← Chapters

အိမ်ရှေ့စံမင်းသား

Vol. 43 Ch. 4.151

အိမ်ရှေ့စံမင်းသား

Vol. 43 Ch. 4.151

ဘေးနားက အမျိုးသမီး နှစ်ယောက်က တိုးတိုးလေး ရယ်မောလိုက်သည်။ နောက်ဆုံး အမျိုးသမီးကတော့ သူမ မေးစေ့ကို လက်နှစ်ဖက်နဲ့ ထောက်ရင်း အတွေးလွန်နေ၏။

"ရော့ယိုး နင်သူ့အကြောင်း တွေးနေပြန်လား? ဟိုလူက အခုဧကရာဇ် အင်ပါယာထဲက ရာဇ၀တ်ကောင် ဖြစ်နေပြီ... နင်က ရာဇ၀တ်ကောင်ရဲ့ မိန်းမ ဖြစ်ချင်​နေတာလား?"

ဓားမျက်ခုံးမွေးနဲ့ အမျိုးသမီးက တခစ်ခစ်ရယ်ပြီး ရော့ယိုးကို သူမရင်ခွင်ထဲ ကြီးစိုးစွာ ပွေ့ဖက်ထားလိုက်ရင်း ရော့ယိုးရဲ့ နူးညံ့သိမ်မွေ့သော မျက်နှာလေးကို နမ်းလိုက်သည်။

ရော့ယိုး ထအော်လိုက်သည်။ သူမက ဓားသွားမျက်ခုံးနဲ့ မိန်းကလေးကို တွန်းဖယ်လိုက်ကာ မျက်နှာပေါ်ကို လက်ကိုင်ပုဝါဖြင့် အားကြိုးမာန်တက် သုတ်၍ ခါးသီးစွာ အော်လိုက်တော့သည်။

"ဖုန်းမင်.... နင် နောက်တစ်ခါ ဒီလိုလုပ်ရင် ငါနင်နဲ့ ဘယ်တော့မှ စကားမပြောတော့ဘူး"

တခြား မိန်းကလေးများက တိုးတိုးလေး ရယ်မောလိုက်စဥ် ဖုန်းမင် ၎င်းတို့ဆီသို့ လှမ်းကြည့်လာရာ ရော့ယိုးလို ခံစားလိုက်ရမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ဘေးကို ရွှေ့သွားကြသည်။

"လုံယင်.... သခင်လေးယွမ်ယန်က မင်းသမီးပိုင်လုံနဲ့ တော်ဝင်မြို့တော်ကို ရောက်လာမယ်လို့ ထင်လား "

"သေချာတာပေါ့... သခင်လေးယွမ်ယန်က ဒီလိုဇာတ်ကွက်မျိုး ဖန်တီးထားတာက တစ်ရှိန်ထိုး နာမည်ကြီးချင်နေတာပဲ ဖြစ်မှာ ဟဲဟဲ... အခုတော့ သူ မရောက်သေးပေမယ့် အားလုံး စောင့်မျှော်နေကြပြီမလား?"

ဤလူလေးယောက်သည် ထျန်းလုံဧကရာဇ် အင်ပါယာ၏ စွမ်းရည်ထက်မြက်သော အမျိုးသမီးလေးယောက် ဖြစ်သည်။ ဖုန်းမင်သည် လက်နက်များကို သန့်စင်ရာတွင် ကျွမ်းကျင်သည်။

လုံယင်သည် မီးငြိမ်းသတ်နိုင်သည်။ ရော့ယိုးက အခင်းအကျင်း ပုံပန်းသဏ္ဌာန်များကို ကျွမ်းကျင်ပြီး ထျန်းယင်သည် မိုးခြိမ်းသံကို ကောင်းစွာ ဖမ်းစားနိုင်သည်။

အမျိုးသမီး လေးယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အပြည့်စုံဆုံး လက်ရာကို ယွမ်ယန်လို့ အမည်ရှိတဲ့ ကောင်လေးတစ်ယောက်က နေရာကို ဖျက်စီးခဲ့ပြီး နဂါးဖြူဓားလို့တောင် နာမည်ပြောင်းခဲ့သည်။

ဒါက သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ ဘာကွာတော့မှာလဲ။

ထို့ကြောင့် မင်းသမီးပိုင်လုံနှင့် သူမအဖွဲ့သည် နောက်ဆုံးတွင် တော်ဝင်မြို့တော်သို့ ရောက်ရှိခဲ့ကြောင်း ကြားသိရပြီးနောက် မိန်းကလေး လေးဦးသည် တုံ့ပြန် ဆောင်ရွက်မည့် ကိစ္စများကို အတူတကွ ဆွေးနွေး​နေခဲ့ကြသည်။

"ရောယိုး... နင် ကြောင်သွားပြန်ပြီ အဲဒီ ရာဇ၀တ်ကောင် အကြောင်းကို ထပ်ပြီး တွေးနေပြန်ပြီလား?"

မိန်းကလေး သုံးယောက်က ယွမ်ယန်ကို သင်ခန်းစာ ဘယ်လိုပေးရမလဲ ဆိုတာကို ဆွေးနွေးနေကြစဥ် ရုတ်တရတ် ရော့ယိုးင စားပွဲပေါ်မှာ ရှုံ့မဲ့စွာ လဲလျောင်းနေတာကို တွေ့လိုက်ရ၏။

ရော့ယိုး သက်ပြင်းချလိုက်ပြီး ငြင်းမနေဘဲ ပြောလိုက်သည်။

"ဟုတ်တယ်.... ငါ သူ့အကြောင်း တွေးနေတာ... အခုက အင်ပါယာရဲ့ အတက်အကျတွေက သီချင်းဆိုပြီး ကခုန်နေတဲ့ ကျောင်းတစ်ကျောင်းလို ဖြစ်နေတုန်းပဲ... ထျန်းလုံကျောင်းတော်နဲ့ ဆက်ဆံရေး ရှိသူတိုင်းက ဒါကို သိတယ်... အခု အင်ပါယာက ဆွေးမြေ့နေပြီ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ မသိဘူး"

အမျိုးသမီး သုံးဦးသည် ရော့ယိုးတစ်ယောက် အင်ပါယာရေးရာများကို ပြောလာမယ်လို့ မမျှော်လင့်ထားချေ။ ဒါကလည်း ၎င်းတို့ အထူးစိုးရိမ်နေသည့် အရာဖြစ်သည်။

ဖုန်းမင်က ဝင်၍

"မင်းသမီးပိုင်လုံက ထီးနန်းအတွက် တိုက်ပွဲဝင်ဖို့ ပြန်လာတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေတယ်... ငါတို့ ထျန်းလုံဧကရာဇ် အင်ပါယာမှာ အမျိုးသမီး ဧကရာဇ် တစ်ခါမှ မရှိခဲ့ဘူး... ဒါပေမဲ့ ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးကတော့ အမြဲတမ်း အမျိုးသမီးပဲ"

"မင်းသမီးပိုင်လုံက တော်ဝင်မြို့တော်နဲ့ နှစ်အတော်ကြာ ဝေးကွာနေခဲ့တော့ ဒီနေရာရဲ့ အာဏာဗဟိုချက်နဲ့ ကင်းကွာနေခဲ့တာ ကြာပြီ.... ဒါ့အပြင် သူမမှာ ခိုင်မာတဲ့ နောက်ခံမရှိဘူး မဟုတ်ရင် သူမက နယ်ချဲ့မြို့တော်ကို စိတ်ဆိုးပြီး တစ်ယောက်တည်း ထွက်သွားမှာ မဟုတ်ဘူးလေ"

လုံယင်က ဆို၏။ မင်းသမီးပိုင်လုံနဲ့ ပတ်သက်လာရင် သူမရဲ့ မျက်နှာမှာ အပြုံးတစ်ခုရှိပြီး သူတို့ဟာ မင်းသမီးပိုင်လုံ​နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြသည်။ မဟုတ်ရင် ချင်းယွီဓားကို သန့်စင်ဖို့ သဘောတူခဲ့မှာ မဟုတ်ချေ။

"ဧကရာဇ်မင်းက နန်းစွန့်တော့မယ်.... အခု ထီးနန်းအတွက် ပြိုင်နိုင်တဲ့ မင်းသား၄၄ပါး ရှိတယ်.... နန်းရဖို့ဆိုတာ မလွယ်ဘူး.... အခု မင်းသမီးပိုင်လုံကပါ ဝင်လာတော့ ဟူး.... မြို့တော်ထဲမှာ ဖရိုဖရဲတွေ ဖြစ်လာတော့မယ်"

ရော့ယိုးရဲ့ အသံသည် စိတ်ခံစားချက် အပြည့်ဖြင့် တိတ်ဆိတ်စွာ ဆိုနေသည်။ ထိုစဥ် ပေါက်ကွဲအား အပြင်းထန်ဆုံးသော ထျန်းယင်က ဒေါသကြီးစွာဖြင့် နှုတ်ခမ်းစူကာ ဆိုလာ၏။

"ဖရိုဖရဲဖြစ်လေ ကောင်းလေးပဲ... အဲဒီပုပ်နေတဲ့ သစ်ပင်တွေကို အမြစ်ပြတ်က​နေ ချေမှုန်းပစ်သင့်တာ ကြာပြီ.... ပုပ်နေတဲ့ သစ်သားတွေကိုလည်း သည်းမခံနိုင်တော့ဘူး.... သစ်ကိုင်း တစ်ကိုင်းနှစ်ကိုင်း ပုပ်နေရင် ပင်စည်ခိုင်ဖို့လည်း မသေချာတော့ဘူး... ဘယ်လိုလုပ် ဆက်ပြီး အမြစ်တွယ်နိုင်ပါတော့မလဲ? သစ်ပင်ကြီးကို ခုတ်လှဲပြီး ပြန်စရမယ်"

တခြားအမျိုးသမီးများမှာ သူတို့နဖူးကို ပုတ်သပ်ရင်း ကူကယ်ရာမဲ့ ခေါင်းခါလိုက်ကြသည်။ သူတို့ ထျန်းယင်နှင့် မကြာခဏ ပေါင်းဖော်တတ်သည်။ သူမသည် အငယ်ဆုံး ဖြစ်သော်လည်း စိတ်တိုဒေါသ ထွက်မှုအရှိဆုံးပင်။

ဖုန်းမင်တို့မှာ ယွမ်ယန်ကို သင်ခန်းစာ ပေးမည်ဟု အော်ဟစ်သော်လည်း စကားအဖြစ်သာ ​ရှိသည်။

နဂါးဖြူဓား မွေးဖွားလာတဲ့ မြင်ကွင်းအကြောင်းကို ကြားတော့ တစ်ဖက်လူရဲ့ ပြိုင်ဘက် မဟုတ်ကြောင်း သူတို့ကိုယ်တိုင် သိထားသောကြောင့် မိန်းမငယ်လေးများမှာ စုပြီး ညည်းညူပြောဆိုကြနေကြသည်။ ထျန်းယင်သာ ပြဿနာ သွားရှာမည် ဆိုပါက တကယ် လက်တွေ့မှာ ကြီးမားတဲ့ ပြဿနာသာ ဖြစ်လာလိမ့်မယ်။

စစချင်းတုန်းကတော့ မိုးခြိမ်းသံနဲ့ မိုးကြိုးပစ်လို အော်ဟစ်နေခဲ့ပေမယ့် သေမှာလည်း ကြောက်ရသေးသည်။

"အာ... ငါတို့ ဘာလို့ သွားမကြည့်တာလဲ? ပြောလို့မရဘူး သခင်လေးယွမ်ယန်နဲ့ တွေ့ချင်တွေ့နိုင်တယ်"

လုံယင်က အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ မိန်းကလေး လေးယောက်မှာ တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်ကာ ချက်ချင်း ထွက်မသွားဘဲ ငြင်းဖို့ အကြောင်းပြချက် ရှာနေကြ၏။

လုရွှမ်ကတော့ ယခုအချိန်တွင် ယွမ်ယန်အသွင်ကို သဘာဝကျကျ ၀တ်ဆင်ထားပြီး သူတကယ်ကို စိတ်ဓာတ်ကျနေ၏။ နှစ်ဝက်လောက် ခရီးထွက်လာပြီးနောက် သူ့အချိန်တွေ အလဟသ ဖြစ်သွားသလို ခံစား​နေရသည်။

လျှပ်စီးငှက်နဲ့သာ ပျံသန်းပြီး တစ်လမပြည့်မီတွင် ရောက်လာမည်ဟု သူယုံကြည်သည်။

လုရွှမ် စိတ်ဓာတ်ကျနေပေမယ့် မင်းသမီးပိုင်လုံကတော့ အရမ်းပျော်နေ၏။ သူနဲ့အတူ နှစ်ဝက်လောက် နေ့ရောညပါ ဖြတ်သန်းပြီးတဲ့ နောက်မှာတော့ ဒီလူအကြောင်း ပိုသိလာလေ စိတ်ဝင်စားလာလေပင်။

သူမကတော့ သူ့ရှေ့မှာ ညီမငယ် တစ်ယောက်လို အမြဲတစေ ပြုမူခဲ့လို့ ဆူပူကြိမ်းမောင်းခြင်း ခံရတာမျိုးတွေ မရှိခဲ့ချေ။

နောက်ဆုံးတော့ တော်ဝင်မြို့တော်ကို ရောက်လာပြီ။ ဘုန်းကြီးတဲ့ မြို့တော်ကို လုရွှမ် မျက်ရည်တွေပင် ကျချင်လာသည်။

နောက်ဆုံးတော့ ရောက်ပြီပေါ့!

"အယ်... ယွမ့်လင် ထားခဲ့တဲ့ အမှတ်အသားပဲ... စောင့်ရတာ ငြီးငွေ့နေလို့များလား?"

မထင်မှတ်ပဲ မြို့ထဲကို မဝင်ခင်မှာ ယွမ့်လင်က မြို့ရိုးမှာ အမှတ်အသား တစ်ခု ထားခဲ့တာကို တွေ့လိုက်ရသည်။ လုရွှမ် မျက်လုံးများ တောက်ပလာကာ မင်းသမီးပိုင်လုံအား နှုတ်ဆက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်မှ အရိပ်သုံးခု ရုတ်တရက် ဆင်းသက်လာသည်။ အလယ်တွင်ရှိ တစ်ယောက်က တော်ဝင်ဝတ်စုံကို ၀တ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်ပြီး လူလတ်ပိုင်းတစ်ဦးသည် သူ့ကို နှစ်ဖက်စလုံးတွင် ရပ်နေ၏။

သူတို့နှစ်ဦး၏ ထွက်သက်သည် မှောင်မိုက်နေပြီး ၎င်းတို့သည် စစ်မှန်သော သူတော်စင်နယ်ပယ်များ ဖြစ်​လေသည်။

"ဟားဟား ညီမလေးချင်းယွီ... မင်းနောက်ဆုံးတော့ ဧကရာဇ်မြို့တော်ကို ပြန်လာချင်သွားပြီပေါ့...ဒီကိုကိုအိမ်ရှေ့စံက မင်းကို အရမ်းသတိရနေတာ"

လူငယ်လေးသည် သူ့ကိုယ်သူ အိမ်ရှေ့စံဟု ဆိုရင်း လမ်းလျှောက်လာကာ မင်းသမီးပိုင်လုံကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်သည်။

မင်းသမီးပိုင်လုံ​သည် ယခင်က ဒီမင်းသားကို ချစ်ခင်တွယ်တာမှု ရှိခဲ့သလို အနည်းငယ် မကျေမနပ် ပြုံးလိုက်သော်လည်း ယခု သူမက ထီးနန်းအတွက် လာခဲ့တာကြောင့် သူမရင်ထဲ ဘာမှ မရှိတော့သည်မှာ ထင်ရှား​လေသည်။

"အစ်ကိုအိမ်ရှေ့စံ... မတွေ့တာရကြာပြီနော်"

"အဘွား... ပိုင်လုံမြို့မှာတုန်းက ဒဏ်ရာ ရခဲ့သေးတယ်လို့ ကျွန်တော် ကြားမိတယ်... အခုရော အဆင်ပြေရဲ့လား? ဒီမှာ ယွမ်ချီဆေးတစ်ပုလင်း... ကျေးဇူးပြုပြီး လက်ခံပေးပါ"

အဘွားကြီးက ဆောလျင်စွာ ဂါဝရပြုရင်း။

"ဒီအဘွားကြီးကို အဘွားလို့ ခေါ်တာကို မခံယူဝံ့ပါဘူး... လက်ဆောင် ပေးလို့ ကျေးဇူးပါပဲ အိမ်ရှေ့စံမင်းသား ကျန်းမာပါစေ"

မင်းသားသည် နှစ်သက်ဖွယ်ရာ စကားအနည်းငယ်ကို ဖလှယ်လိုက်ပြီး ဘေးနားရှိ လုရွှမ်အား စိုက်ကြည့်လာသည်။ မင်းသမီးပိုင်လုံနဲ့ ယှဉ်ရင် လုရွှမ်အ​ပေါ် သူ့အပြုံးက ပိုဖော်ရွေလေ၏။

"ဒါက နာမည်ကြီးပြီး ထက်မြက်တဲ့ ဝိညာဉ်သခင် လူကြီးမင်းယွမ်ယန် ထင်တယ်... လူကြီးမင်းရဲ့ နာမည်က မိုးကြိုး ပစ်ချလိုက်သလိုပဲ တော်တော်လေး နာမည်ကြီးနေတာ ကြာပါပြီ"

လုရွှမ်က ပျင်းရိစွာ သူ့လက်များကို ကွေးလိုက်ပြီး

"ထားပါတော့ ထားပါတော့!"

အိမ်ရှေ့မင်းသား တစ်ဝိုက်ရှိ သူတော်စင်နယ်ပယ်က လူနှစ်ယောက်သည် လုရွှမ်ရဲ့ ပျင်းရိသော သဘောထားကို သိသိသာသာ မကျေမနပ် ဖြစ်နေသည်။ အိမ်ရှေစံ မင်းသားကတော့ ပြုံးလျက်။

"လူကြီးမင်းယွမ်ယန်က စကားကို အလွတ်သဘော ပြောတတ်တာ ကြားထားပြီးသားပါ.... ထျန်းလုံကျောင်းတော်ရဲ့ ကောင်စစ်ဝန်ကို ဆူချင်သလို ဆူပူကြိမ်းမောင်းပစ်တာပဲနော်... ဒီမင်းသားက ပေါ့ပေါ့ပါးပါး စကားပြောတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းရတာ ကြိုက်တယ်"

"အခု လူကြီးမင်းယွမ်ယန်က ​​တော်ဝင်မြို့တော်ကို ရောက်လာ​ပြီ ဆိုတော့ အိမ်ရှင်အနေနဲ့ ကောင်းကောင်းလက်ခံပြီး လူကြီးမင်းယွမ်ယန် အတွက် ဖုန်မှုန့်တွေကို သန့်စင်ပေးမှာရမှာပါ... ညီမငယ်က ပင်ပန်းနေပြီ ဆိုတော့ မဖျော်ဖြေပေးနိုင်မှာ ကြောက်ရတယ်... ဧည့်ခံမှု အဆင်မပြေမှာ စိုးလို့ လူကြီးမင်းယွမ်ယန် ကျေးဇူးပြုပြီး ကျွန်​တော်နဲ့အတူ လိုက်ခဲ့ပါ.... အသုံးအဆောင်တွေ အားလုံး စီစဉ်ပြီးပါပြီ သိပ်မကြာခင်က ကျွန်​တော့်ရဲ့ လက်အောက်ငယ်သား တစ်ယောက်က ဒဏ္ဍာရီလာ ခရမ်းရွှေအလင်းတန်း တစ်ပိုင်းကို ဆက်သလာခဲ့သေးတယ်...လူကြီးမင်းယွမ်ယန်လည်း အတူလိုက်ပြီး မြည်းစမ်းဖို့ စိတ်ဝင်စားရဲ့လား?

အိမ်ရှေ့စံမင်းသား ပြောသော စကားများသည် အလွန်အမင်း ကြီးစိုးသော်လည်း အဓိပ္ပာယ် တစ်မျိုးလည်း သက်ရောက်နေသေးသည်။

ဘာသာပြန် - မင်းသမီးပိုင်လုံရဲ့ အဘွားက အမေ့ရဲ့အမေလို အဘွား မဟုတ်ပါ။ အမေ့ရဲ့ အဒေါ်ပါ။ 姑奶奶,လို့ ရေးထားပါတယ်။ 姑ကအဒေါ် 奶奶က အဘွားပါ။

All Chapters