သွားတော့
Vol. 43 Ch. 4.161
ကျန်းဟုန် အဓိက ရည်ရွယ်ချက် ဘာလဲ ဆိုတာကို မသိသလို သိချင်လည်း ပြေးမကြည့်ချင်ပေ။ သူသိတာက ထျန်းလုံအစောင့် လှုပ်ရှားပြီးတာနဲ့ တိုက်ခိုက်နိုင်မယ့်သူ မရှိတော့ဘူး ဆိုတာပဲ။
ထျန်းလုံအစောင့်က ဧကရာဇ် အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုလို့ ထျန်းလုံအစောင့်ကို တိုက်ခိုက်ခြင်းက ထျန်းလုံဧကရာဇ် အင်ပါယာကို ရန်သူလုပ်ခြင်းသာ ဖြစ်သည်။
အကယ်၍ လူတစ်ဦးသည် အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာ တစ်ခုရဲ့ရန်သူဖြစ်ရန် သတ္တိရှိလျှင် ထိုသူသည် အဆင့်မြင့် ဧကရာဇ် အင်ပါယာတစ်ခုက မင်းသား ဒါမှမဟုတ်ရင် ထိပ်တန်းဂိုဏ်းတစ်ခုက အဓိကတပည့်ပဲ ဖြစ်နိုင်သည်။
"ထျန်းလုံအစောင့် လူကြီးမင်း... ဒီလူက သူ့ကိုယ်သူ ချင်းလုံအရှင်လို့ ခေါ်နေတယ်.... ဒီလူက ရက်စက်လွန်းပြီး ကျုပ်တို့ ကျန်းမိသားစု တစ်ခုလုံးကိုတောင် သတ်ပစ်ဖို့ ကြိုးစားနေတာ... ကျုပ်ရဲ့ သနားစရာ ဒုတိယသား ရှောင်ယွင်က ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းသားပါ.... မကြာခင် ထျန်းလုံကျောင်းတော်ကို ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်တော့မှာ။ ဒါကိုသူက ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်... ထျန်းလုံအစောင့် လူကြီးမင်း ဒီရာဇ၀တ်သားကို သတ်ပြီး ထျန်းလုံဧကရာဇ် အင်ပါယာအတွက် အမှိုက်ရှင်းပေးဖို့ တောင်းဆိုပါတယ်"
ကျန်းဟုန်က စိတ်အားထက်သန်စွာ အော်လိုက်ပြီး လုရွှမ်ကို ကြည့်ရင်း သူ့ခန္ဓာကိုယ်က တုန်ရီနေပေမယ့် သူ့မျက်လုံးထဲမှာတော့ သူ့ရည်မှန်းချက်တွေ အောင်မြင်ပြီး မိသားစုဆီ ပြန်လာခဲ့တဲ့ သူရဲကောင်း တစ်ယောက်လို ဖြစ်နေ၏။
"အိမ်တော်သခင်ကျန်း သိပ်ပြောနေစရာ မလိုပါဘူး.... ကျုပ်တို့ ထျန်းလုံအစောင့်တွေမှာ ကိုယ်ပိုင် စီရင်ချက် ရှိတယ်။ ချင်းလုံအရှင်... ဟားဟား ကောင်လေး မင်းက ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ စည်းကမ်းတွေကို မင်းမသိဘူးလား? မင်းက ကိုယ့်ကိုကိုယ်တောင် ချင်းလုံအရှင်လို့ ခေါ်ရဲတယ်ပေါ့လေ.... ကောင်းပြီ မင်း ငါတို့နဲ့ လိုက်ခဲ့"
လေသံက မဆုံးခင်မှာပဲ လှုပ်ရှားပြီးနေပြီ။ သူက လုရွှမ်ကို သူ့လက်ဝါးကြီးဖြင့် ဖမ်းလိုက်စဥ် တခြားလူများကလည်း မောင်နှမနှစ်ယောက်ဆီသို့ ရောက်လာကြသည်။
"လွှတ်လိုက်!"
လုရွှမ် ပေါ့ပေါ့တန်တန် ပြောပြီး သူ့မျက်လုံးတွေက သူ့ပုခုံးပေါ်က လက်ဖဝါးကို စိုက်ကြည့်နေ၏။။
"မင်းတော်တော် သတ္တိကောင်းနေတာပဲ!"
ထျန်းလုံအစောင့် ခေါင်းဆောင်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူရခဲ့တဲ့အမိန့်က ဒီလူကို သင်ခန်းစာတစ်ခု ပေးဖို့ပဲ။ ဒီလူကို ဒီလောက် မရိုမသေနဲ့ ဂုဏ်အသရေ ပျက်စေမယ်လို့ မမျှော်လင့်ထားဘူး။
ထျန်းလုံအစောင့်တွေ ရှေ့မှာ ဒီလိုမျိုး သတ္တိကောင်းနေတာက သေမင်းကို မီးထွန်း ရှာနေသလိုပဲ။
ထျန်းလုံအစောင့် ခေါင်းဆောင်က ကျယ်လောင်စွာ အော်လိုက်ပြီးနောက် သူ့လက်ဖဝါးများကို အပြင်းအထန် ဖိချလိုက်သည်။ သူ့အမြင်အရတော့ လုရွှမ်ဆိုတာ သူတော်စင်တစ်ပိုင်း အဆင့် ၃ အကောင် သေးသေးလေးသာ ဖြစ်ပြီး သေချင်လိင့ မောက်မာဝံ့ကြွား နေတာပင်။
သူတို့ဟာ နယ်ခြားနှင့် မြင့်မြတ်သော သားရဲတောများတွင် မကြာခဏ တိုက်ပွဲ ဝင်ရလေ့ရှိသည်။ မိမိ၏ အစွမ်းသတ္တိသည် မည်မျှပြင်းထန်သည်ကို သိရှိ နားလည်ထားသည်။
နယ်ချဲ့မြို့တော်ရှိ သာမန်သခင်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့ အားလုံးနီးပါးသည် အဆင့်မြင့်သော တိုက်ပွဲများတွင် တိုက်ခိုက်နိုင်သည်။
တော်ဝင်မြို့တော်သို့ ပြန်ရောက်ပြီးနောက် တစ်ချိန်က သူတို့သည် သူတော်စင်တစ်ပိုင်း အဆင့် ၉ရှိတဲ့ ကျောင်းတော်က ပါရမီရှင်တစ်ဦးကို တိုက်ခိုက်ခဲ့ပြီး သူက အဆင့်၇ ဆိုပေမယ့် ကျင့်ကြံမှုအခြေက ခိုင်မာကြောင်း ပြသခဲ့သည်။
လုရွှမ်က သူတော်စင်တစ်ပိုင်း အဆင့်၃ပဲမလို့ သူ့မျက်လုံးထဲတွင် သဘာဝကျကျ ဝေးကွာလွန်းပေ၏။
သူ့လက်ဖဝါးတွင် ရှိသမျှ အင်အား အားလုံးကို နှိပ်လိုက်သောအခါ ဆန့်ကျင်ဘက်ခြမ်းရှိ လုရွှမ်သည် ခေါင်းမာသော ကျောက်တုံးကဲ့သို့ မလှုပ်မယှက် ဖြစ်နေတာကို ထျန်းလုံအစောင့် ခေါင်းဆောင်မှ တွေ့လိုက်ရလေသည်။
သူ၏ကြီးမားလှသော စွမ်းအားအောက်တွင် လုရွှမ်သည် သူ့ပခုံးပေါ်၌ ဘာအမှတ်အသားမှ မကျန်ခဲ့ဘဲ သူရပ်နေတဲ့ မြေကလည်း ပြိုကျတော့မည့် လက္ခဏာကို မပြလာခဲ့ပေ။
"ငါ့ကို လွှတ်လို့ ပြောနေတယ်!"
လုရွှမ် လေသံမာမာဖြင့် ထပ်အော်လိုက်သည်။
ထျန်းလုံအစောင့် ခေါင်းဆောင်သည် နောက်ပြန်ဆုတ်ရန် ခြေလှမ်းနှစ်လှမ်းပင် လှမ်းလိုက်ရသည်။ လုရွှမ်ဆီက ဘယ်လို ရောင်ဝါကိုမှ မပြသော်လည်း လုရွှမ်မျက်လုံးထဲက နတ်ဘုရားလို အလင်းများက သူ့နှလုံးသားကို စိမ့်ဝင်သွားသလို နားမလည်နိုင်စွာ ထိတ်လန့်သွားရသည်။
ဒါပေမဲ့ နောက်အခိုက်အတန့်မှာတော့ သူအရမ်း ရှက်သွားလေသည်။
"လက်ဝါးစွမ်းအင်ကို ကြည့်စမ်း!"
ယခုအချိန်တွင် သူသည် သူ့အထက်လူကြီးရဲ့ အမိန့်ကို လုံးလုံး မေ့သွားခဲ့သည်။ တစ်ဖက်လူက သူ့ရှေ့မှာ ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းရမ်းနေတာကိုပဲ ကြည့်ချင်လာမိ၏။
လုရွှမ်ရဲ့ သွေးကသာ သူရခဲ့တဲ့ အရှက်တရားကို ဆေးကြောနိုင်လိမ့်မည်။
လုရွှမ်သည် ပြိုင်ဘက်၏ ခန္ဓာကိုယ်မှ ရုတ်ချည်း ထင်ရှားစွာ ထွက်ပေါ်လာသော လူသတ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ လုရွှမ် လက်ဖဝါး တစ်ဖက်ဖြင့် ဝိညာဥ်စွမ်းအင်များကို တွန်းထုတ်ကာ ထျန်းလုံအစောင့် ခေါင်းဆောင်၏ လက်သီးကို ရစ်ပတ်ထားသည်။
လုရွှမ်နှင့် ထျန်းလုံအစောင့် ခေါင်းဆောင်တို့သည် ခပ်လှမ်းလှမ်းတွင် ရှိနေဆဲ ဖြစ်သည်။ ယခင်ကအတိုင်း လုရွှမ်မှာ တည်ငြိမ် အေးဆေးနေသေးသည်။ ခန္ဓာကိုယ်က အဝါရောင် အလင်းအနည်းငယ် ဖြာထွက်လျက်ရှိသည်။
ခေါင်းဆောင်၏ ခန္ဓာကိုယ်အနှံ့ ကြွက်သားများ ဖောင်းပွနေပြီး သူ့အရှိန်သည် တဟုန်ထိုး ခုန်တက်နေပြီး အရိုးများ တဆတ်ဆတ် တုန်ခါနေကာ သူ့စွမ်းအား ကန့်သတ်ချက်အထိ သူ့ကိုယ်သူ အားထုတ်ခဲ့တာ ထင်ရှားလေသည်။
လူနှစ်ယောက်ရဲ့ လက်ဝါးချက်တွေကို ထိခတ်နေစဥ် အားလုံးကလည်း သေသေချာချာ အာရုံစူးစိုက်လျက် ကြည့်နေကြသည်။ သူတို့နှစ်ယောက်လုံးက ငြိမ်နေပေမယ့် အတွင်းစိတ်က လှုပ်ရှားနေသလို ခံစားနေရ၏။
သူတို့အားလုံး အထင်ကြီးထားတဲ့ ထျန်းလုံအစောင့် ခေါင်းဆောင်က ချင်းလုံအရှင်လို့ ခေါ်တဲ့ လူပြိန်းနဲ့ မယှဉ်ဘူးဆိုတာ သိသာလာခဲ့သည်။
"သွားတော့!"
လုရွှမ် သူ့လက်ဖဝါးပေါ်မှ ခွန်အားကို ထုတ်လွှတ်လိုက်သော် ထျန်းလုံအစောင့်တပ် ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ထိတ်လန့်တုန်လှုပ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ့ဦးခေါင်းပေါ်ရှိ ခမောက်က ပြုတ်ကျပြီး အနည်းငယ် မော့လိုက်သော် ထိတ်လန့်နေသည့် မျက်နှာကို ပေါ်လွင်သွားစေကာ အမျိုးသမီး တစ်ဦး ဖြစ်သွားခဲ့သည်။ သူမ ညည်းတွားကာ သွေးများ ပါးစပ်ထဲမှ ထွက်ကျလာ၏။
တခြား ထျန်းလုံအစောင့်များ၏ မျက်လုံးများပင်လျှင် ပြူးကျယ်ကာ အားလုံး အံ့အားသင့်သွားကြသည်။
"မင်းက မိန်းကလေးဖြစ်နေလို့ ငါ မင်းအသက်ကို လွှတ်ပေးလိုက်မယ်"
လုရွှမ် ဆိုပြီးနောက် တခြား ထျန်းလုံအစောင့်များကို ကြည့်လိုက်သည်။ လူသတ်အငွေ့ တဟုန်ထိုး အရှိန်တက်လာသကဲ့သို့ တခြားလူများလည်း ဝမ်လင်နှင့် သူမမောင်လေးကို အမြန်လွှတ်လိုက်ကြသည်။
“ငါ မင်းကို မှတ်ထားမယ်!! သွားကြစို့”
အမျိုးသမီးက ပြောသည်။ သူမ၏ အသံသည် ယခင်က ပြင်းထန်သော ယောက်ျားတစ်ယောက်ရဲ့ အသံမှ အမျိုးသမီး တစ်ဦး ရှိသင့်သော အသံအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမသက ဦးထုပ်ကို ဆောင်းကာ တခြား အဖွဲ့၀င်များနဲ့အတူ မြို့ထဲသို့ ပြေးသွားခဲ့သည်။
လုရွှမ် ကျန်းဟုန်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။ ယခုအချိန်တွင် ကျန်းဟုန်၏ ပါးပြင်များမှယ ဖြူဖျော့နေပြီး သွားများကို ကြိတ်လျက် လက်သီးတွေကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ထားမိ၏။
သူသာ တကယ် သေတဲ့အထိ တိုက်ချင်ရင် ကျောက်တုံးကို ကြက်ဥနဲ့ ပစ်ပေါက်နေသလိုပဲ ဖြစ်နေမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ပြီ ဖြစ်သည်။
ထျန်းလုံအစောင့်တွေတောင် ရှုံးသွားတယ်ဆိုတော့ သူတို့အတွက် လုံးဝ ယှဥ်နိုင်စွမ်း မရှိတော့ပြီ။
"ငါတို့မိသားစုရဲ့ စည်းစိမ်ဥစ္စာ တစ်ဝက်ကို ယူလိုက်တော့...."
"အခုဈေးက တစ်ဝက် မဟုတ်တော့ဘူး ၈၀% ပဲ"
လုရွှမ်ရဲ့ အသံက ကျယ်လောင်လှသည်။ ကျန်းဟုန်မှာ ဒေါသတကြီး မျက်လုံးတွေကို မှိတ်ထားရင်း။
"စည်းစိမ်တွေထဲက ၂၀% ကို ယူပြီးတော့ ငါတို့ ထွက်သွားရအောင်!"
အခြေအနေက တဖက်လူတွေထက် သူတို့ထက် ပိုအားကောင်းမှန်းသိတော့ ကျန်းမိသားစုက လူတွေလည်း မကျေမနပ် မဖြစ်ရဲကြတော့ချေ။ အရင်က မကျေမနပ် ဖြစ်ခဲ့တဲ့သူတွေ အားလုံးသေကုန်ကြပြီလေ။ စည်းစိမ်ဥစ္စာရဲ့ ၂၀% နီးပါးကို အမြန်စုဆောင်းပြီး သူတို့အုပ်စုဟာ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားကြလေ၏။
လုရွှမ် တွန်းလှည်းကြီး များစွာနှင့် သူတော်စင် သားရဲများပေါ်ရှိ ပစ္စည်းများစွာကို ညွှန်ပြလိုက်သည်။
"ဒါတွေအားလုံး မင်းတို့ရဲ့ အပိုင်ပဲ!"
ဝမ်လင်သည် အနည်းငယ် ရှက်နေမိသေးသည်။ ဆရာက လုယက်နေတာ အသိသာကြီးလေ။ ဝမ်ကျောက်ကတော့ အားရပါးရ ရယ်မောရင်း ရှားပါးပစ္စည်းများကို ကုန်တင်ဆောင်ထဲသို့ ပစ်ချနေတော့သည်။
ပတ်ဝန်းကျင်ရှိ လူတော်တော် များများကလည်း ထိုပစ္စည်းတွေကို ပူလောင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြ၏။ ကျန်းမိသားစုသည် ထျန်းလုံမြို့ တစ်ခုလုံးတွင် သဘာဝအတိုင်း မထင်ရှားသော်လည်း မိသားစု၏ ကြွယ်ဝမှုမှာ အလွန်များပြားနေဆဲ ဖြစ်သည်။
အခု သူတို့သုံးယောက်မှာ ကောင်းမွန်တဲ့ အရာတွေ အများကြီး ရလာတဲ့အတွက် လူတွေကို မနာလိုဖြစ်အောင် လုပ်နေသလိုပင်။ မနာလို ဝန်တိုမှုကိုတော့ ချုပ်တည်းထားရ၏။
အခွင့်ကောင်းယူပြီး ရှေ့ကိုတိုးဖို့ကလည်း ဘယ်သူမှ မဝံ့ရဲပေ။ ချင်းလုံအရှင်ရဲ့ နတ်ဘုရားနဲ့ တူတဲ့ အရှိန်အဝါကို မြင်ပြီးနောက် လူတိုင်းမှာ ဆက်လှုပ်ရှားဖို့ မဝံ့ရဲကြတော့ပေ။
လုရွှမ်သည် မောင်နှမနှစ်ယောက်ကို သူတို့ရဲ့ ပစ္စည်းတွေကို ကြည့်ခိုင်းပြီး သူကတော့ အဆောက်အဦကြီးထဲ ဝင်သွား၍ အတွင်းမြို့ထဲကို ဝင်ချင်ကြောင်း ဆိုလိုက်လေသည်။
ထိုအချိန်တွင် တစ်ဒါဇင်ခန့်ရှိသော သူတော်စင်တစ်ပိုင်းများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့၏ မျက်လုံးများသည် အလယ်မှ အဘိုးအို၏ မျက်နှာကို စူးစိုက်စိုက်ကြည့်ကာ ထိုအဘိုးအိုရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြ၏။
"ချင်းလုံအရှင် ဟုတ်တယ်မလား? စတုတ္ထမင်းသားနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘာလဲလို့ သိချင်မိပါတယ်"
ထိုအဘိုးအိုက မျက်လုံးကို မှိတ်ထားပြီး မေးလိုက်လေ၏။
ထိုမေးခွန်းကြောင့် လူတိုင်း အံ့သြသွားကြသည်။