← Chapters

မြို့တော်ကို ရောက်ပြီ

Vol. 42 Ch. 4.150

မြို့တော်ကို ရောက်ပြီ

Vol. 42 Ch. 4.150

အဖိုးအိုချန်းရွှင်သည် လေးစားစွာဖြင့် အလျင်အမြန် နောက်သို့ ဆုတ်သွားခဲ့သည်။ ယခုအချိန်တွင် သူလည်း အနည်းငယ် ပင်ပန်းနေပြီ။

အချိန် သိပ်မကျန်တော့မှန်း သိတဲ့အတွက် ဒီနှစ်တွေမှာ သူဘာမှမလုပ်ခဲ့ဘဲ တခြားသူတွေကို ကြောက်ဖို့ သူ့အရင်က အရှိန်အဟုန်ကို သုံးခဲ့ရသည်။

မော့လင် သူ့လက်ထဲမှာ လက်နက်မရှိတာကြောင့် သူသိပ်မစိုးရိမ်ဘဲ လှုပ်ရှားခဲ့တာ။ မော့လင်သာ တုံ့ပြန်လာခဲ့ရင် ဘယ်သူက ဘယ်သူ့ကို သတ်ပစ်မယ်ဆိုတာ ပြောလို့ မရဘူး။

ထိုအခိုက် မော့လင်က သက်ပြင်းတစ်ချက်ချကာ လုရွှမ်ကို စိုက်ကြည့်လိုက်သည်။

"ကောင်လေး... မင်းဘာနည်းလမ်းတွေ သုံးနေလဲ? ငါဂရုမစိုက်ဘူး... ငလူး!"

လုရွှမ်က သူ့အား ရိုင်းစိုင်းသော စကားများပင် မပြောခိုင်းတော့ဘဲ နဂါးဆင်ရွှေလက်ဝါးဖြင့် တရစပ် တိုက်ခိုက်လေ​တော့သည်။

"နဂါးဆင်ရွှေလက်ဝါး!"

သူတော်စင် တစ်ဦးအနေဖြင့် ​မော့လင်သည် သဘာဝကျကျ သိုင်းပညာများ အကြောင်း တတ်ကျွမ်းသူ ဖြစ်သည်။ သူသည် ကာလကြာရှည်စွာ ပျောက်ဆုံးသွားခဲ့သော နဂါးဆင်ရွှေလက်ဝါးကို အမှန်တကယ် တွေ့မြင်ခဲ့ရလေပြီ။

ဤလက်ဖဝါး၏ ကြီးစိုးမှုကို သူသိပါ၏။ အထူးသဖြင့် သူ၏ လက်ရှိ အခြေအနေနဲ့ သူဘယ်လိုများ ခံနိုင်ရည်ရှိမပါ့မလဲ။

"လေဟာနယ် လေပြင်းလက်ဝါး?? ဟ မင်းဘယ်သူလဲကွ!!"

နဂါးဆင်ရွှေလက်ဝါးကို ရှောင်ပြီးနောက် ​မော့လင်သည် လေဟာနယ် လေပြင်းလက်ဝါးက ထပ်ရောက်လာရာ ထိတ်လန့်သွားရပြန်သည်။ ဒီထူးခြားတဲ့ စွမ်းရည်နှစ်ခုကို သင်ယူနိုင်သူက သာမန်လူရော ဖြစ်နိုင်ပါ့မလား။

"လူသားနဲ့ဓား ပေါင်းစည်းမှု?"

မော့လင် ပြေးပြန်ရပြီ။ ဒါကြီးက အရင်က အဘိုးကြီးချန်းရွှင်ဆီက ဖိနှိမ်ခံရတာထက်ကို အဆင်မပြေ​နေဘူး။

သူသည် ဓားသမား ဖြစ်လို့ သူ့ခန္ဓာကိုယ်ထဲတွင် ဓားမပါသော သိုင်းပညာများစွာ ရှိသော်လည်း ၎င်းတို့၏ စွမ်းအားကို မပြသနိုင်​သေးပေ။ ဒီကောင်လေးရဲ့ လက်က လွတ်ဖို့ သူ့ခန္ဓာကိုယ်ကို အားကိုးနေစဥ် လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲက အဝါရောင် စွမ်းအင်တောက်တောက်ကို မြင်လိုက်ရသည့် အခိုက်တွင် သူ့အတွေးများ လုံးဝ လွင့်စင်သွားခဲ့သည်။

"ဆင်​သံချပ်ရွှေကိုယ်ထည်?"

'ဘုရားရေ ဒါက ဘယ်လို မကောင်းဆိုးဝါးကြီးလဲ?'

"အခင်းအကျင်း? မင်းက အခင်းအကျင်း ပညာရှင်လား?"

"စိတ်ဝိညာဉ် စွမ်းအား? မင်းက ဝိညာဉ်သခင်ပါ ဖြစ်​နေသေးတာလား?"

မော့လင် အရှေ့မှ အနောက်သို့ လုယက်ပြေးပြီးနောကိ တောင်မှမြောက်သို့ အလိုက်ခံရပြန်၏။ သူသည် တလမ်းလုံး ရှက်ရွံ့စွာဖြင့် တိုက်ခိုက်မှု အများစုကို လွတ်မြောက်ခဲ့သော်လည်း နောက်ထပ် တိုက်ခိုက်မှု အနည်းငယ်က ရှိသေးသည်။

တိုက်ခိုက်မှုရဲ့ အစွမ်းသတ္တိက သူ့ကို ခဏလောက် မောဟိုက်စေသည်။ တစ်ဖက် လူငယ်က သူတော်စင်တစ်ပိုင်း အဆင့်၃မှ လူတစ်ဦးရော ဟုတ်သေးရဲ့လား? အရှိန်က သူ့ထက် ပိုမြန်သလို ဝိညာဥ်စွမ်းအင် ထုတ်သုံးလိုက်တဲ့ အချိန်ကတည်း သွက်လက်ချက်ပဲ။

သူ လုရွှမ် နောက်ကျောက အတောင်ပံများကို တစ်ချက် ကြည့်လိုက်ရာ ထိုအရာက ကောင်းမွန်တဲ့ ပစ္စည်းလေး ဖြစ်ကြောင်း သေချာပေါက် သိလိုက်ပြီ။ ဒါက သူ့ကို အလွန်မနာလို ဖြစ်​စေပြီး ပို၍ပင် ရူးသွပ်သွားစေသည်။

တကယ်လို့သာ သူအဲဒါကို ရနိုင်ခဲ့ရင် တခြားသူတော်စင် နယ်ပယ်က လူတွေကို စောက်ဂရုစိုက်စရာတောင် မလိုတော့ဘူး။

လုရွှမ်သည် စိမ်းပြာနဂါးနှလုံး၏ ခံနိုင်ရည်အားဖြင့် ရင်ဘတ်တွေက တဒိန်းဒိန်း ခုန်နေသည်။ သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ။

သို့သော် သူတော်စင်သည် သူတော်စင်သာ ဖြစ်သည်။ အထူးသဖြင့် ​မော့လင်းသည် အဘိုးကြီးချန်းရွှင်နှင့် နှိုင်းယှဉ်ရန် ဝေးကွာလှသည်။ သူသည် ဒါဇင်နှင့်ချီ၍ လက်ဝါးချက်များကို ကြိမ်ဖန်များစွာ ပစ်ခတ်ခဲ့သော်လည်း တစ်ဖက်က အသက်ရှင်လျက် ကျန်းမာနေသေးသည်။

"အတူတူ သွားသတ်ရအောင်!"

အဘိုးကြီးချန်းရွှင် လျင်မြန်စွာ လိုက်သွားကာ လက်နက်မျိုးစုံကို ပစ်လွှတ်လိုက်သည်။ တစ်ဖက်ကလည်း လုရွှမ်မှာ လက်ဝါးစွမ်းအင်များကို ပစ်ခတ်နေတာကြောင့် မော့လင်မှာ အော်ဟစ်နေရ၏။

အကာအကွယ် မပါဘဲ ထိုနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိခဲ့ပေ။ တစ်နာရီ ကြာတော့ မော့လင်သည် အရိုက်ခံရပြီး ရူးတော့မလိုပင် ဖြစ်နေ၏။

"သခင်လေး... ကျုပ်ကို အစေခံအဖြစ် သိမ်းယူချင်နေတာလား? ဟုတ်ပြီ ကျုပ်က အဘိုးကြီးချန်းရွှင်နဲ့ အတူတူပဲ... သခင်လေးကို ကျုပ်သခင်အဖြစ် အစေခံပါ့မယ် ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်​ပေးပါလား"

"မင်းမိန်းမတွေကြိုက်ရင် ကိစ္စမရှိဘူး.... ဒီကမ္ဘာမှာ ပျံ့လွင့်နေတဲ့ တောခွေးတွေ ရှိတယ် တချို့က သူတို့ကိုယ်သူတို့ မြှုပ်နှံလိုစိတ်ရှိပေမယ့် တချို့လူတွေရဲ့ စိတ်ဆန္ဒကိုတော့ မင်းလှည့်စားပြီး ရအောင် မကြိုးစားသင့်ဘူး.... ဒါက ငါမကြိုက်တဲ့ အဓိကအချက်ပဲ... မင်းသေရမယ်!"

"ဒါဆိုလည်း အတူတူ သေလိုက်ရအောင်!"

မော့လင် စိတ်ပျက်လက်ပျက် ဖြစ်သွားကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင် အသွင်အပြင်များ ထွက်ပေါ်လာပြီး အလင်းရောင်များ ပွင့်ထွက်ကာ ပေါက်ကွဲတော့မလို ဖြစ်လာသည်။

လုရွှမ် နှာမှုတ်လိုက်သည်။

ဒီလူက တကယ့်ကို သတ္တိရှိတာပဲ။ သေရဲပေမယ့် သူ့ရဲ့ အခင်းအကျင်း ပုံစံထဲမှာတော့ သူ့ကိုပါ ဆွဲခေါ်သွားဖို့ မဖြစ်နိုင်ဘူးလေ။ လုရွှမ် အဘိုးကြီးချန်းရွှင်ကို ဖမ်းကိုင်လိုက်ပြီး နှစ်ယောက်စလုံးသည် အခင်းအကျင်းထဲမှ ဆုတ်ခွာသွားကြသည်။

မော့လင်ခမျာ ၎င်းတို့နှစ်ဦး ပျောက်ကွယ်သွားတဲ့ အသွင်အပြင်ကို ငေးစိုက်ကြည့်ရင်း အောက်ဖက်ရှိ စိတ်ပျက်လက်ပျက် အော်သံများကြားတွင် သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ပေါက်ကွဲသွား​တော့သည်။

လေထုသည် အထပ်ထပ် အခါခါ တုန်ခါသွားကာ ပြင်းထန်သော လေလှိုင်းများ အရပ်ရပ်သို့ ပေါက်ကွဲထွက်ကာ ပိုင်လုံမြို့ တစ်ခုလုံးကို ထိတ်လန့်စေကာ ကီလိုမီတာ သောင်းနှင့်ချီဝေးသော အကွာအဝေးကပင် ဤပေါက်ကွဲမှုကို ခံစားရနိုင်​လေသည်။

လုရွှမ်သည် ထိုအမျိုးသမီးများကို ပိတ်မိနေ​စေသော အခင်းအကျင်း ဖွဲ့စည်းပုံကို ဖွင့်ရန် သူ့လက်ကို ဝှေ့ယမ်းပြီးနောက် ချန်းရွှင်ခေါ်၍ လှည့်ထွက်လာခဲ့သည်။

ပိုင်လုံမြို့၏ ထျန်းလုံကျောင်းတော်မှ နေထိုင်သူများသည် ကြီးမားသော ခန်းမကြီးထဲတွင် ပြည့်ကျပ်နေသည်။ အဓိကထိုင်ခုံတွင် ထိုင်နေသူမှာ သက်လတ်ပိုင်း အရွယ် အမျိုးသားဖြစ်၏။

သူ့အသက်ရှူသံက ပြင်းထန်ကာ မျက်နှာက မည်းမှောင်နေတဲ့ ထိုသူမှာ ထျန်းလုံကျောင်းတော်က ကျောင်းသားဟောင်း ဟွမ်သွမ်းပဲ ဖြစ်သည်။

ပုလ္လင်အောက်မှာတော့ ဝမ်ဟေးလျန် နဲ့ တခြားသူတွေ ထိုင်နေကြပြီး လူတစ်စုက ဟွမ်သွမ်းကို အံ့သြတကြီး စူးစမ်းကြည့်နေကြလေသည်။

"အဘိုးကြီးချန်းရွှင်ရဲ့ အချိန်ကန့်သတ်ချက်က ရောက်လာပြီလား? သူ့ကိုယ်သူ ကုသရင်း အသက်ဆွဲဆန့်ထားတာ နှစ်အနည်းငယ် ကျန်သေးတယ် မဟုတ်လား?"

သူတော်စင် တစ်ယောက်အနေနဲ့ ဟွမ်သွမ်းက ဒါကို ရှင်းရှင်းလင်းလင်း ခံစားရလေသည်။

သူတို့သုံးဦးသည် ပိုင်လုံမြို့တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် သိကျွမ်း၍ မိတ်ဆွေအဖြစ် မှတ်ယူခဲ့ကြရာ ယခုအခါ ၎င်းတို့အနက်မှ တစ်ဦးသေဆုံးသွားသည့်အတွက် ဟွမ်သွမ်းသည် နားမလည်နိုင်စွာ စိတ်ဓာတ်ကျနေခဲ့သည်။

ကျင့်​ကြံ​​ခြင်းသည် အသက်ရှည်သော်လည်း ဘယ်သူက အမှန်တကယ် ထာဝရ အသက်ရှင်နိုင်မှာလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာခန့်က တိမ်ပင်လယ် နယ်မြေကို အုပ်စိုးခဲ့သော ဧကရာဇ်ငါးပါးထဲက တချို့ဟာလည်း အားလုံး သေဆုံးသွားခဲ့ကြသည် မဟုတ်ပေလော။

"ဒီမှာ မင်းတို့ နေခဲ့ကြ... ငါသွားကြည့်မယ်!"

ဟွမ်သွမ်းလည်း ထျန်းလုံကျောင်းတော် နေအိမ်မှ ပျံသန်း ထွက်လာခဲ့သည်။

ဟွမ်သွမ်း ထွက်သွားပြီး နောက်တွင် ပိုင်လုံမြို့ရှိ ထျန်းလုံကျောင်းတော်ရဲ့ နေအိမ်ရှေ့တွင် လူနှစ်ယောက် တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။ လုရွှမ်သည် နတ်ဆိုးဓားကို ကျောက်စိမ်းပြားထဲ ပြန်ထည့်ကာ အိမ်ထဲသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်ဝင်လာခဲ့သည်။

"သခင်လေး... သခင်လေးကတော့ ဉာဏ်ကြီးရှင်ပဲ... ဟွမ်သွမ်း ထွက်သွားပြီး စစ်ဆေးကြည့်မယ် ဆိုတာကို တွက်ချက်ထားပြီးသားကိုး..."

"မြှောက်ပင့်နေတာကို ရပ်လိုက်... မြန်မြန် လူသွားကယ်တော့!"

"ဟုတ်ကဲ့!"

အဘိုးကြီးချန်းရွှင်လည်း ခန်းမထဲသို့ ပြေးဝင်သွားစဥ် လေပြင်းများ တိုက်ခတ်သွားတာကြောင့် ဝမ်ဟေးလျန်တို့ အားလုံး လွင့်ထွက်သွားကြသည်။

မကြာမီတွင် လုရွှမ် မင်းသမီးပိုင်လုံရဲ့ အဘွားကို တွေ့ရှိခဲ့သော်လည်း သူမသည် နှိပ်စက်ညှဉ်းပန်းမှု များစွာကို မခံထားရပေ။ လုရွှမ်လည်း စာတစ်စောင် ချန်ထားခဲ့ကာ သူမကို ထုတ်ယူလာခဲ့သည်။

"အဘွား!"

အဘွားအိုကို မြင်တော့ မင်းသမီးပိုင်လုံက သူမကိုတွေ့ဖို့ အပြေးအလွှား ရောက်လာပြီး သူမလက်ထဲ ပွေ့ချီထားလေသည်။ အဘွားအို ပြန်သတိရလာသောအခါ လုရွှမ်လည်း

"မင်းသမီး... ကျုပ် ထွက်သွားတော့မယ် တော်ဝင်မြို့တော်ကို သွားမှာ..."

သူ စကားမဆုံးခင်မှာ မင်းသမီးပိုင်လုံက

"ဒါဆို ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ် တော်ဝင်မြို့တော်ကို ပြန်သွားပြီး ရာဇပလ္လင်အတွက် တိုက်ပွဲဝင်ချင်တယ်!"

လုရွှမ် ပြုံးကာ အဘွားအိုကို လှည့်ကြည့်လိုက်တော့ အဘွားအိုက ခေါင်းအသာ ညိတ်ပြရင်း။

"ရှောင်ပိုင်... အဘွား မင်းကို ထောက်ခံ​ပေးမယ်"

ယခုတော့ သူတို့နှစ်ယောက် အတူတူ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြသဖြင့် လုရွှမ် အလျင်စလို မလုပ်တော့ဘဲ မင်းသမီးပိုင်လုံ​၏ ပြင်ဆင်တာကို စောင့်နေလိုက်သည်။ အဘိုးကြီးချန်းရွှင်သည် ဟွမ်သွမ်း လာမည်ကို စိုးရိမ်နေသော်လည်း နောက်ပိုင်းတွင် သူ မမျှော်လင့်ထားတာက ရက်အနည်းငယ်အထိ မပေါ်လာခဲ့ချေ။

ဟွမ်သွမ်း တော်ဝင်မြို့တော်သို့ အလောတကြီး ပြန်သွားခဲ့ကြောင်း သတင်းများ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။

အရာအားလုံး ပြင်ဆင်ပြီးသောအခါ မင်းသမီးပိုင်လုံနှင့် သူမ၏အဖွဲ့သည် ထျန်းလုံဧကရာဇ် အင်ပါယာ၏ တော်ဝင်မြို့တော်သို့ စတင် ခရီးထွက်ခွာခဲ့သည်။

နှစ်ဝက်ခန့် ကြာသောအခါ ထျန်းလုံဧကရာဇ် အင်ပါယာ၏ တော်ဝင်မြို့တော် ဖြစ်သော ထျန်းလုံမြို့တွင် လူတစ်စု ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ မကြာမီတွင် မင်းသမီးပိုင်လုံ ပြန်လာကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့သည်။

တစ်ချိန်က ဧကရာဇ်မြို့တော်မှာ တည်ရှိခဲ့တဲ့ မင်းသမီးပိုင်လုံရဲ့ ချင်းယွီဓားက နဂါးဖြူဓား အဖြစ် ပြောင်းလဲသွားခြင်းကို လွန်ခဲ့တဲ့ လအနည်းငယ်က ဧကရာဇ်မြို့တော်၌ သတင်းမွှေးနေခဲ့တာ ဖြစ်သည်။

မရေမတွက်နိုင်သော ဂုဏ်သရေရှိ လူကြီးများသည် အင်ပါယာရှိ နံပါတ်တစ် ဓားအဖြစ် အမွှမ်းတင်ခံထားရသော နဂါးဖြူဓားကို အလွန်အမင်း မြင်ဖူးလိုကြသည်။

မြို့၏ အနောက်ဘက်၌ တိတ်ဆိတ်သော ရင်ပြင်တစ်ခုဝယ် နွေဦးပေါက်သစ်ခွနှင့် ဆောင်းဦးဂန္ဓမာပင် များကဲ့သို့ အေးချမ်းသော အလှတရားများ​ဖြင့် နတ်သမီး လေးပါးတို့ ထိုင်နေကြသည်။

ဓားမျက်ခုံးနှင့် အမျိုးသမီးတစ်ဦးက ရုတ်တရက် ခပ်တိုးတိုးလေး ဟစ်အော်လိုက်လေ၏။

“အဲဒီဓားအတုကို လုပ်တဲ့သူက ဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့...."

All Chapters