မင်းသား၄ရဲ့လူ
Vol. 43 Ch. 4.157
လုရွှမ် တာဝန်ခန်းမတွင် သူတို့ မောင်နှမနှင့် တွေ့ဆုံရန် မမျှော်လင့်ထားပေ။ ယခုအချိန်တွင် သူ့တွင် ဝမ်လင်၏ ထိုးထွင်း သိမြင်သော မျက်လုံးများ ရှိနေသဖြင့် ယွမ့်လင်နှင့် တော်ဝင်မြို့တော်ရှိ အခြားသူများကို ရှာတွေ့ရန် ပိုမိုလွယ်ကူသွားပြီ။
မောင်နှမ နှစ်ယောက်သည် သဘာဝအတိုင်း နေထိုင်စရာ ရှိကြသည်။ မောင်နှမနှစ်ယောက် လုရွှမ်ကို သူတို့အိမ်သို့ ပြန်ခေါ်လာ၍ တံခါးရှေ့တွင် စောင့်နေကြသည်။
"ငါ့ဘိုးဘေးလေး နှစ်ယောက်ရေ.... မင်းတို့ပြန်လာပြီလား? မင်းတို့ ပြန်မလာရင် မင်းတို့ တစ်ခုခု ဖြစ်သွားမှာစိုးလို့ ငါတို့ခန်းမသခင်က သူ့လူတွေကို လွှတ်လိုက်တော့မလို့ကွ!"
စကားပြောတဲ့ သူကတော့ တာဝန်ခန်းမမှာ တွေ့ခဲ့တဲ့ ပိုင်ဟူခန်းမရဲ့ အဖွဲ့ခေါင်းဆောင် လီပြောင်းပဲ ဖြစ်လေသည်။ ထိုအခိုက် သူ့ဘေးက လူတစ်ယောက်ကလည်း အော်ဟစ်လိုက်သည်။
"ဟမ့်.... ဘာတွေ လေကျယ်နေတာလဲ? အိုး ပိုင်ဟူခန်းမကလည်း သူတို့ကို လိုက်ရှာနေတာလား"
ထိုလူသည် အဆင့်အတန်း မြင့်သော အဝတ်အစားများကို ၀တ်ဆင်ထားပြီး သူ့တစ်ကိုယ်လုံးက မြင့်မြတ်မှု အရိပ်အယောင်များကို ထုတ်လွှတ်နေသည်။ နှစ်ယောက်သား ရှေ့သို့ ရောက်သောအခါ လုရွှမ်ကို မော့ကြည့်လိုက်သော်လည်း သူတို့က ဂရုစိုက်ချင်စိတ် မရှိသလိုပင်။
"မင်းတို့က ဝမ်လင်နဲ့ ဝမ်ဟောက်မလား? မင်းတို့ကို ကြေးစားအဖွဲ့တစ်ဖွဲ့က ငှားလိုက်တိုင်း သူတို့ရဲ့ ကံက တော်တော်လေး ကောင်းလာကြတယ်လို့ ငါကြားမိတယ်"
ဝမ်ကျောက်သည် သူ့အစ်မ ဝမ်လင်ကို အမြဲလိုလို ကြည့်လေ့ရှိသည်။ ဝမ်လင်မှာလည်း ယခုအချိန်တွင် ကျောထောက်နောက်ခံ ရှိနေပြီဖြစ်လို့ လုရွှမ်ကို ကြည့်လိုက်သည်။
ယခု သူမတို့တွင် ဆရာတစ်ယောက်ရှိနေပြီ ဖြစ်ပြီး ဆရာက သူမတို့ကို အလွန် ကောင်းမွန်စွာ ဆက်ဆံသောကြောင့် သူမကို စိတ်သက်သာရာ ရစေသည်။ အခုကိစ္စကို ဆုံးဖြတ်ဖို့ ဆရာ့ကို ပြန့ကြည့်ရတာ သာမန်ပင်။
ဝမ်လင်ရဲ့ လုပ်ရပ်တွေက လီပြောင်းနဲ့ မြင့်မြတ်သူတို့ရဲ့ သံသယများကို နှိုးဆွပေးခဲ့ပြီး လုရွှမ်အား မျက်လုံးစိမ်းများဖြင့် စိုက်ကြည့်လာခဲ့သည်။ လီပြောင်းမှာ လုရွှမ်က ဒီမောင်နှမကို ခေါ်ဆောင်သွားသူ ဖြစ်ကြောင်း မှတ်မိသော်လည်း မြင့်မြတ်သူကတော့ လုရွှမ်ကို မထီမဲ့မြင်ပြုကာ နှုတ်ဆိတ်သွားခဲ့သည်။
သေးငယ်တဲ့ လူက သေးငယ်တဲ့ လူပါပဲ။ ဒီတစ်ခေါက် အထက်လူကြီးတွေကသာ သူတို့နှစ်ယောက်ရဲ့ သတင်းကို မကြားသွားခဲ့ဘူး ဆိုရင် သူကလည်း ဒီအထိလာပြီး ခေါ်နေမှာ မဟုတ်ဘူး။
"ဒီအစ်ကိုက ဘယ်သူများလဲ?"
လီပြောင်းလည်း လုရွှမ်ရဲ့ကျင့်ကြံမှုအခြေခံက နည်းနည်းနိမ့်ပေမယ့် သူ့ညီအကိုတွေကို သူ ဘယ်လောက် လေးစားလဲ ဆိုတာကို ပြသဖို့ နူးညံ့ဟန်ဆောင်လိုက်သည်။
"ခေါင်းဆောင်လီ... သူက ကျွန်တော်တို့ရဲ့ ဆရာ..."
ဝမ်ကျောက်က ပြောရင်း သူ့ပါးစပ်ကနေ 'လုရွှမ်' ဆိုတဲ့ စကားကို ထုတ်ပြောမိလု နီးပါးဖြစ်သွားသည်။
လုရွှမ်ကလည်း ရယ်မောလိုက်ကာ
"ပိုင်ဟူခန်းမက ခေါင်းဆောင်လီ ဟုတ်တယ်မလား? နာမည်ကြားပြီး သဘောကျနေတာ ကြာပါပြီ.... တခြားသူတွေက ကျုပ်ကို ချင်းလုံကျွီးရှစ်လို့ ခေါ်ကြတယ်"
လီပြောင်းရဲ့ အမူအရာမှာ အေးခဲသွားတော့သည်။ အကြောင်းမှာ ထျန်းလုံဧကရာဇ်အင်ပါယာ၌ နဂါးများနှင့် ပတ်သက်နေသူတိုင်း တော်ဝင်မိသားစုနှင့် ပတ်သက်မှု ရှိကြတာကြောင့်ပင်။
(ဘာသာပြန်သူ - 青龙 ချင်းလုံက စိမ်းပြာနဂါးပါ။ တရုတ်ဒဏ္ဍာရီလာသားရဲ။ တော်တော်များများ သိကြပါတယ်)
မြင့်မြတ်သောလူက အော်ဟစ်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ကောင်လေး ဒါက ထျန်းလုံဧကရာဇ် အင်ပါယာပဲ တချို့ စကားလုံးတွေက ပြောချင်တိုင်း ပြောလို့မရဘူး.... မဟုတ်ရင် မင်းဘယ်လိုသေလို့ သေသွားရမှန်းတောင် မသိဘဲ ဖြစ်နေမယ်ကွ!"
လီပြောင်း၏ နှလုံးသားထဲတွင် ဤမြင့်မြတ်သော လူကို သူဘယ်လောက် စက်ဆုပ် ရွံရှာနေပါစေ ယင်းနဲ့ယန် ရောယှက်နေပြီး လူများကို စိတ်မသက်မသာ ဖြစ်စေသော ယခုလိုဧကရာဇ် အင်ပါယာမြို့တော်တွင် နောက်ခံကောင်းပြီး စောကားလို့မရတဲ့ ကြုံရာကျပန်း လူတချို့ ရှိကောင်းရှိနိုင်တာကို သူကောင်းကောင်း သိပါ၏။
"ကောင်လေး မင်းရဲ့ တပည့်နှစ်ယောက်ကို ငါတို့ တောင်းထားပြီးပြီ.... မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့လိုက်တော့"
မြင့်မြတ်သူသည် နှာမှုတ်ပြီး အပိုစကားတွေ ပြောနေခြင်းကို ရပ်လိုက်သည်။ ဆက်ပြောနေရင် အချိန်ကုန်နေဦးမယ်လေ။
လီပြောင်းက ချောင်းဆိုးလိုက်ပြီး
"ဒီကလူကြီးမင်း သူတို့ ဘယ်သူနဲ့ သွားချင်လဲ ဆိုတာ သူတို့ မောင်နှမတွေရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ မဟုတ်လား?"
ဖြောင်း!
လီပြောင်းရဲ့ မျက်နှာတစ်ခြမ်းမှာ အရိုက်ခံလိုက်ရလေသည်။ လီပြောင်း ထိတ်လန့်သွားသလို ဒေါသတကြီးနဲ့ မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် နဂါးပုံတံဆိပ်ပြား သင်္ကေတတစ်ခုကို တွေ့လိုက်ရသည်။
"မင်းသား၄က သူတို့ကို ခေါ်ခိုင်းဖို့ အမိန့်ပေးလိုက်တာ!! မင်းမှာ ကန့်ကွက်စရာရှိလား?"
လီပြောင်းက ဒေါသကို အမြန်ထိန်း၍ ပြုံးကာ ပြောလိုက်လေသည်။
"လတ်စသတ်တော့ မင်းသား၄ရဲ့ လူကိုး? စောစောက ပြောပေါ့ဗျာ... မဟုတ်ရင် လူကြီးမင်းက အေးအေးဆေးဆေး စောင့်နေပြီး ဒီငယ်သားက သူတို့ခေါ်လာ လူကြီးမင်းကို ဂါဝရပြုခိုင်းမှာပေါ့.. ဘယ်လိုလုပ် ကိုယ်တိုင်လာစရာ လိုပါ့မလဲ?"
"ရှောင်လင်နဲ့ ရှောင်ကျောက် မင်းတို့တကယ် ကံကောင်းတာပဲ!! ဒါက မင်းသား၄ ရဲ့ လူပဲ.... အခုချိန်ကစပြီး မင်းဟာ နွေးနွေးထွေးထွေး အိပ်ရပြီး အရသာရှိတဲ့ အစားအစာတွေ စားရလိမ့်မယ်...."
လီပြောင်းက သူမကို ခပ်မြန်မြန် ချော့မော့ပြီး ဆိုလိုက်သည်။
မြင့်မြတ်သောလူက
“ဒီသခင်နဲ့သာ လိုက်ခဲ့စမ်းပါ”
ထပ်၍ ကြွေးကြော်ပြီး လှည့်ထွက်သွား၏။
ဝမ်လင်တို့ မောင်နှမသည် လုရွှမ်ကို ကြည့်လိုက်ကြပြီး လုရွှမ်ကတော့ လှောင်ပြုံးသာ ပြုံး၍ တံခါးကို တွန်းဖွင့်ကာ ခြံဝင်းထဲသို့ လျှောက်ဝင်သွားလေသည်။ မောင်နှမ နှစ်ယောက်လည်း သဘာဝကျကျ လျင်မြန်စွာ လိုက်ဝင်လာကြသည်။
လှည့်ထွက်သွားသော လူကြီးမင်းက ရုတ်တရက် ခေါင်းပြန်လှည့်လာကာ အေးစက်စွာ ရယ်မောလိုက်သည်။
“အမိန့်ကို အာခံမယ်ပေါ့လေ?? မင်းသား၄ရဲ့ စကားကိုတောင် ဂရုမစိုက်ဘူးပေါ့ ဟုတ်လား?”
လီပြောင်းကလည်း ဝင်ဆို၏။
"မင်းတို့က ဆန့်ကျင်ချင်နေတာလား? ဒီက လူကြီးမင်း ပြောတာကို မင်းတို့က နားတောင်မထောင်ဘူးပေါ့ ကောင်လေး... မင်း ဒီကိုလာခဲ့"
သူ ခြံထဲသို့ လျှောက်သွားကာ လက်ကိုဆန့်၍ လုရွှမ်ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
“ဆရာ သတိထား!!”
မောင်နှမနှစ်ယောက် တညီတညွတ်တည်း အော်ကြသည်။
လုရွှမ် လီပြောင်းရဲ့လက်ကို ပြန်ဖမ်းဆုပ်ထားရင်း အသက်မပါတဲ့ အပြုံးတစ်ပွင့် ပေးလိုက်သည်။ လီပြောင်းကတော့ လုရွှမ်ကို စကားအနည်းငယ် ဆို၍ ထိုအဆင့်မြင့်သော ယောက်ျားဆီသို့ လှမ်းသွားကာ သူ့အား နှိမ့်ချစွာနေဖို့ ပြောချင်သည်။
လီပြောင်း သူ့လက်ကို ခဏကြာအောင် ပြန်ဆွဲသော်လည်း လုရွှမ်ဆီက လုံးဝ မလွတ်နိုင်တာကို တွေ့လိုက်ရသည်။
"အိုး... ကောင်လေး မင်းမှာ အရည်အချင်း နည်းနည်းတော့ ရှိသားပဲ!"
လီပြောင်းက အော်ပြီး လုရွှမ်ကို ရိုက်ချလိုက်သည်။ သူတော်စင်တစ်ပိုင်း တတိယအဆင့်လောက်ကို သူ့မျက်လုံးထဲ ဘယ်လိုလုပ် ထည့်ထားနိုင်ပါ့မလဲ။
လုရွှမ် လက်တစ်ချက် ဝေ့ယမ်းလိုက်တာနဲ့ လီပြောင်းက အော်ဟစ်ကာ အဆင့်မြင့်သော ယောက်ျားဆီသို့ လွင့်သွားသည်။
"ဟမ့်!"
တစ်ဖက်လူက လှောင်ပြောင်လိုက်သည်။ ဒါက သူ့ကို ထိုးနှက်ချင်နေတာ သိသာလေ၏။ ထိုသူက လက်ဖဝါးကို ဝှေ့ယမ်းပြီး သူ့ဆီလွင့်လာတဲ့ လီပြောင်းကို ဖယ်ရှားလိုက်သည်။ နောက်ဆုံးတော့ သူဆိုတာ ပိုင်ဟူခန်းမက လူတွေကို လုံးဝ ဂရုစိုက်နေဖို့ မလိုဘူးလေ။
မထင်မှတ်ပဲ စွမ်းအားသည် လီပြောင်းရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။ လီပြောင်းမှာ မီးပုံးပျံတစ်ခုလို ပေါက်ကွဲထွက်ကာ နေရာတိုင်းတွင် သွေးများ စီးကျလာပြီး အသားအပိုင်းအစများ သူ့အပေါ်သို့ပင် ပျံ့ကျသွားသည်။
"အတင့်ရဲလိုက်တာ!"
ထိုလူကြီးက အော်ဟစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးများကို သုတ်ရင်း လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။
"ကောင်လေး မင်းတကယ် သေလမ်းရှာနေတာပဲ..."
လုရွှမ် အသာ ခေါင်းခါလိုက်ပြီး
"မီးတောက်စေ!"
ရုတ်တရက် ထိုလူကြီးမင်းရဲ့ ခန္ဓာကိုယ်မှ ခရမ်းရောင် မီးလုံးကြီး ထွက်လာခဲ့သည်။ ခဏအတွင်း မီးလုံးကြီး တစ်ခုအဖြစ် လျင်မြန်စွာ ပျံ့နှံ့ လောင်ကျွမ်းသွားလေသည်။
လီပြောင်းကို လေထဲ ခေါက်တင်လိုက်တဲ့ အခါက လုရွှမ် လီပြောင်းခန္ဓာကိုယ်ထဲကို ဖီးနစ်မီး ထည့်လိုက်ပြီးသားပင်။ တစ်ဖက်လူရဲ့ ခန္ဓာကိုယ် ပေါက်ကွဲသွားသောအခါ သူ့အသားစကနေ တစ်ဆင့် ထိုလူကြီးဆီ မီးတောက်က ကူးသွားခြင်း ဖြစ်သည်။
နည်းနည်းလေးမှ သတိမထားမိသွားတဲ့ ထိုလူကြီးမှာ နောက်ဆုံးတွင် သေသွားရှာတော့သည်။
"ဆရာ!!... ဆရာက အရမ်းအံ့သြဖို့ ကောင်းတာပဲ သူတော်စင်တစ်ပိုင်း အဆင့်၇ကို ဘယ်လိုလုပ်ပြီး သတ်လိုက်တာလဲ?"
ဝမ်ကျောက်က စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်သည်။ အရင်တုန်းကတော့ သူ့မျက်လုံးထဲမှာ အဆင့်မြင့် အရပ်ရှည်တဲ့ ထိုအမျိုးသားကို ဆရာကတော့ ရှောင်တခင် မီးရှို့သတ်ပစ်လိုက်တယ်လေ။
လုရွှမ် ဝမ်လင်ကို တစ်ချက် ကြည့်လိုက်ပြီး
"ရှောင်လင် သေချာမြင်လိုက်လား? မြင်လိုက်ရင် မင်းမောင်လေးကို ရှင်းပြလိုက်!"
ဝမ်လင်က ခေါင်းညိတ်လေ၏။ သူမ၏ အမူအရာမှာ သဘောကျမှု အပြည့်ရှိနေသည်။ သူမက မောင်ငယ်အား အနည်းငယ် ရှင်းပြလိုက်သည်။ ထို့နောက် လုရွှမ်က
"မြင်လိုက်တယ်မလား? စွမ်းအားက နယ်ပယ်နဲ့ မညီမျှဘူး အဆင့်မြင့် နယ်ပယ်ကို မနိုင်ဘူး ဆိုပေမယ့် ကိုယ့်မှာ ယုံကြည်မှုရှိနေဖို့ လိုတယ်... ဒါကြောင့် အနာဂတ်မှာ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါကျရင် မင်းတို့ သတိလက်လွတ် မဖြစ်သင့်ဘူး... မဟုတ်ရင် တိုက်ပွဲမှာ ဘယ်သူက အနိုင်ရမယ်ဆိုတာ မသေချာဘူး ဖြစ်သွားမယ်"
မောင်နှမနှစ်ယောက်က တစ်ပြိုင်တည်း ခေါင်းညိတ်ကြသည်။
"ဒါပေမဲ့ ဆရာ.... အဲဒါက မင်းသား၄ပဲ... အခုတပည့်တို့က သူ့လူကို သတ်လိုက်ပြီဆိုတော့ သူတို့ ပြဿနာ လာရှာလောက်တယ်မလား?"
ဝမ်လင်က သိသာထင်ရှားစွာ ရင့်ကျက်လာတာကြောင့် ထိုအချက်ကို တွေးမိရာ စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။
"ဘာကို ကြောက်နေရမှာလဲ? တစ်ယောက်လာရင် တစ်ယောက်ကို သတ်ပစ်မယ်.... နှစ်ယောက်လာရင် နှစ်ယောက်လုံးကို သတ်ပစ်မှာပေါ့!!"
ဝမ်ကျောက်က ဟောက်လိုက်လေ၏။ ဝမ်လင်မီာ မျက်လုံးလေးပြူးလျက် ဆရာဖြစ်သူက ကြည့်လိုက်သည်။ လုရွှမ်က ရယ်၍
"ပြောတာ ကောင်းတယ်!! လူဘယ်လောက်ပဲ လာပါစေ အတင့်ရဲနေလို့ကတော့ သတ်ပစ်လိုက်!!"