← Chapters

တပည့်လက်ခံလိုက်ပြီ

Vol. 43 Ch. 4.155

တပည့်လက်ခံလိုက်ပြီ

Vol. 43 Ch. 4.155

"အား.... မောင်လေးကို ဘာလုပ်လိုက်တာလဲ"

ဝမ်လင်မှာ စိုးရိမ်တကြီးနဲ့ အော်လိုက်ပြီး သူမမောင်ကို ပြေးပွေ့လိုက်သည်။

"စိတ်မပူပါနဲ့ ခဏလောက် ပါးစပ်ပိတ်ပြီး အိပ်ခိုင်းလိုက်ရုံပဲ... မဟုတ်ရင် သူသိသမျှအကုန် ပြောထွက်လာလိမ့်မယ်"

လုရွှမ် ပြုံးလျက် ဆိုလိုက်သည်။ ထိုအခါ ဝမ်လင်မှာ ရုတ်တရက် ဒူးထောက်ကာ လုရွှမ်အား ဦးညွတ်လိုက်၏။ လုရွှမ်ရဲ့ လက်ဖဝါးလှိုင်းလုံး နဲ့အတူ ဒူးထောက်နေသော ဝမ်လင်မှာ ပြန်ပြီး မတ်တတ်ရပ်လာခဲ့သည်။

"အကြီးအကဲ ကျွန်မတို့ ရှင့်ကိုတကယ် ဘာမှ မလုပ်ရဲပါဘူး... ကျွန်မမောင်လေးက နည်းနည်းတော့ အဆင်မပြေပေမယ့် ကျွန်မတို့မှာ အကြီးအကဲကို ထိခိုက်​စေဖို့ လုံးဝ ရည်ရွယ်ချက် မရှိပါဘူး"

လုရွှမ်မှာ ငတုံး မဟုတ်တာကြောင့် ဒီမောင်နှမ နှစ်ယောက်ထဲတွင် သူမ၌ နတ်ဘုရားမျက်စိ ရှိမှန်း သိလေ၏။ သူမ ဘာကိုဆိုလိုတာလဲ ဆိုတာကိုလည်း သူနားလည်နိုင်သည်။

နတ်ဘုရားမျက်စိသည် အယောင်ဆောင်များကို ဖောက်မြင်နိုင်သော ဝိညာဉ်မျက်စိ တစ်မျိုးဖြစ်သည်။ ပိုင်ရှင်၏ ခွန်အားများ တိုးလာသည်နှင့်အမျှ ထင်ယောင်ထင်မှား အတုအယောင်များကို မြင်နိုင်စွမ်းအားကလည်း အားကောင်းလာသည်။

ဥပမာအားဖြင့် ယခုဆို ဝမ်လင်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ ပြီးပြည့်စုံသော ကာလတွင်သာ ရှိပေမယ့် သူမသည် သူတော်စင်တစ်ပိုင်း နယ်ပယ်က လုရွှမ်ရဲ့ ရုပ်ပုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ ဖြစ်သည်။

ဝမ်ကျောက်သည် လုရွှမ်ကို သတ်မည့် တာဝန်စာတန်းကို တမင်တကာ ညွှန်ပြခဲ့သည်။ ထိုအခိုက်တွင် ဝမ်လင်လည်း သူဘယ်သူလဲ ဆိုတာ သိသွားခဲ့၏။

လုရွှမ် ရယ်လိုက်သည်။ ဒီမိန်းကလေးဆီက ကြောက်စိတ်ကို သူအလွန် ရှင်းလင်းစွာ ခံစားမိလေသည်။ ဒါပေမဲ့ ကလေးမလေးက အလွန်ထက်မြက်ပြီး ကံကောင်းခြင်းတွေကို ဘယ်လိုရှာရမှန်း သိသလို ကံဆိုးခြင်းတွေကို ရှောင်ရှားတတ်သူပင်။

သူ့မှာ မောက်မာတဲ့ ​မောင်လေးတစ်ယောက်မှ မရှိခဲ့ရင် သူမအစွမ်းကို ဘယ်တော့မှ ထုတ်ဖော်ပြသမှာ မဟုတ်ချေ။

"မင်းမှာ နတ်ဘုရားမျက်လုံး ရှိနေတဲ့ လျှို့ဝှက်ချက်က လူဘယ်နှစ်ယောက် သိထားသေးလဲ?"

လုရွှမ်မှ မေးလိုက်သည်။ ဝမ်လင် မျက်လုံးပြူးသွားပြီး လိမ်တော့မယ့် အခိုက် လုရွှမ်က သူ့လက်ဖဝါးကို စုပ်ပြီး ဝမ်ကျောက်ကို လှမ်းဆွဲလိုက်တဲ့အခါ ဝမ်လင်လည်း အရမ်းထိတ်လန့်သွား၏။

"ဘယ်သူမှ မရှိပါဘူး... ဘယ်သူမှလည်း မပြောခဲ့ဘူး... နတ်ဘုရားမျက်လုံးတွေ အကြောင်းကို ဘယ်သူမှ မပြောရဘူးလို့ ကျွန်မမောင်လေးကို အမြဲတမ်း ပြောနေခဲ့တာ... မဟုတ်ရင် ကျွန်မတို့အတွက် ကပ်ဆိုးကြီး ဖြစ်သွားလိမ့်မယ်"

"ပိုင်ဟူခန်းမက ဘယ်မှာလဲ? သူတို့ မင်းကိုသံသယ မဝင်ဘူးလား?"

"ကျွန်မက ပိုကောင်းတဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ မွေးဖွားလာတယ်လို့ပဲ သူတို့ကို ပြောခဲ့တာ.. သူတို့ကို တာဝန်နှစ်ခု အောင်မြင်အောင် ကူညီပေးခဲ့ဖူးတယ်... သူတို့က သံသယဝင်ပေမယ့် သိပ်တော့ မစဉ်းစား​ကြပါဘူး"

ဝမ်လင် လျင်မြန်စွာ ပြောပြီး လုရွှမ်လက်ထဲမှ သူမရဲ့မောငိငယ်ကို ပြန်ဆွဲထုတ်လိုက်သည်။ လုရွှမ်ရဲ့ တိုက်ခိုက်မှုကို သူမ မတားနိုင်မှန်းသိပေမယ့် မောင်ငယ်ရှေ့တွင် ရပ်နေသေးသည်။

​မောင်ငယ်အား ကာကွယ်လိုသည့် ဝမ်လင်ရဲ့ လုပ်ရပ်ကို မြင်လိုက်ရတော့ လုရွှမ် နှလုံးသားထဲ နွေးထွေးသွားသည်။ တစ်ချိန်က သူ့ရှေ့တွင် သတ္တိရှိရှိ မတ်တပ် ရပ်နေခဲ့ဖူးသော ကောင်မလေး တစ်ယောက် ရှိခဲ့ဖူး​လေသည်။

"ကောင်းပြီ ငါမင်းကို အရမ်းသဘောကျတယ်!"

လုရွှမ် မတတ်နိုင်စွာ ပြောလိုက်သည်။ ဝမ်လင်သည် လန့်ဖျပ်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ

"အ​ကြီးအကဲရဲ့ ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီငယ်သား ကျိန်ဆိုခဲ့..."

လုရွှမ်ရဲ့ ကျယ်လောင်သော ရယ်မောသံက သူမ၏ ရှင်းပြချက်ကို အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။

"မိုက်မဲတဲ့ အတွေးကို ရပ်လိုက်.... ငါ မင်းကို သဘောကျတယ် ဆိုတာ မင်းတွေးနေတဲ့ဟာ မဟုတ်ဘူး... မင်း ငါ့ကို ဆရာအဖြစ် ကိုးကွယ်ဖို့ ဆန္ဒရှိလား?"

ဝမ်လင် ပိုရှက်စရာသွားပြီး တစ်ဆက်တည်း ထိတ်လန့်သွားတော့သည်။

"ကျွန်မကို တပည့်အဖြစ် လက်ခံချင်လို့လား?"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

"မှန်တယ်... မင်းမှာ ခန်းဟွေ့ နတ်ဘုရားမျက်လုံးတွေ ရှိတယ်.... အခင်းအကျင်း ဖွဲ့စည်းမှုနဲ့အတူ ပေါင်းစပ်လိုက်ရင် မင်းက ပါရမီရှင်တွေကြားထဲက ပါရမီရှင်တစ်ယောက် ဖြစ်လာမှာမို့ မင်း​မောင်​လေးနဲ့ ဆွေးနွေးလိုက်ပါ"

သူပြောသည့်အတိုင်း လုရွှမ်သည် သူ့လက်ဖဝါးဖြင့် နောက်တစ်ကြိမ် လှုပ်ရှားလိုက်သော် ငါးကြင်းတစ်ကောင် ရေထဲက ခုန်တက်လာသလို ဝမ်ကျောက်ထံမှ ဝိညာဉ်အလင်းရောင် အနည်းငယ် ထွက်ပေါ်လာသည်။

သူသည် သူ့အစ်မရှေ့တွင် ရုတ်တရက် ရပ်လိုက်ပြီး ရန်သူကို ရင်ဆိုင်လိုက်သည့် သဘောထားဖြင့် လုရွှမ်ဘက်သို့ လှည့်လိုက်သည်။

"လူဆိုးကြီး... မင်းပြောလေ ငါ့အစ်မကို နာကျင်အောင် လုပ်ချင်လို့မလား? ဟမ့် ငါ့အလောင်းကို ကျော်သွားမှ ရမယ်ကွ!!"

"ငါ့အစ်မမှာ နတ်ဘုရား မျက်​လုံး​တွေ ရှိတယ်​.... မင်းသူ့ကို နာကျင်​​စေချင်​ရင်​ မင်းခန္ဓာကိုယ်​မှာ ဖျောက်​ဖျက်​လို့ မရတဲ့ အမှတ်​အသား​တွေ ချန်​ထားခဲ့မှာ​ သေချာတယ်​ အဲ့ဒီအချိန်​မှာ မင်းလုရွှမ်မှန်း ဘယ်သူမဆို အကုန်သိသွားမှာ..."

ဝမ်လင် ဝမ်ကျောက်ရဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ခေါက်ပစ်လိုက်သည်။ ထိုအခါ ဝမ်ကျောက်လည်း အနောက်ကို အော်ဟစ်ကာ လှည့်ကြည့်လိုက်၏။

"အစ်မ ဘာလို့ ငါ့ကို ရိုက်တာလဲ?"

"ဘာမှမသိဘဲ ဘာတွေ လျှောက်ပြောနေတာလဲ? အကြီးအကဲက ဘာမှမလုပ်တာတောင် နင်က အဓိပ္ပာယ်မရှိအောင် လုပ်နေတုန်းပဲ... အကြီးအကဲက ငါ့ကို တပည့်အဖြစ် လက်ခံပြီး အခင်းအကျင်း ဖွဲ့စည်းမှုပုံစံကို သင်ပေးချင်တာ"

ဝမ်လင် အလိုလို ရှက်ရွံ့သွားခဲ့သည်။ သူမ မောင်လေးသည် သက်ရှိရတနာ တစ်ပါးဖြစ်ပြီး သူမကို ရယ်မောစေသော အရာများကို အမြဲ လုပ်နေတတ်သည်။

"အိုး.... နင့်ရဲ့အရည်အချင်းကို မြင်ပြီး နင့်ကို တပည့်အဖြစ် လက်ခံချင်နေတာကိုး"

ဝမ်ကျောက်က လုရွှမ်ဘက်ကို လှည့်ကြည့်လိုက်ပြီး သူ့မေးစေ့ကိုပင့်​ကာ ဂုဏ်ယူစွာ အော်ပြောလိုက်သည်။

"ဟေး.... ငါ့အစ်မကို တပည့်လက်ခံချင်တဲ့ လူများတွေ များလွန်းလို့....မင်းကပါ တပည့်လက်ခံချင်တယ်ပေါ့? မင်းတပည့်ဖြစ်တော့ ဘာ အကျိုးကျေးဇူး ရမှာမလို့လဲ?

"ခဏခဏ လိုက်သတ်ခံနေရမယ်!"

လုရွှမ် အေးစက်စက်ပြောပြီး လူသတ်တဲ့ အရိပ်အယောင် အနည်းငယ် ထွက်လာ၍ ဝမ်ကျောက် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

ဝမ်ကျောက်မှာ သူ့တစ်ကိုယ်လုံးတွင် ပြင်းထန်သော အအေးဒဏ်ကို ချက်ချင်း ခံစားလိုက်ရပြီး အေးစက်သော လေသည် သူ့အရိုးများထဲအထိ ထိုးဖောက် ဝင်ရောက်ကာ သူ့ဝိညာဉ်ကိုပင် အေးခဲလုနီးပါး ဖြစ်သွား​စေသည်။

"ကြောက်လား?"

"မကြောက်ဘူး!"

လုရွှမ် ၎င်းကို ဖိအားအနည်းငယ် ပေးသော်လည်း အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်ကျောက် ခန္ဓာကိုယ်သည် တုန်ခါနေပြီး ဒူးထောက်လုနီးပါး ဖြစ်နေသော်လည်း သူ ပြင်းပြင်းထန်ထန် ရုန်းကန်နေရဆဲ ဖြစ်သည်။

"နောက်ထပ် လိုချင်သေးလား?"

"မင်းဆီမှာ စွမ်းအင် မလုံလောက်မှာတောင် ကြောက်ရတယ်!"

လုရွှမ် ပြုံးလိုက်သည်။ ဒီကလေးမှာ တော်တော်လေး ခိုင်တဲ့ သတ္တိရှိတာပဲ။ လုရွှမ် ဝမ်ကျောက် ခန္ဓာကိုယ်ပေါ် လက်ချောင်း တစ်ချောင်း တင်လိုက်ရာ တစ်ဖက်လူမှာ မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်ရပြီး ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်။

"မလုပ်ပါနဲ့... ကျေးဇူးပြုပြီး ဆရာ... ဆရာ ကျွန်မဆရာ့ကို ဆရာတင် ကိုးကွယ်ပါ့မယ်!"

ဝမ်လင် အထိတ်တလန့်ဖြင့် အော်ဟစ်ပြီး ဒူးထောက်ကာ လုရွှမ်အား ထပ်ခါတလဲလဲ ဦးချနေတော့သည်။ မကြာမီ သူမနဖူးတွင် သွေးစွန်းထင်းလာသော်လည်း သူမက ဦးညွှတ်နေဆဲ ဖြစ်သည်။

"အစ်မ.... သူ့ကို မတောင်းဆိုနဲ့ ငါသေသွားရင်တောင် မကြောက်ဘူး!"

ဝမ်ကျောက် ကျယ်လောင်စွာ အော်နေသေး၏။

လုရွှမ် ဝမ်လင်အား လက်ဖဝါးဖြင့် ဝှေ့ယမ်းကာ လေထဲ ပစ်တင်လိုက်သည်။ ဝမ်ကျောက်ရဲ့ မျက်လုံးများကို စိုက်ကြည့်လိုက်သော် သွေးလိုင်းနှစ်ခုက မျက်ရည်များ အဖြစ် စီးကျလာတာကို တွေ့လိုက်ရသည်။

"ဘယ်လိုလဲ?...​ကြောက်​ပြီလား..."

လုရွှမ် လက်ချောင်းများက ဖိထားဆဲ ဖြစ်ပြီး ဝမ်ကျောက်မှာ မြေပြင်ပေါ်တွင် လဲလျောင်း လုနီးပါး ဖြစ်နေသော်လည်း သူ ပြတ်ပြတ်သားသား အလျှော့မပေးဘဲ ကျယ်လောင်စွာ ကျိန်ဆဲနေတုန်း ဖြစ်သည်။

"ငါသေပြီး သရဲတစ္ဆေဖြစ်ရင်တောင် မင်းကို သတ်ပစ်မယ်!"

"လုမျိုးရိုး.... မင်းသေရမယ်!"

ဖိနှိပ်ခံရလေ ဝမ်ကျောက် ကျယ်လောင်စွာ ဟောက်လေပင်။ သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေရပြီး ကြမ်းပြင်က ကြေမွလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ပါးစပ်လုံးဝ မပိတ်သေးဘဲ ဆန့်ကျင်ဘက် အနေနှင့် ၎င်းသည် ပို၍ ပို၍ မာထန်လာသည်။

"လတ်စသတ်တော့ ဒီကိုရောက်နေတာကိုး!"

လုရွှမ် သူ့လက်ချောင်းကို ပြန်ဆွဲထုတ်လိုက်သော် ဝမ်ကျောက်မှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ရပြီး သူ့ခန္ဓာကိုယ်က လွတ်သွားပေမယ့် အမြင့်ကို ပျံတက်သွားပြီး မြေပြင်ပေါ် ပြန်ကျလာခဲ့သည်။

လုရွှမ် ဝမ်ကျောက်ခန္ဓာကိုယ်ထဲသို့ စွမ်းအင် တစ်ခုပြီးတစ်ခု ပစ်ခတ်လိုက်ရာ သူ့ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မမြင်ရသော အရှိန်ဖြင့် ပျောက်ကင်းသွားခဲ့သည်။ မကြာခင်မှာ မတ်တတ်ထရပ်နိုင်လာ၏။ သူ့ခန္ဓာကိုယ်ကို ထိလိုက်ကာ ဒဏ်ရာလုံးဝ မရှိတာကို တွေ့ရတော့ အံ့သြသွားခဲ့ပြန်သည်။

"ဒါကိုစားလိုက်!"

လုရွှမ် ဝိညာဥ်ကျောက်တုံး တစ်လုံးကို ထုတ်၍ ပစ်​ပေးလိုက်သည်။

"ဝိညာဥ်ကျောက်တုံးကို ဘယ်လိုလုပ် စားရမှာလဲ?"

ဝမ်လင် ရုတ်တရတ် အမြန်မေးလိုက်ပေမယ့် သူမ လုရွှမ်အပေါ် အလွန်ကြောက်ရွံ့နေတဲ့ စိတ်က ကြီးစိုးလာခဲ့ရာ သူမစကားလုံးကို အလျင်စလို ပြောင်းပြောလိုက်ရသည်။

"ဆရာ....ဝိညာဥ်ကျောက်တုံးကို ဘယ်လိုလုပ် စားနိုင်မှာလဲ?"

"သူများတွေ မစားနိုင်ပေမယ့် မင်းမောင်လေး စားနိုင်တယ်!"

"ဟမ့်... စားဆိုလည်း စားတာပေါ့ ဒီသခင်လေးက ကြောက်နေတာ မဟုတ်ဘူးကွ!"

ဝမ်ကျောက် ကြီးပြင်းလာချိန်မှာ ထူးခြားတဲ့ သွားဖြူဖြူတွေဟာ ဒီအချိန်မှာတော့ တောက်ပနေလေသည်။

ယူ၍ တစ်ချက်လိုက်ရုံဖြင့် ဝိညာဉ်ကျောက်တုံးသည် အမှန်တကယ်ပင် ကြေမွသွားလေသည်။ ဝမ်ကျောက် အံ့အားသင့်သွားကာ ဝါးစားရန် မေ့သွားသော်လည်း ဝိညာဉ်ကျောက်တုံး အပိုင်းအစများက ဝိညာဉ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။

"ဒါတကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ?"

All Chapters