အလောင်းအစား
Vol. 42 Ch. 4.144
"ဒီဓားက တကယ် ရိုးရှင်းလွန်းတယ်!"
လုရွှမ် သူ့အသံကို ကျယ်လည်းမကျယ် တိုးလည်းမတိုးဘဲ ကောင်းကင်ကလာတဲ့ အသံလို လူတိုင်းရဲ့နားထဲ ရောက်ရှိသွားသည်။ ခြံဝင်းထဲမှာ ရယ်သံတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခဏကြာတော့ မြုပ်သွားခဲ့သညိ။
ထိုအသံသည် စိတ်ဝိညာဉ်၌ ကြားနေရပုံရပြီး နားမလည် နိုင်လောက်အောင် ဆွဲဆောင်နိုင်သော စွမ်းအားတစ်ခုလည်း ရှိသည်။ ဤနေရာသို့ လာနိုင်သည့် လူများသည် သာမန်လူများမဟုတ်ကြောင်း သိသာသောကြောင့် ယခုလေးတင် ကြားခဲ့ရသော အသံက စွမ်းအင်တစ်ခု ဖြစ်ကြောင်း သဘာဝကျကျ နားလည်လာကြသည်။
ညနေ အိုးစည်နှင့် နံနက် ခေါင်းလောင်းသံကြောင့် အံ့သြစွာ နိုးလာရသကဲ့သို့ ထိုသူသည် အလွန်ရှားပါးသော ပါရမီရှင် ဝိညာဉ်သခင် ဖြစ်ကြောင်း လူတိုင်း ခံစားမိလာသည်။
"ဒါဆို ခင်ဗျား ပြောကြည့်ပါဦး... ဒီဓားက ဘယ်နေရာကများ မကောင်းတာလဲ" ဆိုတဲ့ အသံက ထပ်ပြီး ထွက်ပေါ်လာ၏။
ဤအခိုက်အတန့်တွင် ငြိမ်သက်သွားသော လူများကြားတွင် အများစုမှာ လူသတ်ချင်သည့် ရည်ရွယ်ချက်များ ပြည့်နှက်နေကြသည်။ ပထမဆုံး စကားစခဲ့သော ထိုလူယုတ်မာကို သတ်ပစ်ချင်လာ၏။
သူ့ကြောင့်သာ မဟုတ်ရင် လက်ရှိ အခြေအနေက ဘယ်လိုလုပ် ဒီလိုအခြေအနေကို ဦးတည်သွားပါ့မလဲ?
သခင်လေးယွမ်ယန် ဆိုသူမှာ ယခုအချိန်တွင် တည်ငြိမ် အေးဆေးနေတာကို တွေ့လိုက်ရသဖြင့် သူသည် အမှန်တကယ်ပင် စွမ်းဆောင်နိုင်သူ ဖြစ်နိုင်ကြောင်း ရိပ်မိလာ၏။ တကယ်တမ်း သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သူများမှာ စတင် နောင်တရနေခဲ့သည်။
"ပါဝင်ထားတဲ့ ပစ္စည်းက မကောင်းဘူး သန့်စင်တဲ့အချိန်မှာ သူတော်စင်ပုံစံ မပါဘူး.... အပူချိန်က မလုံလောက်ဘူး... အခင်းအကျင်း ဖွဲ့စည်းပုံကလည်း ရိုးရှင်းလွန်းတယ် ဆွဲဆောင်နေတာကလည်း ကောင်းကင်က မိုးခြိမ်းသံကို မဟုတ်ဘူး... ငါပြန်မေးပါရစေ ဘယ်နေရာက ကောင်းသေးလဲ?"
"ဟားဟားဟား"
ပါးပြင်တွေကို ဖောင်းပွရင်း လူတိုင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ငြိမ်သက်သွားတဲ့ လူတွေတောင် သခင်လေးယွမ်ယန်က သိပ်စိတ်မဝင်စားစရာ မကောင်းဘူးလို့ ခံစားလာရသည်။
"အဂ္ဂိရတ်ပညာ၊ လက်နက် သန့်စင်တာနဲ့ အခင်းအကျင်း တီထွင်ဖန်တီးမှုတွေမှာ ခိုင်မာတဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ လိုအပ်တယ်လို့ ကျုပ်ကြားမိတယ်... သခင်လေးယွမ်ယန်က ပါရမီရှင် ဝိညာဉ်သခင် တစ်ယောက် ဖြစ်တဲ့အတွက် စွမ်းရည်ထက်မြက်တဲ့ အမျိုးသမီး လေးယောက်ရဲ့ အံ့မခန်းလက်ရာကို နှိမ့်ချမယ်လို့ မထင်ထားဘူး.... သခင်လေးက အဂ္ဂိရတ်ပညာ၊ လက်နက် သန့်စင်တာနဲ့ အခင်းအကျင်း ဖွဲ့စည်းတာကို ကျွမ်းကျင်တယ်လို့ ဆိုလိုချင်တာလား?"
ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူများစွာက နောက်တစ်ကြိမ် ရယ်မောကြပြီး လုရွှမ်ကို အထင်ကြီးစရာ ကောင်းသောလူဟု မှတ်ချက်ပေးခဲ့ သူများပင် ယခုအခိုက်အတန့်တွင်ပင် တိတ်တဆိတ် ခေါင်းယမ်းလိုက်ကြသည်။
အဂ္ဂိရတ်ပညာ၊ လက်နက် သန့်စင်ခြင်း၊ အခင်းအကျင်း ဖွဲ့စည်းခြင်း ဆိုတာ ကျယ်ပြန့်ပြီး မလွယ်ကူချေ။ ရှေးခေတ်က တည်ထောင်ခဲ့သော အချိန်ကာလ၌ ကြီးမြတ်သော ဆရာကြီးများ၏ အဆက်မပြတ် အားဖြည့်စွမ်းရည်၊ ရိုးရှင်းသော ပုံစံများဖြင့် ပြည့်စုံစေရန် ကြိုးပမ်းလျက် ယခုနယ်ပယ် ၃မျိုးကို တီထွင်ခဲ့ကြတာ ဖြစ်သည်။
တချို့သော ပါရမီရှင်များပင်လျှင် နယ်ပယ်သုံးရပ်တွင် ကျွမ်းကျင်ဖို့ နေနေသာသာ အဆင့်မြင့်သော နယ်ပယ်တစ်ခုကိုပင် အောင်မြင်အောင် မလုပ်နိုင်ပေ။
အရည်အချင်းရှိသော အမျိုးသမီး လေးဦးသည် ဤမျှကျော်ကြားရခြင်း အကြောင်းရင်းမှာ ၎င်းတို့၏ သက်ဆိုင်ရာ နယ်ပယ် အသီးသီးတွင် ပြင်းထန်စွာ လေ့လာကျင့်ကြံခဲ့တာကြောင့် ဖြစ်သည်။
အရာရာတိုင်းကို သင်ယူရင် ကောင်းကောင်း မသင်ယူနိုင်ပါက အချိန်ကုန်သွားတာပဲ ရှိလိမ့်မယ်။
သခင်လေးယွမ်ယန်သည် ပါရမီရှင်တစ်ဦး အဖြစ် ဂုဏ်ပြုခံရသော်လည်း သူမည်မျှ အရည်အချင်း ရှိသည်ကို မည်သူမျှ အလိုလို သဘောမပေါက်ကြပေ။ ကြီးကြီးမားမား နယ်ပယ် ၃ရပ်တွင် ကျွမ်းကျင်တယ်ဆိုတာ ဟာသတစ်ခုသာ ဖြစ်သည်။
"အိုး.... ငါက အဲဒီနယ်ပယ် ၃ခုကို တကယ်ကျွမ်းကျင်နေရင် ဘယ်လိုလုပ်မလဲ?"
လုရွှမ်က သူ့မျက်နှာပေါ်မှာ ယုံကြည်မှု အပြည့်ရှိတဲ့ အပြုံးနဲ့ ပြောလိုက်တော့ လူတိုင်းရဲ့ မျက်လုံးထဲမှာ ပိုလို့တောင် ကမောက်ကမ ဖြစ်သွားတော့သည်။
လူတွေဆိုတာ မနာလို ဖြစ်တတ်ကြတဲ့ လူတွေချည်းပင်။ တခြားသူတွေ ပိုပြီး ပါရမီအားကောင်းလေ သူတို့က ပိုမနာလိုလေပင်။
ချက်ချင်းပင် တစ်စုံတစ်ယောက်က ထအော်လေ၏။
"မင်းတကယ် အဲဒီနယ်ပယ်၃ခုကို ကျွမ်းကျင်တယ် ဆိုရင် ဒီအဘိုးကြီးက ကိုယ့်ခေါင်းကို ဖြတ်ပြီး မင်းကစားဖို့ ပေးလိုက်မယ်"
လုရွှမ်က သူ့လက်ညှိုးကို ယမ်းလိုက်ပြီး
"မင်းနဲ့ မထိုက်တန်ဘူး... ငါ့အတွက် မင်းခေါင်းကို ကစားဖို့က အသုံးမဝင်ဘူး မင်းငါနဲ့ လောင်းချင်ရင် ရတနာတွေကို ထုတ်ယူပြီး လောင်းကြေးထပ်လို့ ရတယ်... မင်းသမီး ပိုင်လုံရဲ့ မွေးနေ့မှာ အလောင်းအစားလေး လုပ်ကြတာပေါ့ အားလုံးက သဘောတူကြလား?"
အားလုံးက တုန်လှုပ် ခြောက်ခြားစွာဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူတို့မျက်လုံးတွေက ပူလောင်လာခဲ့သည်။
"ကောင်းပြီ.... ဒါဖြင့် မင်းမှာ ဘာအရည်အချင်းရှိလဲ ငါကြည့်လိုက်ဦးမယ်!"
စကားပြောရင်း သူ့ရင်ခွင်ထဲက ကျောက်စိမ်းသေတ္တာကို ဖြည်းညှင်းစွာ ဖွင့်ကာ အတွင်းဘက်တွင် ကျောက်တုံးတစ်တုံးကို ထုတ်ပြလိုက်သည်။
“ဒီကျောက်တုံးနဲ့ လောင်းမယ်” ဟု ကျယ်လောင်စွာ အော်လိုက်သည်။
လူတိုင်းက ကျောက်တုံးကြီးကို ကြည့်ပြီး ကူကယ်ရာ မဲ့သွားသည်။ ပထမတစ်ချက်မှာတော့ တကယ့် ကျောက်တုံးနဲ့တူပြီး ထူးခြားမှု သိပ်မရှိပါဘူး။ သို့သော် အနီးကပ် ကြည့်ရှုပြီးနောက်တွင် လျှို့ဝှက် ဆန်းကြယ်မှု တစ်ခုခုရှိနေသလို ခံစားမိသော်လည်း ဘယ်လိုဆိုတာကို မမြင်နိုင်ပေ။
"ဟမ့် နင့်ရဲ့ အဲဒီကျောက်တုံးကို ဖယ်လိုက်စမ်းပါ...လှည့်စားချင်နေတာလား? ဒီကျောက်တုံးက ဘာအကျိုးသက်ရောက်မှု ရှိမှန်းတောင် မသိရဘဲနဲ့"
မင်းသမီးပိုင်လုံက ဒေါသတကြီးနဲ့ အော်လိုက်သည်။
မင်းသမီးပိုင်လုံသည် အဝါရောင် တောက်နေသော မျက်နှာနှင့် ယောက်ျားကို အလွန်အမင်း မုန်းတီးနေ၏။ သူ့ကြောင့်သာ မဟုတ်ရင် သူမမွေးနေ့ပွဲက ဒီအခြေအနေအထိ ရောက်လာစရာ အကြောင်း မရှိဘူးလေ။
သူမမှာ သခင်လေးယွမ်ယန် မျက်နှာပျက်သွားကာ ဒီမှာ ဆက်မနေရတော့မှာကိုတောင် ပို၍ပင်စိုးရိမ်နေမိသည်။ ဒီလိုဆို သူမရင်းနှီးခဲ့တာတွေက လုံးဝအချည်းနှီး ဖြစ်သွားမယ်လေ။
အဝါရောင်တောက်နေသော မျက်နှာနှင့် လူက ရယ်မောသော်လည်း သူက ရှင်းရှင်းလေး ပြောပြလာသေးသည်။
"မှန်တယ်.... ဒီကျောက်တုံးရဲ့ မှော်အတတ်ကို ငါတကယ်မသိဘူး ဒါပေမဲ့ သူ့ရဲ့ဇာစ်မြစ်ကိုတော့ ငါသိတယ် အဲဒါက ပြိုကျနေတဲ့ကောင်းကင် နယ်ပယ်က လာတာ!"
နောက်ဆုံး စကားကို ကျယ်လောင်စွာ အော်လိုက်ရာ လူတိုင်းသည် ကျောက်တုံးကို တစ်ဖန် ပြန်ကြည့်၍ ထူးထူးခြားခြား လောဘကြီးပြီး တယူသန်မှု အပြည့် မျက်လုံးများအဖြစ် အရောင် ပြောင်းလာကြသည်။
ပြိုကျနေတဲ့ကောင်းကင် ကမ္ဘာကြီးဟာ ဧကရာဇ်ကျိုးရန် နဲ့ နတ်ဆိုးဧကရာဇ် တို့ရဲ့ တိုက်ပွဲအတွင်း ဖန်တီးထားတဲ့ အကွဲအပြဲကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေလို့ ကောလဟာလတွေ ထွက်ပေါ်ထားခဲ့သည်။
အတွင်းထဲမှာ အလွန်အန္တရာယ် များပေမယ့် ကောင်းတဲ့ အရာတွေလည်း ရှိနေ၏။ တချို့လူတွေက ရတနာတွေ ရှာတွေ့ကြသလို အဲဒီအထဲမှာ မှော်လေ့ကျင့်ရေး နည်စလမ်းတွေကိုတောင် တွေ့လာကြသေးသည်ဟု ဆိုကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ပြိုကျနေတဲ့ကောင်းကင်ဘုံ ထဲက ထွက်လာတဲ့ အရာတွေ အားလုံးဟာ ထူးထူးခြားခြား တန်ဖိုးရှိနေတတ်သည်။ လူတွေက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို မသိနိုင်ရင်တောင်မှ သူတို့က အဖိုးတန်ပြီး အဖိုးဖြတ်နိုင်တဲ့ စျေးကွက်လည်း မရှိသေးချေ။
လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအား ပျံ့နှံ့သွားသည်။ ထိုကျောက်တုံးသည် ပြိုကျနေတဲ့ကောင်းကင်ဘုံ ပစ္စည်း ဖြစ်နိုင်၏။ ထိုအရာမှာ နတ်ဆိုးဓားနှင့် ဆင်တူသော အငွေ့အသက် ပါရှိသည်။
"ကောင်းပြီ!"
"တခြားဘယ်သူ ရှိသေးလဲ? အနိုင်ရရင် အားလုံးကို ယူသွားနိုင်တယ်"
လုရွှမ်စကား ထွက်လာသည်နှင့် တပြိုင်နက် ရောက်ရှိလာသူ အားလုံးက စိတ်လှုပ်ရှားကြပြီး မိသားစု ရတနာများကို တစ်ခုပြီးတစ်ခု ထုတ်ယူလာကြသည်။ လျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးနှင့် နှိုင်းယှဉ်ပါက ထိုအရာများ၏ တန်ဖိုးမှာ များစွာ နိမ့်ကျသွားသည်။
မင်းသမီးပိုင်လုံပင်လျှင် ရတနာတစ်ခုကို အမှတ်တမဲ့ ထိလိုက်ရာ လုရွှမ်ရဲ့ မျက်လုံးများက သူမဆီ ရောက်လာ၏။ သို့နှင့် မျက်တောင်ခတ်ရင်း အနောက်ဆုတ်သွားသည်။
လုရွှမ် ရတနာများ အားလုံးကို တစ်ခုပြီးတစ်ခု ကြည့်လိုက်သည်။ အချို့က ကောင်းသည်။ အချို့မှာကတော့ အရည်အသွေး ညံ့၏။ သို့သော် ၎င်းတို့ကို အသုံးချလိုသော လူတချို့လည်း ရှိကြသေးသည်။
လုရွှမ်သည် သာမန် တန်ဖိုးရှိသော အရာများကို မသိမသာ ကန်ထုတ်လိုက်သည်။ သူတို့ထဲက တချို့မှာ တန်ဖိုးရှိနေဆဲပင်။ သို့သော် လုရွှမ် သည် မူလပိုင်ရှင်ထံ တိုက်ရိုက် ပြန်ကန် ထုတ်ပေးရအောင်အထိ သူ့တန်ဖိုးက မလုံလောက်ပေ။
ရွေးချယ်မှုများစွာ ပြုလုပ်ပြီးနောက် ခန်းမရှေ့တွင် ပစ္စည်းကိုးခုသာ ကျန်ခဲ့သည်။
"ဟမ့် ယွမ်ယန်... မင်းဒီလိုလုပ်နေတာ မင်းနဲ့ထိုက်တန်လို့လား? မင်းရှုံးရင် မင်းဘာတတ်နိုင်မှာလဲ"
လုရွှမ်ထံမှ ပြန်ကန်ထုတ်ခံရခြင်း ခံလိုက်ရသော ရတနာ ပိုင်ရှင်များသည် သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားရတာကြောင့် ရှက်ရွံ့စွာ အော်ဟစ်လိုက်ကြသည်။
"ခဏစောင့်... တန်ရဲ့လား ဆိုတာ သိလာလိမ့်မယ်!"
"အခု မင်းတို့ရှေ့မှာပဲ ဒီဓားကို ငါပြန် သန့်စင်ပြလိုက်မယ်!"
လုရွှမ် စကားဆုံးသော် သူ့လက်ကို ပွတ်လိုက်ပြီး ခရမ်းရောင် မီးတောက်တစ်ခုကို သူ့လက်ဖဝါးမှာ ဖန်တီးလိုက်သည်။
ချင်းယွီဓားသည် မီးလျှံထဲသို့ လွင့်ပျံသွားပြီး အလွန်မာကျောသော ချင်းယွီဓားသည် လူတိုင်းရဲ့ မျက်လုံးရှေ့မှာပဲ လျင်မြန်စွာ အရည်ပျော်သွားလေသည်။
လူတိုင်း အံ့အားသင့်နေ ကြသော်လည်း မင်းသမီးပိုင်လုံရဲ့ မျက်လုံးတွေကတော့ အလွန်တရာ တောက်ပနေပါသည်။ ချင်းယွီဓားရဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိပုံကို သူမ သဘာဝကျကျ သိထားပြီး သခင်လေးယွမ်ယန် လက်ထဲမှ မီးတောက်သည် လုံးဝ ထူးကဲသည်ဟု ဆိုလိုသည်မှာ သူမ ကြွားလုံးထုတ်ခြင်း မဟုတ်ချေ။
လူအနည်းစုက သူတို့ရဲ့ မျက်လုံး အရောင်တွေ ပြောင်းပြီး ထိတ်လန့်လာသလို ခံစားလာရသည်။ လုရွှမ်ရဲ့ လှုပ်ရှားမှုတွေကို လူတော်တော်များများက သေချာ စူးစမ်းရင်း တစ်ခုခုကို မြင်ချင်ကြသလို အာရုံစိုက်နေကြသည်။
လုရွှမ်ရဲ့ မီးတောက်များထဲတွင် သွေးနီရဲရဲ အနည်းငယ်က တိတ်တဆိတ် ပေါ်လာခဲ့သည်။ အားလုံးကလည်း ရုတ်တရက် ကြောင်အသွားပြီး မင်းသမီးပိုင်လုံလည်း အလွန် အံ့အားသင့်နေခဲ့သည်။
အဲဒါက ဘာလဲ?