← Chapters

အကြွေးများကို ဖြေရှင်းပြီ

Vol. 43 Ch. 4.159

အကြွေးများကို ဖြေရှင်းပြီ

Vol. 43 Ch. 4.159

လူငယ်လေးက အားပါးတရ ဆဲဆိုရင်း ဝမ်ကျောက်ကို ကန်ထုတ်လိုက်ရာ ဝမ်ကျောက် မျက်နှာမှာ နီမြန်းနေပြီး ဒေါသမထွက်နိုင် ဖြစ်နေ၏။ တစ်ဖက်က သူ့ကို ထပ်မံ ရိုက်နှက်တော့မှာ ဖြစ်သည်။

ထိုအခိုက် လုရွှမ် လက်တစ်ဖက် ဝေ့ယမ်း၍ ဝမ်ကျောက်ကို သူအနား ပြန်ခေါ်လိုက်သည်။

"မင်းက သူ့ပြိုင်ဘက် မဟုတ်သေးဘူး.... ရက်အနည်းငယ် ကြာအောင် လေ့ကျင့်ပြီးရင် ပြန်တိုက်ခိုက်ပေါ့..."

ဝမ်ကျောက် သူ့စိတ်ထဲတွင် နာကျည်းနေသော်လည်း လုရွှမ်ကို အလွန် လေးစားတာကြောင့် နာနာခံခံနဲ့ ခေါင်းညိတ်ကာ လုရွှမ် အနောက်တွင် ရပ်နေလိုက်သည်။

ဒါပေမဲ့ လူငယ်က သူ့ကို အနိုင်မယူနိုင်မှန်းသိလို့ အလွန် မာနကြီးစွာ ဝမ်ကျောက်ကို လက်ညှိုးထိုးပြီး အော်ဟစ်ပြန်၏။

"ကောင်လေး... ဒီသခင်လေး မင်းကို ထပ်မတွေ့စေနဲ့နော် မဟုတ်ရင်တော့ မင်းကို တစ်ခါတွေ့ရင် တစ်ခါ ရိုက်ပစ်မယ်"

လုရွှမ် ရယ်လိုက်သည်။ ဘာဖြစ်လို့ လူတချို့က နားမလည်ရင် နားမလည်သလို မနေတတ်ကြတာလဲ?

"ကောင်လေး.... သူက ငါ့တပည့်ပဲ.... မင်းရဲ့ ကျင့်ကြံမှုအခြေခံက ညံ့ဖျင်းသလို မင်းရဲ့အရည်အချင်းက အလယ်အလတ် ဖြစ်တာနဲ့ မောက်မာနေလို့ မရဘူး.... မင်းကို ငါသင်ပေးမယ်... ဒီလိုဆိုရင်ရော ရှောင်ကျောက်ကို သုံးရက်လောက် လေ့ကျင့်ခွင့် ပေးလိုက်... သုံးရက်ကြာရင် မင်းသူ့နဲ့ ထပ်တိုက်မယ်ပေါ့ မင်းလုပ်ရဲလား?"

လုရွှမ် ပါးစပ်ကနေ သူကညံ့ဖျင်းတဲ့ ကျင့်ကြံမှုနဲ့ အလယ်အလတ် အရည်အချင်းပဲ ရှိတယ်ဆိုတဲ့ အပေါ် မထင်မှတ်ဘဲ ဝေဖန်ခံလိုက်ရတော့ လူငယ်မှာ ဒေါသထွက်လာတော့သည်။ သူ့မိသားစု နောက်ခံကြောင့် မာနကြီးသူဖြစ်မှန်း သိသာထင်ရှားစွာ တွေးတောမနေဘဲ။

“မင်းက လူယုတ်မာပဲ... ဒီသခင်လေးက မင်း သင်ပေးချင်တိုင်း သင်ပြနိုင်တဲ့ လူမလို့လား? မင်းက သူ့ဆရာပေါ့လေ... ဟမ့် ဒီလို အမှိုက်မျိုးပဲ သင်ပေးမှတော့ အမှိုက်ပဲ ထွက်လာတော့မှာပေါ့.... အမှိုက်ဆရာက အမှိုက်တပည့်ကို အမှိုက်တွေလို့ပဲ သင်ပေးနိုင်မှာ!"

"ဟားဟားဟား...."

ကျန်းမိသားစုက လူတစ်စုဟာ သဘောတကျဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ကြလေသည်။

"ကောင်လေး... မင်းက ကောင်းကင်အမြင့်နဲ့ မြေကြီးရဲ့ နက်နဲမှုကို မသိဘူးပဲ.... ရှောင်ကျောက် သူ့ကို အသေသာ သွားသတ်လိုက်တော့"

လုရွှမ် နတ်ဆိုးဓားကို ထုတ်၍ ဝမ်ကျောက်ထံ ပစ်ပေးလိုက်သည်။

ဝမ်ကျောက်မှာလည်း အင်မတန် ဒေါသထွက်နေခဲ့သည်။ ဒီလူယုတ်မာက သူ့ကို ဆူပူကြိမ်းမောင်းနေရုံ သာမက သူ့ဆရာကိုပါ ဆဲဆိုနေရာ ဝမ်ကျောက် ဒေါသမထိန်းနိုင်တော့ဘဲ နတ်ဆိုးဓားကို ကိုင်ကာ မထင်မှတ်ဘဲ လူငယ်ထံ ခုတ်ထစ်လိုက်တော့သည်။

“ညီလေး သတိထား...”

သန့်ပြန့်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်သည် နတ်ဆိုးဓား ထွက်လာသောအခါတွင် အန္တရာယ် အရိပ်အမြွက်ကို ခံစားလိုက်ရလေရာ တစ်ဖက်က သခင်လေးအား အမြန်သတိပေးလိုက်သည်။

သူ့ခန္ဓာကိုယ်ကို လှုပ်ရှားချင်ပေမယ့် သူ့တစ်ကိုယ်လုံး ထူထဲတဲ့ အရည်ထဲမှာ နှစ်မြုပ်နေသလို ခံစားလိုက်ရသည်။ ဘယ်လိုမှ လှုပ်ရှားလို့ မရတော့တာကို တွေ့တော့ လုရွှမ်ကို ကြည့်ကာ ကြောက်လန့်တကြား အော်လိုက်တော့သည်။

"အဖေ!!"

သူ့အစ်ကိုရဲ့ သတိပေးချက်ကို ကြားသော်လည်း ကောင်လေးက ဝမ်ကျောက်ကို အလေးအနက် မထားခဲ့ချေ။ သူ ဓားရှည်တစ်ချောင်းကို ထုတ်ပြီး ပိတ်ဆို့ထားလိုက်သည်။

သူ့စိတ်ထဲမှာ ကောင်းကောင်း စဉ်းစားတာက ဝမ်ကျောက်ကိုင်ထားတဲ့ ဒီဓားက အရမ်း ကောင်းတယ်။ လူကိုသတ်ပြီး ရတနာကို သိမ်းရမည်သာ။

ဓားရှည်သည် နတ်ဆိုးဓားကို ထိလိုက်သည့်အခိုက်တွင် အသံမထွက်ဘဲ တိုဟူးကို ခုတ်ချလိုက်သလိုမျိုး နှစ်ပိုင်းသာ ကွဲထွက်သွားသလို ကောင်လေးမှာလည်း ဓားတစ်ချောင်းနဲ့ နှစ်ခြမ်းကွဲသွားတော့သည်။

ထို​မြင်ကွင်းသည် အလွန်အမင်း ကြောက်စရာ ကောင်းလွန်းတာကြောင့် ကျန်းမိသားစုမှ မိသားစုဝင်များစွာသည် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြပြီး ဖြတ်သွားဖြတ်လာ လူအများအပြားကလည်း ရပ်တန့်သွားကာ သူတို့ဘက်ကို စိုက်ကြည့်နေကြသည်။

"ညီလေး!!"

ကျန်းမိသားစုသည် လူများသည် နောက်ဆုံးတွင် စိတ်မငြိမ်မသက်ဖြင့် လက်စားချေဖို့ သတိရလာကြတော့သည်။

ချက်ချင်းဆိုသလိုပဲ လူသုံးယောက်ဟာ ဝမ်ကျောက်ကို သတ်ပစ်ဖို့ ကြံရွယ်ပြီး အလျင်အမြန် ထွက်လာခဲ့ကြသည်။

လုရွှမ် ဝမ်လင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်လင်လည်း နားလည်စွာဖြင့် ရှေ့သို့ ပြေးသွားသည်။ သူမက လူသုံးယောက်ကို ရိုက်နှက်ကာ ​မောင်ငယ်​လေးကို နောက်သို့ ​ပြန်ဆွဲထုတ်လိုက်သည်။

"မင်းက ဘယ်သူလဲ?"

လူငယ်လေးက လုရွှမ်ကို အံ့သြ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးတွေကို စိုက်ကြည့်နေသည်။ အစောက လှုပ်မရအောင် ပိတ်မိနေတဲ့ ခံစားချက်က ပျောက်ကွယ်သွားပေမယ့် အဲဒီခံစားချက်က သူ့စိတ်ထဲကို နက်နက်နဲနဲ စိမ့်ဝင်သွားပြီး တွေးမိတိုင်း အနည်းငယ် တုန်လှုပ်သွားစေ၏။

ထိုစဥ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။ သူ့အင်အားက သိပ်မဆိုးလှချေ။ သူတော်စင်တစ်ပိုင်း အဆင့်၆တွင် ရှိကာ ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားလျက် သူ့မျက်နှာသည် ရိုးရှင်းသော်လည်း သူ့မျက်လုံးထဲ၌ အမုန်းမီးများ ရှိနေသည်။

"ကျုပ်က ကျန်းဟုန်...ကျန်းမိသားစုရဲ့ လက်ရှိ အိမ်တော်သခင်.... ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ?"

ဒေါသကို မျိုသိပ်ထားရ၏။ သူ့သားကို သတ်ပစ်တဲ့ မုန်းတီးမှုကို ထိန်းမထားနိုင်ပေမယ့် နည်းနည်းတော့ သည်းခံရဦးမည်။ တစ်ဖက်က ဘယ်သူဘယ်ဝါမှန်း သူမသိဘူးလေ။

"ဝမ်လင်နဲ့ ဝမ်ကျောက်တို့ရဲ့ ဆရာ ချင်းလုံအရှင်"

လုရွှမ်ကလည်း ပြတ်ပြတ်သားသားပဲ ပြန်ပြောလိုက်ပါ၏။

"အဖေ... သူနဲ့ ဘာတွေ ပြောနေတာလဲ? သူက သူတော်စင်တစ်ပိုင်း အဆင့်၃သာသာပဲ ရှိတာ... မာနကြီးဖို့ အဆင့်တောင် မရှိဘူး... ငါ့ညီလေးကို လက်စားချေဖို့ သူ့ကို အတူတူ ခုတ်ထစ်လိုက်ကြရအောင်"

ကျန်းဟုန်နောက်မှ လူများစွာက ဟောက်ကြသည်။ ကျယ်လောင်စွာ အော်ဟစ်လျက် အလျင်စလို တိုက်တော့မည့်နှယ် ပြင်ဆင်နေကြသည်။

ကျန်းဟုန်က သူ့လက်ဖဝါးကို မြှောက်ထားလိုက်ပြီး ဝမ်ကျောက် လက်ထဲက နတ်ဆိုးဓားကို တစ်ချက် ကြည့်လိုက်သည်။ သူကအလွန် အာရုံစူးစိုက်စွာနဲ့ ပြောလာ၏။

"ချင်းလုံအရှင်.... ခင်ဗျားတပည့်က ကျုပ်ရဲ့သားထွေးကို သတ်လိုက်တယ်...ဒီကိစ္စကို ခင်ဗျား ဘယ်လိုရှင်းပြမလဲ "

"ရှင်းပြရမယ်?" လုရွှမ်က အေးစက်စွာ လှောင်ရယ်ရင်း

"မင်း မယုံရင် မင်းကိုပါ လေပေါ် လွှင့်ပစ်လိုက်မယ်... လက်သီးကြီးကြီး ရှိတဲ့သူက စကားပြောနိုင်ကြတာပဲ မဟုတ်လား?!"

ကျန်းဟုန်မှာ လုရွှမ်ကသူ့ကို ကြောက်ရွံ့မှုမရှိဘဲ လျစ်လျူရှုနေမည်ဟု မမျှော်လင့်ထားဘဲ ဒေါသတကြီးပြုံးကာ

"ကောင်လေး.... မင်း..."

ဝှစ်!

ရုတ်တရက် လုရွှမ် လက်ဝါးတစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ကျန်းဟုန် လွင့်ထွက်သွားပြီး အားလုံး အံ့အား သင့်သွားကြသည်။ လုရွှမ့ ရုတ်တရက် တိုက်ခိုက်လာမယ်လို့ ဘယ်သူကမှ မထင်ထားသော်လည်း ကျန်းဟုန်ကတော့ ခုခံရန် ခွန်အား မရှိခဲ့ပေ။

ထို့အပြင် ကျန်းမိသားစု၊ ဝမ်လင်တို့ မောင်နှမနှင့် ကြည့်ရှုသူ အများအပြားပင် ထိုလုပ်ရပ်ကြောင့် ထိတ်လန့်သွားကြသည်။

သူတော်စင်တစ်ပိုင်း အဆင့်၃က အဆင့်၆ကို လွင့်သွားအောင် ရိုက်ထုတ် ပစ်လိုက်တယ်တဲ့လေ!

"ငါအမုန်းဆုံးက မင်းလိုလူတွေပဲ.... မင်းရဲ့စိတ်ထဲမှာ ငါ့ကို သေချင်နေတာတောင် အပြင်ပန်းက ဟန်ဆောင်နေသေးတယ်... ချချင်ရင် တစ်ခါတည်းသာ လှုပ်ရှားလိုက် စကားပြောနေရတာ အလုပ်ရှုပ်တယ်... မင်းရဲ့သားကို ငါက သင်ခန်းစာတစ်ခု သင်ပေးချင်ပေမယ့် မင်းလိုလူတွေကိုတော့ ဘယ်တော့မှ သက်ညှာနေမှာ မဟုတ်ဘူး"

လူအများအပြား ပြေးလာခဲ့ကြပြီး တစ်ယောက်က ကျန်းဟုန်ကို ကူညီပေးခဲ့ပြီး ကျန်တစ်ဦးကတော့ လုရွှမ်ဆီသို့ ပြေးသွားခဲ့သည်။

"ပြန်လာခဲ့!" ကျန်းဟုန်မှ အော်ဟစ်လိုက်သည်။

ထိုအခိုက် ပြေးထွက်သွားတော့မယ့် လူပေါင်းများစွာရဲ့ ခြေလှမ်းများ တုံ့ဆိုင်းသွားကာ ကျန်းဟုန်ကို လှည့်ကြည့်လာကြသည်။

"မင်းတို့က သူ့ရဲ့ပြိုင်ဘက် လုံးဝ မဟုတ်ဘူး... အကုန် ပြန်လာခဲ့!"

ကျန်းဟုန်က ကျယ်ကျယ်လောင်လောင် အော်လိုက်ပြီး လုရွှမ်ကို မကျေမနပ် အကြည့်များဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

"ဒီနေ့ ငါတို့ ကျန်းမိသားစုက ကျိန်ဆိုတယ်... အနာဂတ်မှာ ဒီကိစ္စကို သေချာပေါက် ပြန်ဖြေရှင်းမယ်"

"သွားစို့!"

ထိုစဉ် လုရွှမ်ရဲ့ စကားလုံးတွေက ထပ်မံ ထွက်ပေါ်လာ၏။

"ဟားဟား... မင်းတို့ လာချင်တဲ့ အချိန်တိုင်းလာပြီး ထွက်သွားချင်တဲ့ အချိန်တိုင်း သွားလို့ရရောလား? မင်းတို့လူက ငါ့တပည့်ကို စော်ကားလိုက်တာ ဒါတောင် မင်းတို့က တောင်းပန်စကား တစ်ခွန်းတောင် မပြောဘဲ ထွက်သွားချင်တယ်ပေါ့ ဟမ့် ဒီလောကကြီးမှာ ဘယ်လိုလုပ် ဒီလိုသဘောကောင်းတဲ့လူ ရှိနိုင်မှာလဲ?"

"ချင်းလုံအရှင်.... မင်းက ငါတို့ ကျန်းမိသားစုနဲ့ အတိုက်အခံ လုပ်ချင်နေတာလား?"

လုရွှမ်က သူ့ကို ဂရုမစိုက်ဘဲ ဝမ်လင်ကို မထီမဲ့မြင်ပြုခဲ့တဲ့ လူငယ်ကို ညွှန်ပြပြီး

"မင်းက ငါ့တပည့်ကို အနိုင်ကျင့်ခဲ့တဲ့ လူမလား?"

သန့်သန့်ပြန့်ပြန့် ဝတ်ထားသည့် လူငယ်လေးမှာ လုရွှမ်ဆီက လက်ညှိုးထိုး ခံလိုက်ရတော့ ရုတ်တရက် ကြောင်အသွား၏။ လုရွှမ် ဘယ်လောပ်တောင် တန်ခိုးကြီးလဲ ဆိုတာ မြင်လိုက်ရပြီမို့ သူ့စိတ်ထဲတွင် ကြောက်လန့်နေမိဂါ ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားမိသည်။

သူ့မျက်နှာသည် နီမြန်းကာ လူအုပ်ကြီး အလယ်တွင် ရပ်နေမိသည်။

"ဟုတ်တယ် ငါပဲကွ.... ဟိုတုန်းက ဒီသခင်လေး သူ့ကို မျက်စိကျသွားတာကတင် သူ့အတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ ဒီသခင်လေးအတွက် ကိုယ်လုပ်တော် လုပ်ရတာက အရမ်းကောင်းတဲ့ အလုပ်တစ်ခုပဲ..."

"ငါ့စကားကို ဝင်မနှောက်ယှက်နဲ့... ငါ့စကား မဆုံးသေးဘူး... မင်း ငါ့တပည့်ကို အနိုင်ကျင့်ချင်နေမှတော့ သွားသေလိုက်တော့"

လူငယ်လေး၏ အသားအရေမှာ သိသိသာသာ ပြောင်းလဲသွားပြီး လူအုပ်ထဲသို့ သူ့ကိုယ်သူ ဝင်တိုးလိုက်သည်။ ဤလုပ်ရပ်သည် ရှက်စရာကောင်းကြောင်းကို သူသိသော်လည်း သူ့စိတ်ထဲတွင် နားမလည်နိုင်သော အေးစက်မှုများ ရှိနေသဖြင့် လုရွှမ်မျက်လုံးထဲက ရှောင်ထွက်ရန် ကြိုးစားနေမိသည်။

"ငါ မင်းကို သေစေချင်ရင်.... မင်းဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး"

လုရွှမ် စကားများက ပေါ့ပေါ့ပါးပါး လွင့်ထွက်သွားပြီး သူ့လက်ချောင်းများကို ဆုပ်ချလိုက်သည်။

ဝုန်း!

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကျန်းမိသားစု အကြားတွင် ပုန်းအောင်းနေသော လူငယ်၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ကွဲထွက်သွားကာ နေရာတိုင်းက သူ့သွေးနဲ့ အသား အပိုင်းအစများ လွင့်ထွက်သွားခဲ့သည်။

"အား......."

ကျန်းမိသားစုမှ လူများသည် ကျယ်လောင်စွာ အော်ဟစ်ခဲ့ပြီး အများစုမှာ လူငယ်၏ အသွေးအသားများဖြင့် စွန်းထင်းနေခဲ့​လေသည်။ ၎င်းတို့မှာ ပို၍ပင် ထိတ်လန့်သွားခဲ့၏။

ဒီလိုဆို နတ်ဆိုးဆီက သတ်ဖြတ်ခြင်းကို ရှောင်လွှဲလို့ မရတော့သလို ဖြစ်နေပြီ။ ကျန်းမိသားစုက ဘယ်သူမှ အသံမထွက်ရဲကြတော့ပေ။ အထူးသဖြင့် ထိုလူငယ်ကို ကာကွယ်ပေးနေခဲ့​သော အဘွားကြီးမှာ ယခုအချိန်တွင် အဆုံး၌ ရပ်နေပြီး အလွန်ဒေါသ ထွက်​နေခဲ့သည်။

ဝမ်ကျောက်က ကျယ်လောင်စွာ လက်ခုပ်တီးလိုက်ပြီး သူ့အစ်မဘေးမှာ ဝင်ရပ်နေလိုက်တော့သည်။

ဘာသာပြန်သူ - လုရွှမ် သူ့တပည့်နှစ်ယောက်ကို ခေါ်တဲ့ ရှောင်လင်၊ ရှောင်ကျောက်ဆိုတာ လင်လေး၊ ကျောက်လေးလို့ ခေါ်တာပါ။ သိုင်းစာစဥ်ဖတ်နေသူ တော်တော်များများ ရင်းနှီးကြမှာပါ။ 'ရှောင်' ဆိုတဲ့ အသံထွက်က သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ

All Chapters