ဝှက်နည်းပညာများကို အသုံးပြုခဲ့သည်မှာ ထင်ရှား​လေသည်။

ထို့ထက်မက နည်းလမ်း တစ်မျိုးကို အသုံးပြုခြင်းဖြင့် သူ၏ ကျင့်ကြံမှုကို သိသာထင်ရှားစွာ တိုးတက်လာအောင် မြှင့်တင်ထားလိမ့်မည်။ ဒါက အားကောင်းပေမယ့် လုရွှမ် အမြင်မှာတော့ အားနည်းချက် တစ်ခုသာ ဖြစ်သည်။

လုရွှမ် နတ်ဆိုးဓားကို တစ်ချက်လှန်ကာ ဝေ့ယမ်းလိုက်သည်။ ဓားအလင်းသည် အရှည်သုံးပေကျော် ဆန့်ထွက်လာကာ သတ်ဖြတ်ချင်သည့် အငွေ့အသက်များကိုပါ ထုတ်လွှတ်လာခဲ့သည်။

အစ်ကိုလုံမှာ ရုတ်တရက် ခေတ္တရပ်တန့်သွား၏။ ဓားအလင်းကို လက်ဖြင့် ရှောင်လိုက်ရင်း သူ့မျက်နှာမှာ မည်းမှောင်နေလျက် လုရွှမ်၏ ခွန်အားကြောင့် သိသိသာသာ ထိတ်လန့်သွားသည်။

လုရွှမ်မှာ အာဏာရရှိသွားတဲ့ ဘုရင်လို အစ်ကိုလုံထံ ဓားအလင်းများကို တစ်ချက်ပြီး တစ်ချက် ဝေ့ယမ်းလိုက်သည်။ နောက်ဆုံးတွင် နတ်ဆိုးဓားအလင်း ထိမှန်မည်ကို သိသိသာသာ ကြောက်လန့်နေသဖြင့် ဆက်လက် ရှောင်တိမ်းနေရပြီး နတ်ဆိုးဓားကို သူ့​လက်နက်နှင့်ပင် မထိဝံ့​တော့ပေ။

"ကောင်လေး မင်းက အတင့်ရဲသားပဲ.."

လုရွှမ် နတ်ဆိုးဓားကို ကျောက်စိမ်း အတွင်းထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်ရာ အစ်ကိုလုံ ဆိုသူမှာ အံ့သြသွားလေသည်။

“မင်း နတ်ဆိုးဓားကို ဘယ်မှာ ဝှက်ထားလိုက်တာလဲ? အရင်က ဝတ်ရုံနဲ့ ဖိနပ်ကိုရော ဘယ်မှာ သွားဖွက်ထားတာလဲ!!”

"နားငြီးတယ်!"

လုရွှမ်အတွက် ဒီဓားက အဆင်မပြေပါဘူး။ သူက ဓားတွေကို ကြိုက်တာမှန်ပေမယ့် ဒီဓားကိုတော့ သဘာဝကျကျ သဘောမကျဘူး။ ဒါက ဓားကို ဖယ်ပစ်ရတဲ့ အကြောင်းရင်းပဲ။

လုရွှမ် တစ်ချက်ခုန် နောက်ပြန် လက်ဖဝါးဖြင့် တိုက်ခိုက်လိုက်သည်။

"နဂါးဆင်ရွှေလက်ဝါး!"

အငွေ့အသက်များ ကျဉ်းမြောင်းလာကာ နဂါးနှင့် ဆင်ပုံသဏ္ဌာန်များ ထွက်ပေါ်လာပြီး နဂါးဟိနိးသံက ကောင်းကင်ကို လှုပ်ခါသွားကာ ဆင်၏ ဟောက်သံကလည်း မြေပြင်ကို လှုပ်ခါသွားစေ၏။

လုရွှမ် လက်ဖဝါးမှ ကြီးမားသော လက်ဝါးရယတစ်ခု ထွက်ပေါ်လာပြီး အစ်ကို ဟုခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားဆီသို့ ကျရောက်သွားသည်။

ယွမ်ယန်ကျင့်စဥ် တတိယအဆင့်ကို လေ့ကျင့်ပြီးကတည်းက လုရွှမ်၏ လက်ဝါးစွမ်းအင်မှာ ယွမ်ယန်ဝိညာဥ်စွမ်းအင် လှိုင်းလုံးကြီးကို သယ်ဆောင်လာနေပြီ ဖြစ်သည်။

ဤသည်မှာ သူသည် ထိုဆိုးညစ်သော နတ်ဆိုးဓား၏ ရောင်ဝါကို လုံးဝ မကြောက်ရခြင်း၏ အခြေခံ အကြောင်းအရင်းလည်း ဖြစ်သည်။

ကြီးမားသော အလင်းရောင် စီးဆင်းနေသော လက်ဖဝါးကြီးသည် အစ်ကိုလုံကို ထိသွားပေသည်။ သူ၏ ဝိညာဥ်စွမ်းအင်များက ခဏအတွင်း မတည်မငြိမ် ​ပြန်ဖြစ်လာ၏။ အနက်ရောင် မီးခိုးငွေ့များမှာ အနီးရှိ ညဥ့်တစ္ဆေများ ကဲ့သို့ပင် သူ့ကိုယ်ပေါ်၌ လျှံကျလာတော့သည်။

"ဒါက ဘယ်လို လက်ဝါးသိုင်းမျိုးလဲ? မင်း ဘယ်သူလဲ?"

အစ်ကိုလုံမှ နဂါးဆင်ရွှေလက်ဝါး ထိမှန်ခံလိုက်ရတဲ့ သူ့ခန္ဓာကိုယ်ကို ပြန်ကြည့်ရင်း အော်သံတွေကြားမှာ မြေပေါ် လဲကျသွားသည်။ အနက်ရောင် လေများ သူ့ဆီမှ ဆက်လက် ထွက်ကျလာပြီး သူ့ရဲ့ကျင့်ကြံမှုကလည်း လျင်မြန်စွာ ကျဆင်းလာခဲ့သည်။

All Chapters