← Chapters

အရည်အချင်းရှိတဲ့ မိန်းကလေး လေးယောက်

Vol. 42 Ch. 4.143

အရည်အချင်းရှိတဲ့ မိန်းကလေး လေးယောက်

Vol. 42 Ch. 4.143

သို့သော် ယခင်က သူ၏ခန္ဓာကိုယ် အစစ်အမှန်ဖြင့် ရှာဖွေခဲ့သောအခါက သူတော်စင်နယ်ပယ် ရှိကြောင်းကို ခံစားခဲ့ရ​သေးသည်။ ထျန်းလုံကျောင်းတော်နှင့် နှိုင်းယှဉ်ပါက ထျန်းလုံဧကရာဇ် အင်ပါယာ၏ အင်အားသည် အမှန်တကယ်ပင် အားနည်းနေပါသည်။

လုရွှမ် ဧည့်ခန်းမသို့ ရောက်သောအခါတွင် သူသည် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခဏအတွင်း ရရှိသွား၏။ ယခုအချိန်မှာတော့ မင်းသမီးပိုင်လုံသည် အဖြူရောင်ဂါဝန်ကို အင်မတန် လှပစွာ ဝတ်ဆင်ထားလေသည်။

သူမက လုရွှမ် ရောက်လာတာကို မြင်တော့ ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြိုဆို၏။

"သခင်လေးလုရွှမ် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီပေါ့!"

လုရွှမ်လည်း ရှက်ရွံ့စွာဖြင့် နှုတ်ဆက်ရင်း

"မင်းသမီးပိုင်လုံရဲ့ မွေးနေ့ကို ဂုဏ်ပြုပါတယ်.... မင်းသမီး နေ့ရက်တိုင်း ပျော်ရွှင်ပြီး ရယူလိုသမျှ ပိုင်ဆိုင်နိုင်ပါစေ"

အမြန် ထွက်လာခဲ့တာနဲ့ လက်ဆောင်ပြင်ဆင်ဖို့ မေ့သွားခဲ့တယ်။

ဟုတ်ပါတယ်။ ကျောက်စိမ်းပြားထဲမှာ လက်ဆောင်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒါတွေက တန်ဖိုးအရမ်း ကြီး​​နေတာသာ မဟုတ်ရင် လုရွှမ် အဲဒီကိုထုတ်ဖို့ ဝန်လေးနေမှာ မဟုတ်ချေ။

မင်းသမီးပိုင်လုံက သူ့ရဲ့အရှက်ကွဲမှုကို ခံစားမိကာ ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေးယွမ်ယန်... ဒီဘက်ကိုကြွပါ ကျွန်မ သခင်လေးကို ကျွမ်းကျင်သူတွေနဲ့ မိတ်ဆက်ပေးပါရစေ "

လုရွှမ်သည် မင်းသမီး အိမ်တော်ခန်းမ၏ ပင်မထိုင်ခုံ ကျောဘက်ရှိ နေရာ၌ ထိုင်နေသော အဘွားအိုသည် မင်းသမီးစံအိမ်တွင် သူတော်စင်တစ်ပိုင်း အဆင့်၉ ပြည့်စုံသော ကာလဖြစ်ကြောင်း သတိပြုမိလိုက်သည်။

"သခင်လေးယွမ်ယန် ဒါက ကျွန်မရဲ့ ဘွားဘွားလေး... ဘွားဘွားလေးက ဒါက သမီးပြောပြထားတဲ့ သခင်လေးယွမ်ယန်ပါ"

"အကြီးအကဲကို ဂါဝရပြုပါတယ်!"

(ဘာသာပြန်သူ - ဒီနေရာမှာ အဘွားကြီးက သူ့ထက်ကြီးလို့ အကြီးအကဲလို့ ခေါ်တဲ့သဘောပါ တရုတ်ကားတွေထဲမှာ ​ကြားဖူးနေကျ ချန်ပေ့ဆိုတဲ့ အခေါ်အဝေါ်။ ကျောင်းတော်ထဲက အကြီးအကဲတွေနဲ့ မတူပါဘူး)

လုရွှမ်က ပြုံးပြီး သူ့လက်သီးကို ဆုပ်ကာ နှုတ်ဆက်လိုက်၏။

ဒီကျင့်ဝတ်တွေ ထွက်လာတာနဲ့ တပြိုင်နက် ပတ်ဝန်းကျင်က လူတော်တော်များများရဲ့ မျက်နှာ အရောင်တွေ ပြောင်းကုန်ကြသလို အဘွားကြီးရဲ့ မျက်နှာကလည်း နည်းနည်း ပျော့ပြောင်းသွားသည်။ သူမက ပြုံးပြုံးလေးနဲ့ ပြောလာ၏။

"သခင်လေးယွမ်ယန်က ထူးကဲတဲ့ အရည်အချင်းတွေ ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ... ရှောင်ပိုင်ကို သခင်လေးသာ ကူညီမယ်ဆို ဒီအဘွားကြီး စိတ်ချနိုင်ပါပြီ"

အဘွားအိုက မင်းသမီးပိုင်လုံကို လေးလေးနက်နက် ကြည့်ကာ

"ရှောင်ပိုင်... ဒီသခင်လေး ယွမ်ယန်ကို သေချာ ဆွဲထားရမယ်နော် ဒီလူက ရေကန်ထဲက ရေ မဟုတ်ဘူး"

မင်းသမီးပိုင်လုံသည် သူမ နားလည်ကြောင်း ဖော်​ပြရန် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ ဘွားဘွားလေး လူတိုင်းကို လွယ်လွယ်နဲ့ မနှစ်သက်တတ်တာကြောင့် လုရွှမ်အပေါ် ယခုလို တွေးတောနေခြင်းမှာ လုရွှမ်ရဲ့ အရည်အချင်းက သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေမှန်း ကောင်းကောင်း သိလိုက်သည်။

ချက်ချင်း ဆိုသလိုပဲ မင်းသမီးပိုင်လုံက လုရွှမ်ကို ပတ်ဝန်းကျင်က လူတွေနဲ့ မိတ်ဆက်ပေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတော့သည်။ သခင်လေးယွမ်ယန်က သူမရဲ့ ဘွားဘွားလေးကိုတောင် မျက်နှာသာ မပေးတဲ့အတွက် တခြားသူတွေကို မိတ်ဆက်ပေးတာက သူ့ရဲ့ အဆင့်အတန်းကို နည်းနည်းလေး နှိမ့်ချမိသွားလိမ့်မယ်။

သူမက အားလုံးဘက်ကို ပြုံးပြလိုက်သည်။

"ဒါက ကျွန်မ ဖိတ်ခေါ်ထားတာတဲ့ သူတော်စင်တစ်ပိုင်း ဝိညာဥ်သခင် သခင်လေးယွမ်ယန်ပါ... စိတ်ဝိညာဉ် စွမ်းအားကို နားမလည်နိုင်လောက်အောင် ပြုစုပျိုးထောင် ထားတယ်ဆိုတာကို လူတိုင်းကို ပြောခဲ့ပြီးသားပါ... သခင်လေး ယွမ်ယန်ရဲ့ ရှေ့မှာ မာနကြီးတဲ့ ဝမ်ဟေးလျန်တောင် လမ်းဘေး ရောက်သွားရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး"

စကားဆုံးသော ကျိုးတို့ကျဲတဲ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မင်းသမီးပိုင်လုံရဲ့ မျက်နှာလည်း အနည်းငယ် ပြောင်းလဲသွားပြီး မျက်ခုံးများကို ပြင်းထန်စွာ တွန့်ချို့ထားလေ၏။

ဒီလူတွေ ဘာလုပ်ချင်နေကြတာလဲ?

"မင်းသမီးပိုင်လုံ ဒီနေ့ မင်းရဲ့ မွေးနေ့ပဲ....တခြားဧကရာဇ်အင်ပါယာက ဝိညာဥ်သခင်ကိုတော့ ဖိတ်ခေါ်ထားတယ် ဆိုတော့ သူကဘယ်လို လက်ဆောင်မျိုးများ ပြင်ဆင်ပေးခဲ့လဲ ဆိုတာ ကျုပ်တို့ကိုလည်း ပေးပြပါလား? ဝေးလံခေါင်သီတဲ့ ဒီအရပ်ကလူတွေ မြင်နိုင်အောင်လို့ပေါ့ မဟုတ်ဘူးလား?"

မင်းသမီးပိုင်လုံလည်း ထိုလူကို ကြည့်လိုက်ပေမယ့် မရင်းနှီးဘူးသလို ခံစားလိုက်ရပြီး ဘယ်ညာကို ကြည့်လိုက်တော့ ဧည့်သည်အားလုံးက စိုးရိမ်နေကြပုံရ၏။ ဒီလူရဲ့ အသွင်အပြင်က သူတို့မျှော်လင့်ထားတာထက် ကျော်လွန်နေမှန်း သိသာလေသည်။

တစ်ဖက်လူက အခြေအနေကို ဖျက်ဆီးဖို့ ဒီကို ရောက်လာတာပဲ​။

မင်းသမီးပိုင်လုံသည် မွန်မြတ်သောအဆင့်အတန်းရှိပြီး အဝေးမှ ရောက်လာသူ တစ်ဦးစီတိုင်းက အလွန်လေးစားသော စကားသာ ဆို​ကြသည်။ မလွဲမသွေ စိတ်မချမ်းမသာ ဖြစ်စေမယ့် စကားလုံးတွေကို ဘယ်သူက ပြောရဲမှာလဲ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို လူအများက ကြားသိခဲ့ရသော်လည်း ဝမ်ဟေးလျန်မှာ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။

နောက်ပိုင်းတွင် ၎င်းသည် လူကို ကြောက်လန့်စေသော ဝိညာဉ်သခင်၏ နည်းလမ်းတစ်ခုသာ ဖြစ်နိုင်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သလို ထိုကောလဟာလက မှန်သလား မှားသလား ဘယ်သူမှ မသိနိုင်ပေ။

သို့သော် ယခုတစ်ကြိမ် စင်မြင့်ပေါ်၌ ပေါ်လာသောလူမှာ ​လေသံ ပေါ့လျော့မှု မရှိ၊ လက်ဆောင်များ မပေးဘဲ သူ့ထက်မြင့်တဲ့ အကြီးအကဲတစ်ယောက် ရှိနေတာတောင် ယဥ်ကျေးမှု မရှိပေ။ ရည်ရွယ်ချက်ရှိရှိ ပြဿနာ ရှာချင်နေတာ ထင်ရှားပါ၏။

ဒီအချိန်မှာ ဒီလူက နှောင့်ယှက်နေမှန်း လူတိုင်းသိပေမယ့် စိတ်မသက်မသာ ဖြစ်ရုံမှတစ်ပါး မတတ်နိုင်ပေ။ ဒီလူက မျက်နှာပျက်စေဖို့အရေး မျှော်လင့်နေကြ သူများလည်း ရှိကြသည်။

"သခင်လေးယွမ်ယန်... သူက..."

သူမ စကားမဆုံးခင် လုရွှမ်က လက်ကာပြကာ အနှောင့်အယှက် ပေးရင်း မင်းသမီးပိုင်လုံရဲ့ စကားတွေကို ချက်ချင်းပင် ရပ်ခိုင်းလိုက်သည်။

မင်းသမီးပိုင်လုံလည်း သူမ နှလုံးသားထဲ အနည်းငယ် စိတ်ပျက်သွားမိသည်။ သူမသည် အမြဲတမ်း လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်ခဲ့ပြီး လူတိုင်းက မျက်နှာသာပေးလေ့ရှိကြောင်း သိထားသော်လည်း သခင်လေးယွမ်ယန်ဟာ လွန်ခဲ့သော သုံးရက်ကမှ သူမ ဖိတ်ခေါ်ခဲ့သူ ဖြစ်လေသည်။

ဒီလူ သူမကို လုံးဝအလေးအနက် မထားဘူး ဆိုရင်တောင် လက်ဆောင်တွေကို မပြင်ဆင်ထားဘူး ဆိုရင်တောင် သူမ ဂရုမစိုက်ပေမယ့် ဒီလိုလျစ်လျူရှုမှုမျိုးက သူမကို ဝမ်းနည်းသွားစေသည်။

ဘွားဘွားလေးရဲ့ သတိပေးမှုကြောင့် သူမ အတင်းအကြပ် ပြုံးပြနေမိသည်။ လုရွှမ် မျက်နှာပျက်သွားလိမ့်မည်ဟု တိတ်တဆိတ် မျှော်လင့်ခဲ့ပေမယ့် တစ်ဖက်မှာလည်း မသိသေးပေ။

"ဒီနေ့ မင်းသမီး ပိုင်လုံရဲ့ မွေးနေ့လေ.... ထုံးစံအတိုင်း ကျုပ်လက်ဆောင့ ပြင်ဆင်ထားပြီးသားပါ... အစက နောက်မှ ပေးချင်ခဲ့တာ အခု လူတိုင်းက တောင်းဆိုနေပြီဆိုတော့ လူတိုင်းမြင်အောင် ပြလိုက်ရအောင်"

ဒီလူတွေရဲ့ နှလုံးသားထဲက အညစ်အကြေးတွေကို သူ မမြင်ဘဲနေမလား။ ဒီလူတွေနဲ့ ငြင်းခုံဖို့ မရည်ရွယ်ခဲ့ပေမယ့် မင်းသမီးပိုင်လုံရဲ့ ပါးစပ်ထောင့်မှာ တွန့်ဆုတ်နေတာကို သတိပြုမိပြီး အရင်က စိတ်ဝိညာဉ်ဆွဲ သစ်သားကို တွေးမိလိုက်ရာ ဒီစိတ်ကျဉ်းမြောင်းသူတွေကို ခြောက်လှန့်ဖို့ လှည့်ကွက်တချို့ကို ပြသဖို့ ရည်ရွယ်လိုက်သည်။

ဒီဝိညာဥ်သခင်ဆိုတဲ့ နောက်ခံနဲ့ ထျန်းလုံဧကရာဇ်အင်ပါယာထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်ရန် အသုံးချရမည်။

"မင်းသမီး... ခင်ဗျားရဲ့ဓားကို လွန်ခဲ့တဲ့ သုံးရက်လောက်က တွေ့ခဲ့​သေးတယ်နော်... အခုကျုပ်ကို ပြပေးနိုင်မလား"

မင်းသမီးပိုင်လုံ ရုတ်တရတ် စိတ်ထဲတွင် ရွှင်မြူးလာသည်။ သူမ တကယ်ကို လုရွှမ်အပေါ် နားလည်မှု လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်၏။ သူ လက်ဆောင်တစ်ခု ပြင်ဆင်ပြီးသား ဖြစ်ရမည်။ တစ်စုံတစ်ဦးကို လက်နက်ယူဖို့ အလျင်အမြန် အမိန့်ပေးလိုက်သည်။

လွန်ခဲ့တဲ့ သုံးရက်က လုရွှမ် မင်းသမီးပိုင်လုံရဲ့ ဓားကိုမြင်ပြီး ဓားရောင်ဝါကနေ ရင်းနှီးတဲ့ ရနံ့တစ်ခုကို ခံစားလိုက်ရသည်။ ၎င်းမှာ မိန်းကလေးရော့ယိုးရဲ့ လောင်ကျွမ်းခဲ့သော အခင်းအကျင်း ဖွဲ့စည်းမှု ဖြစ်နိုင်သည်။

ဓားကို အမြန်ယူကာ လုရွှမ်လက်ထဲ ပေးအပ်လိုက်သည်။

"ဟားဟား... သခင်လေး ယွမ်ယန်ရဲ့ အသွင်အပြင်ကို ကြည့်ရတာ ဒီဓားက အလယ်အလတ် အဆင့်ရှိပြီး မင်းသမီးရဲ့ အဆင့်အတန်းနဲ့ မထိုက်တန်ဘူးလို့ ထင်နေတာလား?"

ရုတ်တရက် အသံက ထပ်ပြီး ထွက်ပေါ်လာပြီး မာကျောတဲ့ မျက်နှာထားရှိတဲ့ အမျိုးသား တစ်ယောက်က လုရွှမ်ကိုကြည့်ကာ ဆိုလိုက်သည်။

လုရွှမ်က ဓားသွားကို လှန်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် မင်းသမီးပိုင်လုံရဲ့ အဆင့်အတန်းနဲ့ ဒီဓားက မထိုက်တန်ဘူး"

ခန်းမထဲမှာ ချက်ချင်းပင် ရယ်မောသံတွေ ထွက်ပေါ်လာပြီး မင်းသမီးပိုင်လုံရဲ့ မျက်နှာ အရောင်ကတော့ ဖျော့သွားခဲ့သည်။

"ဒီချင်းယွီဓားကို မင်းသမီးပိုင်လုံရဲ့ နာမည်အရင်းနဲ့ မှည့်ခေါ်ထားတာ.... ငါတို့ ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ အရည်အချင်းရှိ မိန်းကလေး လေးယောက်က သေသေချာချာ သန့်စင်ထားတာ... မိန်းကလေးဖုန့်မင်က လက်နက်ကို သန့်စင်တယ်၊ မိန်းကလေးလုံယင်က မီးငြိမ်းတယ်၊ မိန်းကလေးရော့ယိုးရဲ့ အခင်းအကျင်း လက်ရာတွေနဲ့ မိန်းကလေးထျန်းယင်ရဲ့ မိုးကြိုးပစ်ချက်တွေနဲ့ ချင်းယွီဓားကို သန့်စင်ထားတာ"

"မင်းသမီးပိုင်လုံရဲ့ အသက် ဆယ့်ရှစ်နှစ်မှာ ပါရမီရှိတဲ့ အမျိုးသမီးလေးယောက်က ဒီချင်းယွီဓားကို ဖန်တီးခဲ့တာ.... ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ အရှင်သခင်က စွမ်းရည်ရှိတဲ့ အမျိုးသမီးလေးယောက်ကို အတူတကွ သန့်စင်ဖို့ ဖိတ်ခေါ်ရင်း ကြီးမားတဲ့ အဖိုးအခကို ပေးခဲ့ရတာ ဒါကို သခင်လေးယွမ်ယန်က ဒီလိုအကဲဖြတ်လိုက်တယ်ပေါ့ ဟားဟား"

မင်းသမီးပိုင်၏ မျက်နှာသာရဖို့ လုရွှမ်ကို ရှုတ်ချနိုင်မည် ဆိုပါက ဒါက တန်လေသည်။ လူအုပ်ကြီးသည် ခဏတာကြာအောင် အော်ဟစ်ခဲ့ကြပြီး အားလုံးက ဤအခိုက်အတန့်တွင် ကျယ်လောင်စွာ ပြစ်တင် ရှုတ်ချနေကြ၏။

ဒါက ထျန်းလုံဧကရာဇ်အင်ပါယာရဲ့ မျက်နှာကို ပုတ်ခတ်ခြင်းပဲ ဖြစ်သည်။

မင်းသမီးပိုင်လုံရဲ့ မျက်နှာသာရရေးက မများလှသော်လည်း ထျန်းလုံဧကရာဇ် အင်ပါယာမှ ထူးချွန်သော အမျိုးသမီးလေးဦးသည် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ ကိုးကွယ်သည့် ရုပ်တုများဖြစ်ပြီး တခြားသူများကို စော်ကားခွင့် မပြုနိုင်ပေ။

မင်းသမီးပိုင်လုံရဲ့ မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏ ခန္ဓာကိုယ်သည် တုန်လှုပ်နေ၏။ သူမနှလုံးသားထဲတွင် အလွန်အမင်း မှားယွင်းသွားသလို ခံစားလိုက်ရသည်။

"ဟာဟား!"

လုရွှမ်ကလည်း ရယ်မောလိုက်ပြီး လူတိုင်းရဲ့ စွပ်စွဲမှုတွေကို ရယ်သံတစ်ချက်နဲ့ နှိမ်နှင်းလိုက်ပါ၏။ သူဟာ ဓားတစ်လက်လောက်ပဲလို့ ထင်ထားတာ ထူးထူးခြားခြား သမိုင်းကြောင်း ရှိနေမယ်လို့ တကယ်ကို မမျှော်လင့်ထားဘူး။

ဓားက သူ့အမြင်မှာ သာမန်မျှသာ ဖြစ်သည်။

All Chapters