← Chapters

နတ်ဘုရားမျက်လုံး

Vol. 43 Ch. 4.154

နတ်ဘုရားမျက်လုံး

Vol. 43 Ch. 4.154

တာဝန်စာရင်း၏ ထိပ်တွင် လုရွှမ်သည် ထျန်းလုံကျောင်းတော်မှ တင်​ပြထားသော လုရွှမ်ကိုသတ်ရန် ဟူသည့် တောက်ပြောင်သော အနီရောင်တာဝန် စာတန်းကို တွေ့လိုက်ရလေသည်။ ဆုကြေးမှာ ဝိညာဥ်ကျောက်တုံး ၁သောင်းနှင့် ထျန်းလုံကျောင်းတော် အလိုအလျောက် ဝင်ခွင့်ခွဲတမ်းတစ်ခုလည်း ပါသေးသည်။

လုရွှမ် သူ့နှုတ်ခမ်းများကို တွန့်ပစ်လိုက်သည်။ သူ့ကိုသတ်ဖို့ ဝိညာဥ်ကျောက်တုံး ၁သောင်းပဲ ထုတ်ပေးတယ်ပေါ့။ ထျန်းလုံကျောင်းတော်က အတော်လည်း ကပ်စေးနှဲသားပဲ။ အလိုအလျောက် ဝင်ခွင့်ကိုရော ဘယ်သူက ဂရုစိုက်နေမှာလဲ။

"ဝိုး.... လုရွှမ်ကို သတ်နိုင်ရင် အစ်မ ထျန်းလုံကျောင်းတော်ထဲ ဝင်လို့ရပြီ"

သူ့ဘေးက ကောင်လေး တစ်ယောက်ရဲ့ ပြတ်သားတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လုရွှမ်ခေါင်းကို လှည့်ကြည့်လိုက်တော့ အသက်၁၅နှစ် ၁၆နှစ်လောက်ရှိတဲ့ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်ကို တွေ့ရလေ၏။

သူ့အနားတွင် အသက်နှစ်ဆယ်ကျော် ကောင်မလေးလည်း တစ်ယောက်ရှိ၍ မောင်ဖြစ်သူကို အလျင်အမြန် ဆဲဆို ကြိမ်းမောင်းခဲ့သည်။

"နေ့ခင်းကြောင်တောင် အိပ်မက် မက်မ​နေပါနဲ့... ငါတို့က ဒီလိုမျိုး တာဝန်ကို လုပ်နိုင်မှာတဲ့လား!"

"ဒီအတိုင်း ပြောကြည့်တဲ့ဟာကို ငါလည်းငတုံး မဟုတ်ပါဘူး"

ကောင်လေးက အလွန်မိုက်မဲစွာ ပြန်ဖြေလိုက်သည်။ သူက လုရွှမ်ကို ငုံ့ကြည့်လိုက်ပြီးနောက် အသံ ဆက်ထွက်လာခဲ့၏။

"အစ်ကို... အစ်ကိုလည်း တာဝန်တစ်ခု ယူဖို့ ဒီကိုရောက်နေတာလား? ကျွန်တော်က ဝမ်ကျောက်ပါ.. အစ်ကို့နာမည်က ဘယ်လိုခေါ်လဲ?"

"ရှောင်ကျောက်!"

အစ်မဖြစ်သူက ဘေးကနေအော်ပြီး လုရွှမ်ကို အမြန် တောင်းပန်လိုက်သည်။

"အကြီးအကဲ တောင်းပန်ပါတယ်... ကျွန်မ မောင်လေးက မတွေးတောတတ်ဘူး ပြစ်မှားမိရင် ခွင့်လွှတ်ပေးပါ တောင်းပန်ပါတယ် တောင်းပန်ပါတယ်...."

သူမက ကောင်လေးကို ဆွဲထုတ်ပြီး ထွက်ပြေးသွား၏။ ကောင်မလေးမှာ တကယ်ကို ကြောက်သွားလေသည်။ တခြားသူတွေက သူတို့ရှေ့က လူဟာ ဘယ်သူလဲဆိုတာ မသိပေမယ့် သူမကတော့ ကောင်းကောင်းသိသည်။

ကျားမုတ်ဆိတ်ဆွဲဖို့ သတ္တိရှိလွန်းတဲ့ ဒီကလေးလေးဟာ တကယ်ကို သတ္တိကောင်းနေတာပဲ။ တစ်ဖက်လူကို ဒေါသထွက်အောင် လုပ်မိသွားရင် ကိုယ့်ကိုကိုယ် သေလမ်းရှာနေသလိုပဲ ဖြစ်နေမှာ မဟုတ်ဘူးလား။

"ဟေး ဒီက ဝမ်လင်နဲ့ ဝမ်ကျောက်တို့ မဟုတ်ဘူးလား? ဒီနေ့လည်း တာဝန်တွေ လာကြည့်ပြန်ပြီလား? မင်းတို့ယူချင်ရင် ငါ့ကို ပြောပါ... ငါတို့ ပိုင်ဟူခန်းမက ဘာမှ သိပ်ပြောစရာ မလိုဘူး"

ကျောနောက်မှာ ပုဆိန်ကြီး လွယ်ထားတဲ့ ကြမ်းတမ်းတဲ့လူက ထိုမောင်နှမတွေကို မြင်တော့ ဝမ်းသာအားရနဲ့ နှုတ်ဆက်လာလေသည်။ ဝမ်လင်း အမည်ရသည့် မိန်းကလေးက အတင်းရယ်ကာ လုရွှမ်ကို ချောင်းကြည့်ကာ အလျင်စလို ပြောလိုက်သည်။

"ခေါင်းဆောင်လီကိုး... ကျွန်မတို့ စိတ်မ၀င်စားသေးပါဘူး... ကျွန်မတို့ မောင်နှမတွေ အလောတကြီး ထွက်လာတာနဲ့ လုပ်စရာ ရှိသေးတာကို ရုတ်တရက် သတိရလိုက်တယ်... နောက်နေ့မှ ပိုင်ဟူခန်းမကို လာကြည့်တော့မယ်.. သွားပြီနော်"

"ငတုံး သွားမယ်!"

ဝမ်လင်းက မောင်ငယ်အား အားကြိုးမာန်တက် ဆွဲ၍ အော်ဟစ်ကာ ထွက်သွားတော့သည်။ လုရွှမ်လည်း နှလုံးခုန်သံ တစ်ချက်နဲ့ အတူ သူတို့နောက်သို့ လိုက်သွားခဲ့သည်။

ဤမောင်နှမထဲမှ အစ်မ ဖြစ်သူမှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံသော ကာလ ဖြစ်ပြီး မောင်ဖြစ်သူမှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅သာ ရှိသည်။ သို့သော် ပိုင်ဟူခန်းမရဲ့ ခေါင်းဆောင်လီကတော့ သူတော်စင်တစ်ပိုင်း အဆင့်၅၌ ရှိနေသည်။

ဒီလိုအဆင့်က အားနည်းတဲ့ မောင်နှမနှစ်ယောက်ကို ဘာအတွက် စကားချိုချိုတွေ ပြောနေမှာလဲ။ တစ်ခုခုတော့ မှားနေပြီ။

အရင်က သူ့ရှေ့က ကောင်လေးရဲ့ အသံ၊ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို အစ်မဖြစ်သူရဲ့ အကြည့်ကို လုရွှမ်ရဲ့ နှလုံးသားထဲမှာ သံသယတွေနဲ့ ပြည့်နှက်လာခဲ့သည်။ ​​ဒီမောင်နှမတွေမှာ ပြဿနာ ရှိတယ်။

"အစ်မ သူလိုက်လာတာလား"

"ဒါတွေအားလုံးက နင့်ရဲ့အမှားပဲလေ.... နင်သာ အမွှမ်း သွားမတင်ခဲ့ဆိုရင် သူငါတို့နောက်ကို လိုက်လာပါ့မလား?"

မောင်နှမနှစ်ယောက်ကြား စကားသံတွေ ထွက်လာပြီး လုရွှမ်လည်း သူတို့စကားသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ယခု သူ၏ စိတ်ဝိညာဉ်စွမ်းအား နည်းပါး​သေး၏။

သူ့တွင် စိတ်ဝိညာဉ် စွမ်းအားကို ထိန်းကျောင်းပေးမည့် စိတ်ဝိညာဉ်ဆွဲ သစ်သားရှိပြီး ဝမ့်ရှင်းဂိုဏ်း၏ ဝိညာဉ်စွမ်းအားကို အသုံးပြုခြင်းနှင့် ပတ်သက်သည့် နည်းစနစ် တချို့ကိုလည်း သူ စတင်လေ့ကျင့်နေပြီ ဖြစ်သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က အငယ်တန်း နှစ်ယောက်ကြားက စကားသံတွေကို ကြားဖြတ် နားထောင်ရန်မှာ ခက်ခဲသည် မဟုတ်ချေ။ ခဏအကြာ မောင်နှမ နှစ်ယောက်က ရပ်ပြီး လုရွှမ်ကို လေးစားစွာ ဂါဝရပြုလိုက်သည်။

"အကြီးအကဲ... ဘာအမိန့်များ ရှိလဲမသိဘူး"

ဝမ်လင်က တချက်မေးလိုက်သည်။ လုရွှမ်ကို သွက်လက်သော မျက်လုံးကြီးဖြင့် စိုက်ကြည့်ကာ ညီငယ်ကို လက်ဝါးတစ်ဖက်ဖြင့် နောက်သို့ ဂရုတစိုက် တွန်းပို့လိုက်သည်။

လုရွှမ်လည်း ရယ်၍

"မင်းတို့နှစ်ယောက် ငါ့ကို တစ်ခုခုကူညီဖို့ လိုနေတယ်.... ​​မင်းတို့ငါနဲ့ လိုက်ခဲ့မလား?"

မောင်နှမနှစ်ယောက်ရဲ့ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကာ လုရွှမ်ကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။ ဝမ်လင်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ရှိနေဖို့ ကြိုးစားလိုက်လေ၏။

"အကြီးအကဲ....ဘာအမိန့်များ ပေးချင်လဲ မသိဘူး? ကျွန်မတို့ မောင်နှမနှစ်ယောက်က အားနည်းတဲ့ အကောင်လေးတွေပါ... အကြီးအကဲကို ကူညီဖို့ ခွန်အားတွေ မရှိမှာကို ကြောက်ရတယ်... ကျွန်မတို့ မလုပ်ချင်လို့ မဟုတ်ပါဘူး...."

လုရွှမ်မှာ ပိုထူးဆန်းသလိုပင် ခံစားလာရသည်။ သူက ကြီးစိုးပြီး ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ အကြည့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်လွှတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းတို့ မောင်နှမနှစ်ယောက်က ပိုင်ဟူခန်းမကိုတောင် ကူညီပေးနိုင်တာပဲ သဘာဝကျကျ ဒီသခင်လေးကိုလည်း ကူညီနိုင်မှာပါ!"

"ဘာလဲ? ငါက သူတော်စင်တစ်ပိုင်း အဆင့်၃ ဖြစ်နေလို့ အဆင့်၅ ကျင့်ကြံသူကို မထီမဲ့မြင်ပြုပြီး အပြစ်လုပ်မိမှာကို ကြောက်နေတာလား? အဲဒါကြောင့် ဒီသခင်လေးကို မင်းတို့ မျက်လုံးထဲ မထည့်တာလား?"

ဝမ်လင်မှာ ရိုင်းစိုင်းသော စကားများ မပြောဝံ့သော်လည်း ဝမ်ကျောက်ကတော့ ကျားကို မကြောက်သော မွေးကင်းစ နွားသငယ်နှင့် တူပြီး ကျယ်လောင်စွာ ထွက်အော်လေသည်။

"ဟုတ်တယ်.... ငါတို့နဲ့ မိတ်ဆွေဖွဲ့ထားတဲ့ ကောင်က အကြီးကြီးပဲ... မင်းကတော့ မဟုတ်ဘူး သူက စနစ်တကျနဲ့ အားကောင်းတယ် မင်းကတော့ မုဆိုးမ တစ်ယောက်လိုပဲ... ငါမင်းကို မကြောက်ဘူး ... ယုံချင်ယုံ မယုံချင်နေ ငါအခုအော်လိုက်ရင် လူတွေအများကြီး လာကူညီလိမ့်မယ်!"

"မောင်လေး!"

ဝမ်လင်သည် ထိတ်လန့်ကာ ဒေါသထွက်တစ်ဝက်ဖြင့် မောင်ဖြစ်သူကို ပါးစပ်ပိတ်ရန် ကြိုးစားလိုက်သည်။

လုရွှမ်သည် ဝမ်လင်ထံမှ ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရတာကို အနည်းငယ် ထူးဆန်း​နေမိသည်။ သူမသည် သူ့ကို မသိဘဲ ဘယ်လိုလုပ် ကြောက်​နေရတာလဲ။

သူမမောင်ပြောတဲ့ စကားအတိုင်းဆို စကားလုံး တစ်လုံးတည်းနဲ့ တခြားသူတွေကို ခေါ်လိုက်တာနဲ့ အကူအညီတွေ ရောက်လာမှာလေ။ ကြောက်​နေစရာ အကြောင်း မရှိဘူးမလား။

မဟုတ်ရင်?

လုရွှမ် နှလုံးသားထဲတွင် သံသယစိတ်များ ဖျတ်ခနဲ လွင့်ပျံသွားသည်။ သူသည် အဝေးက လူများကို မော့ကြည့်လိုက်ပြီး စိတ်ဝိညာဉ် စွမ်းအားက သူတို့နှစ်ဦးကို တစ်ပြိုင်နက် ဖုံးအုပ်ကာ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။

"မင်းတို့နှစ်ယောက်က မရိုးသားဘူး ငါ့နောက်ကို လိုက်ခဲ့"

မောင်နှမ နှစ်ယောက်က အော်ဟစ်​နေပြီး မိုက်မဲတဲ့ကောင်က

"လုရွှမ်... ငါတို့က မင်းဘယ်သူလဲ ဆိုတာ မသိဘူးလို့ ထင်မနေနဲ့.. ဟမ့် ငါ့အစ်မက နတ်ဘုရားမျက်စိနဲ့ မွေးလာတာ မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို မြင်နေတာကြာပြီ... ငါတို့ကို မလွှတ်ပေးသေးဘူးလား? မဟုတ်ရင် ငါတို့ မင်းကို ချက်ချင်း ဖော်ထုတ်ပစ်မယ်"

တကယ်တော့ ဒီကလေးဟာ အတွေ့အကြုံ သိပ်မရှိဘဲ စိတ်ရှိတိုင်း ပြောနေသူပင်။ သူဟာ ကမ္ဘာကြီးရဲ့ အန္တရာယ်တွေကို မသိသလို သူ့နှလုံးသားကလည်း ဆိုးသွမ်းလွန်၏။

"မင်းတို့ ပတ်ဝန်းကျင်က အရာအားလုံးကို ငါ ကန့်သတ်ထားပြီးပြီ.. မင်းတို့ရဲ့အသံကို ဘယ်သူမှ မကြားရဘူး"

"အရူး နင်ဘာတွေ ပြောနေတာလဲ? ဒီအကြီးအကဲ ကျွန်မမောင်လေးက ဦးနှောက် သိပ်မကောင်းလို့ အမြဲတမ်း မိုက်မဲတဲ့စကားတွေ ပြောနေတာပါ..."

ဝမ်လင်က ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ သူတို့ဘက်ခြမ်းမှာ ဒီလောက် ကြီးမားတဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို ဘယ်သူမှ သတိမထားမိတာကို တွေ့လိုက်ရလေသည်။ တချို့လူတွေက ဖြတ်သွားပေမယ့် လုံးဝ သတိမထားမိကြဘူး။

"အစ်မ နင်ဘာကို ကြောက်နေတာလဲ? သူက သူတော်စင်တစ်ပိုင်း အဆင့်၃လေးပဲ မဟုတ်ဘူးလား? ဟမ့် ငါတို့သိတဲ့ လူတွေကဖြင့် အများကြီးပဲ... သူ့ကို ကြောက်နေရမှာလား?!"

မောင်ဖြစ်သူ ဝမ်ကျောက်ကတော့ အော်ဟစ်ကာ အောင်ပွဲခံသည့် စကားလုံးများသာ ဆိုနေ၏။

နတ်ဘုရားမျက်လုံး?

လုရွှမ် မျက်လုံးများ တောက်ပလာခဲ့သည်။ ထျန်းလုံမြို့မှာ ဒီလိုပါရမီနဲ့ လူကို တွေ့ရမယ်လို့ သူ အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။

အံ့အားသင့်နေသော မျက်လုံးများက သူတို့နှစ်ဦးကို လှည့်ကြည့်လိုက်သော်လည်း သူ့အစ်မဖြစ်သူ ဝမ်လင်မှာ စိတ်ဓာတ်ကျနေပုံရပြီး မောင်ဖြစ်သူမှာ အလွန်မောက်မာ နေသေးတာကို မြင်လိုက်ရသည်။ အစ်မဆီက အကြိမ်ပေါင်းများစွာ အရိုက်ခံရတာတောင် ဝမ်ကျောက်က ဒေါသတကြီး အဆက်မပြတ် ဆဲဆိုနေဆဲပင်။

"ကောင်လေး မင်းအစ်မ ပြောတာကို တကယ်နားထောင်သင့်တယ်... ခွန်အားမရှိရင် မင်းရဲ့လျှို့ဝှက်ချက်တွေက ဘေးဥပဒ် ကပ်ဆိုးတွေဆီကိုသာ ဦးတည်သွားလိမ့်မယ်"

လုရွှမ်က ရယ်လျက် ဆိုလိုက်၏။

ကောင်လေးရဲ့ နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်တဲ့အခါ ဝိညာဥ်စွမ်းအင် အနည်းငယ် စိမ်းဝင်သွားပြီး မျက်လုံးကို မှိတ်ထားလျက် မူးလဲသွားတော့သည်။

All Chapters