← Chapters

သီးခြားသွားခြင်း

Vol. 43 Ch. 4.153

သီးခြားသွားခြင်း

Vol. 43 Ch. 4.153

"ပြင်းလိုက်တဲ့လေ!"

လုရွှမ် ဆိုလိုက်သည်။

မင်းသမီးပိုင်လုံနဲ့ အရည်အချင်းရှိ မိန်းကလေး လေးယောက်ဟာ ခဏလောက် ထိတ်လန့်သွားပြီး မထိန်းနိုင်ဘဲ ရယ်မောလိုက်ကြသည်။

"မြို့ထဲကို သွားကြမလား?"

မင်းသမီးပိုင်လုံက အကြံပေးလိုက်သည်။

လုရွှမ်သည် ထျန်းလုံဧကရာဇ် အင်ပါယာ၏ ရာဇပလ္လင်တော် တိုက်ပွဲတွင် မပါဝင်ချင်ပေ။ သူ့ထင်မြင်ချက်အရ သူ့လက်ရှိအင်အားနဲ့ စိန်ခေါ်မှုကို လက်ခံနိုင်စွမ်း မရှိ​သေးပေ။

ထို့အပြင် ၎င်းသည် အလယ်အလတ်အဆင့် ဧကရာဇ်အင်ပါယာ တစ်ခုသာ ဖြစ်ပြီး အဆင့်မှာ နိမ့်ကျနေသေး၍ အင်ပါယာအာဏာကို ယှဉ်ပြိုင်နေမည့်အစား ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းက ပိုကောင်းပါ၏။

အချိန်တန်ရင် စကားလုံး တစ်လုံးဖြင့် တိုင်းပြည်၏ တော်ဝင်မျိုးနွယ်သည် ၎င်း၏မျိုးရိုးအမည်ကို ပြောင်းလဲကာ ထီးနန်းလက်ပြောင်းယူလိမ့်မည်။

ဒါနဲ့ပဲ သူက ပြုံးပြီးပြောလိုက်သည်။

"မင်းတို့ ညီအစ်မတွေ မတွေ့ရတာ ကြာပြီ... ကောင်းကောင်း ဆွေးနွေးကြပါ မင်းသမီး ကျုပ်တို့ဒီမှာပဲ နှုတ်ဆက်လိုက်ကြရအောင်... ကျုပ်မှာလည်း တချို့ကိစ္စတွေ လုပ်စရာ ရှိသေးတယ်"

မိန်းကလေး လေးယောက်ဟာ ခဏလောက် ထိတ်လန့်သွားပြီး မင်းသမီးပိုင်လုံကို ရှုပ်ယှက်ခတ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြသည်။ မင်းသမီးပိုင်လုံမှာလည်း လုရွှမ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေ၏။

ထီးနန်းအတွက် တိုက်ပွဲဝင်ရဲတဲ့ သတ္တိရှိလာတဲ့အခါ သူမရဲ့ အယုံကြည်ရဆုံးကတော့ ဝိညာဉ်သခင်ရဲ့ အရည်အချင်းပင်။ အဲဒါက အခု သခင်လေးယွမ်ယန်ပင်။ ဒါကို သခင်လေးယွမ်ယန်က ထွက်သွားတော့မယ်တဲ့လား။

"အစ်ကို ယွမ်ယန်...ရှင် အိမ်ရှေ့စံမင်းသားရဲ့ အိမ်ကို သွားမှာလား"

"ဖြစ်နိုင်တယ် အခြေအနေပေါ်မှာပဲ မူတည်တယ်!"

မင်းသမီးပိုင်လုံ ဆုံးရှုံးသွားသလို ခံစားလိုက်ရတာကို သဘာဝကျကျ သိတာကြောင့် လုရွှမ် ဆက်ပြောလိုက်သည်။

"ပလ္လင်က ဘာကို ကိုယ်စားပြုတာလဲ ဆိုတာ ချင်းယွီ မင်းတကယ် နားလည်ရဲ့လား? အဲဒါဆို ဘယ်လို ခွန်အားမျိုး ရှိဖို့လိုလဲ?.. ဘယ်လိုစိတ်ထား၊ ဘယ်လို နည်းဗျူဟာနဲ့ ဟန်ချက်ကို ဘယ်လိုထိန်းရမလဲ? ဘာကို အရှုံးပေးလိုက်ရင် ဘာကိုရလာမယ်ဆိုတာ မင်းသိလား?"

"မင်း နားမလည်သေးဘူး... မင်းရဲ့ နှလုံးသားထဲက ဒေါသကြောင့် ဒီကမ္ဘာကြီးက မင်းအတွက် ခံစားချက်ဆိုး တစ်ခု ဖြစ်ကောင်းဖြစ်မယ်... တခြားအရာတစ်ခုလည်း ဖြစ်ကောင်းဖြစ်မယ် ဒါပေမဲ့ မင်း ဒါကို ရှင်းမပြနိုင်သေးတာ သိသာတယ်....မင်းတကယ် သိလာတဲ့အခါ လုပ်ချင်တာကို ဘယ်လို လုပ်သင့်တယ်ဆိုတာ နားလည်လာလိမ့်မယ်"

လုရွှမ် စကားဆုံးသောအခါ ထပြီး ထျန်းလုံမြို့သို့ ပျံသန်းသွားခဲ့သည်။

မင်းသမီးပိုင်လုံမှာ မျက်ရည်များ ချက်ချင်း စီးကျလာပြီး မိန်းကလေးလေးယောက်မှာ လုရွှမ် ချန်ထားခဲ့သော ရုပ်ပုံလွှာကို မကျေမနပ် စိုက်ကြည့်ရင်း ပိုင်လုံကို ထပ်ခါတလဲလဲ နှစ်သိမ့်ပေးနေကြသည်။ နောက်ကွယ်မှ အဘွားကြီးမှာ သက်ပြင်း အသာချကာ နောက်ဆုံးတွင် ၎င်းတို့သည် ကမ္ဘာတစ်ခုတည်းမှ မဟုတ်ကြကြောင်း နားလည်လိုက်၏။

မြို့ရိုးပေါ်တွင် ကျန်ခဲ့သော အမှတ်အသားသည် လမ်းညွှန်မှု​တစ်ခု ဖြစ်သည်။ လုရွှမ် မြို့၏ အနောက်ဘက်သို့ အလျင်အမြန် လိုက်သွားသော် အမှတ်အသားများ အဆက်မပြတ် တွေ့ပြီးနောက်တွင် တစ်စုံတစ်ယောက်သည် အမှတ်အသားများကို ဖျက်လိုက်သကဲ့သို့ နောက်ဆက်တွဲကို မတွေ့ရတော့ပေ။

သူ့ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ် စွမ်းအား လှိုင်းလုံးကြီးတစ်ခု ရှိနေပြီး တစ်စုံတစ်ယောက် သူ့နောက်ကို လိုက်နေတာ ထင်ရှား​လေသည်။

ယွမ့်လင်က မဆင်မခြင် လုပ်မည့် လူတစ်ယောက် မဟုတ်ပေ။ အမှတ်အသား ပျောက်ဆုံးသွားခြင်းအတွက် ဖြစ်နိုင်ခြေ နှစ်ခုရှိသည်။ ယွမ့်လင် ၎င်းကို ရည်ရွယ်ချက်ရှိရှိ မလုပ်ခဲ့ပါက တစ်စုံတစ်ယောက်က သတိပြုမိကာ အမှတ်အသားအကြောင်း စုံစမ်းရင်း ဖျက်ထားခဲ့လိမ့်မည်။

စွမ်းအင်း လှိုင်းတစ်ခုက ထုတ်လွှတ်လိုက်သည်။ သူ့ဖြစ်တည်မှုကို မြင်ရင် တစ်ဖက်က သူနဲ့တွေ့ဖို့ သဘာဝအတိုင်း ထွက်လာလိမ့်မယ်။

ဒါမှမဟုတ် သူမတို့ အုပ်စုကို ရှာတွေ့သွားတဲ့ တစ်ဖက်လူဟာ အမှတ်အသားကို ဖျက်စီးပြီး ဤနေရာသို့ ရောက်လာသူများကို တိတ်တဆိတ် စောင့်ကြည့်နေခြင်းလည်း ဖြစ်နိုင်သည်။

လုရွှမ် စိတ်ထဲတွေးကြည့်၍ မဆိုင်းမတွ လှည့်ထွက် ပြေးလာခဲ့သည်။ မကြာခင်မှာပဲ နောက်ယောင်ခံ လိုက်လာသူကလည်း သူနဲ့ မလှမ်းမကမ်းကနေ လိုက်လာ၏။

အရှိန်က သိပ်မမြန်ပေမယ့် ရောင်ဝါ အတက်အကျတွေက အလွန်သိမ်မွေ့သည်။ လုရွှမ် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သူ့နောက်ကို လိုက်လာတဲ့လူက တစ်ယောက်တည်းပင်။

နေရာ တစ်နေရာကို ရှာတွေ့သော် နောက်ကလူကို စောင့်ရင်း ဆင်းလိုက်သာ်။ လိုက်လာသူက သူ့ကို ရှာမတွေ့နိုင်ဘူးလို့ ထင်နေပုံရပေမယ့် လုရွှမ်ရဲ့ မျက်လုံးထဲမှာတော့ အပြစ်အနာအဆာတွေ ပြည့်နှက်နေသည်။

လမ်းကြားထဲကို ဝင်သွားပြီး နောက်မှာတော့ လုရွှမ် တစ်ဖက်လူရဲ့ ခေါင်းကို လက်သီးနဲ့ ထိုးချလိုက်လေ၏။ ထို့နောက် ခြေထောက်ကို မြှောက်၍ ကန်ထုတ်ပစ်လိုက်သည်။

တစ်ဖက်လူမှာ သူတော်စင်တစ်ပိုင်း အဆင့်၅ ခွန်အားရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ရုတ်တရက် တိုက်ခိုက်ခံလိုက်ရတာကြောင့် စိတ်ရှုပ်ထွေးကာ မူးဝေနေ၏။

ဖီးနစ်မီး အနည်းငယ်ကို ထိုလူရွှယ်ရဲ့ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပြီးနောက် လုရွှမ် တစ်ဖက်လူကို နှိုးလိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားမှာ လုရွှမ်ကို မြင်မြင်ချင်း တုန်လှုပ်သွားပြီး သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုမှာ ထွက်ပြေးရန်သာ ဖြစ်သည်။

လုရွှမ် မျက်ခုံးပင့်လိုက်သော် ဖီးနစ်မီးက ရုတ်တရက် ထပေါက်သွားကာ လူလတ်ပိုင်းအရွယ်က နတ်ဆိုးဘုရင်ကို ကြည့်နေသလိုမျိုး လုရွှမ်ကိုကြည့်ကာ အော်ဟစ်ရင်း ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။

"မင်းငါ့ကို ဘာလုပ်လိုက်တာလဲ?"

ဖြောင်း!

သူ့စကားဆုံးတာနဲ့ လက်ဝါးတစ်ခုက သူ့မျက်နှာကို ရိုက်ချလိုက်ပေ၏။

ဒီလက်ဖဝါး လှုပ်ရှားမှုကို စွမ်းအင် အသုံးမပြုသော်လည်း လုရွှမ်ရဲ့ လက်ရှိကာယ ကြံ့ခိုင်မှုကလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ အထူးသဖြင့် စိမ်းပြာနဂါးရဲ့ နှလုံးနှင့် ဝိညာဥ်ဆွဲသစ်သားကြောင့် သူ့ခန္ဓာကိုယ်သည် နေ့တိုင်းသိသိသာသာ တိုးတက်နေသည်။

သံဘောလုံးကြီးနဲ့ ရိုက်ခံလိုက်ရသလို ထိုလူသည် ပါးစပ်မှ သွေးများထွက်လာ၏။ နောက်ဆုံးတွင် စိတ်ရှင်းသွားကာ လုရွှမ်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

"မှန်တယ် မင်းထပ်ပြောရင် ငါမင်းကို ပါးထပ်ရိုက်မယ်.... အခု မင်းကို ဖမ်းတဲ့သူ ငါက မင်းကိုမေးခွန်းတချို့ ဖြေခိုင်းမယ်... ကောင်းကောင်းမွန်မွန် ဖြေနေသရွေ့ မင်းအသက် အန္တရာယ် ကင်းပါတယ် မဟုတ်ဘူးလား?"

"....."

"ငါမင်းကိုအခု မေးနေတယ်လေ!"

"ဟုတ် ဟုတ်ကဲ့!" လူလတ်ပိုင်းအရွယ်က အလျင်စလို တုံ့ပြန်ပြီး ခေါင်းညိတ်လိုက်သည်။

"မင်းက ဘယ်သူလဲ? ပိုအသေးစိတ် ပြောပြလေပဲ ကောင်းလေပဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့နာမည်ကို အမြန် ပြော​ပြပြီး နောက်ကွယ်က အင်အားဟာ မြို့တော် အရှေ့ဘက်ရှိ တာဝ​န်ခန်းမက ဖြစ်သည်။ တာဝန်တစ်ခုကို လက်ခံရရှိခဲ့ပြီး ၎င်းက သူ့အတွက်က ခွဲတမ်းတာဝန် တစ်ခုပဲ ဖြစ်သည်။

သူ့တာဝန်ကတော့ ရိုးရှင်းပါသည်။ ဒီနေရာကို လာပြီး ဘယ်သူ ရောက်လာမလဲ ဆိုတာ စောင့်ကြည့်ရုံပဲ ဖြစ်သည်။

အစက စောင့်ကြည့်ရုံပဲ ဆိုပေမယ့် လူလတ်ပိုင်းအရွယ်က လုရွှမ်ဟာ သူတော်စင်တစ်ပိုင်း အဆင့်၃မှာပဲ ရှိတဲ့အတွက် စိတ်ပြောင်းသွားပြီး ဘယ်ဂိုဏ်းကလဲ ဆိုတာကို လိုက်ကြည့်ချင်ခဲ့သည်။ သို့သော် လုရွှမ်က အရင် လှုပ်ရှားသွားခဲ့လေ၏။

ကောင်းကင်မီးရဲ့ အစွမ်းသတ္တိကို ရိပ်မိသော လူလတ်ပိုင်း လူရွယ်သည် ဘာကိုမှ မဖုံးကွယ်ဘဲ ပြတ်ပြတ်သားသား ရှင်းပြလိုက်ပြီးနောက် ကောင်းကင်မီးသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လူလတ်ပိုင်းကို ပြာဖြစ်သွားစေခဲ့သည်။

လုရွှမ် လူလတ်ပိုင်း၏ နောက်ကွယ်မှ တပ်ဖွဲ့များဆီသို့ ပျံသန်းသွားခဲ့သည် သူ့ခန္ဓာကိုယ်သည် တစ်ဖန် ပြောင်းလဲသွားပြီး အနည်းငယ် ရိုးရိုးရှင်းရှင်း ရိုးသားသော ပုံစံရှိသည့် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားကာ မြို့အရှေ့ဘက်ရှိ တာဝန်ကြေငြာရုံးဆီသို့ ပြေးသွားခဲ့သည်။

ထျန်းလုံ မြို့တော်ကြီးသည် အရှေ့ဘက်မှ အနောက်ဘက်သို့ ပျံသန်းရန်ပင် တစ်ရက်ထက် ပို၍ ကြာတတ်သည်။ မြို့ တစ်မြို့လုံးတွင် သူတော်စင် သားရဲနှင့် ငှက်မျိုးစုံရှိနေ၏။ မဟုတ်ပါက လမ်းခရီးတွင် တစ်နေ့လုံး ကုန်ဆုံးသွားနိုင်သည်။

ယေဘူယျ စည်းမျဉ်းတွေနဲ့ နိယာမစွမ်းအင်တွေ ပြည့်ဝတဲ့ကမ္ဘာမှာ အာကာသ မှော်လက်နက် သိုလှောင်မှု ကိရိယာတွေဟာ နာမည်ကြီးကြောင်း လုရွှမ် ကြားခဲ့ရသည်။ အပြင်သွားတဲ့အခါ နေရာပြောင်း အခင်းအကျင်းတွေ ရှိပြီး အဝေးက နေရာတွေကိုပါ တိုက်ရိုက်ရွှေ့ပြောင်း ပေးနိုင်တဲ့ အကြီးစား အခင်းအကျင်းတွေတောင် ရှိကြသေး၏။

ဘယ်လောက်တောင် အဆင်ပြေလိုက်လဲ? လုရွှမ် သူကိုယ်တိုင်ပင် အလွန် မနာလို ဖြစ်လာမိသည်။

အဝေးကပင် ဒီနယ်မြေရဲ့ သာယာဝပြောမှုကို မြင်တွေ့ရလေ၏။ တာဝန်ခန်းမရှေ့တွင် လူပင်လယ်ကြီး တစ်ခုရှိ၍ တစ်ချက် ကြည့်လိုက်လျှင် နေရာတိုင်းတွင် ဦးခေါင်းများသာ ရှိ​နေသည်။

အလယ်ဗဟိုတွင် အဆင်ပြေသည့် အမျိုးအစားများ ခွဲခြားထားသည့် အလုပ် တာဝန်မျိုးစုံကို မှတ်တမ်းတင်သော အခင်းအကျင်း ဖွဲ့စည်းမှု ဖလင်တစ်ခု ရှိ​လေသည်။

အနည်းငယ် မေးမြန်းပြီးနောက် လုရွှမ်လည်း ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို နားလည်သွားခဲ့သည်။ မည်သူမဆို တာဝန်ကို တင်ပြနိုင်ပြီး တာဝန်များကို ကန့်သတ်ထားခြင်း မရှိပေ။

တင်ပြထားသော တာဝန်က ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးကို သတ်ပစ်ဖို့ဆိုလည်း ပြဿနာမရှိချေ။

ဒါပေါ့။ တာဝန် ထုတ်ပေးသူရဲ့ အချက်အလက်တွေကို ယေဘူယျအားဖြင့် ပေါက်ကြားမှာမဟုတ်ဘူးလို့ ကတိပြုထားပေမယ့် ဒီထုတ်ပြန်ချက်ဟာ ယုံကြည်နိုင်မှု ရှိမရှိဆိုတာ သိဖို့ မဖြစ်နိုင်ပါဘူး။

All Chapters