← Chapters

သူတော်စင်ကို အ​စေခံအဖြစ် သိမ်းယူပြီ

Vol. 42 Ch. 4.148

သူတော်စင်ကို အ​စေခံအဖြစ် သိမ်းယူပြီ

Vol. 42 Ch. 4.148

"ဒါဆို ဒီကညီလေးကို မေးပါရစေ ကုသဖို့ နည်းလမ်းရှိလား? မင်းငါ့ကို အသက်ရှင်ခွင့်ပေးမယ်လို့ ပြောခဲ့တယ်နော်"

အဘိုးကြီးချန်းရွှင်က လုရွှမ်ရဲ့ လက်မောင်းကို လက်နှစ်ဖက်နဲ့ တင်းတင်းဆုပ်ကိုင်ပြီး အော်ဟစ်မေးလိုက်သည်။

ဝုန်း!

စွမ်းအင်တစ်ခုက ပေါက်ကွဲထွက်လာသည်။

"အိုး... ငါ့ညီမှာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိနေတာပဲ... ခွန်အားက ငါ့အဆင့်ရဲ့ ၇၀%တောင် ရှိနေပြီ"

လုရွှမ်က ပြုံးသာ ပြုံးလိုက်သည်။ သူ့ကို ဒီလက်တွေနဲ့ ဆုပ်ကိုင်ထားတာဟာ သူ့ခွန်အားကို ချိန်ဆ​နေတာနဲ့ အတူတူပဲ ဖြစ်၏။

"ငါမင်းကို တကယ် အသက်ရှင်အောင် လုပ်ပေးနိုင်ရင်... မင်းငါ့ကို ဘာကူညီပေးနိုင်မှာလဲ?"

လုရွှမ် အနည်းငယ်မျှ စိုးရိမ်မှုမရှိဘဲ တည်ငြိမ်သော အမူအရာဖြင့် မေးလိုက်သည်။ အဘိုးကြီးချန်းရွှင်သည် လုရွှမ်ကို ထပ်မံ စိုက်ကြည့်ကာ ရုတ်တရက် သဘောပေါက်သွားလေသည်။

"ညီလေး... မင်း ဒီမှာ တစ်လလောက် ဈေးဆိုင်ဖွင့်ထားတာ ငါ့ကို ဖမ်းဖို့ ရည်ရွယ်ချက်ရှိရှိ ထောင်ချောက်ဆင်ထားတာပေါ့လေ"

လုရွှမ်က ကျယ်လောင်စွာ ရယ်လိုက်ပြီး

"မှန်တယ်... ကျုပ်ခင်ဗျားကို မျှားခေါ်လိုက်တာ!"

"ဒါဆို မင်းက..."

အဘိုးကြီးချန်းရွှင်ရဲ့ မျက်လုံးများ တောက်ပလာခဲ့သည်။

"ဟုတ်တယ်... ကျုပ်က ခင်ဗျားထင်​နေတဲ့လူပဲ"

လုရွှမ် သူ့ခန္ဓာကိုယ်က လှုပ်ခါလာပြီး အသက်ရှုသံပါ ပြောင်းသွားကာ ယွမ်ယန်ရဲ့ အသွင် ပေါ်လာခဲ့သည်။ အဘိုးအိုချန်းရွှင်၏ မျက်လုံးများတွင် ရူးသွပ်မှုတစ်ခု တောက်ပလာပြီး

"ကောင်လေး မင်းရဲ့ကိုယ်ခန္ဓာ အစစ်အမှန်ကို ငါ့ရှေ့မှာ ပြသရဲတယ်ပေါ့ ဟုတ်လား? ငါ မင်းကိုဖမ်းပြီး ငါ့အတွက် အဂ္ဂိရတ်ဆေးတွေ သန့်စင်ခိုင်းမှာ မကြောက်ဘူးလား?"

"ကျုပ်သန့်စင်ထားတဲ့ ဆေးလုံးကို ခင်ဗျား စားဖို့ရော သတ္တိရှိရဲ့လား?"

အဘိုးကြီးချန်းရွှင်သည် သူ့စကားကြောင့် တဆတ်ဆတ် တုန်နေကာ သူတကယ်ပင် မဝံ့ရဲကြောင်း ခံစားလိုက်ရသည်။

"ဒါဆို မင်းကို ညှဉ်းပန်းနှိပ်စက်ပြီး မင်းဘဝကို သေတာထက် ပိုဆိုးအောင် လုပ်ပစ်မယ်!"

"ခင်ဗျားမှာ အဲ့လိုအင်အား မရှိပါဘူး... ကျုပ်သွားချင်ရင် ခင်ဗျား ကျုပ်ကို ဖမ်းလို့မမိနိုင်ဘူး.... ဒါမှမဟုတ် အခုပဲ စမ်းကြည့်မလား"

လုရွှမ် ပြောပြီးတဲ့အခါ သူ့ခန္ဓာကိုယ်က မြေကြီးထဲကို တိုက်ရိုက် ဝင်သွားခဲ့သည်။ အဘိုးကြီးရဲ့ မျက်လုံးများက မာနအပြည့် ရှိနေဆဲဖြစ်ပြီး သူ့မာနကို လုံးလုံးလျားလျား ဖယ်ရှား မပေးနိုင်ပေ။ သူ့ကို လက်မြှောက် အရှုံးပေး​စေဖို့က သေချာပေါက် မလွယ်ချေ။

"ကောင်းလိုက်တဲ့ ကောင်လေး... မင်းက ငါ့ကို အရူးတစ်ယောက်လို့ လှည့်စားချင်တယ်ပေါ့? ဒီအဘိုးကြီးက ဒြပ်စင်ငါးပါးထဲက မြေဓာတ်နဲ့ မီးဓာတ်ကို ကျင့်ကြံထားတာကွ! မင်း လွတ်မြောက်ဖို့ အဲ့လောက် မလွယ်ဘူး"

အဘိုးကြီးချန်းရွှင်က အော်ဟစ်ပြီး မြေကြီးထဲ ပြေးဝင်သွားခဲ့သည်။ မနီးမဝေးတွင် ကြောက်လန့်နေသော လူသည် လူနှစ်ယောက်သည် ရုတ်တရက် ပျောက်ကွယ်သွားတာကို မြင်လိုက်ရပြီး ထိတ်လန့်တကြားနှင့် ထွက်ပြေးသွားလေ၏။

လုရွှမ်၏ ရောယှက်နေသော အသွင်အပြင်သည် ပြင်ပကမ္ဘာနဲ့ သူ့ကိုယ်သူ ထိန်းချုပ်ထားသလို ရွှေကျီးကန်းရဲ့ အကြံဉာဏ်ကိုလည်း လိုက်နာခဲ့သည်။ ဒီကမ္ဘာရဲ့ တောက်ကျင့်စဥ် နိယာမစွမ်းအင်တွေနဲ့ မရောနှောခဲ့ပါက ရွှေအရှိန်ဖြင့်ပင် သူတော်စင် မပြောနဲ့ သူတော်စင်နယ်ပယ်ကြီးတောင် သူ့ကို အမီလိုက်နိုင်တော့မှာ မဟုတ်ဘူး။

ယခုအချိန်တွင် သူ၏အမြန်နှုန်းသည် ပျမ်းမျှအားဖြင့် ဖီးနစ်အတောင်ကို အသုံးပြုထားတဲ အမြန်နှုန်း သို့မဟုတ် တခြားသူများရဲ့ အမြန်နှုန်းနဲ့ နှိုင်းယှဉ်ပါက အမြန်နှုန်းသည် သာမန်မျက်စိဖြင့် ခွဲခြား၍ မရနိုင်ပေ။

အဘိုးကြီးချန်းရွှင်သည် အလွန် လျင်မြန်သော်လည်း အချိန်အတော်ကြာ ရှာဖွေပြီးတဲ့အထိ လုရွှမ်ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပေ။ သူသည် ဒြပ်စင်ငါးပါး၏ စွမ်းအင်ကို အပြည့်အဝ အာရုံမခံနိုင်ပါက လုရွှမ်ကို အစောပိုင်းကာလ။ မျက်ခြေပြတ်သွားလိမ့်မည်။

စိတ်ထဲမှာ ခံစားရတာက ဒီလူငယ်က တကယ်ကို အစွမ်းထက်နေတာလား ဒါမှမဟုတ် သူတကယ်ပဲ အသက်ကြီးသွားတာလား။

တစ်ရက်အကြာတွင် အဘိုးကြီးချန်းရွှင်မှာ စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်မှ ထွက်လာခဲ့သည်။ လုရွှမ်ရဲ့ ခြေရာလက်ရာကို မတွေ့ရသေးသဖြင့် ဒေါသတကြီး ပြုံးကာ သူ့စိတ်ထဲမှာလည်း စိတ်ဓာတ်ကျသွားသည်။

"ဘာလို့ လိုက်​တာ ရပ်​လိုက်​တာလဲ? ကျုပ် တစ်ချိန်လုံး ခင်ဗျားနောက်​မှာ ရှိနေတာလေ"

လုရွှမ်ရဲ့ ရုပ်သွင်မှာ ရုတ်တရက် ပေါ်လာတာကြောင့် အဘိုးကြီးချန်းရွှင်မှာ လန့်သွားသည်။ သူက တုန်တုန်ယင်ယင် လက်ချောင်းများဖြင့် လုရွှမ်ကို ညွှန်ပြရင်း

"မင်း မင်း ငါ့နောက်မှာ တစ်ချိန်လုံး ရှိနေခဲ့တာ ဟုတ်လား"

လုရွှမ် သူ့ပခုံးကို ပုခုံးတွန့်ပြပြီး သူသည် ယခင်က သူ၏ အရိပ်အာဝါသကို ဖုံးကွယ်ရန် နတ်ဆိုးဓားကို အမှန်တကယ် အသုံးပြုခဲ့ဖူးလို့ အဖိုးအိုမှာ သူဘေးတွင် ရှိနေခဲ့သော်လည်း လုံးဝ မခံစားနိုင်တော့ပေ။

"ခင်ဗျားရဲ့ လက်သီးနဲ့ ခြေထောက်တွေရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ချင်လား?"

လုရွှမ်က ပြုံးပြီး လက်ကို ဝှေ့ယမ်းကာ အခင်းအကျင်း ပုံစံတစ်ခုကို စီစဉ်ပေးလိုက်သည်။ အဘိုးအို ချန်းရွှင် လက်သီးဖြင့် ထိုး​ကြည့်လိုက်ရာ နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာလေ၏။

"နဂါးဆင်ရွှေလက်ဝါး!"

အဘိုးအိုက ကြောက်လန့်ပြီး ကျယ်လောင်စွာ အော်လိုက်မိသည်။

လုရွှမ်ရဲ့ နောက်ထပ် လက်ဖဝါးလှိုင်းနဲ့အတူ ကြီးမားသော လက်ဝါးရာ တစ်ခုသည် လေထုအလယ်မှ ထွက်ပေါ်လာပြီး အဘိုးအိုရဲ့ လက်ဝါးချက်ကို ခုခံသွားသည်။

"လေဟာနယ် လေပြင်းလက်ဝါး!"

လုရွှမ်သည် နဂါးဆင်ရွှေလက်ဝါးနဲ့ လေဟာနယ်လေပြင်းလက်ဝါးကို တစ်ချိန်တည်း ထုတ်သုံးပြပြီးနောက် အဘိုးကြီးချန်းရွှင် ရှေ့မှာ ဂုဏ်ယူစွာ ရပ်နေလေသည်။

"ဘယ်လိုလဲ အဘိုးကြီး... ယှဉ်ကြည့်ချင်သေးလား"

"မင်း.... မင်းက ဘယ်သူလဲ?"

"ကျုပ်ရဲ့ လက္ခဏာကို သိတဲ့ သူတွေက ကျုပ်ကို သခင်​​လေးလို့ ခေါ်​ကြတယ်!"

အဘိုးကြီးချန်းရွှင်က 'သခင်လေး' ဟူသော ဒီစကားလုံးကို ရေရွတ်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်လေ၏။

"မင်းကငါ့ကို မင်းရဲ့နောက်လိုက်အဖြစ် ခေါ်သွားချင်တာလား?"

"တကယ်လို့ မင်းသမီးပိုင်လုံရဲ့ အိမ်​တော်ကြီးမှာ ကပ်ဆိုးကြီး ဖြစ်ခဲ့ရတာ မဟုတ်ရင် ခင်ဗျားမှာ လုံးဝ အခွင့်အရေး မရှိတော့ဘူး... ခင်ဗျားရဲ့ အရည်အချင်းက အလယ်အလတ်ပဲ ခွန်အားက သိပ်မကောင်းဘူး... ခင်ဗျားရဲ့ ရည်မှန်းချက်က သေးသေးလေးတော့ မဟုတ်ဘူးမလား? ခင်ဗျားကို ကယ်တင်ဖို့က ကျုပ်အတွက် အများကြီး ကြိုးစားရလိမ့်မယ်... ရိုးရိုးသားသား ပြောရရင် ဒါက ခင်ဗျားနဲ့ မထိုက်တန်​သေးဘူး"

လုရွှမ်သည် အဘိုးကြီးချန်းရွှင်ရဲ့ အမည်းရောင်လို ခရမ်းရောင်လို ဖြစ်နေတဲ့ မျက်နှာကို ဂရုမစိုက်ဘဲ

"ဒါပေမဲ့... နောက်တစ်ကြိမ် ဆိုတဲ့ အခွင့်အရေးက မသေချာတော့ဘူးလို့ မထင်ဘူးလား?"

လုရွှမ် စကားပြီးသောအခါတွင် သူ၏ ခန္ဓာကိုယ် ပုံသဏ္ဌာန်သည် တစ်ဖန် ပြောင်းလဲသွားကာ လုရွှမ်ရဲ့ အသွင်အစစ် ပေါ်လာခဲ့သည်။

"မင်းက လုရွှမ်လား?"

အဘိုးကြီးချန်းရွှင်မှာ လုရွှမ်အတွက် ထုတ်ပြန်ထားတဲ့ လူသတ်အမိန့်ကို သဘာဝကျကျ ဖတ်ပြီးသွားပြီ ဆိုပေမယ့် အခုနာမည်ကြီးနေတဲ့ ယွမ်ယန်ဆိုတဲ့ ဝိညာဉ်သခင်က ဧကရာဇ်အင်ပါယာက အမှန်တကယ် အလိုရှိနေတဲ့ လုရွှမ် ဖြစ်နေမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

"မင်းရဲ့ မျက်နှာအစစ်ကို ဒီမှာပြလာတာက ငါသဘောမတူရင် မင်းငါ့ကို နှုတ်ပိတ်သွားမှာမလား?"

အဘိုးကြီးက မေးလိုက်သည်။

"ဟုတ်တယ်... တစ်ချိန်လုံး ခင်ဗျား ကျုပ်နောက်ကလိုက်ပြီး သတ်နေတာကို ခံနေလို့မှ မဖြစ်တာ... မဟုတ်ရင်လည်း ဒီအခင်းအကျင်း အစီအရင်ကြီးထဲမှာ ခင်ဗျားကို သတ်ပစ်လိုက်ဖို့ကလည်း တကယ် မခက်ပါဘူး"

ပြောပြီးတဲ့ အခါမှာတော့ လုရွှမ်ရဲ့ ခန္ဓာကိုယ်ဟာ ကြီးမားတဲ့ အခင်းအကျင်းထဲကနေ တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။

အဘိုးကြီးချန်းရွှင်လည်း ခဏတာ ကြောင်အသွားပြီး လုရွှမ်ဆီကို လက်ဝါးစွမ်းအင် များစွာဖြင့် လျင်မြန်စွာ တိုက်ခိုက်သော်လည်း ဘယ်လိုမှ မနေပေ။ သူသည် အကန့်အသတ် မရှိသော လေဟာပြင်ကြီးထဲ ရောက်နေသလို အစွန်းကိုလည်း ရှာမတွေ့သကဲ့သို့ ကောင်းကင်သို့ လျင်မြန်စွာ ပျံသန်းသွားလို့လည်း မရချေ။

သူရှိနေတဲ့ နေရာက လက်တွေ့ကမ္ဘာ မဟုတ်ကြောင်း သူကောင်းကောင်း သိလိုက်သည်။

ကောင်းကင်ကို ပျံတက်သလို မြေကြီးမှလည်း ထွက်ပြေးသည်။ မီးလောင် တိုက်သွင်းပေမယ့် သက်ရောက်မှု အားလုံးကို စမ်းကြည့်ပြီးနောက် အဖိုးအို ချန်းရွှင်သည် သူဘာမှ မတတ်နိုင်တော့တာကို တွေ့လိုက်ရသည်။

"ဟားဟားဟားဟားဟားဟားဟား……"

ခါးသက်သက် ရယ်မောပြီးနောက် အဖိုးအိုသည် ဒူးထောက်ချလိုက်သည်။ ခေါင်းကိုငုံ့၍ သုံးကြိမ်တိုင်တိုင် ဂါဝရပြုလိုက်လေ၏။ တစ်ဖက်လူနှင့် ယှဉ်လျှင် သူသည် အမှန်တကယ် နောက်ကျကျန်နေသေးကြောင်း သူ့စိတ်ထဲတွင် နားလည်ထားလိုက်ပြီ ဖြစ်သည်။

ဒီလိုလူရဲ့နောက်လိုက် ဖြစ်ရခြင်းက ရှက်စရာ မဟုတ်နိုင်ပေ။

ထိုအခါ လုရွှမ်က လေထုအလယ်မှ ပြန်လည် ထွက်​ပေါ်လာပြီး

"မခုခံနဲ့... အခင်းအကျင်းကို ခင်ဗျား ခန္ဓာကိုယ်ထဲကို ဝင်ခွင့်ပေးလိုက်... ခင်ဗျားရဲ့ ခွန်အား သူတော်စင်နယ်ပယ် အဆင့်၃ကို ဖြတ်သွားတဲ့အခါ အခင်းအကျင်းကလည်း အလိုလို ကွယ်ပျောက်သွားလိမ့်မယ်!"

အခင်းအကျင်း စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး အဖိုးအိုချန်းရွှင်၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။

အဘိုးကြီးလည်း တိုးညှင်းသော အသံဖြင့် တုံ့ပြန်လိုက်ကာ အခင်းအကျင်းကို သူ့အသိစိတ်ထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်သည်။ ရုတ်​တရက်​ သူ့ဘဝတစ်​ခုလုံး လုရွှမ်ရဲ့ လက်​ထဲမှာ အပြည့်​ရှိ​နေကြောင်း ခံစားလိုက်ရလေ၏။

"ဒါက အသက်ရှည်ဆေး တစ်ပုလင်း.... ဆေးသုံးလုံး ရှိတယ်... တစ်လုံးက အသက်ကို ဆယ်နှစ် တိုး​စေတယ် ငါ့ရဲ့ လမ်းညွှန်မှုအောက်မှာ မင်း လုံးလုံးလျားလျား မတည်ငြိမ်သေးဘူး ဆိုရင်တော့ သေသွားလိမ့်မယ်"

အဘိုးကြီးချန်းရွှင်လည်း အံ့သြဖွယ် ကောင်းသော ဆေးပုလင်းကို ယူ၍ ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ ရုတ်တရက် ဆေးရနံ့တစ်ခု ထွက်လာသည်။ အနံ့ခံပြီးနောက် သူ့ခန္ဓာကိုယ် ပိုမို ကျန်းမာလာပြီး သူ့ရဲ့ ယွမ်ချီကို ပြန်လည် ရရှိလာသလိုပါ ခံစားလိုက်ရသည်။

"ဒီအစေခံက သခင်​လေးကို ကျေးဇူးတင်ပါတယ်... ဒီအစေခံက သေချာ လေ့ကျင့်ပြီး ကြိုးစားအားထုတ်ပါ့မယ်.... အနာဂတ်မှာ သူတော်စင်နယ်ပယ်ရဲ့ တတိယအဆင့် ကောင်းကင်ဘုံကို ရောက်ဖို့ ကံကောင်းနေရင်တောင်မှ သခင်​လေးကို ဘယ်တော့မှ စွန့်ဝံ့မှာ မဟုတ်ပါဘူး"

အဘိုးကြီးချန်းရွှမ်က သူ၏သစ္စာရှိမှုကို ပြသလိုက်သည်။ လုရွှမ်လည်း ရယ်လိုက်ရင်း

"အဲဒီအခါကျရင် ခင်ဗျားကိုယ်တိုင် ရွေးချယ်လို့ရပြီ..အခုတော့ အဆင်ပြေတဲ့ နေရာကိုရှာပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်လိုက်ဦး"

All Chapters