ထျန်းလုံအတွင်းပိုင်းမြို့
Vol. 43 Ch. 4.158
"စိတ်မပူပါနဲ့ ရှောင်လင်... မင်းရဲ့ဆရာက အဲဒါအတွက် ပြင်ဆင်ထားတာကြာပြီ"
လုရွှမ် သူ့ခန္ဓာကိုယ်ကို တစ်ချက် လှည့်လိုက်ပြီးနောက် သူ၏ အသွင်အပြင်သည် တစ်ဖန်ပြောင်းလဲသွားပြီး သခင်လေးယွမ်ယန် အသွင်အပြင် ဖြစ်လာခဲ့လေသည်။ မောင်နှမနှစ်ယောက်မှာ အလွန် စိတ်လှုပ်ရှားစွာ အော်လိုက်ကြသည်။
"ဆရာ....ဆရာက သခင်လေးယွမ်ယန်လား!!"
ဝမ်လင်မှာ စိတ်လှုပ်ရှားစွာ အော်ပြောရင်း ချောမောလှပတဲ့ မျက်နှာလေးက နီရဲသွားခဲ့သည်။ ရုတ်တရက် တစ်ခုခုကို တွေးမိပြီး မျက်နှာက မည်းမှောင်သွားပြန်သည်။
လုရွှမ်သည် သူဖန်တီးခဲ့သော သခင်လေးယွမ်ယန်မှာ အလွန်ချစ်စရာ ကောင်းနေတယ် ထင်ပါရဲ့။ သူရဲ့ တပည့်လေးတွေကိုတောင် စိတ်လှုပ်ရှားကုန် ကြတယ်ဆိုတော့လေ။
"ဆရာ.... ကျွန်တော် သူတော်စင်နယ်ပယ်က လက်နက်တစ်ခု လိုချင်တယ်!"
ဝမ်ကျောက် အော်ပြောပြီးနောက် လုရွှမ် သူ့ခေါင်းကို ခေါက်လိုက်လေ၏။
"သွားရအောင် ဒီနေရာမှာ မနေနိုင်တော့ဘူး အရင်းအမြစ်တွေနဲ့ အရမ်းဝေးလွန်းတယ်.... ငါနဲ့လိုက်ခဲ့"
လုရွှမ် သူ့အရည်အချင်းတွေကို ပြသပြီးနောက် အရင်ပုံစံအဖြစ် ပြောင်းလဲလိုက်ပြီး တပည့်နှစ်ယောက်ကို ဒီနေရာကနေ ထွက်သွားဖို့ ညွှန်ကြားလိုက်လေသည်။
အခု အရေးအကြီးဆုံး အလုပ်မှာ သူ့ကိုယ်သူ ကာကွယ်ဖို့နဲ့ အနာဂတ်မှာ သူ့ကို အကူအညီဖြစ်စေမယ့် တပည့်နှစ်ယောက်ရဲ့ ခွန်အားကို မြှင့်တင်ဖို့ပဲ ဖြစ်သည်။ ဝမ်လင်သည် သူမခွန်အားကို သူတော်စင်တစ်ပိုင်းအထိ မြှင့်တင်နိုင်ခဲ့ပါက နတ်ဘုရားမျက်လုံးရဲ့ အခန်းကဏ္ဍကလည်း ပို၍ကြီးမား လာမှာဖြစ်သည်။
ယေဘူယျအားဖြင့် ပြောရလျှင် အင်ပါယာမြို့တော်သည် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော်လည်း နေရာဒေသ အသီးသီးမှာတော့ ကွဲပြားကြသည်။ မြို့လယ်နှင့် နီးကပ်လေ ဝိညာဉ်စွမ်းအင် အားကောင်းလာလေ ဖြစ်သည်။
ထို့အပြင် ဤနေရာတွင် အမျိုးမျိုးသော ပစ္စည်းများ ပေါများပြီး ပစ္စည်း လဲလှယ်ခြင်း အတွက်လည်း ပို၍ အဆင်ပြေသည်။ ဝမ်လင်၏ ကျင့်ကြံမှုအတွက်လည်း အထောက်အကူ ဖြစ်စေသော အခင်းအကျင်း ပုံစံများစွာ ရှိသည်။
“အို အတွင်းမြို့ တစ်မြို့ရှိသေးတာလား?”
မောင်နှမ နှစ်ယောက်နှင့်အတူ မြို့လယ်ခေါင်ဆီသို့ ပျံသန်းလာရင်း အဝေးက မြို့တစ်မြို့ကို မြင်လိုက်ရသည်နှင့် လုရွှမ် အနည်းငယ် အံ့အားသင့်သွားကြသည်။
မြို့တွင်းရှိ အတွင်းမြို့သည် ကောင်းကင်နှင့် မြေပြင်ကြားတွင် အလွန်ရှုပ်ထွေးစွာ ပုန်းကွယ်နေပြီး မမြင်နိုင်လုနီးပါးပင်။
လုရွှမ်သည် မြို့ကို ကာကွယ်ထားတဲ့ အခင်းအကျင်း ဖွဲ့စည်းမှုက သူ့ကို တားဆီးနိုင်မှာ မဟုတ်ကြောင်း ယုံကြည်သော်လည်း သူ့လက်ရှိ အင်အားဖြင့် အခင်းအကျင်းကို ချိုးဖျက်ရန် ၃၀% သေချာနေပြီး အခြားသူများကို သတိမပေးမိစေဖို့ ခက်ခဲလေသည်။
ကျင့်ကြံသူ တချို့သည် အလင်းဖွဲ့စည်းမှုမှ လွတ်လွတ်လပ်လပ် ပျံသန်း ထွက်သွားကြသည်။ လုရွှမ် သူ့ရဲ့စိတ်ဝိညာဉ် စွမ်းအားင အားကောင်းလို့ ၎င်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
အလင်းရောင်ကို ဖြတ်ကျော် သွားသောအခါတွင် သူတို့၏ ခန္ဓာကိုယ်အနှံ့ အလင်းတန်းများ တောက်လျှောက် ထွက်လာခဲ့သည်။
"ဆရာ... ကျွန်တော်တို့ နောက်ကျရင် ထျန်းလုံမြို့မှာ နေရမှာလား"
ဝမ်ကျောက်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"ထျန်းလုံမြို့?"
လုရွှမ် အနည်းငယ် စိတ်ရှုပ်သွားသည်။ လုရွှမ်ဟာ ဧကရာဇ်အင်ပါယာကို မရောက်ဖူးတာကြောင့် ဒီနေရာက စည်းမျဉ်း စည်းကမ်းများကို မသိကြောင်း ဝမ်လင်မှ သိတာကြောင့် သူမက ဆိုလိုက်သည်။
"ဆရာ... ဆရာက တခြားနေရာက လာတာဆိုတော့ မသိတာ ဖြစ်မယ်... အပြင်လူတွေက ဧကရာ်မြို့တော် ဒါမှမဟုတ် ထျန်းလုံမြို့လို့ ခေါ်ကြတာကို ဒါပေမဲ့ ဒီမှာရှိတဲ့ လူတွေကတော့ အတွင်းမြို့ကို ထျန်းလုံမြို့လို့ပဲ ခေါ်ကြတယ်"
အဲ့လိုကိုး!
"ဆရာ... ကျွန်မတို့ အတွင်းမြို့မှာ တကယ်နေကြမှာလား? ဒါပေမဲ့ မြို့ထဲကို ဝင်ဖို့က အရည်အချင်းတွေ လိုအပ်တယ်...ပြီးတော့ ကုန်ကျစရိတ်ကလည်း အများကြီးပဲ..."
ဝမ်လင်၏ အသံမှာ ရွှင်မြူးမှု အပြည့်ဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။ မသိစိတ်ကတော့ အတွင်းမြို့ကို စူးစူးဝါးဝါး စိုက်ကြည့်နေမိသည်။
လုရွှမ် ထိုမောင်နှမ၏ မျက်လုံးများကို ကြည့်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
"ဆရာရှိနေရင် မင်း စိတ်ပူစရာ မလိုပါဘူး"
လုရွှမ်ဆိုရင်း လူနှစ်ယောက်ကို ခေါ်ကာ ဆင်းသက်လာခဲ့သည်။ ကျောက်စိမ်းတိုင် နှစ်ခုဖြင့် ဖွဲ့စည်းခြင်းက အခင်းအကျင်းရဲ့ မျက်လုံးဖြစ်ကာ အခင်းအကျင်းကို သူတော်စင်တစ်ပိုင်း လူ ၁၀ယောက်က ထိန်းသိမ်းထားလေသည်။
ထိုအချိန်တွင် ရှေ့တွင် လှည်းကြီး လှည်းငယ်များဖြင့် စောင့်ဆိုင်းနေသော မိသားစုတစ်စု ရှိပြီး ပစ္စည်းများစွာကို သယ်ဆောင်လာသည့် သူတော်စင် သားရဲများကိုပါ တွေ့ရ၏။ အားလုံးသည် မိသားစုတစ်စုလုံး မြို့အတွင်းသို့ ပြောင်းရွှေ့လာကြပုံပင်။
"အဲဒါဖေချွေ့လမ်းက သခင်ကြီးကျန်းရဲ့ အိမ်ကပဲ!"
ဝမ်ကျောက်က မနာလိုစိတ်နဲ့ အော်လိုက်လေ၏။ နောက်တော့ သူတို့လည်း မြို့အတွင်းထဲကို ပြောင်းရတော့မယ်လို့ သတိရပြီး ပြန်ပျော်သွားပြန်သည်။
"ကျန်းအိမ်တော်က ဒုတိယသားက ကျောင်းတော်ရဲ့ အငယ်တန်းပြိုင်ပွဲမှာ ထိပ်တန်းအဆင့် ဆယ်ခုထဲ ဝင်ခဲ့တယ်တဲ့... နောက်ပြီး ထျန်းလုံကျောင်းတော်နဲ့ တခြားကျောင်း ၃ ကျောင်းက ယှဥ်ပြိုင်ကြတော့မှာ...အဲဒါကြောင့် ကျန်းမိသားစု တစ်ခုလုံးက ထျန်းလုံမြို့ကို ဝင်ဖို့ အရည်အချင်း ပြည့်မီတယ်"
ထျန်းလုံကျောင်းတော် အကြောင်း ပြောသောအခါ ဝမ်လင်ရဲ့ မျက်လုံးများသည် တောက်ပနေသော်လည်း ကျန်းမိသားစု အကြောင်း ပြောသောအခါတွင် သူမလေသံမှာ အေးစက်လာပြီး မျက်ခုံးနှင့် မျက်လုံးများကြားတွင် ရွံရှာနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူမတို့အတွက် အတိတ်က ကိုင်တွယ် ဖြေရှင်းစရာတွေ အများကြီး ကျန်နေသေးပုံ ပေါ်တာကြောင့် လုရွှမ်လည်း ထျန်းလုံကျောင်းတော် အကြောင်းသာ ရိုးရိုးရှင်းရှင်း မေးလိုက်သည်။ ထျန်းလုံကျောင်းတော်က သူ့ကို အလိုရှိပေမယ့် သူကတော့ ထျန်းလုံကျောင်းတော်က ဘယ်လို ကျောင်းမျိုးလဲ ဆိုတာ မသိသလောက်ပင်။
ထျန်းလုံကျောင်းတော်ကို ထျန်းလုံဧကရာဇ် အင်ပါယာကို စတင် တည်ထောင်ခဲ့သော ဧကရာဇ် ဟုန်ခိုင်းထျန်း၏ ညီမအရင်းဖြစ်သူ ဟုန်ကျင်းကော်မှ တည်ထောင်ခဲ့သည်ဟု ဆိုကြသည်။ တော်ဝင်မိသားစုနှင့် ကျောင်းတော်အကြား ဆက်ဆံရေးသည် အလွန် ထူးခြားနေ၏။
ပါတီနှစ်ခုကြား သဘောထား ကွဲလွဲမှုများ ရှိနေကြသည်။
သို့သော် ပြည်ပရန်သူများ၏ ကျူးကျော်မှုကို ရင်ဆိုင်ရသောအခါတွင် ထျန်းလုံအင်ပါယာနှင့် ထျန်းလုံကျောင်းတော် တို့သည် ပြင်ပရန်သူများကို တွန်းလှန်ရန် ချက်ချင်း စည်းလုံးသွားကြလိမ့်မည်။
ယခု နှစ်ထောင်ပေါင်းများစွာ ကြာလာသောအခါ ဟုန်မိသားစုသည် ထျန်းလုံဧကရာဇ် အင်ပါယာကို သဘာဝအတိုင်း ချုပ်ကိုင်ထားခဲ့ပြီး ထျန်းလုံးကျောင်းတော်သည် တခြားသော သွေးရင်းများနှင့် စဉ်ဆက်မပြတ် ပေါင်းစည်းခဲ့သည်။
ထျန်းလုံကျောင်းတော်တွင် တော်ဝင်မိသားစု၏ ဩဇာအာဏာမှာ နိမ့်ပါးလာခဲ့သည်။ ထျန်းလုံကျောင်းတော်၏ နောက်ဆုံး ကျောင်းအုပ်ကြီး သုံးဦးသည် တော်ဝင်မိသားစုနှင့် ဘာမှကို မဆိုင်တော့ချေ။
သို့သော် ဟုန်ကျင်းကော်ရဲ့ အမိန့်ကို ထျန်းလုံကျောင်းတော်တွင် အမြင့်ဆုံး ဥပဒေအဖြစ် အမြဲတမ်း မှတ်ယူထားပြီး ကျောင်းအုပ်ကြီး နေရာကို အမျိုးသမီးတစ်ဦးမှ အနှစ်တစ်ရာ ထိန်းသိမ်းထားရမည် ဖြစ်သည်။
ထျန်းလုံကျောင်းတော်ကို အထက်တန်းနှင့် အောက်တန်းများ ဟူ၍ ခွဲခြားထားသည်။ အောက်ခြေ အဆင့်များသည် မကြာသေးမီက အဆင့်တက်လာသော သူတော်စင်တစ်ပိုင်း နယ်ပယ်များဖြစ်ပြီး အထက်တန်းများကို အဓိကအားဖြင့် သူတော်စင် နယ်ပယ်များ ဖြစ်သည်။
အစပိုင်းတွင် ဟုန်ကျင်းကော်သည် သူတော်စင်များ ပိုမိုမြင့်မားသော အောင်မြင်မှုများ ရရှိရန် သူမ မျှော်လင့်သောကြောင့် အထက်တန်းအဆင့်များကို ဖန်တီးခဲ့သည်။ သူမသည် သာလွန်ကောင်းမွန်သော အင်ပါယာကို လိုချင်၏။ ဤသူတော်စင်များက ကျောရိုးသာ ဖြစ်သည်။
သို့သော် ဤနှစ်များ နောက်ပိုင်းတွင် အထက်တန်း အဆင့်များကို စွန့်လွှတ်ရလုနီးပါး ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် သူတော်စင် ဖြစ်လာခြင်းသည် ထျန်းလုံဧကရာဇ် အင်ပါယာ တစ်ခုလုံးတွင် အမြင့်မြတ်ဆုံး ဖြစ်နေပြီ ဖြစ်သည်။
ဝမ်လင်က ထျန်းလုံဧကရာဇ် အင်ပါယာ၏ စည်းမျဉ်းများ အကြောင်း လုရွှမ်ကို ပြောပြနေပြီး သူမဆရာမှာ အလွန် ကြီးကျယ်ကြောင်းကို သဘောပေါက်ပြီးသော်လည်း တချို့ အရာများစွာကိုတော့ မသိနိုင်သေးချေ။
တချို့သော စည်းကမ်းများကို နားမလည်သောကြောင့် ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် ကြားသိခဲ့ရသမျှကို အသေးစိတ် ပြောပြခဲ့သည်။
လုရွှမ်မှာ သူ့ရဲ့ ယခင်ဘဝမှာ ဖြစ်စေ ယခုဘဝမှာ ဖြစ်စေ သူ့စိတ်အလုံစုံကို ကျင့်ကြံမှု၌သာ နှစ်မြှုပ်ထားခဲ့ပြီး လူတွေကြားထဲက ကိစ္စတွေကို အမှန်တကယ် မသိခဲ့ချေ။
ဝမ်ကျောက်ရဲ့ ဒေါသကတော့ ရိုးရိုးရှင်းရှင်းပင်။ သူ့အစ်မရဲ့ အရေမရ အဖတ်မရ စကားတွေကို နားထောင်နေဖို့ သူ ဘယ်လိုလုပ် စိတ်ရှည်နိုင်ပါ့မလဲ။ အနာဂတ်မှာ ထျန်းလုံမြို့မှာ နေထိုင်ဖို့ မျှော်လင့်ထားရာ ကျန်းမိသားစုအား နှုတ်ဆက်ပြီး ခင်မင်ရင်းနှီးမှု ရယူလိုခဲ့သည်။
သိပ်မကြာခင်မှာပဲ ဝမ်ကျောက်မှာ ဒေါသတကြီး ဟောက်ပြီး လူငယ်တစ်ယောက်နဲ့ ရန်စဖြစ်တော့သည်။
၎င်းတို့နှစ်ဦး၏ စွမ်းအားသည် သိပ်မကွာဘဲ ၎င်းတို့နှစ်ဦးစလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ အဆင့်၆တွင် ရှိသည်။
ဝမ်ကျောက်မှာ ဆင်သံချပ်ရွှေကိုယ်ထည်ကို သင်ယူနေသော်လည်း နောက်ပိုင်းတွင် လေ့ကျင့်ရန် အချိန်မရှိခဲ့ဘဲ လူငယ်၏ ဖိနှိပ်ခံခဲ့ရပြီး အဆက်မပြတ် ရိုက်နှက်ခံနေရသည်။
"အိုး မင်းငါ့ကို ကိုက်ချင်သေးတယ်ပေါ့ ဟုတ်လား?? ခွေးကောင်!!"
လူငယ်က ဝမ်ကျောက်ကို ဂုဏ်ယူစွာနဲ့ နောက်ပြောင်နေတော့သည်။
ဝမ်လင်သည် မောင်ဖြစ်သူ အတွက် စိတ်မကောင်းဖြစ်သဖြင့် အမြန်ထကာ လူငယ်ကို တွန်းထုတ်ရန် ကြိုးစားလိုက်သော်ငြား ကျန်းမိသားစုထဲမှ လူငယ်တစ်ဦးသည် ဝမ်လင်ရှေ့၌ တိုက်ရိုက် ပိတ်ဆို့လိုက်လေသည်။
"ဝမ်လင်...မင်းနဲ့မင်းမောင်က အရှက်မဲ့လွန်းတယ် မဟုတ်လား? ငါတို့မိသားစုက ထျန်းလုံမြို့ကို ပြောင်းရွှေ့တော့မယ် ဆိုတာ သိတာနဲ့ မင်းတို့က ငါတို့နောက်ကို ချက်ချင်း လိုက်လာတော့တာပဲ"
သန့်ပြန့်သော အဝတ်အစားများ ဝတ်ထားတဲ့ လူငယ်က မာနကြီးပြီး အထင်အမြင် သေးတဲ့ မျက်နှာနဲ့ ကြည့်ကာ ဆိုလာသည်။
"ဟားဟား.... မင်းက နည်းနည်းတော့ လှပါတယ် ဒါပေမဲ့ သာမန်ပဲ ငါမင်းကို မကြိုက်ဘူး... အဲဒါကြောင့် မင်းမောင်ကို ခေါ်ထုတ်ပြီး လစ်တော့... နောက်ဆို ငါမင်းတို့ကို ထပ်မတွေ့ရစေနဲ့.... မဟုတ်ရင် ငါတို့ ကျန်းမိသားစုက မင်းတို့ကို သတ်ချင်ရင် စာကြောင်းတစ်ကြောင်းပဲ ပြောဖို့လိုတယ် နားလည်လား!"
"လွှတ်လိုက်စမ်းပါ ညီလေးရာ.... မင်းရဲ့လက်တွေကို ညစ်ပတ်ကုန်လိမ့်မယ်"