← Chapters

ထျန်းလုံမြို့အစောင့်

Vol. 43 Ch. 4.160

ထျန်းလုံမြို့အစောင့်

Vol. 43 Ch. 4.160

ဝမ်ကျောက်မှာ လုရွှမ်ကို ပိုပိုပြီး လေးလေးစားစား ကြည့်နေမိတော့သည်။ ​​ဒါက သူရဲ့ အချစ်ဆုံး ဆရာပဲ။ ရက်စက်ကြမ်းကြုတ်ပြီး သူတို့ကို အကာအကွယ် ပေးတဲ့သူ။ ထျန်းလုံကျောင်းတော်ကို ဂရုမစိုက်တာ မဆန်းပါဘူး။ သူက ကြီးစိုးလွန်းနေတာပဲ။

ဝမ်လင်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်သွားသော်လည်း သူမ၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။ သူမ မျက်လုံးများတွင် မျက်ရည်များ တဖြည်းဖြည်း စိုစွတ်လာကာ ကျဆင်းလာခဲ့သည်။

"အစ်မ? သူနင့်ကို တကယ် အနိုင်ကျင့်ခဲ့တာလား?"

ဝမ်ကျောက်က ခါးသီးစွာ အော်ရင်း သူ့သွားတွေကို ကြိတ်လိုက်သည်။

"လွန်ခဲ့တဲ့ ငါးနှစ်လောက်က နင်အရမ်းဖျားပြီး သေမလို ဖြစ်သွားတာကို မှတ်မိသေးလား? ငါလည်း ဘာလုပ်ရမှန်း မသိတာနဲ့ နင့်ကိုကုပေးဖို့ ကျန်းမိသားစုကို တောင်းပန်ခဲ့တယ်"

"ငါ ကျန်းမိသားစု အိမ်ရှေ့မှာ ဆယ်ရက်လောက် ဒူးထောက်ခဲ့တယ်... အဲဒီမှာ ကျန်းမိသားစုရဲ့ ဒုတိယသခင်လေး ကျန်းယွင်က ထွက်လာပြီး သူ့အိမ်ထဲကို ခေါ်သွားခဲ့တယ်... သူ့မယားငယ် လုပ်ရင် နင့်ကို ကုသပေးမယ်လို့ ပြောတာနဲ့ ငါ သဘောတူခဲ့တယ်"

"ရလဒ်ကတော့ သူ့မှာ မြေအောက်နန်းတော် တစ်ခုရှိတာကို မြင်လိုက်ရတယ်.... အဲဒီထဲမှာ မိန်းကလေးတွေ အများကြီးပဲ တချို့က အရိုးတွေတောင် ကွဲကုန်ကြပြီ... ငါ ကြောက်လွန်းလို့ ထွက်ပြေးဖို့ အခွင့်အရေး ယူခဲ့တယ် နောက်ပြီး အိမ်ပြန်ရောက်တော့ နင်က နားမလည်နိုင်အောင် ပြန်ကောင်းနေပြီ...."

ဝမ်ကျောက်မှာ သူ ထူးဆန်းသော ရောဂါဖြစ်ခဲ့ပြီး ထူးထူးခြားခြား ပြန်လည် ကောင်းမွန်လာမှုကို မှတ်မိသော်လည်း အလယ်တွင် အတိတ်က အဖြစ်အပျက် တစ်ခုရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဘာ!! အဲဒီမသာကောင်က အစ်မကို အနိုင်ကျင့် ချင်သေးတာပေါ့ ဟုတ်လား? သေသင့်တဲ့ကောင်!!"

ဝမ်ကျောက်က ကျိန်ဆဲပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

လုရွှမ်လည်း ထိုကိစ္စကို နားလည်သွားခဲ့ပြီး

"ဒါက မင်းရဲ့ အစွမ်းအစကို အဆုံးစွန်ထိ ချိုးနှိမ်ထားတဲ့ အတွက် ဖြစ်သွားတာ...မင်းတို့ မောင်နှမနှစ်ယောက် ဆယ်ရက်လောက် ကွဲကွာသွားလို့သာ မဟုတ်ရင် ရှောင်ကျောက် မင်း ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ဘူး"

ကျန်းဟုန်သည် ရူးသွပ်သွားသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်​လေသည်။

ကျန်းယွင်က ဘယ်သူလဲ? ကျန်းမိသားစုမှာ ထင်ရှားတဲ့ သူ့ရဲ့ ဒုတိယသား ဖြစ်ပြီး သူတို့မိသားစုဟာ ထျန်းလုံကျောင်းတော်မှာ နာမည်ကောင်း ရထားတာကြောင့် ထျန်းလုံမြို့ကို ပြောင်းရွှေ့ နေထိုင်နိုင်ခဲ့တာပဲ ဖြစ်သည်။

ယခုအခါ ကျန်းမိသားစုရဲ့ အနာဂတ် မျှော်လင့်ချက် ကျန်းယွင်ကို လုရွှမ်ဆီကနေ အလွယ်တကူ အသတ်ခံလိုက်ရပြီ။

"မင်း... မင်းအရမ်း သတ္တိကောင်းနေတယ်ပေါ့လေ သတ်ပစ်လိုက် သူ့ကို သတ်ပစ်လိုက်!"

ကျန်းဟုန် ဒေါသတကြီး ဟောက်လိုက်ပြီး သူ့စိတ်တွေ လုံးလုံးလျားလျား ပေါက်ထွက်လာတော့သည်။

ကျန်းမိသားစုမှ လူတိုင်းသည် တစ်ယောက်ပြီး တစ်ယောက် အရှိန်အဟုန်ဖြင့် ပြေးထွက်ကြသည်။ ကျန်းယွင်သည် ကျန်းမိသားစုအတွက် အလွန်အရေးပါသော လူဖြစ်သည်။

ယခု သူတို့မျက်စိရှေ့က မျှော်လင့်ချက်များ လွင့်စင်သွားရာ စိတ်ပျက်အားငယ်မှုက ကျန်းမိသားစု တစ်ခုလုံးကို ရူးသွပ်သွားစေသည်။

အခင်းအကျင်း စက်ဝန်းထဲရှိ ဒါဇင်နှင့်ချီသော သူတော်စင်တစ်ပိုင်းတို့သည် ကျန်မိသားစုနှင့် လုရွှမ်တို့ အဖွဲ့ကြားရှိ မကျေမနပ်မှုများကို ဂရုမစိုက်ဘဲ ပြဇာတ်တစ်ခု ကြည့်နေသလိုမျိုး အသံတိတ် ကြည့်နေ​ကြ​လေသည်။

မြို့တွင်း၌ တိုက်ပွဲစည်းကမ်း ရှိသော်လည်း မြို့ပြင်တွင် စည်းကမ်းမရှိ၍ နေ့စဉ်နဲ့အမျှ သွေးထွက်သံယိုများ ဖြစ်လေ့ရှိသည်မှာ ကြာပြီ ဖြစ်သည်။

ကျန်းမိသားစုသည် သေးငယ်သော မိသားစုတစ်ခုမျှသာ ဖြစ်ပြီး မိသားစုတွင် သြဇာအရှိဆုံး အဖွဲ့ဝင်မှာ ကျန်းမိသားစု၏ ဘွားဘွားကြီး ဖြစ်သည့် ကျန်းဟုန်၏ အဘွား ဖြစ်​ပေသည်။

လုရွှမ် လုံးဝမကြောက်ဘဲ သူ့လက်များကို လွတ်လွတ်လပ်လပ် ဝေ့ယမ်းကာ အလောင်းများကို တစ်​လောင်းပြီး တစ်လောင်း မြေပြင်ပေါ် ပစ်ချလိုက်သည်။

လုရွှမ်သည် ဤကျန်းမိသားစုဟု ခေါ်သော မိသားစု၏ အံ့သြဖွယ် ကောင်းမှုမျိုးရှိသည်ကို ကောင်းစွာသိပါသည်။ သူတို့ဘက်က တခြားသူများကို အနိုင်ကျင့်ခြင်းသည် သဘာဝပင် ဖြစ်သော်လည်း တခြားသူက သူတို့အား အနိုင်ကျင့်ခြင်းမှာ လုံးဝ ခွင့်မလွှတ်နိုင်ကြချေ။

ဒါပေမဲ့ ဒီနေ့ သူနဲ့တွေ့ပြီး ဆိုကတည်းက သူတို့ကျရှုံးဖို့ အချိန်ကျပြီ။

သိပ်မကြာခင်မှာပဲ ကျန်းမိသားစုရဲ့ လူအများစုဟာ သေဆုံးသွားပြီး တချို့မှာ ဒဏ်ရာတွေ ရသွားခဲ့ကြသည်။ ကျွမ်းကျင်ပညာရှင်တွေ မပါဘဲ အခင်းအကျင်း မပါဘဲ လုရွှမ်ကို တွန်းလှန်ဖို့ ကြိုးစားတာက အိပ်မက်တစ်ခုလိုပဲလို့တောင် ပြောလို့ရသည်။

အတွင်းပိုင်းမြို့၏ အခင်းအကျင်း အတွင်းက အဆောက်အဦ တစ်ခုထဲရှိ သူတော်စင်တစ်ပိုင်း တချို့၏ မျက်နှာများသည် အနည်းငယ် ဖျော့​တော့နေပြီး အလယ်တွင် ထိုင်နေသည့် အဘိုးအိုတစ်ဦးက တခြား သူတော်စင်တစ်ပိုင်း အဘိုးအို တစ်ဦးကို ကြည့်လိုက်သည်။

"အကြီးအကဲလီ.... ကျုပ်တို့တကယ် ဂရုမစိုက်​တော့ဘူးလား? ကျန်းယွင်က ထျန်းလုံကျောင်းတော်ကပဲ... အောက်တန်းမှာ သူက အရည်အချင်း ရှိတယ်ဆိုပြီး မကြာသေးခင်ကမှ မီးမောင်း ထိုးပြနေတာ... ထျန်းလုံကျောင်းတော်ကို ကိုယ်စားပြုပြီး တခြားကျောင်းတွေနဲ့ ယှဥ်ပြိုင်ဖို့ သွားမယ်လို့ ကြားတယ်"

အလယ်မှ အဘိုးကြီးလီက

"ဒီလိုလူကို သူတော်စင်တစ်ပိုင်း အဆင့်၃ လူတစ်ယောက်ကတောင် အလွယ်တကူ သတ်ပစ်လိုက်နိုင်တယ်.... သူ့ကို သွားခိုင်းရင် ထျန်းလုံကျောင်းတော်ကိုပဲ အရှက်ရစေလိမ့်မယ်"

"ဒါ့အပြင် မင်းတို့ရဲ့ အထောက်အထားတွေကို ပြုပြင်လိုက်ရင် ကောင်းမယ်... ထျန်းလုံကျောင်းတော် မဟုတ်ဘဲ ထျန်းလုံဧကရာဇ် အင်ပါယာကို ကိုယ်စားပြုကြ!!"

တခြားသူတွေက စကား မပြောရဲကြဘဲ ခေါင်းငုံ့ရင်းသာ တုံ့ပြန်ကြသည်။

"ဒါပေမဲ့ ဒီကလေးက မာနကြီးလွန်းတယ် အစောင့်တွေကို ခေါ်ပြီး သူ့ကို သင်ခန်းစာပေးဖို့ ပြောလိုက်!!... သူ့နေရာသူ နားလည်တယ်ဆိုရင် သူ့ကိုဝင်ခွင့်ပေးလိုက်... နားမလည်ရင်တော့ မြို့ထဲဝင်ပြီး ဘာထူးမှာလဲ"

ကျန်းဟုန်သည် ထိတ်လန့်သွားသည်။ ခဏတာမျှ စိတ်အား ထက်သန်ပြီးနောက် လုရွှမ်က ကြက်သားကို ခုတ်ပြီး မြက်ရိတ်ပစ်သလို သူ့တပည့်များကို လွယ်လွယ်ကူကူပဲ ခေါင်းဖြတ်သွားတယကို တွေ့လိုက်ရသည်။

သူ့မိသားစုသည် တစ်ဖက်လူရဲ့ မျက်လုံးထဲ လုံးဝ ဘောင်မဝင်တာကို သူနောက်ဆုံး နားလည်သွားခဲ့သည်။ ခေါင်းကို အမြန်လှည့်ကာ အဘွားအိုကို ကြည့်လိုက်သည်။

"လူငယ်လေး.... အရမ်းလွန်နေ​ပြီလို့ မထင်ဘူးလား?"

အဘွားအိုသည် ပြင်းထန်သော ဝိညာဥ်စွမ်းအင်ကို ပြသကာ တမင်တကာ ဖြည်းညှင်းစွာ ပျံသန်းသွားခဲ့သည်။ လုရွှမ် ခွန်အားကို သူမ လုံးဝ နားမလည်နိုင်ခဲ့ချေ။ သူမ၏ မြစ်ဖြစ်သူ မသေဆုံးမီကအထိ လုံးဝ သဲလွန်စ ရှာမတွေ့ခဲ့ပေ။

လူငယ်လေးက အံ့ဖွယ် နိမိတ်လက္ခဏာများကို ပိုင်ဆိုင်ထားပြီး တခြားလူများနှင့် ဆက်ဆံရာတွင် အေးအေးဆေးဆေး ရှိပုံမှယ ထူးထူးခြားခြား နောက်ခံရှိကြောင်း သိသာထင်ရှား​လေသည်။

ယခင်က ဝမ်လင်၏ စကားကို သူမ သဘာဝကျကျ နားထောင်နေခဲ့သည်။ သူမ မိသားစုမှ သားသမီးများသည် ဤသို့သော အရာများစွာကို ပြုလုပ်ခဲ့ကြတာကို ရုတ်တရက် အဖော်ခံလိုက်ရတော့ သူမရဲ့ အုပ်ချုပ်မှုအတွက် မထင်မှတ်ဘဲ တိတ်တဆိတ် နောင်တရမိသည်။

"လွန်တယ်?? ဟားဟား အဘွားကြီး လူတိုင်းက အသိဥာဏ်ရှိပြီး အတွေ့အကြုံလည်း များပါတယ်.... ကောင်းကင်နဲ့ မြေကြီးကြားမှာ အကြောင်းပြချက် မရှိဘဲ လွန်တယ်ဆိုတာ မရှိဘူး... တစ်ခုရှိရင် နှစ်ခုရှိတယ်.... နှစ်ခုရှိရင် သုံးခုလည်း ရှိလာနိုင်တယ်..."

"ငါတို့ လျော်ကြေးပေးပြီး ဒီကိစ္စ အားလုံးကို တာဝန်ယူ ဖြေရှင်းပေးလို့ ရတယ်"

အဘွားအိုက ခပ်မြန်မြန် ပြောလိုက်သည်။

"အဘွား?"

"မင်းပါးစပ်ပိတ်ထား!"

ကျန်းဟုန်လည်း အံ့အားသင့်သွားပြီး ပါးစပ်ကို ပိတ်ထားလိုက်သည်။ သူလည်း ငတုံး မဟုတ်ချေ။ သူ့အဘွားကတောင် ဒီလိုပြောလာပြီဆိုတော့ တစ်ဖက်က သူတို့ကို နှိပ်စက်ဖို့ မခက်ခဲလို့ဘဲ ဖြစ်လိမ့်မည်။

"တစ်ဝက်!" လုရွှမ် အေးစက်စွာ ပြောလိုက်သည်။

"အိပ်မက်မက်နေလိုက်!! မင်းက တကယ် ရူးသွပ်နေတာပဲ!"

ကျန်းလုံက အော်ဟစ်လိုက်သည်။ လုရွှမ်ရဲ့ မျက်လုံးတွေကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဝက်တစ်ပျက် ပြုံးနေပေမယ့် ပြုံးမနေပါဘူး။

"တစ်ဝက်ဆိုတော့လည်း တစ်ဝက်ပေါ့!"

ထိုအခိုက်အတန့်တွင် အစောင့်တစ်ဖွဲ့သည် မြို့တွင်းမှ ပြေးထွက်လာပြီး သူတို့နှစ်ဖွဲ့ရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။

ကျန်းမိသားစုမှ အံ့အားသင့်သွားသည်။ ဘာလုပ်နေကြတာလဲ။ သူတို့ မြို့အတွင်းကို မဝင်ရသေးဘူးမလား။ ဘယ်လိုလုပ် ဒီလောက် ဆိုးရွားတဲ့ အခြေအနေမှာ ဒီလူတွေက ဘယ်လိုလုပ် ထွက်လာကြတာလဲ။

"ဒီက လူကြီးမင်းက.... "

ကျန်းဟုန်က တစ်ခုခု ဖြစ်မလာဘူးလားလို့ တွေးရင်း ဝမ်းသာအားရနဲ့ နှုတ်ဆက်ဖို့ ခြေလှမ်း ပြင်လိုက်တော့သည်။

"ခင်ဗျားက ကျန်းမိသားစုရဲ့ အိမ်တော်သခင်လား? တောင်းပန်ပါတယ်... ကျုပ်တို့ နောက်ကျသွားတယ်... ဒါက ထျန်းလုံမြို့ပဲ... ခင်ဗျားတို့က ကျုပ်တို့ အတွင်းမြို့ထဲကို ဝင်တော့မှာ ဒါကြောင့် မိသားစုတစ်စုကို သတ်ဖြတ်တဲ့ ကိစ္စကို တားမြစ်ထားတယ်"

ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ စစ်သည်တော်တစ်ယောက် ထွက်လာ၏။ မျက်လုံးတစ်စုံကလွဲရင် ကျန်တာတွေ အားလုံးက ချပ်ဝတ်များဖြင့် ရစ်ပတ်ထားလေသည်။

သူက ကျန်းဟုန်ကို နှစ်သိမ့်ပေးပြီးနောက် လုရွှမ်ရှေ့ကို ရောက်လာ၏။

"ဒီကမိတ်ဆွေ... ခင်ဗျားက ကျုပ်တို့ ထျန်းလုံမြို့ကို သတ်ပစ်ချင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီ... ကျုပ်တို့ ထျန်းလုံ အစောင့်တွေကို အလေးအနက် မထားဘူးလို့ ဆိုလိုချင်တာလား?"

ဒီလူက ဘယ်ကနေ ထွက်လာတာလဲ?

လုရွှမ် စိတ်ဝိညာဉ် စွမ်းအားဖြင့် တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်ကို အကဲခတ်လိုက်သည်။ သူတော်စင်တစ်ပိုင်း အဆင့်၇ ဖြစ်ပြီး သူ၏ လေ့ကျင့်မှု အဆင့်သည် အနည်းငယ် နိမ့်သော်လည်း သူ့တွင် ထူးခြားသော လူသတ်ရောင်ဝါတစ်ခု ရှိ​​နေသည်။

သူသည် စစ်မြေပြင်တွင် ကြာရှည်စွာ နေထိုင်ခဲ့သူဖြစ်သည်မှာ ထင်ရှား​လေသည်။

သူတို့ဟာ ကျန်မိသားစုရဲ့ အဘွားအိုလောက် မတော်ကြချေ။ ဒါပေမဲ့ တကယ်တိုက်ရင် ဒီအဆင့်မြင့်တဲ့ ချပ်ဝတ်တန်ဆာနဲ့ဆို အနည်းဆုံးတော့ ရှုံးပွဲ မရှိနိုင်ဘူး။

ကျန်တဲ့လူ ၇ ယောက်ကလည်း အတူတူပင်။ သူတို့က အတူတကွ ပေါင်းစပ်နိုင်စွမ်း ရှိပြီး တိုက်ခိုက်ရေး အတွေ့အကြုံလည်း များပုံရသည်။

သူ့ရှေ့မှာ ရပ်တည်ရဲတဲ့ သတ္တိရှိနေတာ အံ့သြစရာတော့ မရှိပါဘူး။

လုရွှမ် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး

"ဒါဆို မင်းက ငါ့အပြစ်လို့ ဆိုချင်တာလား?"

"ဒါပေါ့!"

ကျန်းဟုန်သည် သူ့စိတ်ထဲတွင် ရွှင်မြူးနေသလို ခံစားလိုက်ရသည်။ ထျန်းလုံအစောင့်ကတောင် သူတို့အတွက် ထွက်လာပေးတယ် ဆိုတော့ လုရွှမ်တို့ ပြေးစရာလမ်း မရှိတော့တာ ထင်ရှားလေပြီ။

All Chapters