← Chapters

မြို့အတွင်းသို့

Vol. 43 Ch. 4.162

မြို့အတွင်းသို့

Vol. 43 Ch. 4.162

ဒီလူက တကယ်ပဲ ရူးနေတာလား? မင်းသား၄ကိုတောင် စော်ကားခဲ့သေးတာလား?

မင်းသား၄က ဘယ်သူလဲ? ထျန်းလုံဧကရာဇ် အင်ပါယာ တစ်ခုလုံးမှာ မသိတဲ့လူ ဘယ်သူမှ မရှိဘူး။ ဧကရာဇ်အင်ပါယာမှာ လူတိုင်းသိတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်။

'အိမ်ရှေ့စံမင်းသားက စေတနာနဲ့ ဖြောင့်မတ်တယ်၊ မင်းသား၄က ရက်စက်တယ်၊ မင်းသား၁၄က သူရဲကောင်းဆန်ပြီး ဖီးနစ်တစ်ကောင်ကတော့ အထီးကျန်နေတယ်'

ထျန်းလုံဧကရာဇ် အင်ပါယာ၏ မျိုးဆက်သစ် လူငယ်များကြားတွင် အကျော်ကြားဆုံး လူလေးဦးကို ပုံဖော်ထား​ခြင်း ဖြစ်သည်။ အိမ်ရှေ့စံမင်းသားမှာ ဖြောင့်မတ်သူ၊ ကြင်နာတတ်သူ၊ ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာပါးနပ်သူ ဖြစ်ပြီး တပည့်များစွာ ရှိသည်။

မင်းသား၄ ဟုန်ခိုင်းရှင်သည် ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာသော လူအုပ်စုနှင့် မိတ်ဖွဲ့ထားသည်။ သူ၏ ခွန်အားသည် အလွန်ပြင်းထန်ပြီး သူ့ကို မည်သူမျှ မစော်ကားဝံ့ပေ။

၁၄ယောက်မြောက် မင်းသား ဟုန်ခိုင်းမင်သည် ရဲရင့်ပြီး သန်မာသူဖြစ်ကာ နယ်ခြားစောင့် တပ်များကို ဦးဆောင်ခဲ့သည်။

ဖီးနစ်ဆိုသည်မှာ မင်းသမီးပိုင်လုံ ဟုန်ချင်းယွီပင်။ သူမဟာ မင်းသမီး တစ်ယောက်ဖြစ်လို့ တော်ဝင်မြို့တော်မှာ အမြဲတမ်း ချန်လှပ်ခံခဲ့ရ၏။ ထို့​ကြောင့် သူမဟာ ဒေါသထွက်ကာ တော်ဝင်မြို့တော်ကို စွန့်ခွာပြီး ပိုင်လုံမြို့ကို ကိုယ်တိုင် ဖန်တီးခဲ့တာ ဖြစ်သည်။

ယခုမူ ဤချင်းလုံအရှင်က မင်းသား၄ကို စော်ကားခဲ့တယ် ဆိုရင်တော့ သူက သေလမ်းရှာနေတာပဲ မဟုတ်ဘူးလား?

ပြောစရာမလိုအောင် လုရွှမ်သည် သူတို့တံခါးဝအထိ လိုက်လာခဲ့တဲ့ အဆင့်မြင့် လူကြီးမင်းနဲ့ တစ်ခုခုတော့ ပတ်သက်နေမှန်း သိလိုက်သည်။

"ဟုတ်တော့ ဘာဖြစ်လဲ? မဟုတ်တော့ရော ဘာဖြစ်လဲ? ကျုပ်ကို မြို့ထဲကိုဝင်ရမယ့် ဝင်ခွင့်တံဆိပ်ပြား သုံးခုပဲ ပေးပါ"

လုရွှမ်က ပူလောင်နေတဲ့ မျက်လုံးတွေနဲ့ အဖိုးအိုကို စိုက်ကြည့်ရင်း ပြောလိုက်ပါ၏။

အဘိုးအိုသည် ခဏမျှ အံ့အားသင့်သွားခဲ့သည်။ လုရွှမ်က ထိတ်လန့်တကြား ဖြစ်သွားတာမျိုး မရှိဘဲ မမျှော်လင့် ထားလောက်အောင် တည်ငြိမ်နေတာကြောင့် ခဏတာ အံ့ဩသွားခဲ့သည်။

တစ်ဖက်သားက ခုခံကာကွယ်မယ်။ ကြောက်မယ်။ ဒါမှမဟုတ် အထင်အမြင် သေးမယ်လို့ ထင်ခဲ့ပေမယ့် လုရွှမ်လိုမျိုး သူ့ကို တိုက်ရိုက် လျစ်လျူရှုတဲ့ လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပင်။

"ဒါမှမဟုတ် ခင်ဗျားက မင်းသား၄ရဲ့လူ ဖြစ်နေတာများလား?"

လုရွှမ် ပေါ့ပေါ့ပါးပါးနဲ့ ပြောပြီး အဖိုးအိုကို ကြည့်လိုက်သည်။ အဘိုးအိုသည် စိတ်ရှုပ်သွားပြီး နောက်ဆုံးမှာတော့ လုရွှမ်ရဲ့ အတွေးများကို နားလည်သွားခဲ့သည်။

'ဒီလူငယ်က တော်တော်လေး အံ့သြစရာကောင်းတာပဲ'

ယခုအခါ ထျန်းလုံဧကရာဇ် အင်ပါယာ၏ ဘုရင်မင်းမြတ်သည် နာမကျန်းဖြစ်၍ သေဆုံးတော့မည် ဖြစ်သောကြောင့် အမွေ ဆက်ခံသူများသည် ခွန်အားကို စုဆောင်းရမည့် အချိန် ဖြစ်သည်။ ယခုက အကောင်းဆုံး အချိန်တွေဖြစ်သလို အဆိုးဆုံး အချိန်တွေလည်း ရှိနေ၏။

သူတို့အတွက် မှားယွင်းတဲ့ ပါတီမှာ ရပ်တည်လိုက်ရင် အနာဂတ်မှာ သေချာပေါက် အပြစ်ပေးခံရမှာ ဖြစ်သည်။

သူတော်စင်တစ်ပိုင်းက သူတော်စင်တစ်ပိုင်းပဲ။ နောက်ဆုံးတော့ တကယ့် သူတော်စင်နယ်ပယ်ကို မရောက်သေးပေ။ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတွေဟာ ထိုအဆင့်မှာပင် နှစ်ပေါင်းရာချီ ရပ်တန့်နေခဲ့ရသည်။

သူတော်စင်တစ်ပိုင်း နယ်ပယ်မှာနေရင်း အချိန်တွေ အချည်းနှီး ကုန်သွားခဲ့တာကို ကြည့်၍ သူတော်စင် ဖြစ်လာရန် မည်မျှခက်ခဲသည်ကို တွေးကြည့်နိုင်သည်။

နိုင်ငံတစ်နိုင်ငံ၏ ပံ့ပိုးကူညီမှု မရှိဘဲ သူတော်စင် တစ်ပိုင်းအဖြစ်မှ သူတော်စင်နယ်ပယ်ကို အောင်မြင်ရန် ခက်ခဲပေလိမ့်မည်။

လုရွှမ်၏ စကားများသည် ရိုးရှင်းပုံပေါက်သော်လည်း သူ့နှလုံးသားကို တိုက်ရိုက်ညွှန်ပြသည်။ ဘယ်ဘက်မှာနေနေ အင်ပါယာမှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်လာမှာ သေချာလေသည်။

မင်းသား၄မှာ သူ့မသိစိတ်မှာ နေရာယူထားသော သူ၏ အဆင့်အတန်းထက် သာလွန်ကောင်းမွန်၍ မွန်မြတ်ပေလိမ့်မည်။

အကောင်းဆုံး နည်းလမ်းကတော့ သဘာဝကျကျ ဘယ်သူ့ဘက်မှာမှ မနေဖို့ပင်။

အဘိုးအို၏ အတွေးသည် လျင်မြန်စွာ ပြေးလွှားနေ၏။ သူတစ်ဖက်ကို ပြန်လှည့်လာတော့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ရှောင်ဝမ်.... သူတို့ဆရာတပည့် သုံးယောက်အတွက် ဝင်ခွင့်တံဆိပ်ပြား သုံးခု သွားယူလာခဲ့... မြန်လေ ​ကောင်းလေပဲ"

သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတွေ တော်တော်များများက အဘိုးအိုကို အံ့အားသင့်စွာ ကြည့်​နေသော်လည်း မေးခွန်း မထုတ်ရဲကြချေ။

သူတော်စင်တစ်ပိုင်း လူတစ်ယောက် မတ်တပ်ထရပ်ကာ ဝင်ခွင့်တံဆိပ်ပြား ၃ခုကို အလျင်အမြန် ထုတ်ပြီး လုရွှမ်အား ပေးအပ်လိုက်သည်။ လုရွှမ် ဝိညာဉ်ကျောက်တုံး သုံးခုကို ပစ်ပေးလာတဲ့အခါ ထိုလူရဲ့ မျက်နှာက အစိမ်းရောင် ပြောင်းသွားကာ အဘိုးအိုကို ကြည့်လိုက်သည်။

အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းပြီး ထိုဝိညာဥ်ကျောက်တုံးကို သိမ်းခိုင်းလိုက်သည်။ ဒီကျောက်တုံးတွေက အဆင့်နိမ့်တဲ့ ဝိညာဉ်ကျောက်တုံးတွေပဲ။ လူတွေ မြင်သွားရင် ရှက်စရာ ဖြစ်သွားလိမ့်မည်။

လုရွှမ်သည် မောင်နှမနှစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ တံဆိပ်​ပြား​နှစ်ခုကို ထည့်ပေးလိုက်သည်။ ထို့နောက် သူတော်စင်တစ်ပိုင်း လူတချို့၏ အကူအညီဖြင့် သူတို့သုံးဦးသည် စည်းစိမ်ဥစ္စာများစွာကို မြို့တွင်းသို့ အမြန် ပို့လိုက်ကြသည်။

သူတို့၏ ဝိညာဉ်များကို ဝင်ရောက် အကဲခတ်နေသလို ခံစားရသဖြင့် သူတို့ သုံးဦးသည် မြို့တွင်းသို့ အလျင်အမြန် လျှောက်သွားကြသည်။

ပြင်ပမြို့နှင့် နှိုင်းယှဉ်ပါက ဝိညာဥ်ချီသည် နှစ်ဆကျော် တိုးလာပြီး ထူးထူးခြားခြား ကြွယ်ဝမှုကြောင့် ဝမ်လင်နဲ့ သူမမောင်တို့မှာ အံ့သြသွားကြသည်။

လူသစ်တွေ ဝင်လာတာကို မြင်တော့ လူတစ်စုက အပြေးအလွှားလာ၍ မိတ်ဆက်ကြသည်။ မြို့တွင်း အခြေအနေတွေက ကောင်းပေမယ့် ကောင်းမွန်သော်လည်း စရိတ်စကများ၍ မြို့အတွင်း၌ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရန် အလုပ်အကိုင်များစွာ လိုအပ်​လေသည်။

ဤလူများ အားလုံးသည် အိမ်ခြံမြေ၊ အရင်းအမြစ်များနှင့် အရာအားလုံး အပါအဝင် အမျိုးမျိုးသော အရောင်းအ၀ယ် လုပ်ငန်းများကို ပံ့ပိုးပေးသည့် ရာဟန်လုပ်ငန်းစုတွင် ပါဝင်လုပ်ကိုင်နေကြ သူများ ​ဖြစ်သည်။

"အကြီးအကဲချင်းလုံ.... ကျွန်တော်တို့ ရာဟန်လုပ်ငန်းစုက..."

.....

လုရွှမ်၏ မျက်လုံးများသည် လှည့်ပတ်ကြည့်ကာ အလွန်ပိန်လှီသော မိန်းကလေး တစ်ဦးအပေါ်သို့ ရောက်သွားသည်။ သူက ထိုမိန်းကလေးကို လက်ညိုးထိုးပြပြီး

"မင်းလာခဲ့.... တခြားလူတွေ သွားလို့ရပြီ"

လုရွှမ်ရဲ့ မာနထောင်လွှားမှုကို လူတိုင်း မြင်ဖူးကြတာကြောင့် ဘယ်သူကမှ အတွန့်မတက်ရဲပေ။ လူအုပ်စုသည် အလွန် ကြောင်အသွား၏။ တစ်ဖက်လူကို ဒေါသထွက်စေမိမှာ စိုးရိမ်သဖြင့် တဖွဲဖွဲ လူစုခွဲသွားကြသည်။

"မင်္ဂလာပါ အကြီးအကဲ... ကျွန်မနာမည်က ရူယန်းပါ... ရာဟန်လုပ်ငန်းစုက မဟုတ်ပါဘူး ဒါပေမဲ့ ရောင်းချင်တဲ့ အိမ်ရှိတယ်ဆိုတာ ကျွန်မသိပါတယ်.... သိပ်မဝေးဘူး အိမ်အခြေအနေကလည်း တော်တော် ကောင်းပါတယ်... ကျေးဇူးပြုပြီး လိုက်ခဲ့​ပေးပါ"

သူတို့သုံးယောက်က ရထားလုံးနဲ့အတူ တိတ်ဆိတ်တဲ့ လမ်းအတိုင်း ရူယန်း နောက်ကနေ လိုက်လာခဲ့ကြသည်။

ဆိတ်ငြိမ်သော ပတ်ဝန်းကျင်နှင့် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသော အိမ်ကြီး တစ်အိမ်ပဲ ဖြစ်​လေသည်။ တကယ့်ကို နေရာကောင်း တစ်ခု ဖြစ်သည်။

"ရူယန်း.... ဒါ မင်းအိမ်မလား?"

ရူယန်းရဲ့ မျက်ဝန်းထဲက လွမ်းဆွတ်မှုတွေကို ကြည့်လိုက်တာနဲ့ လုရွှမ် ရိပ်မိလိုက်သည်။ ရူယန်းက ခေါင်းညိတ်လိုက်ပြီး သူ့ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာခဲ့သည်။

သူမသည် တစ်ချိန်က ချမ်းသာသော မိသားစုမှ သခင်မ​​လေးတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူမမိဘနှစ်ပါးမှာ အသက်ရှင်နေသေးပြီး ၎င်းတို့နှစ်ဦးစလုံးသည် ထျန်းလုံကျောင်းတော်တွင် ကျောင်းတက်နေကြဆဲ ဖြစ်သည်။ သို့သော်လည်း မကြာသေးမီကပင် သူမမိဘများ ဆုံးပါးသွားသည့် သတင်းက ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက် သူမ ဦးလေးသည် အိမ်၏အမည်ပေါက်ကို ထုတ်ယူ၍ သူမကို တစ်ဝက်သာ ပေးလေ၏။ ရူယန်း ထိုအိမ်ကြီးကို ကျေးဇူးကန်းသော ဦးလေးအား ရောင်းချရန် ဆန္ဒမရှိပေ။

ထို့ကြောင့် သူမက တခြားသူကို ရောင်းပြီး အိမ်အသစ်တစ်လုံးသာ ဝယ်လိုက်ချင်သည်။

ဝမ်လင်သည် ရှေ့သို့လှမ်းကာ ရူယန်းကို သူမရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ပြီး

"ဆရာ... ရူယန်းကို ဆရာ့တပည့်အဖြစ် လက်ခံလိုက်ရင်ရော"

"ဟုတ်သားပဲ ဆရာ... အစ်မရူယန်းရဲ့ ကျင့်ကြံမှု အဆင့်က ကျွန်တော့်ထက် မြင့်တယ် သူ့အရည်အချင်းကလည်း ကျွန်တော့်​ထက် ပိုကောင်းမှာ အသေအချာပဲ"

လုရွှမ် ဝမ်ကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး

"မင်းကို ငါ့တပည့်အဖြစ် တကယ် လက်ခံချင်တယ်လို့ ထင်နေလား? မင်းအစ်မ အတွက်ကြောင့်သာ မဟုတ်ရင် ငါဒီလောက် သဘောကောင်းနေမှာ မဟုတ်ဘူး"

ဝမ်ကျောက်ကတော့ တဟားဟားသာ အော်ရယ်လိုက်တော့သည်။

"ထားလိုက်တော့ မင်းတို့သူ့ကို ခေါ်ထားလို့ရတယ်... ဘာပဲဖြစ်ဖြစ် ဒီအိမ်ကို မင်းတို့အတွက် ဝယ်​ပေးတာဆိုတော့ မင်းတို့ကြိုက်တာ လုပ်လို့ရတယ်"

လုရွှမ် သူ့ရဲ့စိတ်ဝိညာဉ် စွမ်းအားကို အိမ်ကြီးတစ်ဝိုက်တွင် လျင်မြန်စွာ လှည့်ပတ်သွား​စေကာ အလွန် ကျေနပ်သွားသည်။

"မင်းကိုဘယ်သူက ဒီအိမ်ကို ရောင်းခိုင်းလို့လဲ ရူယန်း!"

အဝေးကနေ လူတစ်ယောက် ပြေးချလာ၏။ သူက ထျန်းလုံကျောင်းတော်က အဝတ်အစားကို ဝတ်ဆင်ထားပြီး ရောက်ရောက်ချင်း မြေပြင်ပေါ် လဲကျသွားကာ ရူယန်းကို ဒေါသတကြီး စွပ်စွဲလိုက်တော့သည်။

သူက လုရွှမ်နဲ့ တခြားသူများကို အထင်အမြင် သေးစွာဖြင့် စိုက်ကြည့်ကာ ရူယန်းမျက်နှာကို ညွှန်ပြပြီး

"ငါမင်းကို ပြောမယ်!! ဒီအိမ်ကို ရောင်းချင်ရင် မင်းငါ့ကိုပဲ ရောင်းလို့ရတယ်.... တခြားသူတွေ ဝယ်ချင်နေရင်တော့ ဟမ့် အိမ်မက်သာ မက်နေလိုက်!"

ရူယန်း အလွန်ကြောက်လန့်သွားကာ ဝမ်လင် နောက်မှာ လျင်မြန်စွာ ဝင်ပုန်းနေ​တော့သည်။ ဤကာလအတွင်း သူမသည် ထိုလူဆီက အနိုင်ကျင့်တာကို ခဏခဏ ခံခဲ့ရသည်။

ဝမ်လင်မှာ ဒေါသထွက်လာပြီး

"နင့်ရဲ့ အဝတ်အစားတွေကို ကြည့်ရသလောက်တော့ ထျန်းလုံကျောင်းတော်က ကျောင်းသားတစ်ယောက် ဖြစ်မယ် ထင်တယ်.... ဘယ်လိုလုပ် သူများကို အနှောင့်အယှက် ပေးနေတာလဲ? မိဘနှစ်​ယောက်စလုံး သေသွားတဲ့သူကို အနိုင်ကျင့်ပြီး သူများသမီးကို နှိပ်စက်နေတာ.... နင့်မှာ ကိုယ်ကျင့်တရားရော ရှိရဲ့လား? အရှက်ရော ရှိသေးရဲ့လား?"

"ထျန်းလုံကျောင်းတော်မှာ မင်းလိုလူတွေနဲ့ ပြည့်နေတယ် ဆိုရင်တော့ ထျန်းလုံကျောင်းတော်ကတော့ တကယ်ကို ရှက်စရာ ကောင်းနေပြီ!"

ဤကာလအတွင်း လုရွှမ်နှင့် အဆက်အသွယ် ရပြီးကတည်းက ထျန်းလုံကျောင်းတော်မှ ကျောင်းသားများ ကြမ်းတမ်းစွာ ပြုမူနေကြသည်ကို သူမ မြင်ရတိုင်း သူမနှလုံးသားထဲတွင် ထျန်းလုံကျောင်းတော်ကို တောင့်တမှု အရိပ်အယောင်များ တဖြည်းဖြည်း မှိန်ဖျော့လယကာ ပြိုကျလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ရောက်လာသူက ဝမ်လင်ကို စိုက်ကြည့်လိုက်ပြီး

"ညီမလေး... မင်းက ဘယ်သူလဲ? ငါက ထျန်းလုံကျောင်းတော်ကို အရှက်ခွဲတယ်လို့ မင်းပြောရဲတယ်ပေါ့ ဟုတ်လား? ကျောင်းမှာ ငါ့နာမည်က ဘယ်လို အဓိပ္ပာယ်ဆောင်လဲ မင်းသိလား??"

All Chapters