လက်ဆင့်ကမ်းပေးခြင်း
Vol. 43 Ch. 4.156
လုရွှမ် လက်တစ်ချက် ဝေ့ယမ်းလိုက်တဲ့အခါ ဝမ်လင် ခန္ဓာကိုယ်သည် လေထဲမှ ပြန်ကျလာ၏။
သူမက မောင်ငယ်ဆီသို့ လျင်မြန်စွာ ပြေးသွားကာ သူ့ကို စိတ်လှုပ်ရှားစွာ စစ်ဆေးလိုက်သည်။ ဝမ်ကျောက်က သူ့အစ်မ မြင်အောင်ကြည့်ဖို့ ပူးပေါင်းပြီး ပါးစပ်ကို ဖွင့်ထားပြပေမယ့် ထိခိုက်မှုတော့ မတွေ့ရချေ။
လုရွှမ်သည် မင်းသမီးပိုင်လုံ၏ အိမ်ကြီးမှ ယူဆောင်လာသော ရတနာတချို့ကို ပေါ့ပေါ့ပါးပါးပဲ ထုတ်ယူလိုက်သည်။ စိတ်ဝင်စားစရာ ကောင်းပေမယ့် ဒါတွေကို ရတနာလို့ ခေါ်ဖို့ မလိုအပ်ပေ။
အစကတော့ ၎င်းတို့ကို တခြားလူများအား ပေးဆောင်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ ဝမ်ကျောက်ကို အစာကျွေးရတော့မှာ ဖြစ်သည်။
"ဒီဓားကို စားလိုက်!"
"ဘာကြီး??"
မောင်နှမ နှစ်ယောက်စလုံးက ဝိညာဉ်ကျောက်တုံးတွေ စားပြီး အဓိပ္ပာယ်မရှိသလို ခံစားနေရ၏။ သူတို့ဟာ ဝိညာဉ်ကျောက်တုံးတွေ ဖြစ်ပြီး ဝိညာဉ်စွမ်းအင်တွေ ပြည့်နေတယ်လေ။ လုရွှမ်မှာ အင်အားရှိတာကြောင့် ဝိညာဉ်ကျောက်တုံးတွေ မစားရင် သူတို့ကို အန္တရာယ်ပေးလာနိုင်တယ်။
ဒါပေမဲ့ ဓားရှည်ကို စားရမှာတဲ့လား။ ဒါက နည်းနည်း ကြောက်စရာ ကောင်းတယ်လေ။
"ဆရာ?"
ဝမ်လင်က ထပ်အော်လိုက်သည်။ သူမလေသံသည် အလွန် ပျော့ပျောင်းသွားကာ သူမသည် ယခင်ကထက် စိတ်ပျက်အားလျော့ သွားခဲ့သည်။ ဝမ်ကျောက် ဓားရှည်ကို ကိုင်လိုက်ပြီး ဓားဖျားကို ကိုက်လိုက်သည်။
"စားပြီးတာနဲ့ ငါ့ဗိုက်ကြီးကြီးက ကမ္ဘာကြီးကိုတောင် ထိန်းထားနိုင်လောက်ပြီဟ!"
ကလစ်! ဖြောင်း!
ဓားရှည်သည် အမှန်တကယ်ပင် သူ့အားဖြင့် ကိုက်လိုက်ပြီးနောက် သူ့ဗိုက်ထဲသို့ မျိုချလိုက်လေသည်။ မြိုချပြီးနောက် ကိုယ်တိုင်လည်း မှင်တက်သွားသည်။ ဝမ်လင်က အလွန်စိုးရိမ်သွားပြီး မောင်ဖြစ်သူကို ကြည့်ကာ ဘယ်လိုခံစားရလဲဟု မေးလိုက်သည်။
"နည်းနည်းတော့ ဗိုက်ပြည့်လာသလို ခံစားရတယ်..."
သူပြောပြီးသည်နှင့် သူ့အရှိန်က တုန်ခါသွားပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅မှ အဆင့်၇အထိ တက်သွားကာ သေးငယ်သော နယ်ပယ်နှစ်ခုကို ဖြတ်ကျော်သွားလိုက်သည်။
ဝမ်လင်သည် မောင်ဖြစ်သူရဲ့ အပြောင်းအလဲများကို ငေးစိုက်ကြည့်ကာ တုံ့ပြန်နိုင်စွမ်းပင် မရှိတော့ပေ။ ဆန့်ကျင်ဘက် အနေနှင့် ထိုကောင်လေးသည် ထူးထူးခြားခြား လိမ္မာပါးနပ်သွားပြီး ချက်ချင်း မြေပြင်ပေါ် ဒူးထောက်ကာ လုရွှမ်အား သုံးကြိမ် ဦးညွှတ်လိုက်သည်။
"ဆရာ့ကို ဂါဝရပြုပါတယ်"
လုရွှမ် ရယ်မောလိုက်ပြီး
"ထတော့ ငါ မင်းကို တပည့်အဖြစ် လက်ခံဖို့ တကယ်ကို မရည်ရွယ်ပါဘူး... ဒါပေမဲ့ မင်းအစ်မ မျက်နှာကိုထောက်ပြီး ထားလိုက်ပါတော့ မဟုတ်ရင် မင်းအစ်မ သေလောက်တဲ့အထိ စိတ်ပူနေလိမ့်မယ်"
ဝမ်လင်သည် ဆရာက မောင်လေးအား အနိုင်ကျင့်တာ မဟုတ်ကြောင်း အခွင့်အရေး ပေးတာဖြစ်ကြောင်း သိလိုက်သည်နှင့် မြေပြင်ပေါ်တွင် လျင်မြန်စွာ ဒူးထောက် ထိုင်ချလိုက်သည်။ ယခုတစ်ကြိမ်တွင် သူမ အလွန်ရိုးသားစွာ ဂါဝရပြုလိုက်ခြင်း ဖြစ်၏။
"ခန်းဟွေ့နတ်မျက်စိ... ကိုယ်တိုင်က ကောင်းကင်နဲ့ မြေကြီးရဲ့ ကောင်းကျိုးတွေကို စုဆောင်းပေးတဲ့ သဘာဝလွန် စွမ်းအားတစ်မျိုးပဲ... ဒီသဘာဝလွန် စွမ်းအားမျိုးဟာ အကျိုးကျေးဇူး အများကြီး ရှိတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ လက်ဆောင်တစ်ခု ဖြစ်သလို ကန့်သတ်ချက်တွေကလည်း ကြီးမားတယ်"
"မင်းတို့နှစ်ယောက်က အမြွှာတွေ မဟုတ်လား?"
လုရွှမ် မေးလိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ညီညီညွတ်ညွတ် ခေါင်းညိတ် ပြလိုက်ကြသည်။ သူတို့သည် အမှန်ပင် အမြွှာများ ဖြစ်သော်လည်း မွေးဖွားပြီးနောက် ၎င်းတို့၏ ကြီးထွားမှု လမ်းကြောင်းသည် အသက်အရွယ်ပေါ် မူတည်၍ လုံးဝ ကွဲပြားနေသေးပြီး ၎င်းတို့ကို အမြွှာများအဖြစ် မည်သူမျှ မမှတ်ယူနိုင်ခဲ့ကြပေ။
ကွာဟချက်က ကြီးလွန်းလှ၏။ သူတို့နှစ်ယောက်က အနည်းဆုံး လေးငါးနှစ် ကွာသွားသလိုပင်။ အံ့အားသင့်စရာက ခန္ဓာကိုယ်တွင် ထင်ရှားရုံသာ မကဘဲ ပင်ကိုယ်စွမ်းရည်၌လည်း ပေါ်လွင်စေပါသည်။
ဝမ်လင် ငယ်စဉ်ကတည်းက အရည်အချင်း ကောင်းများဖြင့် ဆင်းရဲနွမ်းပါးသော မိသားစုမှ သမီးလေး တစ်ဦးအသွင်ဖြင့် ကြီးပြင်းလာသူပင်။ သူမ၏ ကျင့်ကြံမှုသည် သာမာန် ပါရမီရှင်များထက် အဆမတန် ခုန်တက်သွားပြီး ယခု သူသည် ပြီးပြည့်စုံသော ကာလသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဝမ်ကျောက်က ထက်မြက်ပြီး သူ၏ ကြီးထွားမှု အရှိန်သည် သူ့ပတ်ဝန်းကျင်ရှိ သူများထက် များစွာ မြန်နေသေးသည်။ သို့သော် အမွှာ အစ်မကြီးနှင့် နှိုင်းယှဉ်ပါက နောက်ကျ ကျန်နေသေးသည်။
"ခန်းဟွေ့နတ်မျက်စိက သဘာဝအတိုင်း တခြား အရည်အချင်းကိုလည်း စုဆောင်း ထားနိုင်တာကြောင့် ဒီလိုမျက်လုံးစွမ်းရည် ရှိတဲ့ ကလေးက သာမန်ဆို အမွှာမွေးမှာ မဟုတ်ဘူး.. မိခင် ကိုယ်ဝန်ဆောင်တဲ့ အချိန်အတွင်းမှာပဲ သေဆုံးရလိမ့်မယ်"
"မင်းတို့နှစ်ယောက်ရဲ့ အသွင်အပြင်ကို ငါကြည့်လိုက်တော့ မင်းမောင်လေးရဲ့ ရုပ်ရည်က တကယ် မင်းထက်အများကြီး ငယ်နေတာကို တွေ့ရတယ်.... မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေကြားက လျှို့ဝှက်ဆန်းကြယ်တဲ့ ဆွဲငင်မှုသဲလွန်စတွေ ရှိနေရင် မင်းတို့က အမွှာတွေဆိုတာ ရှင်းပါတယ်"
လုရွှမ်ရဲ့ ဇာတ်ကြောင်းကို နားထောင်ရင်း သူတို့နှစ်ဦး စိတ်ချယုံကြည် သွားခဲ့သည်။ ဒီနှစ်များ တစ်လျှောက်တွင် သူတို့ မောင်နှမမှာ သူတို့ကြားက ကွာခြားမှုကို အံ့အားသင့် ခဲ့ကြသော်လည်း လုရွှမ်ကတော့ သူတို့က အမွှာတွေကြားက အကြောင်းကို ထုတ်ပြောလာခဲ့သည်။
"နတ်ဘုရားမျက်လုံးရဲ့ ဖိနှိပ်မှုအောက်မှာ ရှင်သန်နိုင်တဲ့ ကောင်လေး.... မင်းရဲ့ ကဲကောင်းမှုတွေက သေးငယ်တာ မဟုတ်ပေမယ့် မင်းအစ်မဆီက ဖိနှိပ်မှုကို ခံခဲ့ရတာ ထင်ရှားပါတယ်.... နှစ်တွေ ကြာလာတာနဲ့အမျှ အရည်အချင်းတွေကို ဖုံးကွယ်ထားသလို ဖြစ်နေတာမလို့ ငါက ဖိအားတွေကို အသုံးချခဲ့ပြီး အဲဒီအင်အားတွေ ထွက်လာအောင် ဆွဲထုတ်လိုက်တာ"
"ဒါက ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတစ်ခုလို့ ထင်ခဲ့တာ... ဒါပေမဲ့ မင်းမှာ ဝိညာဉ်သွားတစ်ရံမှာ ရှိမယ်လို့ မမျှော်လင့်ထားဘူး.... မင်း အမြဲတမ်း ထက်ထက်မြက်မြက် ရှိနေတာ အံ့သြစရာတော့ မရှိပါဘူး...ယဒါက ပါရမီရဲ့ အပိုဆုတစ်ခုပဲလေ"
နောက်ဆုံးတော့ မောင်နှမနှစ်ယောက်မှာ သူတို့ကြားက ကွာဟချက်ကို သဘောပေါက်လာတော့သည်။
ဝမ်လင်သည် မျက်ရည်များ စီးကျကာ မောင်ငယ်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။ မောင်လေး၏ လက်ရှိ အသွင်အပြင်သည် သူမကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဝမ်ကျောက်လည်း အစ်မကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထယးလိုက်သည်။
"အစ်မ.... ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ငါတို့ထဲက တစ်ယောက်မှ ဒါကိုသိခဲ့တာ မဟုတ်ဘူးလေ ငါတို့ ပျော်သင့်တယ်"
ဝမ်လင်က အကြိမ်ကြိမ် ခေါင်းညိတ်လေသည်။
ငိုလိုက်ရယ်လိုက် လုပ်ပြီးနောက် မောင်နှမနှစ်ယောက် ဒူးထောက် ထိုင်ချလိုက်ပြီး လုရွှမ်ကို သုံးကြိမ်တိုင်တိုင် ဂါဝရပြုလိုက်ကြသည်။ လုရွှမ် အား ကြည်ညိုလေးစားမှု အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ဒီနှစ်များ တစ်လျှောက်တွင် လူများစွာသည် ၎င်းတို့၏ မောင်နှမများကို မြင်ဖူးကြသော်လည်း တချို့လူများက ထိုအထဲက ပြဿနာကို မသိခဲ့ကြချေ။
ယင်းက လုရွှမ်သည် အလွန် ထက်မြတ်ကြောင်း အပြည့်အဝ ပြသခဲ့ပြီး ၎င်းတို့နှစ်ဦးသည် လုရွှမ်ကို သူတို့ဆရာအဖြစ် ကိုးကွယ်လိုစိတ် ရှိလာခဲ့လေသည်။
"ဒါက လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က ဝမ့်ရှင်းဂိုဏ်း ရဲ့ ဝိညာဉ်စွမ်းအား မွေးမြူခြင်း လျှို့ဝှက်စာအုပ်ပဲ.... မင်း စိတ်အေးလက်အေး နားလည်လာအောင် လေ့လာကြည့်ကြ"
လုရွှမ်သည် စိတ်စွမ်းအားဖြင့် လျှို့ဝှက်စာအုပ်များကို ဝမ်လင်စိတ်ထဲ ပေါင်းထည့်ပေးလိုက်သည်။
အခင်းအကျင်း ဖွဲ့စည်းခြင်းများကို လေ့ကျင့်ရန် ပထမဦးစွာ သဘာဝအားဖြင့် စိတ်ဝိညာဉ် စွမ်းအားအတွက် အလွန် မြင့်မားသော လိုအပ်ချက်များ ရှိသည်။
ဝမ်လင်သည် သဘာဝလွန် စွမ်းအားများနှင့် နတ်မျက်လုံးများ၏ အရည်အချင်းများ ရှိသောကြောင့် သူမသည် သဘာဝအတိုင်း စိတ်ဝိညာဉ်စွမ်းအား မွေးမြူခြင်းတွင် ကြီးမားသော တာဝန်များရှိသည့် ပါရမီရှင်တစ်ဦး ဖြစ်လာသည်။
ထို့အပြင် သူမ၏ စွမ်းအားသည် သူတော်စင်တစ်ပိုင်းကို မရောက်သေးတဲ့အတွက် ဒါကို လုရွှမ် အနေနဲ့ နှမြောနေနိုင်သည်။
"လွန်ခဲ့တဲ့ အနှစ်သုံးရာက ဝမ့်ရှင်းဂိုဏ်းရဲ့ စိတ်ဝိညာဉ်စွမ်းအား ကျင့်စဥ်? ဆရာက အရမ်းတော်တာပဲ... ဒီလောက် မှော်ဆန်တဲ့ အရာတစ်ခုကိုတောင် ရနိုင်တယ်ပေါ့ ဒါဆို ကျွန်တော်ရဲ့ လေ့ကျင့်မှုနဲ့ သင့်တော်တဲ့ လျှို့ဝှက်ကျင့်စဥ်ကရော ဘာလဲဟင်?"
ဝမ်ကျောက်မှာ စိတ်လှုပ်ရှား ပျော်ရွှင်နေ၏။ သူ့အစ်မအတွက် တစ်ချိန်လုံး ဂုဏ်ယူနေသော်လည်း သူ့တွင် သိမ်ငယ်စိတ်များ ရှိနေသဖြင့် မောက်မာခြင်းဟု ခေါ်သော အရာမှာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။
နောက်ဆုံး လုရွှမ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွင် သူသည် ကူကယ်ရာမဲ့ ဖြစ်လာခဲ့ပြီး သူ့ကိုယ်သူပင် စိတ်ပျက်သွားခဲ့သည်။
အခု အမှန်တရားကို သိတော့ စိတ်ထဲမှာ အဓိပ္ပာယ်မဲ့ လွဲချော်မှုတွေ ပျောက်ကွယ်သွားတော့ စိတ်အားထက်သန်မှု အပြည့်နဲ့ တိုးတက်အောင် ကြိုးကြိုးစားစား လုပ်ချင်လာသည်။
ဆရာက ဒီလို စာအုပ်ကောင်းလေး ထုတ်လာတာကို မြင်လိုက်ရတော့ သည်းမခံနိုင်တော့ဘဲ စိတ်ထဲမှာ စိုးရွံ့စိတ်နဲ့ မေးလိုက်မိလေသည်။
ဝမ်လင်သည်လည်း တရာကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်ကာ မောင်ငယ်ဖြစ်သူ ပိုကောင်းအောင် လေ့ကျင့်ရန် ဆရာ့အား လေ့ကျင့်ရေး နည်းလမ်း ပြောင်းလဲရန် သူမအား ပြောလိုက်မည်ဟု စိတ်ထဲတွင် တွေးထားသော်လည်း လုရွှမ် စကားကြောင့် တုန်လှုပ်သွားလေသည်။
"စိတ်မပူပါနဲ့.... မင်းမောင်အတွက် ဝမ့်ရှင်းဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဥ်တွေ အကြောင်း မေးရင်တောင် သူလေ့ကျင့်လို့ မရဘူး"
လုရွှမ် ဝမ်လင်တစ်ယောက် ဘာတွေ တွေးနေမှန်းကို သိသလို သူ့စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာကိုလည်း ခံစားမိတာကြောင့် ဆိုလိုက်သည်။
"မင်းရဲ့ ဝိညာဉ်သွားတွေကို တစ်ကမ္ဘာလုံးက အရာအားလုံးကို ကိုက်စားနေနိုင်တယ်... မင်းစားနိုင်သမျှ လေ့ကျင့်နိုင်တယ် ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်က ကြံ့ခိုင်ဖို့ လိုအပ်တယ်.... အဓိက ဂိုဏ်းခြောက်ခုထဲက တစ်ခုဖြစ်တဲ့ ဆင်သံချပ်ကာဂိုဏ်းရဲ့ ကျင့်စဥ်က မင်းအတွက် အရမ်းသင့်တော်တယ်"
လုရွှမ် မတွန့်ဆုတ်ဘဲ ဆင်သံချပ်ကာဂိုဏ်း၏ လျှို့ဝှက်စာအုပ်များနှင့် ကျင့်စဥ်များ အားလုံးကို ဝမ်ကျောက် ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပေးလိုက်သည်။
လုရွှမ်၏ ဝိညာဉ်ရေးရာ အတွေးသည် ထိုမောင်နှမ၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားခြင်းသည် ၎င်းတို့အတွက် အကာအကွယ် တစ်ခုဟု မှတ်ယူနိုင်လေသည်။ သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့ရသောအခါတွင် သူ၏ ဝိညာဉ်ရေးရာ အတွေးသည် တစ်ဖက်လူကို ခြောက်လန့်ဖို့ အလိုအလျောက် ပေါ်လာလိမ့်မည်။