← Chapters

ရွှယ်ယွမ်၏ခံစားချက်များ

Vol. 55 Ch. 770

ရွှယ်ယွမ်၏ခံစားချက်များ

Vol. 55 Ch. 770

ရွှယ်ယွမ်သည် နတ်မြေခွေးမျိုးနွယ်၏ သွေးစတေးခြင်းကို အသုံးပြုလိုက်သောအခါ အသက်ရှင်နိုင်မည့် နောက်ဆုံးအခွင့်အရေးကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း နင်အာက နားလည်သဖြင့် မျက်ရည်များ စီးကျလာသည်။ အတိတ်တွင် သူမနှင့် ဒေါ်လေးဖြစ်သူက တောက်ပသော လရောင်အောက်တွင် လှပသောဇာတ်လမ်းများအကြောင်းကို အတူတကွ ပြောခဲ့ကြသည်။ ရွှယ်ယွမ်သည် ငယ်စဥ်ထဲက နတ်အစေခံတစ်ယောက်ဖြစ်ခဲ့ပြီး နဂါးဘုရင်ကို အလေးစားဆုံးနှင့် အချစ်ခင်ရဆုံးဖြစ်သော်လည်း တစ်ဖက်လူက ဇနီးသည်ကို မမေ့နိုင်ပေ။ ထန်းယွမ်နှင့် ညီမဖြစ်သူက သူမကို ဒေါ်လေးရွှယ်ဟု ခေါ်ဝေါ်ကြပြီး အမြဲရိုသေချစ်ခင်စွာ ဆက်ဆံတတ်ကြသည်။ ကောင်းကင်နတ်ဆိုးများနှင့် မရေမတွက်နိုင်သော တိုက်ပွဲများအတွင်း နဂါးဘုရင်က လူတိုင်းကို ကျောက်တောင်ကြီးပမာ ကာကွယ်ပေးခဲ့ပြီး သူမက နောက်ကျောဘက်မှ စောင့်ကြည့်နေရင်း ခံစားချက်များ ဖြစ်ပေါ်လာသော်လည်း မျိုသိပ်ထားခဲ့ရ၏။

ဤအချစ်ကို ထုတ်ပြောခွင့်မရှိသော်လည်း သူမက ပျော်ရွှင်ခဲ့ရသည်။ သေဆုံးသွားသော ဇနီးသည်က နဂါးဘုရင်၏ရင်ထဲတွင် အစိုင်အခဲဖြစ်နေသောကြောင့် သူမက နှစ်သိမ့်ပေးချင်ခဲ့သော်လည်း တစ်ဖက်လူက သူမ၏ခံစားချက်များကို မသိကျိုးကျွံပြုနေသဖြင့် မျိုသိပ်ခဲ့ရသည်။ သူတို့က နှစ်ပေါင်းတစ်ထောင်တိုင်တိုင် အတူတကွဖြတ်ကျော်ခဲ့ပြီး သူမ၏အချစ်များကို နဂါးဘုရင်တစ်​ယောက်တည်းအတွက် သိမ်းဆည်းထားခဲ့သည်။ သေဆုံးသွားသည့်တိုင် နဂါးဘုရင်၏အချစ်ကို ရထားသည့်​ ဇနီးကို သူမက အားကျသော်လည်း မနာလိုဝန်တိုခြင်းတော့ မရှိပေ။ သူမက နင်အာကို မြင့်မြတ်မှုနှင့် သိမ်မွေ့မှုကို သင်ကြားပေးခဲ့ပြီး မိခင်အရင်းတစ်ယောက်ပမာဖြစ်သည်။ ထို့ကြောင့် သူမက သွေးစတေးခြင်းကို အသုံးပြုလိုက်သောအခါ နင်အာ၏နှလုံးသားကို ဓားထက်ထက်ဖြင့် လှီးချလိုက်သကဲ့သို့ နာကျင်စေသည်။ ကောင်းကင်မူလကြယ်၏ နတ်အစေခံများလည်း ဒေါသတကြီး အော်ဟစ်လိုက်မိသည်။

"ဒီခွဲခွာမှုက ထာဝရဖြစ်လိမ့်မယ်လို့ ထင်မထားဘူး ရှင်ရယ်။ ရှင်က တို့ကို သတိရနေမှာလား ဒါမှမဟုတ် မေ့သွားမှာလား။ မေ့လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ ရှင့်ကို နောက်ထပ်မခံစားစေချင်ဘူး"

ရွှယ်ယွမ်က မြင့်မြင်သောအလင်းများအောက်၌ လှပစွာ ပြုံးလိုက်သော်လည်း မျက်ရည်စက်များ ကျဆင်းလာသည်။ သူမ၏အရှိန်အဝါက ဆက်တိုက်မြင့်တက်လာနေပြီး သာမန်လူများ၏အထက်တွင် ရှိနေသော နတ်ဘုရားပမာ ဖြစ်လာခဲ့သည်။

"ကောင်းကင်မူလကြယ်ကို စော်ကားသူမှန်သမျှ သေရမယ်"

သူမ၏မျက်နှာထားက အလွန်အမင်းတည်ငြိမ်လာပြီး ကျောက်စိမ်းဓားရှည်တစ်လက်ကို ဆွဲထုတ်ကာ ပိုင်းချလိုက်သည်။ ဓားတစ်ချက်က ဓားအလင်းပေါင်းထောင်ချီ ပြန့်ထွက်လာကာ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ သူမ၏ဓားချက်တွင် ပုံရိပ်ယောင်စွမ်းအင်များ ပါဝင်နေသဖြင့် ရန်သူများက သေရည်မူးနေသည့်အလား ယိမ်းထိုးနေကာ ချက်ချင်းအသတ်ခံလိုက်ရသည်။ တိုက်ပွဲကို ဘေးမှစောင့်ကြည့်နေသူများမှာ သူမ၏လျှို့ဝှက်စွမ်းရည်အကြောင်း မသိထားသဖြင့် စိတ်ရှုပ်ထွေးသွားကြသော်လည်း နတ်အစေခံဆယ်ယောက်ကျော်ကို တစ်ချက်တည်းသတ်လိုက်သောကြောင့် အံ့သြသွားကြသည်။ ကောင်းကင်မူလကြယ်က ဆိုးဆိုးဝါးဝါးရှုံးနိမ့်မည်ဟု ထင်ထားသော်လည်း အသက်နှင့်ရင်း၍ တိုက်ခိုက်ရဲသူများ ထွက်ပေါ်လာသောကြောင့် အံ့သြမိသော်လည်း အေးစက်စက်ကြည့်နေကြသည်။ တုတန်းအသတ်ခံရရန် မျှော်လင့်နေကြသူများ ရှိသော်လည်း ဓားခုတ်ရာလက်ဝင်မလျှိုလိုသဖြင့် ဤအချိန်၌ မလှုပ်ရှားခဲ့ပေ။ ကြယ်သခင်များကမူ နတ်အစေခံများ၏တိုက်ပွဲကို စိတ်မဝင်စားသောကြောင့် ခံတပ်ဟောင်းအတွင်း နောက်လိုက်များ စေလွှတ်ကာ သတင်းကို စောင့်ဆိုင်းနေကြသည်။

အရုဏ်တက်ကြယ်ပေါ်သို့ ယဲ့ချန်၊ ထန်းယွမ်နှင့် နဂါးဘုရင်က ထာဝရကြယ်သင်္ချိုင်းအတွင်းမှ ပြန်လည်ရောက်ရှိလာကြသည်။ နီယွမ်တို့ကိုနှုတ်ဆက်ပြီးနောက် နတ်အစေခံသုံးယောက် အစောင့်ချထားသော နတ်ဆိုးယာဥ်ထံ ပြန်လာခဲ့စဥ် နဂါးဘုရင်က ရုတ်တရက် စိတ်လေးသွားကာ အဖြေရှာမရခဲ့ပေ။

"ဘာဖြစ်လို့လဲ အဖေ"

နဂါးဘုရင် မျက်နှာပျက်သည်ကို မြင်သောအခါ ထန်းယွမ်က ချက်ချင်းမေးလိုက်သည်။ ယဲ့ချန်သည်လည်း စပ်စုလိုသော အကြည့်ဖြင့် ကြည့်လာခဲ့သည်။

"ကောင်းကင်မူလကြယ်ကို အမြန်ဆုံး ပြန်ကြမယ်"

"ကောင်းကင်မူလကြယ် တစ်ခုခုဖြစ်နေလို့လား"

သူ၏စကားကြောင့် ယဲ့ချန်ရော ထန်းယွမ်ပါ စိတ်များလေးလံသွားကြသည်။ သူတို့က နတ်ဆိုးယာဥ်ကို ထိန်းချုပ်၍ အရုဏ်တက်ကြယ်မှ စကြဝဠာအတွင်း ချက်ချင်းပျံတက်လိုက်ကြသည်။

ကောင်းကင်မူလကြယ်တွင် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ရွှယ်ယွမ်က အသက်အားများကို လောင်ကျွမ်း၍ ရန်သူဆယ်ယောက်ကျော်ကို တစ်ချက်တည်း သတ်ပစ်လိုက်သည်။ ထို့နောက် သူမက အလုံးစုံဓားအစီအရင်နှင့် တိုက်ခိုက်နေသော တုတန်းထံ ကျောက်စိမ်းဓားဖြင့် ပိုင်းချလိုက်သည်။ ၎င်းဓားချက်တွင် သေခြင်းတရား၏ ပြိုင်ဘက်ကင်းအငွေ့အသက်နှင့် အချိန်လေဟာနယ်တာအိုရုန်းများ ပါဝင်နေကာ သေရေးရှင်ရေးအချိန်၌ သူမက ဉာဏ်အလင်းပွင့်သွားခြင်းဖြစ်သည်။

"သေစမ်း"

ထက်ရှလှသော ဓားအလင်းက ပုံရိပ်ယောင်များကို သယ်ဆောင်၍ ပစ်မှတ်ထံ ဝင်ရောက်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် နှစ်ယောက်တည်း ကျန်ရစ်သကဲ့သို့ ထင်မှတ်ရသည်။ တုတန်း၏မျက်ဝန်းထဲတွင် မရေမတွက်နိုင်သည့် ပုံရိပ်ယောင်များ ယှက်သန်းသွားကာ သန်းချီသော ရွှယ်ယွမ်များက ဓားများစွာဖြင့် တပြိုင်နက်ပိုင်းချလာသကဲ့သို့ ထင်မှတ်ရ၏။ မည်သည့်ဓားချက်က အစစ်အမှန်ဟု မခွဲခြားနိုင်သည့်အပြင် အချိန်လေဟာနယ်တာအိုရုန်းများကြောင့် အန္တရာယ်အငွေ့အသက်ကို ရလိုက်သည်။ ကြယ်သခင်အဆင့်အောက် နတ်အစေခံတစ်ယောက်က သူ့ကို ဤအခြေအနေအထိခြိ မ်းခြောက်နိုင်မည်ဟု လုံးဝထင်မထားခဲ့ပေ။

"နင်က တကယ်မသေသေးပါလား။ ငါ့စိတ်ကို လှုပ်ရှားစေနိုင်တဲ့ ပထမဆုံးမိန်းမကို သတ်ရမှာ နှမြောစရာကောင်းလိုက်တာ။ မင်း ငါ့ကို မသတ်နိုင်ဘူး"

တုတန်းက ဒေါသတကြီးအော်ဟစ်ကြုံးဝါး၍ နတ်ဆိုးဓားကို ယမ်းလိုက်သောအခါ အချိန်လေဟာနယ်တာအိုရုန်းများ သိပ်သည်းစွာပါဝင်သည့် အနက်ရောင်ဓားချီ ထွက်ပေါ်လာသည်။ သူ နားလည်ထားသော တာအိုက အဆင့်နိမ့်ကြယ်သခင်များအောက် မနိမ့်ကျပေ။ သူက မိခင်ကြယ်ကို သစ္စာဖောက်ခဲ့ရသော အကြောင်းအရင်းမှာ ရှင်းဟွမ်က သူ့ကို ကြယ်သခင်အဖြစ် မရွေးချယ်ခဲ့သောကြောင့်ဖြစ်သည်။ သူ၏အရည်အချင်းက ကြယ်သခင်တစ်ယောက်ဖြစ်ရန် အဆင့်မီသောကြောင့် မကျေမနပ်ဖြစ်ကာ သစ္စာဖောက်ခြင်းကို ရွေးချယ်ခဲ့သည်။

"ငါသေရင်တောင် နင်လည်း သေစေရမယ် ခွေးကောင်"

ရွှယ်ယွမ်က အေးစက်စက် ကြုံးဝါးလိုက်၏။ ဘုန်းခနဲမြည်သံနှင့်အတူ အဖြူရောင်ဓားအလင်းနှင့် အနက်ရောင်ဓားအလင်းက ထိမှန်သွားပြီး နားကွဲမတတ်ကျယ်လောင်သော အသံနှင့် မျက်စိကျိန်းမတတ်တောက်ပသော အလင်းများ ထွက်ပေါ်လာသည်။ တိုက်ခိုက်နေသူနှစ်ယောက်ကြားတွင် အချိန်လေဟာနယ်တာအိုရုန်းများ ရင်ဆိုင်နေကြပြီး မျက်တောင်တစ်ခတ်အတွင်း နှစ်ပေါင်းများစွာ ကျော်ဖြတ်သွားပုံရသည်။ ဤတိုက်ပွဲအတွင်း သူမ၏ကျင့်ကြံဆင့်က နတ်အစေခံအဆင့်ကိုးအထိ မြင့်တက်သွားကာ အသက်ဓာတ်များလည်း လျင်မြန်စွာကုန်ဆုံးနေပြီး မီးစာကုန်ကာနီး မီးအိမ်တစ်ခု၏ နောက်ဆုံးအလင်းရောင်ပမာ ထွန်းလင်းနေခဲ့၏။ သူမက တစ်ချက်ပြုံးလိုက်ပြီး ထိုအခိုက်တွင် နဂါးဘုရင်ကို ပထမဆုံးအကြိမ်မြင်မြင်ချင်း ချစ်ခဲ့သော အခိုက်အတန့်ကို အမှတ်ရနေခဲ့သည်။ လှပသော ထိုမှတ်ဉာဏ်များက သူမ၏စိတ်အတွင်း ပန်းခင်းကြီးပမာ ပြန်လည်ထွက်ပေါ်လာသည်။

"ဘုန်း ဘုန်း ဘုန်း"

တန်ပြန်အားလှိုင်းများက ပတ်ဝန်းကျင်ဘက်ပေါင်းစုံသို့ ပြန့်ထွက်သွားခဲ့သည်။ တုတန်း၏မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားကာ ရွှယ်ယွမ်၏အသက်အားများ လောင်ကျွမ်းရာမှ ဖြစ်ပေါ်လာသော မီးပွားများက သူ၏အရေပြားတွင် အပေါက်များ ဖြစ်ပေါ်လာစေသည်။ ညှော်နံ့တစ်ခုနှင့်အတူ အဖြူရောင်မီးခိုးများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာချိန်တွင် ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများက ဤမြင်ကွင်းကြောင့် မျက်ရည်ဝဲနေကာ ရန်သူများကို အစွမ်းကုန်တွန်းလှန်နေကြသည်။ ရွှယ်ယွမ်၏နှလုံးသားကို နဂါးဘုရင်က ပိုင်ဆိုင်ထားသော်လည်း သူမကို မရေမတွက်နိုင်သော ကျင့်ကြံသူများက မြတ်နိုးချစ်ခင်ကြ၏။ သူမက အသက်အားကိုလောင်ကျွမ်း၍ တိုက်ခိုက်နေသောအခါ သူတို့၏နှလုံးသားများ နာကျင်နေရသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူမက နဂါးဘုရင်တစ်ယောက်တည်းကိုသာ ချစ်ခင်ကြောင်း သိလိုက်ရသောအခါ သူတို့၏အချစ်များကို အလိုက်တသိ ဖုံးကွယ်ထားခဲ့ရသည်။

"ယား"

သစ်သားစိမ်းဘုရင်က ဒေါသတကြီးကြုံးဝါး၍ အလုံးစုံဓားအစီအရင်ဖြင့် တိုက်ခိုက်နေသကဲ့သို့ ဘုရင်ဝမ်ကလည်း ရန်သူများထံ ပြေးဝင်သွားသည်။ သူက ရန်သူငါးယောက်ကို သတ်ဖြတ်လိုက်ချိန်တွင် တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေကာ သွေးချင်းချင်းနီနေသည်။ အမြဲတစေ သိမ်မွေ့နေတတ်သူက လက်ရှိတွင် အရူးတစ်ယောက်ပမာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေသည်။

"ဒီကောင့်ကို သတ်ကြ"

ရန်သူငါးယောက်က လက်နက်ကိုယ်စီဖြင့် ဘုရင်ဝမ်ကို ထိုးခုတ်လိုက်ကြသည်။ ထိုအခိုက်တွင် သူက ရွှယ်ယွမ်ကိုငေးမော၍ ကလေးတစ်ယောက်ပမာ ဖြူဖြူစင်စင် ပြုံးလိုက်သည်။ သူ၏အကြီးမားဆုံးနောင်တမှာ သူမအပေါ် အချစ်များကို ဖွင့်ဟခွင့်မရလိုက်ခြင်းဖြစ်သော်လည်း တစ်နေ့တည်း၊ တစ်ချိန်တည်း အတူတူသေမည်ဟု ဆုံးဖြတ်ထားလိုက်သည်။

"နှုတ်ဆက်ပါတယ် ရွှယ်အာ"

ဘုရင်ဝမ်က သူ၏ဒန်တန်ကို တုံ့ဆိုင်းခြင်းမရှိ ဖောက်ခွဲပစ်လိုက်ပြီး ထွက်ပေါ်လာသော စွမ်းအားကြီးက ရန်သူများကို ထိမှန်သွားသည်။ အချိန်မီမရှောင်နိုင်ခဲ့သော ကျင့်ကြံသူသုံးယောက်က ချက်ချင်းအသတ်ခံလိုက်ရပြီး ကျန်နှစ်ယောက်က သွေးများအန်ချ၍ အပြင်းအထန် ဒဏ်ရာရသွားကြသည်။

"ဘုရင်ဝမ်"

ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများက ယူကြုံးမရဝမ်းနည်းသွားပြီး မခံမရပ်နိုင်သော ဒေါသများ ဖြစ်ပေါ်လာကြသည်။ ဘုရင်ဝမ် သေဆုံးသွားသောအခါ ကောင်းကင်မူလကြယ်ကြီးတစ်ခုလုံး ဝမ်းနည်းမှုကြောင့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ရွှယ်ယွမ်က သက်ပြင်းတစ်ချက်ချ၍ ဘုရင်ဝမ်အတွက် ဝမ်းနည်းနေသော်လည်း တုတန်းကို တိုက်ခိုက်နေဆဲပင်ဖြစ်သည်။ သူမက နောက်ဆုံးအသက်ဓာတ်ကို လောင်ကျွမ်း၍ ရန်သူကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေသည်။

ပြင်ပကျင့်ကြံသူများက ကောင်းကင်မူလကြယ်မှတိုက်ပွဲကို စောင့်ကြည့်နေကြပြီး မူလတွင် တုတန်းအနိုင်ရမည်ဟု ထင်ထားခဲ့သည်။ အကယ်၍ တုတန်းသာ ကောင်းကင်မူလကြယ်၏ကျင့်ကြံသူများကို သတ်ဖြတ်ပြီးလျှင် သူတို့က ကောင်းကင်မူလကြယ်၏ ရတနာများကို လုယူရန် ကြံစည်ထားသည်။ သို့သော် ကောင်းကင်မူလကြယ်ဘက်မှ အပြင်းအထန်ခုခံလာမည်ဟု လုံးဝထင်မထားကြပေ။ ရွှယ်ယွမ်နှင့် တုတန်းကြားတွင် မည်သူအနိုင်ရသည်ဖြစ်စေ၊ ကောင်းကင်မူလကြယ်၏အင်အားက ကြီးမားစွာ ကျဆင်းသွားပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ကောင်းကင်မူလကြယ် ကကုန်းပေါ်ရောက်နေသော ငါးပမာ သူတို့၏လက်ခုပ်ထဲသို့ ရောက်သွားပြီဖြစ်လေသည်။

All Chapters