← Chapters

ပါးရိုက်ခြင်း

Vol. 42 Ch. 4.142

ပါးရိုက်ခြင်း

Vol. 42 Ch. 4.142

"သခင်လေး ယွမ်ယန်က ဘာကို ပြောချင်တာလဲ? ကျွန်တော် ခဏ မှင်သက်သွားလို့ ​ ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး"

ဝမ်ဟေးလျန်က သိမ်ဖျင်းသော အမူအရာဖြင့် ပေါ့ပေါ့တန်တန် ပြောကာ သူ့စကားထဲ မာနကြီးပြီး ဒေါသကြီးနေသော အရိပ်အယောင်များပင် ထင်ဟပ်နေသေးသည်။

မင်းသမီးပိုင်လုံရဲ့ မျက်နှာမှာ အံ့အားသင့်သွားသော အမူအရာများ ပေါ်လာပြီး စိုးရိမ်မှုတွေ အပြည့်နဲ့ သူမ သွားတွေကို အံကြိတ်၍ လုရွှမ်ရှေ့မှာ ရပ်လိုက်သည်။

"သခင်လေး ယွမ်ယန်က ငါ့ဧည့်သည်ပါ ဝမ်ဟေးလျန်.... မင်း သူ့ကို ခြိမ်းခြောက်ဝံ့တယ်ပေါ့ မင်းတို့ ထျန်းလုံကျောင်းတော်က ဝင်ပါတာ အရမ်း များလာသလိုပဲနော်?"

"ဟဲဟဲ... ကျွန်တော်က တစ်ခုခု ပြောခဲ့မိလို့လား? ရှင်းရှင်းလင်းလင်း မကြားရလို အစ်ကိုယွမ်ယန်ရဲ့ စကားကို ထပ်နားထောင်ချင်သေးရုံပါ ဒါက ခြိမ်းခြောက်မှု တစ်ခုလိုများ ဖြစ်သွားလို့လား? မင်းသမီးပိုင်လုံက အရမ်း စိုးရိမ်တတ်တာပဲ"

ဝမ်ဟေးလျန်က ရှုတ်ချစွာ ဆိုလိုက်သည်။

လုရွှမ်လည်း အံ့ဩသွား၏။ နှစ်သုံးရာလောက် ကြာသွားတာနဲ့ သူ့အတွေးတွေက ဒီ​ခေတ်လူတွေနဲ့ အဆက်အသွယ် ပြတ်သွားတာလား? ဒီလို မာနကြီးတဲ့ သူတွေလည်း တကယ်ရှိသေးတယ်ပေါ့။

တခြားသူတွေရဲ့ စွမ်းပကားနဲ့ နောက်ခံကိုသာ မသိခဲ့ရင် သူတို့ကို ခြိမ်းခြောက်ဝံ့ပြီး သူ့ခေါင်းကိုပါ တက်ရိုက်တော့မှာ မဟုတ်ဘူးလား။ ဒီလိုလူမျိုးကို ဆက်ဆံဖို့ မျက်နှာသာ ပေးရမယ်ဆိုရင် ကိုယ့်ကိုကိုယ် ပါး​ပြန်ရိုက်ဖို့ပဲ ရှိတော့တယ်။

လုရွှမ်ကလည်း ရယ်၍

"ငါပြောတာကို ရှင်းရှင်းလင်းလင်း မကြားရဘူး ဟုတ်လား? ဒါဆို ငါ မင်းကို ထပ်ပြောမယ်!"

ဝမ်ဟေးလျန်က ရယ်မောလိုက်ပြီး မင်းသမီးပိုင်လုံကတော့ ဝမ်းနည်းသွားဟန်ဖြင့် ကြည့်လိုက်သည်။ လုရွှမ်ရဲ့ ကြင်နာသော အသံကို ကြားလိုက်ရပြီး သူမ ရှုံးသွားပြီမှန်း သိလိုက်ရသည်။

"မင်းဦးနှောက် ဖင်ထဲ ဝင်သွားတာလား? ဒီသခင်လေးက မင်းသမီး​အိမ်​မှာ နေမယ်လို့ ပြောပြီးတာကို မင်းက နားမကြား၊ မျက်​မမြင်​နဲ့ ပါးစပ်​​ပေါက်ကလည်း ဆိုးရွားနေသေးတယ် မင်းက ငတုံးလား?"

လုရွှမ်က တိုက်ရိုက် ကျိန်ဆဲလိုက်ပြီး တစ်ဖက်လူရဲ့ပါး ရိုက်ချလိုက်​တော့သည်။ ဒါက ခွန်အားကို အသုံးပြုတာ မဟုတ်ပေမယ့် စိတ်ဝိညာဉ် စွမ်းအားကို လွှင့်ထုတ်သူ အနေနဲ့ကတော့ အားမသေးလှချေ။

လျစ်ခနဲ ပြေးသွားသော အမြန်နှုန်းသည် အလွန်လျင်မြန်ပြီး ပြတ်သားသော အသံနှင့်အတူ ဝမ်ဟေးလျန်မှာ ပြင်းထန်စွာ အရိုက်ခံလိုက်ရ​​တော့သည်။

ဝမ်ဟေးလျန်၏ ခွန်အားသည် သူတော်စင်တစ်ပိုင်း အဆငံ၈ကို ရောက်ထားလို့ သန်မာနေဆဲ ဖြစ်သည်။ ဤလူကို ရိုက်လိုက်ခြင်းက ခွန်အားကို မထည့်ထားခဲ့ပေ။ မဟုတ်ပါက နောက်ကွယ်မှ သတိပြုမိသွားကာ ခိုးဝင်တိုက်ခိုက်လာနိုင်သည်။

အခုလို အရိုက်ခံလိုက်ရတာက လူမြင်ကွင်းမှာ မျက်နှာကို ​ဖြတ်ရိုက်ခြင်းပဲ ဖြစ်၏။

မင်းသမီးပိုင်လုံ အံ့အားသင့်သွားသည်။ ဒီသခင်လေး ယွမ်ယန်ရဲ့ အမူအရာမှာ ယခင်က ကျက်သရေရှိခြင်းမှ ဆဲဆို ရိုင်းစိုင်းသော အမူအရာအဖြစ် ပြောင်းလဲသွားတော့သည်။

ဝမ်ဟေးလျန်လည်း အံ့အားသင့်​နေ၏။ သူတော်စင်တစ်ပိုင်း အဆင့်၈က သူတော်စင်ဝိညာဥ်သခင် အဆင့်၂ဆီကနေ ပါရိုက်ခံလိုက်ရတာပင်။

ရှက်စရာကောင်းတယ်လို့ သူ ဒေါသထွက်​ပြီး စဥ်းစားနေချိန်မှာ သူ့နှလုံးသားထဲမှာ ထိတ်လန့်မှု တစ်ခုက မနေနိုင်ဘဲ ဝင်လာခဲ့ပြန်သည်။ ဧကရာဇ်အင်ပါယာက ဒီလူ ရသွားခဲ့မယ်ဆိုရင် အန္တရာယ် ဖြစ်လာလိမ့်မယ်။

တခဏချင်းမှာပဲ သူက ယွမ်ယန်ရဲ့ အန္တရာယ်အဆင့်ကို အမြင့်ဆုံး နေရာကို မြှင့်တင်ခဲ့ပြီး ထိတ်လန့်သွားခဲ့သည်။ စိတ်ဝိညာဉ်သခင်ရဲ့ မှော်အတတ် အကြောင်းကို ကြားဖူးတာ ကြာပြီ ဆိုပေမယ့် အခုမှသာ သူ့မျက်လုံးနဲ့ မြင်လိုက်ရတာ ဖြစ်၏။

အနီးနားရှိလူများ ဆွံ့အနေကြသည်။ မင်းသမီးပိုင်လုံ နှင့် သူ၏အဖွဲ့မှာ အလွန်စိတ်သက်သာရာ ရသွားသည်။ ဝမ်ဟေးလျန်ရဲ့ အဖွဲ့ကတော် သူတို့မျက်လုံးတွေ အေးစက်သွားခဲ့သည်။

"လိမ့်စမ်း!"

လုရွှမ် ကျယ်လောင်စွာ အော်လိုက်သည်။ အသံက နဂါးတန်ခိုးနှင့် ရောထွေးနေလို့ ဝမ်ဟေးလျန်နဲ့ သူ့အဖွဲ့မှာ ကောင်းကင်က ခေါင်းလောင်းကြီး တီးခတ်လိုက်သလိုပဲ နှလုံးသားနှင့် ဝိညာဉ်များပင် တုန်လှုပ်သွား၏။

စိတ်ဝိညာဥ် စွမ်းအား ပြုစုပျိုးထောင်မှု မလုံလောက်သော လူများမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ တိုက်ရိုက် ​ပြုတ်ကျသွားတော့သည်။

ဝမ်ဟေးလျန် တစ်ယောက်တည်းသာ သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ တည်ငြိမ်အောင် ထိန်းထား နိုင်သော်လည်း သူ့မျက်နှာမှာ အလွန်ရှက်စရာကောင်းပြီး နီမြန်းနေ၏။ ခေါင်းငုံ့ထားကာ လေထဲ၌ တစ်ယောက်တည်း ကျန်ခဲ့သည်။

ဝမ်ဟေးလျန်း နှင့် သူ့အဖွဲ့မှာ အရှိန်လျော့သွားကာ လုရွှမ်ကို ခဏတာ ​ပြန်မကြည့်ဝံ့ဘဲ တစ်ယောက်ကို တစ်ယောက်သာ စိတ်ပျက်လက်ပျက် ကြည့်နေကြလေသည်။

"အစ်ကိုဝမ်... ကျွန်​တော်တို့ အရင်ဆုတ်လိုက်မလား"

ဝမ်ဟေးလျန် သူ့ညီငယ်ဆီက ထုတ်လွှင့်လာတဲ့အသံကို ကြားလိုက်ရသည်။ သူ့လူတချို့ကို ကြည့်လိုက်တော့ မကျေမနပ် ဖြစ်လာခဲ့၏။ သွားတွေကို အံကြိတ်ကာ မင်းသမီးပိုင်လုံကို စိုက်ကြည့်ရင်း သူ့သွားကြားထဲက စကားလုံးတွေကို ထွေးထုတ်လိုက်လေသည်။

"သွားစို့!"

မင်းသမီးပိုင်လုံမှာ ဝမ်ဟေးလျန် အပေါ် ကြောက်ရွံ့မှုအရှိန် လျော့ကျသွားပြီး သူမ မျက်လုံးတွေက မုန်းတီးမှုတွေနဲ့ ပြန်ကြည့်လိုက်သည်။

"ညစ်ပတ်တဲ့ကောင်!"

ဝမ်ဟေးလျန် လုရွှမ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အမြန် ထွက်သွား​လေသည်။

"အားနည်းသူကို ဆွဲထုတ်ပြီး အားကြီးသူကိုကျ ကြောက်နေကြတယ်!"

လုရွှမ် ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးကာ ထျန်းလုံကျောင်းတော်ကို ပိုပိုပြီး စိတ်ပျက်လာသည်။ မင်းသမီးပိုင်လုံကတော့ အလွန်ညစိတ်လှုပ်ရှားနေရင်း သူမက အဆုံးအထိ တလေးတစား ဦးညွှတ်လိုက်ကာ

"သခင်လေးကို တကယ်ကို ကျေးဇူးတင်ပါတယ်"

"ဘာမှမ​ဖြစ်ပါဘူး... ကျုပ်က သူတို့မျက်နှာတွေကို မကြည့်ချင်လို့"

လုရွှမ် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"အဲ့လိုလား..."

ယခုတိုက်ပွဲအပြီးတွင် မင်းသမီးပိုင်လုံသည် လုရွှမ်နဲ့ အနည်းငယ် နီးစပ်လာသလို ခံစားရသည်။ အကျပ်အတည်း ကာလတွင် ဤလူသည် သူရဲကောင်းတစ်ဦး၏ အပြုအမူဖြင့် ရှေ့ထွက်ခဲ့သည်။

မင်းသမီးပိုင်လုံမှာ ခဏတာ စိတ်လွတ်သွားကာ သူမရဲ့ အဆင့်အတန်းကို မေ့လျော့ပြီး ထျန်းလုံကျောင်းတော် အပေါ် မုန်းတီးနေမှုများကို တိုင်တန်းခဲ့သည်။ နောက်မှ သူမရဲ့ မင်းသမီးစံအိမ်ထဲသို့ ဝင်မှ သတိရကာ ရှက်သွားပြီး

"သခင်လေးယွမ်ယန် တကယ် တောင်းပန်ပါတယ် ကျွန်မ..."

"ကိစ္စမရှိပါဘူး... ထျန်းလုံကျောင်းတော်က တကယ်လည်း စိတ်အနှောင့်အယှက် ဖြစ်ချင်စရာပဲ"

"စိတ်ဝိညာဉ်ဆွဲ သစ်သားကို သွားယူလာခဲ့!"

မင်းသမီးပိုင်လုံ အော်လိုက်ပြီးနောက် အစေခံတစ်ဦးသည် ကျောက်စိမ်းသေတ္တာကို အလျင်အမြန် ယူဆောင်လာခဲ့သည်။ မင်းသမီးပိုင်လုံလည်း လုရွှမ် လက်ထဲ ထည့်ပေးလိုက်သည်။

"သခင်လေး ယွမ်ယန် ကျေးဇူးပြုပြီး လက်ခံပေးပါ"

လုရွှမ်လည်း ငြင်းဆိုခြင်း မရှိပေ။ ပထမအချက်မှာ စိတ်ဝိညာဉ် စွမ်းအားကို ဆွဲဆောင်​ပေးနိုင်သော သစ်သားသည် ဦးနှောက်ကို အာဟာရဖြည့်ပေးပြီး စိတ်ဝိညာဉ် စွမ်းအား အတိုင်းအတာကို မြှင့်တင်ပေးနိုင်သည့် ပစ္စည်းကောင်း ဖြစ်သည်။

ဒုတိယအနေနဲ့ မင်းသမီးပိုင်လုံက စိတ်ဝိညာဉ်ဆွဲ သစ်သားကို စိတ်လိုလက်ရ ပေးပို့လာခဲ့တာက သူမဟာ ထျန်းလုံကျောင်းတော်ကို တိုက်ခိုက်ဖို့အတွက် သူ့ကို စုဆောင်းနေတာ ထင်ရှားနေပြီ။ အခုတော့ သူဟာ ဝမ်ဟေးလျန်ကို စော်ကားခဲ့ပြီမို့ ရန်သူ ဖြစ်သွားပြီ။

ဝိညာဉ်သခင်တွေ အပေါ် စိတ်ဝိညာဉ်ဆွဲ သစ်သားရဲ့ အကျိုးသက်ရောက်မှုကို သိလိုက်ရတော့ မင်းသမီးပိုင်လုံဟာ ​​ကြာကြာမနေဘဲ ဝိညာဥ်သခင်ကို ရှာဖို့ ထွက်ခွာလာခဲ့တာပဲ ဖြစ်သည်။

မင်းသမီးပိုင်လုံ ထွက်သွားတော့ ထုံးစံအတိုင်း လူတစ်ယောက်က လုရွှမ်ကို သီးခြားခြံဝင်း တစ်ခုဆီ ခေါ်ဆောင်လာခဲ့သည်။

လုရွှမ် သူ့ပတ်ဝန်းကျင်တွင် အခင်းအကျင်းများကို ချထားလိုက်သည်။ ဒါကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။ နောက်ဆုံးတွင် စိတ်ဝိညာဉ်သခင်များသည် ယေဘုယျအားဖြင့် အခင်းအကျင်း တံဆိပ်ပြားများကိုလည်း သန့်စင်ကြလေသည်။

မြင့်မားသော အခင်းအကျင်း ဖွဲ့စည်းမှုများ ရှိရန် ထူးကဲသော စိတ်ဝိညာဉ် စွမ်းအားသည် မရှိမဖြစ်လိုအပ်သည်။

ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သောအခါ အတွင်းမှ ဝိညာဉ်ဆွဲ သစ်သားမှာ လက်ဖဝါး အရွယ်လောက်ပဲ ရှိတာ တွေ့ရလေ၏။ အနည်းဆုံး နှစ်တစ်ရာ သက်တမ်းရှိသည်။

တောက်ပသော သစ်သား မျက်နှာပြင်ပေါ်တွင် ခရမ်းရောင် စွမ်းအင် အရိပ်အမြွက် ပါရှိကာ စိတ်ဝိညာဉ် စွမ်းအားဖြင့် ၎င်းကို ထိမိလိုက်တဲ့အခါ ငါးတစ်ကောင် ပင်လယ်ထဲ ကူးခတ်နေသလို ငှက်ကလေးတစ်ကောင် တိမ်တွေပေါ် ပျံသန်းနေသလို စိတ်ဝိညာဥ်ကို ပေါ့ပါးသွားစေ၏။

စိမ်းပြာနဂါးရဲ့ စွမ်းအင်များ အစုလိုက် အပြုံလိုက် ထွက်လာ၏။ စိမ်းပြာနဂါးဆီမှ စွမ်းအင်များ၏ ဝန်းရံထား ခံရသည့် စိတ်ဝိညာဥ်ဆွဲသစ်သားသည် လေထဲသို့ အလိုအလျောက် ပျံတက်သွားသည်။

လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုအောက်တွင် စိတ်ဝိညာဉ်ဆွဲ သစ်သားသည် တဖြည်းဖြည်း ပုံပျက်လာပြီး အမျိုးသမီးရုပ်တုအဖြစ် ပြောင်းလဲသွားသည်။

ရုပ်တုသည် အသက်ဝင်နေသည့်နှယ် ထိုအမျိုးသမီး၏ မျက်လုံးများထဲက ဝိညာဥ်စွမ်းအင်များကို သေချာ မြင်နေရပြီး သူမ၏ ရုပ်သွင်သည် ချောမော လှပလွန်းသည်။

လုရွှမ် ရုပ်တုကို အတော်ကြာတဲ့အထိ စိုက်ကြည့်ကာ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။

လုရွှမ် ရုပ်တုကို ဆွဲသီးအဖြစ် ပြုလုပ်၍ ဝတ်ဆင်ထားလိုက်သည်။ သူ့စိတ်တွေကို ငြိမ်သက်သွားအောင် ထိန်းညှိကာ စိတ်ဝိညာဉ်ဆွဲ ရုပ်ထုဆီမှာ စိတ်စွမ်းအားများကို အဆက်မပြတ် ဆွဲထုတ်ကာ ထပ်ခါထပ်ခါ လေ့ကျင့်နေခဲ့သည်။

လုရွှမ် တစ်ဖန် နိုးလာသောအခါ ဝိညာဉ်စွမ်းအား အတိုင်းအတာက တိတ်တဆိတ် တိုးလာကာ ၂၅ကို ရောက်ရှိသွားခဲ့သည်။ သူ့ရင်ဘတ်ပေါ်ရှိ ရုပ်တုဆွဲသီးကို ပေါ့ပေါ့တန်တန် ထိလိုက်ပြီးနောက် လုရွှမ် အခန်းထဲက ထွက်လာခဲ့သည်။

တံခါးအပြင်ဘက်ရှိ အစေခံ တစ်ယောက်က လုရွှမ်ကို အံ့အားသင့်စွာ ကြည့်နေ၏။ ဒီဝိညာဉ်သခင်က ထူးခြားတယ်လို့ သူ့စိတ်ထဲ တိတ်တဆိတ် ခံစားနေရသည်။

"သခင်လေးယွမ်ယန်... ဒီနေ့က မင်းသမီးရဲ့ မွေးနေ့ပါ မင်းသမီးက သခင်​​လေးကို ဖိတ်ခိုင်းလိုက်ပါတယ်!"

လုရွှမ် ခေါင်းညိတ်လိုက်သည်။ သူက အချိန်ကို သဘာဝကျကျ ရေတွက်ကြည့်လိုက်တော့ တကယ်ပဲ သုံးရက်လောက် ကုန်သွားခဲ့တာ ဖြစ်သည်။

ယခုအချိန်တွင် မင်းသမီးပိုင်လုံ၏ အိမ်ကြီးသည် ပွဲလမ်းသဘင် အဆင်တန်ဆာများဖြင့် ပြည့်နှက်နေပါသည်။ အဝေးမှကြည့်လျှင် စွမ်းအင်များ တဟုန်ထိုး တက်လာသလို မတူညီသော အသက်ရှုသံများလည်း ရောယှက်နေသည်။

ဆူညံနေတဲ့ အသံတွေကလည်း အဆုံးမရှိ အလွန် အသက်ဝင်လှသည်။ လူတော်တော်များများ ရောက်လာကြပြီး အမြင့်ဆုံးမှာ သူတော်စင်တစ်ပိုင်း အဆင့်၉ ဖြစ်ကာ စစ်မှန်တဲ့ သူတော်စင်နယ်ပယ်တော့ မရှိချေ။

တကယ်တော့ ဒါက မင်းသမီးတစ်ပါးရဲ့ မွေးနေ့ပွဲလေးပဲ ဖြစ်လို့ သူတော်စင်နယ်ပယ်များက လာမည် မဟုတ်ချေ။

All Chapters