ကြံစည်ခြင်း
Vol. 43 Ch. 4.152
ပိုင်လုံမှာ ဒေါသတကြီး နှုတ်ခမ်းစူနေပေမယ့် ဘယ်လိုငြင်းရမလဲ မသိချေ။
"ခရမ်းရွှေအလင်းတန်း?"
လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာသည်။ ဝိညာဉ်သခင် တစ်ယောက် အနေဖြင့် ဝိညာဥ်သခင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေက ရှားပါးပြီး အဖိုးတန်ကြောင်း သဘာဝကျကျ သိလေ၏။
လုရွှမ် သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ်တွင် အနီရောင် ဝိညာဉ်သစ်သားကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် သူသည် အစိမ်းရောင်သစ်ရွက် နှလုံးသစ်သားကို ရရှိခဲ့သည်။
ထိုနှစ်ခုမှာ ပစ္စည်းကောင်းလေးများ ဖြစ်သလို ခရမ်းရွှေအလင်းတန်းက သူတော်စင်နယ်ပယ် အတွက် အသင့်တော်ဆုံး လက်နက် ဖြစ်သည်။
မာကျောမှု ၊ စိတ်စွမ်းအား ပေါင်းစပ်မှု သို့မဟုတ် လေကို ချိုးဖျက်ပြီး အခင်းအကျင်း ဖွဲ့စည်းမှုများကို ဖြိုခွင်းခြင်းများ အားလုံးသည် ခရမ်းရွှေအလင်းတန်းအား ထိပ်တန်း ရွေးချယ်ချင်စရာများ ဖြစ်သည်။
လုရွှမ်ရဲ့ အမူအရာ ပြောင်းလဲသွားတာကို မြင်လျှင် အိမ်ရှေ့စံမင်းသားမှာ ချက်ချင်း ဝမ်းသာသွားသည်။ သူ့ညီမငယ်အား ကြည့်လိုက်သေး၏။ ညီမဖြစ်သူက ခရမ်းရွှေအလင်းတန်းထက် အဆင့်နိမ့်တဲ့ စိတ်ဝိညာဉ်ဆွဲ သစ်သားတစ်ပိုင်းကို ပေးခဲ့တာကို ကြားခဲ့ရလေသည်။
အဲဒီနောက်မှာတော့ သူဟာ အချိန်တိုင်း ပေးကမ်းနေလိုက်၊ ဓားတွေ လေ့ကျင့်ပေးလိုက်၊ လူကို ကယ်တင်ပေးလိုက်၊ အခင်းအကျငိး ဖွဲ့စည်းတည်ဆောက်မှုတွေကို ပြင်ပေးလိုက်ဖြင့် လုပ်ပေးခဲ့သည်။
ဒါ့အပြင် သခင်လေးယွမ်ယန်က သူတို့ကို တောက်လျှောက် စောင့်ရှောက် ပေးနေခဲ့တယ်တဲ့လေ။ သူတကယ်ပဲ သူ့ကိုယ်သူ မင်းသမီးလေးလို့ ထင်သေးရဲ့လား။ တစ်ဖက်လူ အမြင်မှာ တမင်သနားအောင် လုပ်နေတာလား?
အရင်ကတော့ သခင်လေးယွမ်ယန်က သူ့ညီမကို စွဲလန်းနေတယ်လို့ ထင်ခဲ့ပေမယ့် ခဏလောက် ချောင်းကြည့်ပြီးတဲ့ နောက်မှာ ညီမလေးကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ သိသာလာခဲ့သည်။
သူ့နှလုံးသားထဲမှာ နှစ်ယောက်ကြားက ဆက်ဆံရေးကို နားလည်တဲ့အတွက် သူ တိုက်ရိုက် ခုန်ဝင်ဖို့ ကြိုးစားလိုက်ခြင်းပင်။
"ချင်းယွီ!"
အသံတစ်ခုသည် အဝေးမှ ရုတ်တရက် ထွက်ပေါ်လာပြီး နောက်တွင် လှပသော အသံသုံးသံကလည်း တစ်ဆင်တည်း ထွက်ပေါ်လာခဲ့သည်။ မင်းသမီးပိုင်လုံရဲ့ မျက်လုံးများလည်း တောက်ပလာကာ ဝမ်းသာအားရ ခုန်တက်သွားသည်။
"ဖုန့်မင်၊ လုံယင်၊ ရော့ယိုး.. ထျန်းယင် နောက်ဆုံးတော့ ငါတို့ ပြန်တွေ့ကြပြီ... ငါနင်တို့ကို အရမ်းသတိရနေတာ"
မင်းသမီးပိုင်လုံက အော်လိုက်ပြီး လုရွှမ်ကို ရုတ်တရက် ဆွဲကိုင်လိုက်၏။
"အစ်ကိုယွမ်ယန်... ကျွန်မညီအစ်မ လေးယောက်နဲ့ မိတ်ဆက်ပေးပါရစေ.... သူတို့က ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ အရည်အချင်းရှိ အမျိုးသမီးလေးယောက်ပဲ"
အိမ်ရှေ့စံ မင်းသားကလည်း လျင်မြန်စွာ လုရွှမ်ကို လက်တစ်ဖက်မှ ဆွဲထားလိုက်သော်လည်း မင်းသမီးပိုင်လုံက အမြန်ပဲ မိတ်ဆက်လိုက်လေသည်။
အိမ်ရှေ့စံမင်းသား ရှင့်မှာ အကြံအစည်တွေ ရှိနေရင်တောင် ငါ့မှာ ညီအစ်မတွေ ရှိနေသေးတယ်။
လုရွှမ် မိန်းကလေး လေးယောက်ကို ကြည့်လိုက်သည်။ ဒီကောင်မလေး လေးယောက်ကို သူသိနေပါပြီ။ လွန်ခဲ့တဲ့ ခြောက်လလောက်က မင်းသမီးပိုင်လုံက ငယ်စဉ်ကလေး ဘဝကနေ လူကြီးဘဝအထိ သူမပုံပြင်တွေကို ထပ်ခါထပ်ခါ ပြောပြခဲ့ပါသည်။
သူတို့က တစ်ယောက်နဲ့ တစ်ယောက် အင်မတန် ရင်းနှီးကြကြောင်း ပြောပြခဲ့ဖူးသည်။
"ဟမ့် နင်က ငါတို့လေးယောက် ပေါင်းပြီး လုပ်ထားတဲ့ဓားကို ပျက်စီးခဲ့တဲ့သူလား? ချင်းယွီ နဂါးဖြူဓားကို ထုတ်လိုက်ပါဦး... တစ်ချက်လောက် ကြည့်ရအောင်... သူက ဘယ်လောက်တောင် ကောင်းနေလဲလို့"
ခေါင်းဆောင်ဖြစ်တဲ့ ဖုန့်မင်က အော်ပြောလိုက်သည်။ သူမသည် အတော်လေး အသက်ကြီးပြီး ယေဘူယျအားဖြင့် ဒီသုံးယောက်ကို သူမကသာ ဦးဆောင်တတ်သည်။
နဂါးဖြူဓား၏ အံ့သြဖွယ် ကောင်းမှုကို မြင်တွေ့ရန် လာရောက်ကြသူများက ဤနေရာတွင် စုရုံးရောက်ရှိ လာခဲ့ကြသည်။ နဂါးဖြူဓားကို ပြဖို့ မိန်းကလေးဖုန့်မင်ရဲ့ တောင်းဆိုချက်ကို ကြားသောအခါ အားလုံးက စိုက်ကြည့်ကာ အော်ဟစ်လာကြသည်။
မင်းသမီးပိုင်လုံလည်း လုရွှမ်အား ခွင့်ပြုချက်များ တောင်းနေသကဲ့သို့ ဂရုတစိုက် စိုက်ကြည့်လိုက်တဲ့အခါ လုရွှမ်က ဘာမှမထူးခြားဘဲ ပြုံးပြလိုက်သည်။ ထိုအခါမှ သူမနောက်ကျောမှာ ထုပ်ထားတဲ့ ကျောက်စိမ်းသေတ္တာကို ချွတ်ပြီး ကျောက်စိမ်းသေတ္တာကို ဖွင့်ပြလိုက်သည်။
ရွှမ်း!
ဓားသံနှင့်အတူ ကျောက်စိမ်းသေတ္တာထဲမှ နဂါးဖြူဓားသည် အလိုအလျောက် ခုန်တက်လာကာ မင်းသမီးပိုင်လုံကို လှည့်ပတ်ပျံသန်းကာ သူမ၏ ရင်ဘတ်ရှေ့တွင် ပြားပြားဝပ်လျက် လွင့်မျောနေလေသည်။
ရုတ်တရက် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားကာ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
"မှော်လက်နက်မှာ ဝိညာဥ်ရှိတယ်.... မှော်လက်နက်မှာ ဝိညာဥ်ရှိတယ်ကွ!!"
ရှေးလူတချို့က ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
စွမ်းရည် ထက်မြက်သော အမျိုးသမီးလေးဦးမှာ ခဏတာ အံ့အားသင့်သွားကြသည်။ သူတို့ အားလုံးသည် ယခင်က ဓားသိုင်း လေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြသောကြောင့် သဘာဝအတိုင်း ဓားသွား လေ့ကျင့်ရာတွင် အတွေ့အကြုံ တချို့ရှိခဲ့ကြသည်။
ထိုကဲ့သို့သော ဓားကို ပြန်လည် ပြုပြင်နိုင်ခြင်းသည် သူမတို့ စိတ်ကူးယဉ်နိုင်တာထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
အနောက်ဘက်တွင်ရှိ အိမ်ရှေ့စံမင်းသား ဟုန်ထျန်းယဲ့၏ မျက်လုံးများ ပြူးထွက်လုမတတ် အံ့ဩနေ၏။ သူ့ နှစ်ဖက်စလုံးရှိ သူတော်စင်နှစ်ဦးမှာလည်း အသက်ရှူမဝ ဖြစ်လာကာ တောက်လောင်နေသည့် အမူအရာများ ရှိနေကြသည်။ ဓားသည် သူတို့ စိတ်နှလုံးကို လှုပ်ရှားစေခဲ့တာ ထင်ရှားလေသည်။
ဒီလူကို ဖမ်းထားရမယ်။ တန်ခိုး ကြီးလွန်းတယ်လေ။ တွယ်ကပ် ထားလိုက်တာနဲ့ အတောင်ပံတွေနဲ့ ကျားတစ်ကောင်လို ဖြစ်သွားလိမ့်မယ်။
အိမ်ရှေ့စံမင်းသားက ကျယ်လောင်စွာ ရယ်မောရင်း ရှေ့ကို အရှိန်ပြင်းစွာ လျှောက်သွားလိုက်သည်။
"သခင်လေး ယွမ်ယန်က တကယ့် နတ်ဘုရားတစ်ဆူလို လက်နက် သန့်စင်တဲ့ပညာကို ကျွမ်းကျင်တဲ့ ပညာရှင်ကြီးကိုး... ထျန်းယဲ့ အရင်က ဝိညာဉ်သခင်ရဲ့ လက်နက်တွေက အရမ်းကို လက်ရာမြောက်တယ်လို့ ကြားသိခဲ့ဖူးတယ်... ဝိညာဥ်သခင်တွေက ဓားပျံတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်အောင် ထိန်းချုပ်ထားနိုင်တယ်တဲ့.... အခုလို့ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး.... ဓားပျံအစစ်က ထျန်းယဲ့အတွက် တကယ်ကို မျက်စိပွင့်စေပါတယ်!"
"ဟမ့်! "
မင်းသမီးပိုင်လုံသည် ဒီအကျင့် မကောင်းတဲ့ အစ်ကို ဝင်ရောက်စွက်ဖက်မှာကို သိ၍ နှာမှုတ်လိုက်သည်။ သူမက ပြုံးပြီး ပြောလိုက်သည်။
"အစ်ကိုအိမ်ရှေ့စံ... ဘာလို့ ယူမကြည့်တာလဲ?"
အိမ်ရှေ့စံမင်းသား ဟုန်ထျန်းယဲ့လည်း အနည်းငယ် သံသယ ဝင်သွားသည်။ ဒီကောင်မလေး ဘာလို့ ဒီလောက်တောင် ကြင်နာနေတာလဲ?။ ဒါပေမဲ့ ဒါက ထောင်ချောက်တစ်ခု ဆိုရင်တောင် နဂါးဖြူဓားရဲ့ အငွေ့အသက်တွေကို ခံစားနိုင်ဖို့ တစ်ကြိမ်လောက်တော့ စမ်းသပ်ကြည့်သင်တယ်လို့ ခံစားရသည်။
မည်သို့ပင်ဆိုစေကာမူ မင်းသားသည် ယွမ်ချီကို သူ့လက်ဖဝါးတွင် လှည့်ပတ်ကာ လှည့်စားမှုတစ်ခု ဖြစ်မှာကို စိုးရိမ်သဖြင့် ဓားသွားကို ရုတ်တရက် ဆွဲကိုင်လိုက်သည်။
"အား!"
အိမ်ရှေ့စံမင်းသားရဲ့ လက်ဖဝါးဟာ သွေးတွေနဲ့ ဖုံးလွှမ်းသွားခဲ့သည်။ နဂါးဖြူဓားကို လွှင့်ပစ်လိုက်တဲ့အခါ သူ့လက်ဖဝါး တစ်ခြမ်းက ပြတ်လုနီးပါး ဖြစ်ပြီး လက်နှစ်ချောင်း ပြတ်သွားတာကြောင့် အတိအကျ မပြောနိုင်လောက်အောင်ကို နာကျင်နေမှာ အမှန်ပင်။
"အိုး... အိမ်ရှေ့စံမင်းသား... မင်းသား ဘာလို့ ဓားသွားကို ဖမ်းရတာလဲ? မင်းသားက ခွန်အားတွေ အများကြီးတောင် ထုတ်သုံးလိုက်သေးတယ်? ဓားဘယ်လောက် ထက်မြက်လဲဆိုတာ မင်းသားရဲ့ ခန္ဓာကိုယ်နဲ့ စမ်းချင်နေတာလား?"
ဖုန့်မင်မှ ပြောပြီးနောက် တခြား မိန်းကလေးတွေကလည်း တိတ်တိတ်ကလေး ရယ်မောလိုက်ကြသည်။
သူတို့သည် မင်းသမီးပိုင်လုံနှင့် အလွန် ရင်းနှီးကြသည်။ အိမ်ရှေ့စံမင်းသားကို ဓားဖြင့်ကစားရန် ဖိတ်ခေါ်တာကို မြင်သောအခါ ကောင်မလေးများလည်း လှည့်ကွက်တစ်ခုခု ရှိမည်ကို နားလည်သွားကြသည်။
သေချာတာပေါ့။ အိမ်ရှေ့စံက လက်ဖဝါးကို ဖွင့်ပြီး ဓားကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်တဲ့အခါ တန်ပြန်လာတာက နဂါးဖြူဓားရဲ့ အင်အားဖြစ်နိုင်တယ်ဆိုတာ သူမတို့ သိလိုက်သည်။
"အိုး တောင်းပန်ပါတယ် အစ်ကိုအိမ်ရှေ့စံ.... ငယ်ငယ်ကတည်းက အစ်ကိုညီမကို အရမ်းချစ်ခဲ့တော့ ညီမက ကောင်းတာတွေကို ဝေမျှချင်ခဲ့တာ... နဂါးဖြူဓားက ညီမပဲ ဆုပ်ကိုင်နိုင်တယ်ဆိုတာ ပြောဖို့ မေ့သွားတယ်... တခြားသူတွေ ဆုပ်ကိုင်ရင် ဓားက သေချာပေါက် တုံ့ပြန်လာလိမ့်မယ်... တောင်းပန်ပါတယ် နာကျင်လွန်းလို့ လက်နှစ်ချောင်းတောင် ပြတ်သွားပြီ... ပြန်ဆက်လို့ ရသေးလား မသိဘူး?"
မင်းသမီးပိုင်လုံလည်း ပြောသည့်အတိုင်း သူမသည် နဂါးဖြူဓားကို လက်ဖဝါးဖြင့် ဖမ်းကိုင်လိုက်သည်။ နဂါးဖြူဓားသည် မလှုပ်မယှက်ပင်။ မင်းသမီးပိုင်လုံက ၎င်းကို ဆုပ်ကိုင်ထားနိုင်သော်လည်း ချက်ချင်းပင် နဂါးဖြူဓားထက်မှ ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ကောင်းကင်မှာ အဖြူရောင်အလင်းတန်းများ ထွက်လာကာ မင်းသမီးပိုင်လုံ နောက်ကနေ နဂါးဖြူကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လေထုအလယ်၌ သူ့ရဲ့ စွမ်းအားကို ပြသပြီးနောက် နဂါးဖြူဓားထဲကို ပြန်ဝင်သွားခဲ့၏။
မင်းသမီးပိုင်လုံလည်း ဓားကို ပြန်သိမ်းလိုက်သည်။
"ဒါက တကယ့် နဂါးကြီးပဲ.... တကယ့် နဂါးကြီး မွေးသွားပြီ!"
"နဂါးအစစ်ကို ဂါဝရပြုပါတယ်"
ဘယ်သူက စပြောလိုက်တယ် မသိ။ တစ်ယောက်ပြီး တစ်ယောက် မြေပေါ်ပျပ်ဝပ်လျက် မင်းသမီးပိုင်လုံကို ဂါဝရပြုလိုက်ကြလေသည်။
"ဟမ့်!"
အိမ်ရှေ့စံရဲ့ မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့သွား၏။ ကလေးမလေးက ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာကို သူ မသိလိုက်ကေ။ မျက်နှာကို ဦးစွာ သုတ်လိုက်ပြီးမှ သူ့လက်တစ်ဖက်ကို ကိုင်ထားလိုက်သည်။
မထင်မှတ်ပဲ သူ့ရင်ခွင်ထဲမှာ ပွေ့ချီထားခဲ့ဖူးတဲ့ ညီမငယ်က မြို့ထဲက လူတွေရဲ့နှလုံးသားကို ရယူဖို့ ကြံစည်နေခဲ့လေသည်။
သူ့စိတ်ထဲက ဒေါသတွေကို မျိုသိပ်ပြီး လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း လုရွှမ်အား ကြည့်ကာ ဆိုလိုက်သည်။
"တော်ဝင်ဂုဏ်သရေရှိ မိသားစု ဆက်ဆံရေးက အေးစက်တဲ့ မိသားစု ဆက်ဆံရေးရှိတယ်... သခင်လေးယွမ်ယန်ကို ရယ်အောင် လုပ်မိသွားပါပြီ.... ဒီနေ့တော့ အဆင်မပြေဘူး ဒါကြောင့် နောက်နေ့မှ လာနှုတ်ဆက်ပါတော့မယ်"
စကားပြီးသည်နှင့် အရိုးဆက်ရန် စံအိမ်သို့ အမြန်ပြန်သွားခဲ့သည်။
"ဟားဟားဟား" ကောင်မလေးတွေက မသိမသာ ရယ်မောလိုက်ကြသည်။
သူတော်စင်နှစ်ဦးသည် ရုတ်တရက် လက်ဝေ့ယမ်းလိုက်ရာ လေပြင်းနှစ်ချက် တိုက်ခတ်သွားကာ လူတိုင်းကို အပိုင်းပိုင်း ကွဲသွားစေသည်။ လူတိုင်းလည်း အံ့သြသွားပြီး ဘယ်သူမှ စကား ထပ်မပြောရဲကြတော့ချေ။