မော့လင်ရဲ့ဝါသနာ
Vol. 42 Ch. 4.149
အဘိုးကြီးချန်းရွှင်မှာ တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် လုရွှမ်သည် သူ့ရဲ့ညံ့ဖျင်းသော ခွန်အားကို မကြိုက်ကြောင်း သိလိုက်ရသောကြောင့် ရှက်ရွံ့စွာ ပါးစပ်ကို ပိတ်လိုက်ရသည်။
စိတ်ကို တည်ငြိမ်အောင် ထားပြီးတဲ့ နောက်မှာ သူသာ သူတော်စင် တတိယအဆင့်ကို ရောက်ရင် သခင်လေးက ဘယ်လိုနယ်ပယ်မှာ ရောက်နေမယ်ဆိုတာ ရုတ်တရက် သဘောပေါက်သွားပါ၏။
တစ်ဖက်က သူ့ကို အထင်မကြီးတာ အံ့သြစရာတော့ မရှိတော့ပေ။ အဲဒီအချိန်ရောက်လာရင် သူ့ကို စွန့်ပစ်ဖို့ လုံးဝမလိုအပ်ပါဘူး။ ဘယ်လိုပေါင်မျိုးကို ဆုပ်ကိုင်ထားရမယ် ဆိုတာကို သူသိပြီးသားပင်။
သူသာ ဆက်လက် ကြိုးစားပြီး သူ့နှလုံးသားကို ပြသပါက သခင်လေးက သူ့ကိုဆက်လက် ခေါ်ဆောင်နိုင်မည် ဖြစ်ပြီး အနာဂတ်မှာလည်း လမ်းကြောင်းများစွာ ရရှိနိုင်မှာ သေချာလေသည်။
အရာအားလုံးကို စေ့စေ့စပ်စပ် တွေးကြည့်ပြီးနောက် အဘိုးအိုချန်းရွှင်သည် ၎င်းသည် အမှန်တကယ်ပင် သူတော်စင်တစ်ပိုင်းရဲ့ ကျွန်ဖြစ်ရခြင်းက ရှက်စရာ ကောင်းလှသည် မဟုတ်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ဟားဟား နောင်လည်း သမိုင်းစာအုပ်တွေထဲမှာ ကြီးကြီးမားမား မှတ်တမ်း တင်ထားနိုင်ပြီ။
အဘိုးကြီးချန်းရွှင် သခင်လေးကို တစ်ချက်ကြည့်ကာ သူကြည့်နေတဲ့လူက မျိုးဆက်သစ် လူငယ်များကြား ချစ်ခင်လေးစားဖွယ် ကောင်းသူဟု မှတ်ချက်ပြုလိုက်ပေ၏။
ရယ်မောရင်း အဘိုးကြီးချန်းရွှင်သည် အသက်ပြင်းပြင်း ရှုသွင်းပြီး မျက်ခုံးပင့်ကာ လုရွှမ် နောက်ကို လိုက်လာခဲ့သည်။ သူ့ကို မြင်သူတိုင်းက လုရွှမ်၏ ကျွန်ဟုသာ ထင်၍ အကြီးအကဲ သူတော်စင်ချန်းရွှင်ဟု ထင်ကြလိမ့်မည် မဟုတ်ချေ။
လုရွှမ်လည်း ထိုလူရဲ့ လျင်မြန်စွာ လက်ခံလိုက်တာကို တွေ့ရတော့ ပိုသက်တောင့်သက်သာ ခံစားရလေသည်။ အမှန်မှာ သူ့ဆန္ဒနှင့် ကိုက်ညီသော အားကြီးသော အစေခံတစ်ဦးကို ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။
"သခင်လေး နောက်ထပ် မော့လင်ဆီကို သွားကြမလား?"
အဘိုးအိုက မေးလာသည်။
"သူဘယ်မှာလဲ သိလား?"
လုရွှမ်သည် ဈေးဆရာအဖြစ် ဟန်ဆောင်ရင်း အစနှင့်အဆုံးကို အမြဲစောင့်ကြည့် နေသော်လည်း တစ်လကျော်ကြာတဲ့အထိ လုရွှမ်သည် မော့လင်ရဲ့ ခြေရာကို အမှန်တကယ် ရှာမတွေ့ခဲ့ပေ။
အကြီးအကဲချန်းရွှင်က တဟားဟား ရယ်ရင်း
"သိတာပေါ့.... သခင်လေး ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ"
တစ်လမ်းလုံး ပျံသန်းလာပြီးတဲ့နောက် အိမ်ကြီးတစ်အိမ်၌ နီရဲသော အနံ့များ ထွက်ပေါ်လာပြီး ပရောပရည် ကျိန်ဆဲသံများကိုပါ ကြားနေရသည်။
“ဒါက…”
လုရွှမ် မယုံနိုင်လောက်အောင် အံ့သြသွားသည်။
"သခင်လေး ထင်တာ မှန်ပါတယ်... ဒါက ပြည့်တန်ဆာအိမ်ပါ... အဲ့အဘိုးကြီးမော့လင်က ကိုယ်ခံပညာနဲ့ ရတနာအမဲလိုက်တာကို မကြိုက်ပေမယ့် မိန်းမတွေနဲ့ ကစားရတာကို ကြိုက်တယ်... သူတော်စင်တစ်ပိုင်း ဖြစ်ဖြစ် သေမျိုးအသွင်ပြောင်ခြင်း နယ်ပယ်ပဲ ဖြစ်ဖြစ် ရုပ်ရည်ချောမောနေသရွေ့ သိမ်းသွားတာပဲ"
ချန်းရွှင်က ပြုံးပြီး ဆက်လာ၏။
"အထူးသဖြင့် ဒီကောင်လေးက ဘယ်လိုမိန်းကလေးမျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ် အိမ်တစ်အိမ်က ချွေးမပဲ ဖြစ်နေပါစေ သူ သဘောကျနေသရွေ့တော့ ဘာတစ်ခုမှ မရနိုင်တာ မရှိဘူးလေ... နောက်ဆုံးတော့ သူ့အစွမ်းကို ကျင့်ကြံသူတော်တော် များများကလည်း မုန်းတီးနေတာ.... ဟားဟား... အဲ သခင်လေး"
လုရွှမ်ရဲ့ မျက်နှာ မည်းမှောင်လာတာကို မြင်လိုက်ရသဖြင့် အဘိုးကြီးချန်းရွှင်လည်း သူ့ ပါးစပ်ကို အမြန် ပိတ်လိုက်သည်။
လုရွှမ် မော့လင်ရဲ့ တည်ရှိမှုကို ခံစားသိရှိထားပြီး ဖြစ်သည်။ ယခုအချိန်တွင် သူနှင့် အမျိုးသမီး သုံးဆယ်ကျော်တို့သည် ရိုင်းစိုင်းစွာ ဝိုင်းဖွဲ့နေကြသည်။
ထိုအမျိုးသမီးများ၏ ကျင့်ကြံမှုများသည် အနည်းဆုံး သူတော်စင်တစ်ပိုင်း အထက်၌ရှိကာ လေထဲတွင် ပျံသန်းနိုင်သောကြောင့် ၎င်းတို့သည် အမျိုးမျိုးသော ကိုယ်ဟန်အနေအထားများ ရရှိလာကြသည်။ မော့လင်မှာ ကျယ်လောင်စွာ ရယ်မောရင်း ဂုဏ်ယူနေတော့သည်။
"ဟေး... အကိုကြီးချန်းရွှင် လာပြီလား? မှန်တယ် ဒီညီလေးက မင်း ဘဝမှာ ပျော်ရွင်ရွင်ရွင် နေရမယ်လို့ ပြောခဲ့သားပဲ...အခုတော့ ဘာပဲဖြစ်ဖြစ် မင်းသေရတော့မယ်!"
"ဟေး... ကောင်လေးကို ငါ့ဆီ ခေါ်လာတာလား? သူက မင်းရဲ့မျိုးဆက်တော့ မဖြစ်နိုင်ဘူးမလား? ကောင်လေး... မင်းရဲ့စီနီယာနဲ့ တွေ့တဲ့အခါ ဂါဝရပြုရမယ်ဆိုတာ မသိဘူးလား?"
မော့လင်က လုရွှမ်အား လှမ်းအော်လိုက်သည်။
လုရွှမ်ကတော့ မော့လင်ကိုပင် မကြည့်ဘဲ အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်ပုံနှင့် တခြားနေရာများကိုသာ တစ်ချက် ကြည့်လိုက်သည်။ ဤနေရာတွင် ကျင့်ကြံသူ မိန်းကလေး အမြောက်အမြား ရှိသည်။
တချို့က စိတ်လိုလက်ရ နေရစ်သူတွေ ဖြစ်သလို တချို့ကလည်း အတင်းအကြပ် အဖမ်းခံထားရပြီး ပြန်ထွက်မရတဲ့ လူတွေလည်း ပါလေ၏။
တချို့လူများက သတ်သေရန် ရွေးချယ်ခဲ့ကြသော်လည်း တချို့မှာ ရုန်းကန်နေရဆဲပင်။ တချို့က တစ်စုံတစ်ဦးသည် ၎င်းတို့အား ကယ်ဆယ်နိုင်လိမ့်မည်ဟု မျှော်လင့်ကာ အပြင်ကို ကြည့်နေကြသည်။
တချို့လူများက ရက်စက်သော မျက်နှာထားများ ရှိကြပြီး လူသတ်ချင်သည့် ရည်ရွယ်ချက်များဖြင့် ၎င်းတို့၏ စိတ်နှလုံးများ ဆူပွက်လာကာ ယာယီ ထိုးနှက်မှုကို စောင့်ဆိုင်းနေကြသည်။
"ဒီကမ္ဘာမှာ မင်းလို သူတော်စင်တွေ ရှိနေတာ ယုတ်ညံ့လွန်းတယ်... သူတော်စင် လမ်းစဥ်ကို ဖျက်စီးနေတာ မရှက်ဘူးလား? အပြစ်မရှိတဲ့ ပန်းတွေ မင်းလက်အောက်မှာ သေကုန်ကြရတယ်.... သရဲဖြစ်သွားရင်တောင် သူတို့ဝိညာဥ်က အေးချမ်းနိုင်မှာ မဟုတ်ဘူး... မင်းဘာလို့ မြေအောက်ကမ္ဘာကို သွားမကြည့်တာလဲ"
လုရွှမ်က အော်လိုက်သည်။ ကျယ်လောင်သော သူ့အသံသည် နဂါးဟိန်းသံသံကဲ့သို့ အသံလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ အနီးနားရှိ အမျိုးသမီးများနားထဲ တရစပ် တိုက်ခတ်သွားသည်။
လုရွှမ်ရဲ့ စိမ်းပြာနဂါး အသံကို ခံနိုင်ရည်ရှိသော မိန်းကလေးများသည် တစ်ယောက်ပြီး တစ်ယောက် ရူးသွပ်သွားကြသည်။
"ချန်းရွှင်... သူ့ကို သွားသတ်လိုက်..."
လုရွှမ် ပြောပြီးတာနဲ့ အခင်းအကျင်းများကို တစ်ခုပြီးတစ်ခု စီစဥ်ထားလိုက်သည်။ နောက်ဆုံးတွင် သူ့၌ သူတော်စင်တစ်ဦးကို သတ်ရန် ခွန်အား မရှိသေးချေ။ ချန်းရွှင်ရဲ့ အကူအညီနဲ့ သူ့ကိုမတိုက်နိုင်ရင် ထွက်ပြေးနိုင်ဖို့ အနီးပတ်ဝန်းကျင်ကို အရင်ပိတ်ထားဖို့ လို၏။
အဘိုးကြီးချန်းရွှင်လည်း သူ့ဘဝသည် လုရွှမ် လက်ထဲတွင်ရှိပြီး သူ့စကားများသည် ဘုရင့်အမိန့်တော်နှင့် မတူပေ။ မော့လင်နဲ့သူ့ကြားက ခင်မင်ရင်းနှီးမှုဟာလည်း ဘဝရဲ့ သေခြင်းရှင်ခြင်း အဓိပ္ပာယ်နဲ့ တူနေမည် မဟုတ်ပေ။
လုရွှမ်ရဲ့ မည်းမှောင်နေသော မျက်နှာကို မြင်သောအခါ မော့လင်ရဲ့ပုံစံက သခင်လေးအား ဒေါသထွက်စေကြောင်း အဘိုးကြီးချန်းရွှင်မှ သိလိုက်ရသည်။ သူသည် ကောက်ကျစ် စဉ်းလဲတတ်ခဲ့တာကြောင့် လက်နက်များကို အစောကတည်းက ပြင်ဆင်လာခဲ့သည်။
လုရွှမ်ရဲ့ ဟောက်သံကို ကြားပြီးနောက် ဓားကြီးတစ်ချောင်းကို မြှောက်ကာ မော့လင်ဆီသို့ ပြေးသွားခဲ့သည်။
မော့လင်သည် ခွန်အားကောင်းသော သူတော်စင်တစ်ဦး ဖြစ်သည်။ ချန်းရွှင်၏ အသက်အရွယ်နှင့် နှိုင်းယှဉ်ပါက သူသည် အသက်ပိုကြီး၏။
ချန်းရွှင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သော်လည်း မော့လင်က ရှောင်ထွက်သွားသည်။
"အဘိုးကြီးချန်းရွှင်... ခင်ဗျား သေချင်နေတာလား? မင်းငါ့ကို လာပြီး အနိုင်ကျင့်နေတာလား?"
မော့လင်က ဟောက်ပြီး အဆောက်အဦ အပြင်ဘက်မှာ ချထားတဲ့ လက်နက်ကို လှမ်းဆွဲယူလိုက်သည်။ သို့သော် သူ ဖောက်ထွက်ချင်ပေမယ့် အခင်းအကျင်း ဖွဲ့စည်းမှုထဲကနေ ရုန်းမထွက်နိုင်တော့တာကို တွေ့လိုက်ရ၏။
သူ့လက်ထဲက ချုပ်ကိုင်ထားတဲ့ အခင်းအကျင်း တံဆိပ်ပြားက လုံးဝ အသုံးမဝင်တော့ပေ။
ဝုန်း!
ကျယ်လောင်သော အသံဖြင့် မော့လင်သည် အခင်းအကျင်း ရှိရာဆီသို့ လက်ဝါးစွမ်းအင်ဖြင့် လှမ်းရိုက်လိုက်ရာ အခင်းအကျင်းက တဖျပ်ဖျပ်ခတ်ကာ ကွဲကြေလုနီးပါး ဖြစ်လာလေသည်။
အမှန်တော့ ဒီအခင်းအကျင်းကို အလျင်စလို ပြင်ဆင်ထားခဲ့ရလို့ သူတော်စင်တွေရဲ့ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိဖို့က တော်တော်လေး ခက်ခဲလှသည်။
သူတော်စင်ကို ဆန့်ကျင်ဖို့ အခင်းအကျင်းတွေကို တစ်လအတွင်း အတတ်နိုင်ဆုံး အခင်းအကျင်း တံဆိပ်ပြား မြောက်များစွာကို သန့်စင်ခဲ့တဲ့သူက လုရွှမ် ဖြစ်ပေ၏။ မဟုတ်ရင် သူတော်စင်ကို တိုက်ခိုက်ဖို့ ဘယ်လိုလုပ် တွေးမိပါ့မလဲ။
"သခင်လေး... အခင်းအကျင်းကို အမြန်ဆုံး ပြင်ဆင်လိုက်ပါ... ဒီအဘိုးကြီးက သူ့ကို တားထားမယ်"
ချန်းရွှင်က အော်လိုက်သည်။ ဒီအချိန်မှာ မကြိုးစားရင် သူ့ကြိုးစားမှုကို ဘယ်အချိန်မှာ သွားပြရတော့မလဲ။
စကား ဆိုပြီးသောအခါ ချန်းရွှင်သည် မော့လင်အား အစွမ်းကုန် တိုက်ခိုက်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုလာခဲ့သည်။ မော့လင်မှာ ကိုယ်လုံးတီး ဖြစ်နေပြီး ယခုအခိုက်တွင် သူသည် ဝိညာဥ်စွမ်းအင်ကို အသုံးပြု၍ သူ့အောက်ပိုင်းကို ဖုံးအုပ်ထားရသည်။
တိုက်ခိုက်ရေး လက်နက်ဘမပြောနဲ့ အကာအကွယ်ပင် လုံးဝ မရှိချေ။ တိုက်ခိုက်ရန်သာ အာရုံစိုက်သော်လည်း ခုခံကာကွယ်ခြင်း မပြုနိုင်ဘဲ ချန်းရွှင်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် သူသည် အရှုံးမှုများစွာကို ခံစားလာရသည်။
"သခင်လေး? အဘိုးကြီးချန်းရွှင် မင်းမှာ ဘယ်တုန်းက သခင်လေး ရှိသွားတာလဲ?"
"အခုနကလေးတင်ပဲ" အဘိုးကြီးချန်းရွှင်က ဆိုလိုက်သည်။
"ငါအစက ငါ့ရဲ့ညီအစ်ကို သခင်လေးနဲ့ မိတ်ဆက်ပေးမလို့... မင်းကရော? မင်းက ဘယ်လိုမှ သည်းမခံနိုင်တဲ့ ကိစ္စနဲ့ မိန်းမတွေ အများကြီးကို အိပ်ယာထဲခေါ်ပြီး ပျော်ပါးနေတယ်... မင်း သွားသာ သေလိုက်တော့"
မော့လင်လည်း အတွင်းကျကျ ကျိန်ဆဲလိုက်တော့သည်။ ဒီသေနာ အဘိုးအိုသည် သူတို့ကြားက ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ဖယ်ရှားလိုသောကြောင့် လူငယ်ရဲ့ပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားနိုင်ခဲ့တာပဲ။
ဒီလူငယ်က ဘယ်သူလဲ။ ဘာလို့ ရင်းနှီးနေပါ့လိမ့်။ ပိုကြည့်လေ ပိုရင်းနှီးလေပဲ။ နေပါဦး အဲဒါက ထျန်းလုံကျောင်းတော်က အလိုရှိနေတဲ့ လုရွှမ် မဟုတ်ဘူးလား။
"အရင်ရပ်လိုက်စမ်း အဘိုးကြီး... သူကလုရွှမ်ပဲ! မင်းက သူ့ကို သခင်လေးလို့ ထင်နေတာလား? မင်းရဲ့ ဦးနှောက်တွေ လွင့်ထွက်သွားပြီလား?"
"ဟမ့်! မင်းငါ့သခင်လေးကို ကျိန်ဆဲတယ်ပေါ့.. .. ခွေးသူခိုးကောင် မင်းသေလိုက်တော့"
ချန်းရွှင်က အော်ပြောလိုက်ရင်း လက်နက်မျိုးစုံက သူ့အမိန့်ကို နာခံ၍ ပြင်းပြင်းထန်ထန် ပစ်သွင်းလိုက်တဲ့အခါ ထိမှန်သွားတဲ့ မော့လင်လည်း ထိတ်လန့် တုန်လှုပ်သွားတော့သည်။ သူက အမျိုးမျိုး ဆူပူကြိမ်းမောင်းကာ အရပ်ရပ်သို့ ထွက်ပြေးသွားခဲ့သည်။
"ကောင်းပြီ... ကျန်တာတွေကို ငါလုပ်လိုက်မယ်!"
လုရွှမ် လက်ခုပ်တီးပြီး မော့လင်ဆီသို့ လျှောက်သွားသည်။