← Chapters

အတိုက်အခံ

Vol. 42 Ch. 4.141

အတိုက်အခံ

Vol. 42 Ch. 4.141

"သခင်လေးက အားနာနေပါပြီ... သခင်လေးလို ဝိညာဉ်သခင်က အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာမှာ ဘာပဲဖြစ်ဖြစ် လေးစားစရာကောင်းတဲ့ တည်ရှိမှု တစ်ခုပါပဲ"

မင်းသမီး ပိုင်လုံက ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။

"သခင်လေး ယွမ်ယန်က အခုဘယ်မှာနေလဲ မသိဘူး.... သခင်​​လေး စိတ်မရှိရင် ကျွန်မရဲ့နန်းတော်မှာ လိုက်ပြီး ဒီနန်းတော်မှာ အနားယူနိုင်ပါတယ်...ဘယ်လိုထင်လဲ မသိဘူး"

နည်းနည်းလေးမှ မဆိုင်းမတွဘဲ လုရွှမ်လည်း သူ့လက်သီးတွေကို တင်းတင်းဆုပ်ပြီး

"ရိုသေလေးစားစွာနဲ့ အမိန့်နာခံပါ့မယ်!"

ဒီအမျိုးသမီးဟာ အကြံအစည်ရှိတဲ့ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမဟာ အလွန်အမင်း စိုးရိမ်​နေတာကြောင့် သူမရဲ့ တော်ဝင် အဆင့်အတန်းကိုတောင် လျစ်လျူရှုပြီး သူမရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ မင်းသမီးစံအိမ်မှာ နေထိုင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခဲ့သေးသည်။

လုရွှမ် သူ့ရဲ့ ရုပ်ဖျက်ပညာက သူကိုယ်တိုင်သာ မဖော်ထုတ်ပါက သူတော်စင် တစ်ဦးပင်လျှင် မမြင်နိုင်ကြောင်း ယုံကြည်လေသည်။

မင်းသမီးပိုင်လုံက ဝိညာဉ်သခင်ကို တွေ့ချင်နေတယ် ဆိုတော့ ဒီအမျိုးသမီးရဲ့ ရည်ရွယ်ချက်က ဘာများလဲ?

"သခင်လေးယွမ်ယန် ဒီဘက်ကို ကြွပါ"

မင်းသမီးပိုင်လုံလည်း အလွန်ဝမ်းသာသွား၏။ သူမက လူတစ်စုနဲ့အတူ မင်းသမီးစံအိမ်ဆီသို့ ထွက်ခွာလာခဲ့လေသည်။

အောက်တွင်ရှိ လူတစ်စုသည် လုရွှမ်၏ ခြေရာများကို အရူးအမူး ရှာဖွေနေကြဆဲ ဖြစ်ပြီး လုရွှမ်က သူတို့ရဲ့ ဦးခေါင်းထက်ကနေ ပျံသန်းသွားမယ်လို့ မျှော်လင့်ထားမှာ မဟုတ်ပေ။ အသွင်ပြောင်းလာတဲ့ ဧည့်သည်လုရွှမ်ကို မင်းသမီးပိုင်လုံက အိမ်ကြီးထဲသို့ ကြိုဆိုခဲ့သည်။

"အိုး... ကျွန်မ လုရွှမ်ဆိုတဲ့ ကျင့်ကြံသူတစ်ယောက်ကို ရှာနေတာ... အဟမ့် ထျန်းလုံကျောင်းတော်က ပုဂ္ဂိုလ်ရေးအရ သတ်ဖို့ အမိန့်ထုတ်ထားတယ်လေ... သူတော်စင်တစ်ပိုင်း အဆင့်၂ကို သုတ်သင်ဖို့ လူသတ်အမိန့်ကိုတောင် ထုတ်တယ်တဲ့... ထျန်းလုံကျောင်းတော်က တကယ်ကို ပိုပိုပြီး ဆုတ်ယုတ်လာနေတာပဲ"

မင်းသမီး ပိုင်လုံက ထျန်းလုံကျောင်းတော် အပေါ် သူမရဲ့ အထင်အမြင်သေးမှုကို သူမရဲ့ အသံမှာ ဖုံးကွယ်ထားခြင်း မရှိကြောင်း တွေ့ရလေသည်။

"ထျန်းလုံကျောင်းတော်က အလယ်အလတ်အဆင့် အင်ပါယာတွေကြားမှာ ဂုဏ်သိက္ခာကောင်းကောင်း ရှိတယ်လို့ ကျွန်​တော် ကြားမိပါတယ်... ယွမ်ယန်က မသိနားမလည်တော့ တချို့အသေးစိတ် အချက်အလတ် တချို့ကို မသိတာလည်း ဖြစ်နိုင်ပါတယ်"

"သခင်လေးယွမ်ယန်က အဝေးကြီးကနေ ရောက်လာတာ ဆိုတော့ ထျန်းလုံကျောင်းတော်ရဲ့ အညစ်အကြေးကို သဘာဝကျကျ သိမှာ မဟုတ်ပါဘူး... လွန်ခဲ့တဲ့ အနှစ်ငါးဆယ်လောက်က ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးက ရာထူးကနေ ထွက်ခွာသွားတဲ့ သတင်းကြောင့် ထျန်းလုံကျောင်းတော်ရဲ့ အဆင့်ကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့တာ"

"လူကြမ်းက မြင့်မားတဲ့ရာထူးကို ခိုးယူနေသလိုပဲ... အရည်အချင်းရှိတဲ့ တပည့်တွေကိုပဒ ချန်ထားခဲ့တယ်... ကျွန်မတို့ တော်ဝင်မိသားစုနဲ့ ဆက်ဆံရေးကလည်း ပိုတင်းမာလာတယ်။ ကျွန်မတို့က အပြင်ပန်ူမှာ အနိုင်ယူထားသလိုနဲ့ အတွင်းမှာ ဖိနှိပ်ခံထားရတာ.. အဲဒီနောက် ဆယ်နှစ်တိုင်း ကျောင်းတော်လေးခုက အဆင့်သတ်မှတ်မှုတွေ လုပ်ကြတယ် အကြိမ်တိုင်း အဆင့် နိမ့်ကျလာခဲ့တယ်... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကဆို နောက်ဆုံးနေရာကို ဖြောင့်ဖြောင့်တန်းတန်းပဲ ရောက်သွားတယ်လေ"

"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ထျန်းလုံကျောင်းတော်က သူတို့ရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးခဲ့ပြီးပြီ... အခု နောက်ထပ် ဆယ်နှစ်အချိန်ကို ရောက်တော့မယ် အခုရော ထျန်းလုံကျောင်းတော် ဘယ်လောက်ထိ ပြိုလဲနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်"

ထျန်းလုံကျောင်းတော် အကြောင်း ပြောနေတဲ့အချိန်မှာ မင်းသမီးပိုင်လုံရဲ့ မျက်နှာက နာကြည်းမှု အပြည့်ရှိနေသည်။ လုရွှမ်လည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

ပိုင်လုံရဲ့ ပါးစပ်ကနေ ထျန်းလုံကျောင်းတော်ရဲ့ လူသတ်အမိန့်က ထျန်းလုံ ဧကရာဇ် အင်ပါယာတစ်ခုလုံးကို ကိုယ်စားပြုကြောင်း လုရွှမ် နားလည်လိုက်သည်။ ထျန်းလုံကျောင်းတော်နဲ့ ပတ်သက်ရင်တော့ လုရွှမ် အပြည့်အဝ မထီမဲ့မြင် ပြုလိုက်ပြီဖြစ်သည်။

သူ့ကို မောင်းထုတ်ဖို့ အမိန့်ပေးတာကြောင့် မဟုတ်ဘဲ သူတော်စင်တစ်ပိုင်း အဆင့်၂ ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖို့ ဒီလို လူသတ်အမိန့် ထုတ်လိုက်တာကြောင့်ပင်။

သူတော်စင်တစ်ပိုင်း အဆင့်၂ ကျင့်ကြံသူအတွက် ထျန်းလုံကျောင်းတော်က ထျန်းလုံဧကရာဇ်အင်ပါယာ တစ်ခုလုံးကို ကြီးစိုးပစ်လိုက်တာပဲ ဖြစ်လေသည်။

ဒီအဆင့်လောက်လေးကို ကြီးကျယ်တဲ့ အမိန့်တစ်ခု ထုတ်ပြန်လိုက်တယ် ဆိုတာက တကယ့်ကို ဟာသတစ်ခုပဲ။ တော်ဝင်မိသားစုဆီကနေ ရုတ်ချခံနေရတာ အံ့သြစရာ မရှိပါဘူး။

"အရှေ့ကလူတွေ ခဏရပ်ကြပါ!"

မင်းသမီး စံအိမ်ကြီးထဲကို ပျံသန်းလာစဥ် ကျောင်းဝတ်စုံ ဝတ်ထားတဲ့ အဖွဲ့တစ်ဖွဲ့က ရောက်လာ၏။ ခေါင်းဆောင်က သူတော်စင်တစ်ပိုင်း အဆင့်၈ ကျင့်​ကြံမှု အခြေခံရှိလေသည်။

မင်းသမီးပိုင်လုံရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားကာ။

"ဒီမင်းသမီးက ဘာပြစ်မှု ကျူးလွန်မိလို့လဲ? ဒါမှမဟုတ် မင်းတို့ ထျန်းလုံကျောင်းတော်ကို စော်ကားမိလို့လား? ဘာကိစ္စ ငါ့လမ်းကို ပိတ်ဆို့ထားတာလဲ?"

"မလုပ်ရဲပါဘူး!"

တာဝန်ခံလူငယ်က သူ့လက်သီးများကို ရိုရိုသေသေ ဆုပ်လိုက်ပြီး

"ကျွန်တော်တို့ ထျန်းလုံကျောင်းတော်က သေမိန့်ထုတ်ထားပြီး အခုအချိန်မှာ မင်းသမီးက သူရဲကောင်းမျိုးစုံကို စုရုံးဖို့ ဆက်တိုက် ဖိတ်ခေါ်နေတယ် ဆိုတော့...."

"မင်းသမီး လှည့်စားခံရမှာကို စိုးရိမ်လို့ပါ... အဲဒီသူခိုးက မင်းသမီးရဲ့ စံအိမ်ထဲမှာ ပုန်းနေတယ်ဆိုရင် ဒါ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်... မင်းသမီးရဲ့ လုံခြုံရေးအတွက် မင်းသမီးဆီ ပို့လာခဲ့တဲ့ ဒီလူတွေကို ရှာဖွေဖို့ လိုအပ်မယ် ထင်ပါတယ်"

လူငယ်ရဲ့ပုံစံက နှိမ့်ချ​နေတာ မဟုတ် သည်းခံနေတာလည်း မဟုတ်ဘဲ ကိုယ်ကျိုးမဖက်ဘဲ တာဝန် ထမ်းဆောင်နေသလိုဖြင့် သူ့စကားထဲတွင် မာနကြီးခြင်းနှင့် ကြီးစိုးခြင်းတို့ ပြောမပြတတ်အောင် ပါဝင်နေကာ မင်းသမီးပိုင်လုံကို အလေးအနက် မထားကြောင်း သိသာလေ၏။

လုရွှမ် သူ့စိတ်ထဲတွင် လှောင်ရယ်လိုက်မိသည်။ ထျန်းလုံကျောင်းတော်က အလွန်မောက်မာပြီး ကြီးစိုးနေမှတော့ ဒီလိုဆရာက ဒီလို ကျောင်းသားတွေကို ပြုစုပျိုးထောင်ပေးနိုင်တာ အံ့သြစရာ မရှိတော့ပေ။

သတ်သင့်တယ်!

မင်းသမီးပိုင်လုံက ဒေါသတကြီးဖြင့် ရယ်မောလိုက်ပြီး

"အဲဒီတော့ မင်းက ငါ့မင်းသမီးရဲ့ နေရာကို ရှာဖွေမယ်ပေါ့?? ဟန်ဆောင်တဲ့ လူရှိမရှိ မင်းဘာသာ ဝင်ရှာမယ်ပေါ့?"

"မလုပ်ရဲပါဘူး.... မင်းသမီးရဲ့ အဆင့်အတန်းက ထူးထူးခြားခြား ရှိတာဆိုတော့ သဘာဝအတိုင်းတော့ မနေရဲပါဘူး... ဒါပေမယ့် အိမ်ဖော်တွေနဲ့ အစောင့်တွေ အပါအဝင် မင်းသမီးရဲ့ လုံခြုံရေးအတွက်ကြောင့် အနီးနားက လူတွေကို စစ်ဆေးသင့်ပါတယ်"

မင်းသမီးပိုင်လုံ၏ မျက်နှာသည် နီရဲလာပြီး သူမ၏ နှလုံးသားသည် လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်လာခဲ့သည်။ ဒီဝမ်ဟေးလျန်က ဘာကို ဆိုလိုချင်သလဲ ဆိုတာကို သူမသိပါ၏။

သခင်လေးယွမ်ယန်ရဲ့ ထူးကဲသော စိတ်ဝိညာဉ် စွမ်းအားကို သူမ ခံစားနိုင်သောကြောင့် ဝမ်ဟေးလျန်ကလည်း ခံစားမိမှာ အသေအချာပင်။ အခုလို ထွက်ပေါ်လာတာက သူမကို ရည်ရွယ်ချက်ရှိရှိ ရှင်းထုတ်ပြီး အလွန်အရှက် ရသွားစေချင်နေတာပဲ ဖြစ်၏။

အဲ့လိုဆို သူမဖိတ်ကြားခဲ့တဲ့ သခင်​​လေးယွမ်ယန်ကို ဘယ်လို မျက်နှာချင်း ဆိုင်ရတော့မလဲ။ ဝမ်ဟေးလျန် သူမရဲ့ ခွန်အားကို အားကောင်းစေမယ့် အကြံအစည်ကောင်း တစ်ခုကို ဖျက်စီးချင်နေတာပင်။

"ဝမ်ဟေးလျန်... ဒီမင်းသမီးက မင်းကို မသတ်ရဲဘူးလို့ မထင်နဲ့!"

မင်းသမီးပိုင်လုံက ခဏအတွင်း စိတ်တည်ငြိမ်သွားခဲ့သည်။ ခဏတာ ငြိမ်သက်သွားသော်လည်း အရှေ့လေက ပြေလျော့သွားခြင်း မရှိဘဲ သူမ၏ အင်အားကြောင့် လေပြင်းများ တိုက်လာသည်။

"ဒါဆို သင်ပြပေးပါဦး!"

ဝမ်ဟေးလျန်က ပြောပြီး လက်နက်ကို တိုက်ရိုက် ဆွဲထုတ်လိုက်တော့သည်။ ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ အလင်းတန်းတွေပါတဲ့ ဓားရှည်တစ်လက် ဖြစ်ပြီး သူတော်စင်တစ်ပိုင်း မှော်လက်နက် တစ်ခုဖြစ်လေသည်။ သူ့ရဲ့အဆင့်က အတော်လေးကို ထူးထူးခြားခြား ဖြစ်ပုံရ၏။

မင်းသမီးပိုင်လုံ၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး ဝမ်ဟေးလျန် ဒီလောက် အရှက်ကင်းမဲ့နေမယ်လို့ သူမ မမျှော်လင့်ထားခဲ့ချေ။ သူမသည် ယခုအချိန်တွင် လှေကားထစ်များမှ မဆင်းနိုင်ဘဲ အသက်ပြင်းပြင်းရှူကာ သူမနောက်ကျောမှ ဓားကို ဆွဲထုတ်လိုက်သည်။

"ကောင်းပြီ... ဒါဖြင့်ရင် ငါမင်းကို သင်ပေးရတာပေါ့!"

"အဟွတ် အဟွတ်!"

ချောင်းဆိုးသံကြောင့် သူတို့နှစ်ဦးရဲ့ အရှိန်ကို ရပ်တန့်လိုက်​ကြပြီး လုရွှမ်ကို တစ်ညီတညွတ်တည်း ကြည့်လိုက်ကြသည်။

"ဒါက သခင်လေးယွမ်ယန် ဖြစ်မယ်နော်... မျှော်လင့်ထားသလိုပဲ တကယ်ကို အရမ်းထက်မြက် ချိုမြိန်ပြီး နူးညံ့တဲ့ ဝိညာဥ်သခင် တစ်ယောက်ပဲကိုး.... ကျွန်တော် ဝမ်ဟေးလျန်က ပိုင်လုံမြို့မှာ နေထိုင်တဲ့ ထျန်းလုံကျောင်းတော်ရဲ့ တာဝန်ခံ တစ်ယောက်ပါ... သခင်လေးယွမ်ယန်က ရှားပါးတဲ့ ဝိညာဉ်သခင် ဖြစ်တယ်လို့ ကြားသိရပါတယ်..ကျွန်တော့်က ဖိတ်ဖို့ လာခဲ့ပေမယ့် မထင်မှတ်ပဲ မင်းသမီးက ခြေတစ်လှမ်း ဦးသွားခဲ့တယ်..."

ဝမ်ဟေးလျန်က ဦးစွာအော်လိုက်ပြီး သူ့အရှိန်ကို ပြလိုက်သည်နှင့် မင်းသမီး ပိုင်လုံဆီသို့ ဖိအားတစ်ခု တိုးဝင်လာသည်။ မင်းသမီးပိုင်လုံမှာ သူမလည်ချောင်က အသက်ရှုကြပ်မှုကို ခံစားလိုက်ရတော့ ရုတ်တရက် စကား မပြောနိုင်တော့ပေ။

"ကျွန်တော်တို့ ထျန်းလုံကျောင်းတော်က သိပ်မဝေးပါဘူး... အခု သခင်လေးယွမ်ယန်ကို ဖိတ်ဖို့ ရောက်လာတာပါ... ကျေးဇူးပြုပြီး"

မင်းသမီးပိုင်လုံ၏ စွမ်းအင်များသည် သူမ ခန္ဓာကိုယ်အနှံ့ တုန်ခါနေပြီး တော်ဝင်မိသားစုရဲ့ ပုံစံကိုပင် သူမ ဂရုမစိုက်နိုင်တော့ဘဲ

"သခင်လေး ယွမ်ယန်...ကျွန်မအိမ်မှာ ရှားပါးတဲ့ ဝိညာဉ်ဆွဲသစ်ပင်ရဲ့ သစ်သားအပိုင်းအစ ရှိပါတယ်... သခင်လေးကို ဖိတ်ခေါ်ပါရစေ"

"ဟားဟား... ဝိညာဥ်သစ်ပင်ရဲ့ သစ်သား?? တော်ဝင်မိသားစုမှာ တကယ်ကောင်းတဲ့ စုဆောင်းမှုတစ်ခု ရှိနေတာပဲ... မင်းသမီးက ဘယ်အချိန် ဒီစီနီယာကို အပျော်သဘောနဲ့ ချေးပေးနိုင်မလဲ မသိဘူးနော်"

ထိုအခါ လုရွှမ်က ဝင်၍

"ကျေးဇူးတင်ပါတယ် အစ်ကိုဝမ် မင်းရဲ့ကြင်နာမှုတွေအတွက် ကျေးဇူးပါပဲ.... ဘယ်သူကမှ ယုံကြည်မှုမရှိဘဲ ရပ်တည်လို့ မရဘူးလေ မင်းသမီးကို ကျုပ်ဘက်က ကတိပေးပြီးပြီ ဆိုတော့ ထုံးစံအတိုင်း ကတိကို ဖျက်လို့မရဘူး... နောက်မှ ခင်ဗျားဆီ လာလည်မယ် အဲ့လိုဆိုရင်ရော ဘယ်လိုထင်လဲ အစ်ကိုဝမ်?"

"အင်း...."

ဝမ်ဟေးလျန်က သူ့မျက်နှာကို ငုံ့လိုက်​လေသည်။

All Chapters