← Chapters

ပိုင်နက်သားရဲအမြုတေကို ထုတ်ယူခြင်း

Vol. 55 Ch. 761

ပိုင်နက်သားရဲအမြုတေကို ထုတ်ယူခြင်း

Vol. 55 Ch. 761

နဂါးဘုရင်နှင့် ထန်းယွမ်က အကြည့်ချင်းဖလှယ်လိုက်ပြီး ယဲ့ချန်နောက်မှတဆင့် ထာဝရကြယ်သင်္ချိုင်း၏ အတွင်းပိုင်းသို့ လိုက်ပါလာကြသည်။ ကြယ်သေများနှင့် မရေမတွက်နိုင်သော အလောင်းများ ပြည့်နှက်နေသဖြင့် ပတ်ဝန်းကျင်က ငရဲဘုံပမာ ထင်မှတ်ရသည်။ အခြားလူများ၏ပြောကြားချက်အရ ဤကြယ်ဒေသသည် တစ်ချိန်က ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၏တစ်ဝက်ခန့် ကြီးမားခဲ့သော်လည်း မဟာစစ်ပွဲကြီးအပြီး၌ ကျုံ့ဝင်သွားခဲ့ပြီး အလွန်ကြီးမားခဲ့သော ကြယ်များကလည်း တောင်တစ်လုံးပမာဏအထိ သေးငယ်သွားကြသည်။ သူတို့က ဟင်းလင်းပြင်အတွင်း ငါးရက်တိုင်တိုင်ခရီးဆက်ပြီးနောက် လူသူလေးပါးကင်းရှင်းသည်ဟု သေချာသောအခါ ယဲ့ချန်သည် ပိုင်နက်သားရဲအလောင်းတစ်ခုအနားတွင် ရပ်တန့်လိုက်သည်။ သူထင်ထားသကဲ့သို့ သင်္ချိုင်းအတွင်းပိုင်း၌လည်း ပိုင်နက်သားရဲအလောင်းများ ရှိနေသည်။

"မင်း ဘာလုပ်ချင်နေတာလဲ"

ယဲ့ချန် ရုတ်တရက်ရပ်လိုက်သည်ကို မြင်သောအခါ နဂါးဘုရင်တို့သားအဖက နားမလည်စွာဖြင့် မေးလိုက်ကြသည်။ လွန်ခဲ့သောရက်များအတွင်း သူတို့က လမ်းတလျှောက်ရှာဖွေခဲ့ပြီး အမည်မသိပစ္စည်းများ ရရှိခဲ့သော်လည်း မည်မျှအဖိုးတန်ကြောင်း အကဲမဖြတ်နိုင်ခဲ့ပေ။

"ကျုပ်က သားရဲအမြုတေကို ထုတ်မလို့"

ယဲ့ချန်က တစ်လုံးချင်း ဖြေလိုက်သည်။

"ငါတို့ ကြိုးစားပြီးပြီ။ ပိုင်နက်သားရဲရဲ့ ခန္ဓာကိုယ်က အရမ်းမာတယ်။ ကြယ်ဝိညာဥ် မဟာတာအိုလက်နက်နဲ့တောင် ထိုးဖောက်မရဘူး"

နတ်အစေခံတစ်ယောက်က မဟာတာအိုလက်နက်ဖြင့် ကြိုးစားခဲ့သော်လည်း ကျရှုံးသည်ကိုမြင်ခဲ့ရသော ထန်းယွမ်က တားမြစ်လိုက်သည်။ သို့သော် ယဲ့ချန်က အလောင်းထံ ပျံသန်းသွားသောအခါ သူလည်း အတူလိုက်ပါသွားခဲ့သည်။ နဂါးဘုရင်ကမူ အလောင်းများကြားမှ လက်နက်အကျိုးအပဲ့များကို လိုက်လံသိမ်းယူနေသည်။ အားလုံးက ပျက်စီးနေပြီဖြစ်သော်လည်း အဖိုးတန်နေဆဲဖြစ်ကာ ကုန်ကြမ်းများကို ရောင်းချခြင်းဖြင့် ပိုက်ဆံရှာနိုင်သည်။ ပျက်စီးနေသော ကောင်းကင်ငွေချပ်ဝတ်တစ်ခု၏တန်ဖိုးကပင် နတ်အစေခံများစွာ ဝယ်ယူနိုင်ခဲ့သည် မဟုတ်ပါလော။ ထိုအချိန်၌ ယဲ့ချန်နှင့် ထန်းယွမ်သည် အလောင်းရှေ့သို့ရောက်သွားကြပြီး ကိုယ့်ကိုကိုယ်ပုရွက်ဆိတ်များပမာ ထင်မှတ်ခံစားလိုက်ရ၏။ ၎င်းက ပုတ်သင်ကြီးတစ်ကောင်နှင့်ဆင်တူပြီး ခေါင်းအထက်၌ ဂျိုကြီးသုံးချောင်းနှင့် အရိုးချပ်ကာကြီးတစ်ခု ရှိသည်။ ၎င်းအသက်ရှင်စဥ်က ကြယ်သခင်အဆင့်ဖြစ်နိုင်သော်လည်း ယဲ့ချန်၏အမြင်၌ အရွယ်အစားက သေးငယ်နေခဲ့သည်။

နတ်အစေခံများ၏စကားအရ ၎င်းက သက်တမ်းနှစ်တစ်သောင်းကျော် ပိုင်ဆိုင်ထားသော်လည်း ကျောက်စိမ်းနန်းတော်ကိုးထပ်ရှိ သားမပေါက်သေးသော ပိုင်နက်သားရဲတစ်ကောင်၏ အရွယ်အစားသာဖြစ်သည်။ ၎င်းတို့ကိုသာ မြင်ဖူးမထားလျှင် ယဲ့ချန်အတွက် ဤအလောင်းများ၏အရွယ်အစားက ထိတ်လန့်ဖွယ်ရာဖြစ်သော်လည်း လက်ရှိတွင် သေးငယ်သည်ဟု ခံစားနေရသည်။ ကြယ်သေများ ကျုံ့ဝင်သွားသကဲ့သို့ အလောင်းများက ကျုံ့ဝင်သွားခြင်းလည်း မဖြစ်နိုင်ပေ။ ပတ်ဝန်းကျင်ရှိ လူသားအလောင်းများမှာ သာမန်လူတစ်ယောက်၏ အရွယ်အစားအတိုင်း ရှိနေဆဲဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ကျောက်စိမ်းနန်းတော်ရှိ ပိုင်နက်သားရဲများက ဤအလောင်းများထက် ပို၍အဆင့်မြင့်သော မျိုးနွယ်ဖြစ်ကြောင်း သိသာသည်။

ယဲ့ချန်၏အနားတွင် ရှိနေသော ထန်းယွမ်သည် ပိုင်နက်သားရဲအလောင်းများကို ကြည့်လိုက်တိုင်း အံ့သြနေရသည်။ သာမန်ကျင့်ကြံသူများမှာ ၎င်းနှင့်ယှဥ်လျှင် အမှုန်အမွှားပမာ သေးငယ်လှသည် မဟုတ်ပါလော။ ၎င်းအသက်ရှင်စဥ်ကဆိုလျှင် သူတို့ကို ရှိသည်ဟုပင် သဘောထားနေမည်မဟုတ်ဘဲ ဓားဖြင့် တိုက်ခိုက်လျှင်ပင် အယားပြေမည်မဟုတ်ပေ။

"အမြုတေကို တကယ်ထုတ်လို့ မရနိုင်ဘူး"

"မဖြစ်နိုင်တာ မရှိဘူး"

ယဲ့ချန်က ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။ ကျောက်စိမ်းနန်းတော်အတွင်းမှ ရတနာများကို မြင်တွေ့ပြီးနောက် ဓားပျံသည် ဤလောကထက်မြင့်သော နေရာတစ်ခုနှင့် သက်ဆိုင်နေကြောင်း သူက ခံစားခဲ့ရသည်။ အကယ်၍ ၎င်းကသာ ပိုင်နက်သားရဲ၏အလောင်းကို မထိုး​ဖောက်နိုင်လျှင် ဟာသတစ်ခု ဖြစ်နေပေလိမ့်မည်။ ထန်းယွမ်သည် မည်မျှရှင်းပြပါစေ၊ တစ်ဖက်လူက လက်မခံသောကြောင့် ပခုံးတွန့်၍ ရပ်ကြည့်နေလိုက်သည်။ ယဲ့ချန်ကိုယ်တိုင် ပိုင်နက်သားရဲ၏မာကျောမှုကို မျက်မြင်ကြုံပြီးလျှင် လက်လျှော့သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ ၎င်း၏မာကျောမှုက သူသိထားသမျှ သတ္တုအားလုံးထက်ပင် သာလွန်နေခဲ့သည်။

ယဲ့ချန်က စကားတစ်ခွန်းမှထပ်မပြောဘဲ ကောင်းကင်ဓားပျံများ ဖန်တီးလိုက်သောအခါ ၁၈လက်က သူ့ကို ဝန်းရံ၍ ထွက်ပေါ်လာခဲ့သည်။ ထန်းယွမ်သည် ၎င်းတို့က အလွန်ထက်ရှကြောင်း သိထားသော်လည်း ကောင်းကင်ချီမှဖန်တီးထားခြင်းဖြစ်သောကြောင့် သတ္တုများကို ထိုးဖောက်နိုင်သော်လည်း ပိုင်နက်သားရဲကို ထိုးဖောက်နိုင်မည်မဟုတ်ဟု စဥ်းစားနေသည်။ ထိုအခိုက်၌ ယဲ့ချန်၏ကိုယ်တွင်းမှ ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ခု ပြန့်ထွက်လာပြီး နတ်သစ်သီးငါးလုံးကိုစုပ်ယူပြီးနောက် နတ်ခန္ဓာ အသက်ဝင်မလာခဲ့သော်လည်း သူက သာမန်အဆင့်တစ်နတ်အစေခံတစ်ယောက်ထက် ဆယ်ဆပို၍သန်မာပြီး အဆင့်သုံးကိုပင် အနိုင်ယူနိုင်စွမ်းရှိလာသည်။ ထို့နောက် သူ၏အကြည့်က လေးနက်သွားပြီး အာရုံစူးစိုက်၍ တိုက်ခိုက်လိုက်သောအခါ ဓားပျံများက အလောင်း၏ဂျိုကြီးတစ်ခုထံ ဝင်ရောက်သွားကြသည်။

"ဖောက် ဖောက်"

၎င်းတို့က ဂျိုအတွင်း ဖောက်ဝင်သွားကာ အက်ကြောင်းများ ချက်ချင်းဖြစ်ပေါ်လာစေသောကြောင့် ထန်းယွမ်က မျက်လုံးပြူးသွားခဲ့သည်။ ဓားပျံများက အလွန်အစွမ်းထက်နေသည်ဖြစ်ရာ သူက အလွန်အမင်း အံ့သြတုန်လှုပ်နေမိသည်။ သို့သော် အလောင်းက အလွန်ကြီးမားပြီး ဂျိုကြီးတစ်ချောင်းတည်းကပင် လုံးပတ်မီတာထောင်ချီရှိပြီး ကောင်းကင်ထောက်တိုက်ကြီးတစ်ခုနှင့် တူညီနေသည်။ ယဲ့ချန်သည် မျက်လုံးမှိတ်၍ ဓားပျံများကို ထိန်းချုပ်လိုက်ပြီး ဂျိုကို ပိုင်းဖြတ်လိုက်သောအခါ အလွန်လျင်မြန်သော အရှိန်ကြောင့် မီးပွားများပင် ထွက်ပေါ်လာသည်။

"ဘန်း"

ထို့နောက် ဓားပျံများက ဂျိုအတွင်းမှ ဖောက်ထွက်လာပြီး ၎င်းက ညွှတ်ကျလာကာ နောက်ဆုံးတွင် ရုပ်ခန္ဓာမှ ကွဲထွက်လာ၍ ဟင်းလင်းပြင်အတွင်း မျောလွင့်နေသည်။

"ဘာ ပိုင်နက်သားရဲရဲ့ဂျိုက ဒီအတိုင်း ဖြတ်ခံလိုက်ရပြီလား"

ထန်းယွမ်၏မျက်လုံးများက ကျွတ်ကျလုမတတ် ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ ဂျိုက တစ်ကိုယ်လုံးတွင် အမာကျောဆုံးနေရာဖြစ်ပြီး ၎င်းကိုသာ ဖြတ်တောက်နိုင်လျှင် မထိုးဖောက်နိုင်သည့် နေရာ မရှိတော့ပေ။ ထို့ကြောင့် ယဲ့ချန်သည် ကောင်းကင်ဓားပျံများကို အသုံးပြု၍ ပိုင်နက်သားရဲ၏အမြုတေကို အမှန်တကယ် ထုတ်ယူနိုင်စွမ်းရှိနေသည်။ ၎င်း၏တန်ဖိုးက ကောင်းကင်လှေတစ်ဒါဇင်ကျော်နှင့် ညီမျှသောကြောင့် ဤအကြောင်းကို တွေးမိလေလေ ထန်းယွမ်က ဝမ်းသာလေလေဖြစ်ပြီး မျက်လုံးများ တောက်ပနေခဲ့သည်။ ထာဝရကြယ်သင်္ချိုင်းအတွင်းလာရသော ခရီးအတွက် သေချာပေါက်အမြတ်ထွက်ပြီဖြစ်သောကြောင့် သူက စိတ်ရှိလက်ရှိရယ်မောလိုက်ချင်သော်လည်း အခြားလူများ၏အာရုံကို မဆွဲဆောင်မိစေရန် နှုတ်ဆိတ်နေလိုက်သည်။ အဝေးမှ နဂါးဘုရင်သည်လည်း ဤမြင်ကွင်းကြောင့် မင်သက်သွားခဲ့ရသည်။ နှစ်ပေါင်းတစ်သောင်းတိုင်တိုင် မဆွေးမြည့်ခဲ့သော အလောင်းကြီးကို ယဲ့ချန်က ကောင်းကင်ဓားပျံများနှင့် ပိုင်းဖြတ်နိုင်မည်ဟု လုံးဝမျှော်လင့်မထားပေ။ ထာဝရကြယ်သင်္ချိုင်းက ယဲ့ချန်အတွက် ရတနာသိုက်ကြီးနှင့် ဆင်တူသောကြောင့် ကောင်းကင်မူလကြယ်အတွက် ငွေရေးကြေးရေး စိတ်ပူစရာမလိုတော့ပေ။ ခေါက်တုံ့ခေါက်ပြန်သွားလာရန် လိုအပ်ပြီး အလွန်အန္တရာယ်များသော်လည်း ဤနေရာသို့ရောက်တိုင်း ယဲ့ချန်က ပိုင်နက်သားရဲအမြုတေများ ထုတ်ယူနိုင်ပေလိမ့်မည်။ သူက အလွန်ဝမ်းသာနေသော မျက်နှာထားဖြင့် အခြားရတနာများကို လျစ်လျူရှုကာ ယဲ့ချန်ထံ ဦးတည်ပျံသန်းသွားလိုက်သည်။

"ယဲ့ချန် အရိုးချပ်ကာကို ဖျက်ဆီးပေး။ အတွင်းကိုဝင်ပြီး အမြုတေကို တူးထုတ်ဖို့ ငါတို့တာဝန်ထားလိုက်"

နဂါးဘုရင်က ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

"ကောင်းပြီ"

ယဲ့ချန်က ခေါင်းညိတ်၍ ဓားပျံများကိုထိန်းချုပ်ကာ ပိုင်နက်သားရဲ၏ခေါင်းတွင် အပေါက်တစ်ပေါက် ဖန်တီးလိုက်၏။ ထို့နောက် နဂါးဘုရင်နှင့် ထန်းယွမ်သည် ကောင်းကင်ဓားပျံတစ်ချောင်းစီကိုင်၍ အတွင်းသို့ ဝင်ရောက်သွားကြသည်။ အရိုးချပ်ကာ၏အောက်တွင် ပိုမိုမာကျောသော အရိုးများရှိနေသဖြင့် ထိုးဖောက်ရန်အတွက် သူတို့က များစွာအားထုတ်လိုက်ရသည်။ ထို့အပြင် ဦးခေါင်းက အလွန်ကြီးမားသောကြောင့် တောင်ကုန်းငယ်တစ်ခုအရွယ်အစားရှိသည့် အမြုတေကို ရှာနိုင်ရန်အတွက် တစ်ရက် အချိန်ကုန်သွားခဲ့သည်။ ကံကောင်းသည်မှာ သူတို့တွင် အလွန်တရာကြီးမားသော သိုလှောင်အိတ်များ ပြင်ဆင်လာသောကြောင့် ၎င်းကို သိမ်းဆည်းနိုင်ခဲ့သည်။ နောက်ထပ်ငါးရက်အကြာ၌ အမြုတေကို အပြည့်အဝဖြတ်ထုတ်နိုင်ခဲ့ပြီး သွေးနှင့်အသားစများ ဖုံးလွှမ်းနေသော်လည်း ရတနာများပမာ တဖိတ်ဖိတ်တောက်ပနေသည်။ အမြုတေကိုရရန်အတွက် အချိန်ရောလူပါ ပင်ပန်းခဲ့ရပြီး အားကုန်သုံးခဲ့ရသော်လည်း ထိုက်တန်သည်ဟု သူတို့က ခံစားလိုက်ရသည်။ ၎င်းကို ရောင်းချလိုက်လျှင် ကောင်းကင်မူလကြယ်အတွက် လိုအပ်သည့်အရာများစွာ ဝယ်ယူနိုင်ပေလိမ့်မည်။

"နဂါးဘုရင် ဒီအမြုတေကို သိမ်းဆည်းထားပေးပါ။ နောက်ထပ်ပိုင်နက်သားရဲအလောင်းကို ထပ်ရှာကြမယ်"

ယဲ့ချန်တို့သုံးယောက်သည် နောက်ထပ်အမြုတေတစ်ခုရရန်အတွက် အချိန်ခြောက်ရက်ကုန်သွားသဖြင့် အချိန်များစွာမကျန်တော့ပေ။ အများဆုံး နောက်ထပ်တစ်ခုသာ ထုတ်ယူနိုင်မည်ဖြစ်ပြီး အချိန်မီပြန်မထွက်နိုင်လျှင် ဤနေရာ၌ ထာဝရပိတ်မိသွားနိုင်သည်။

"ကောင်းပြီ။ သွားကြစို့"

အချိန်မရှိကြောင်း နားလည်သော နဂါးဘုရင်က အမြုတေကိုသိမ်းဆည်း၍ ခေါင်းညိတ်ပြလိုက်သည်။ သူတို့သုံးယောက် ထွက်ခွာသွားပြီး နာရီအနည်းငယ်အကြာ၌ ယွမ်ချင်းယုဦးဆောင်သော နတ်အစေခံ၁၇ယောက် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ သူမသည် သွေးနံ့ကို အလွန်ဝေးကွာသောနေရာမှ အနံ့ခံနိုင်သည့် ကျွန်တစ်​ယောက် ပိုင်ဆိုင်ထားသဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ သူမနှင့်အတူ ကျိရင်လည်း လိုက်ပါလာခဲ့လေသည်။

All Chapters