ထိတ်လန့်ဖွယ်ရာ နဂါးလှံ
Vol. 43 Ch. 4.164
"ဟမ့် ဘယ်သူမဆို ဝင့်ကြွားနိုင်ပေမယ့် မင်းမှာ ခွန်အား ရှိမရှိပေါ်မှာလည်း မူတည်တယ်ကွ!"
သူရဲကောင်းဆန်သော လူငယ်က အော်လေသည်။
"ကောင်လေး သခင်လေးရဲ့ နာမည်က ဟယ်ဖန်း... ကျောင်းတော်က လူတွေက ငါ့ကို နဂါးလှံလို့ ခေါ်ကြတယ်.... မကြာခင် ဒီသခင်လေးရဲ့ လှံရှည်အောက်မှာ မင်း သေသွားရတော့မယ် ဟမ့်.... ဒါ မင်းဘဝအတွက် ကံကောင်းတယ်လို့ မှတ်ယူလိုက်ပေတော့"
သူရဲကောင်းပီသသော လူငယ်လေးသည် သူ၏အမည်ကို ဂုဏ်ယူစွာ ကြေညာကာ ထိုင်ခုံအောက်ရှိ သူတော်စင်သားရဲ ခါးမှ လှံတစ်ချောင်းကို ထုတ်ယူလိုက်သည်။ လှံသည် အရှည်သုံးပေရှိပြီး အဝါရောင် ရွှေနဂါးတစ်ကောင်နှင့် ရစ်ပတ်ထားသလို ထွင်းထုထားသည်။
"လှံပစ်ချက်ကို ကြည့်!"
ဟယ်ဖန်းက အော်ဟစ်ပြီး လုရွှမ်ဆီ လှံရှည်ကို ပစ်ထုတ်လိုက်သည်။
လူသည် ကျားနှင့်တူပြီး လှံသည် နဂါးနှင့်တူသည်။ ပြင်းထန်သော လေဟုန်သည် တဟုန်းဟုန်း တောက်နေပြီး နားထဲတွင် နဂါး၏ ဟိန်းဟောက်သံကဲ့သို့ ပြင်းထန်သော အသံကပါ ထွက်ပေါ်လာ၏။
လျှပ်စီးကြောင်းတစ်ချက် လက်ထွက်လာသည်။ ထိုမှသာ လှံလွှတ်လိုက်သည့် အခိုက်အတန့်ကို လုရွှမ် မြင်လိုက်ရလေသည်။
အရှိန်က အရမ်းမြန်တော့ လုရွှမ် ခဏလောက် ထိတ်လန့်သွား၏။ အဲ့လောက်မြန်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ နဂါးလှံ ဆိုတဲ့အတိုင်း ၎င်း၏ ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်ပေသည်။
လုရွှမ် နောက်သို့ ဆုတ်လိုက်ပြီး သူ့ခန္ဓာကိုယ် လျင်မြန်စွာ တိမ်းစောင်း၍ နောက်ဆုံး အခိုက်အတန့်တွင် ပစ်ခတ်မှုကို ရှောင်လိုက်သည်။
လှံအရိပ် ပျောက်ကွယ်သွားကာ ဟယ်ဖန်းသည် သူ့လက်ထဲတွင် လှံကို ထပ်မံ ဆုပ်ကိုင်လိုက်ပြန်သည်။ သူ၏ မျက်လုံးများကတော့ ပြူးကျယ်သွားသည်။ လုရွှမ်က သူ့ပစ်ခတ်မှုကို ရှောင်တိမ်းနိုင်ခဲ့တာကြောင့် သူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။
"ကောင်လေး... မင်းမှာ အရည်အချင်းတွေ တကယ် ရှိနေတာပဲ... မင်း ထျန်းလုံအစောင့်တွေကို ဒုက္ခပေးနိုင်တာ မဆန်းပါဘူး.... ဟမ့် ဒါပေမဲ့ မင်းငါ့ရဲ့ ပထမပစ်ချက်ကို ရှောင်နိုင်ရင်တောင် ဒုတိယမြောက် ပစ်ချက်ကိုတော့ သေချာပေါက် ရှောင်နိုင်မှာ မဟုတ်ဘူး!!"
လုရွှမ်လည်း သူ ကံကောင်းသွားတယ်လို့ တိတ်တိတ်လေး ဆိုလိုက်မိသည်။ သူ တကယ် သတိမထား မိလိုက်ဘူးလေ။
သူသည် အဆင့်မြင့် သခင်များစွာကို စိန်ခေါ်ရန် အမြဲတမ်း ချောမွေ့စွာ ရွက်လွှင့်နေခဲ့သည်။ ဒါက သူ့အတွက် အလေ့အထ တစ်ခုဖြစ်လာသော အခါတွင် သတိလက်လွတ် ဖြစ်သွားမှုကြောင့် မြောင်းထဲ ရေနစ်မလို ဖြစ်သွားခဲ့သည်။
"လှံတံကို ကြည့်စမ်း!" ဟယ်ဖန်းက ထပ်အော်သည်။
လုရွှမ် လေထဲသို့ လှမ်းဝင်လိုက်သည်။ လှံသည် မြှားတစ်စင်းလို ညည်းညူသံဖြင့် ပစ်သွင်းလာခဲ့ခြင်း ဖြစ်၏။
ဤအကြိမ်တွင် လှံ၏အရှိန်သည် ယခင်အကြိမ်ထက် ပိုမြန်သော်လည်း လုရွှမ်က ယခုတစ်ကြိမ်တွင် ယွမ်ချီကို ထုတ်လွှတ်ကာ စိတ်ဝိညာဉ် စွမ်းအားနှင့် အာရုံစူးစိုက်ထားသဖြင့် လှံရှည် ဘယ်ဖက်က လာနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ခံစားရလေသည်။
လှံကို လွှတ်လိုက်သည့် အခိုက်တွင် ၎င်းသည် လေဟာပြင် ကွက်လပ်နှင့် ချိတ်ဆက်ထားသကဲ့သို့ လေထုအတွင်း၌ ပျော့ပျောင်းသော အသွင်အပြင်တစ်ခု ပေါ်လာပြီး ငွေ့ရည်ဖွဲ့နေခဲ့သည်။ လှံသည် မြန်လွန်းသောကြောင့် ပျောက်မသွားဘဲ ၎င်းကို မမြင်နိုင်ခြင်း ဖြစ်သည်။
လတ်စသတ်တော့ အဲ့လိုကိုး!
လုရွှမ် လက်ချောင်းများသည် အဝါရောင်အလင်းများဖြင့် အနည်းငယ် တောက်ပလာခဲ့သည်။ ဆင်သံချပ် ရွှေကိုယ်ထည် အသက်ဝင်လာခဲ့သည်။
လုရွှမ်၏မျက်ခုံး ရှေ့မှောက်၌ အလင်းတစ်ချက် ရုတ်တရက် ပွင့်လာပြီး လှံ၏ အစွန်အဖျားကို အခိုင်အမာ ဆုပ်ကိုင်ထားလိုက်သည်။
ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်သွားပြီး တစ်ဖက်တွင်ရှိ လူတစ်စုမှာ လုရွှမ်ကို ထိတ်လန့်စွာ စိုက်ကြည့်နေကြ၏။
ဟယ်ဖန်း၏ စွမ်းရည်ကို သူတို့အနေဖြင့် သဘာဝကျကျ သိထားသည်။ အထူးသဖြင့် လှံ၏ အရှိန်အဟုန်သည် ၎င်းတို့အား အထင်ကြီးပြီး ထိတ်လန့်စေခဲ့သည်။ နှစ်တွေ ကြာလာတာနဲ့အမျှ ဟယ်ဖန်းဟာ သူ့ထက် ခွန်အားကြီးတဲ့သူတွေကို အကြိမ်ကြိမ် အနိုင်ယူဖို့ ဒီလှုပ်ရှားမှုကို အသုံးချတာကိုလည်း သူတို့မြင်ခဲ့ရလေသည်။
ဟယ်ဖန်းသည် အကျပ်အတည်း တစ်ခုအကြား၌ ရှုံးနိမ့်ခြင်းကို အောင်ပွဲအဖြစ်သို့ ပြောင်းလဲကာ ထွန်းလင် တောက်ပခဲ့ဖူးသော်လည်း လူတစ်ယောက်က ဟယ်ဖန်းရဲ့ လှံအား ကိုင်ထားနိုင်တာကို ပထမဆုံးအကြိမ် တွေ့လိုက်ခြင်းပင် ဖြစ်သည်။
ယခင် တိုက်ပွဲများ၌ တစ်စုံတစ်ယောက်ဟာ ဟယ်ဖန်းရဲ့ လှံကို မြင်ပြီးတာနဲ့ လှံထိပ်ဖူးက ပြိုင်ဘက်ရဲ့ ဦးခေါင်းကို ထိုးဖောက်ပြီးသား ဖြစ်သည်။
"မင်းရဲ့ အရည်အချင်းက မဆိုးပါဘူး!"
လုရွှမ်မှ မှတ်ချက် ပေးလိုက်သည်။
သူက လှံရှည်ကို တစ်ချက် အကဲခတ် ကြည့်လိုက်သည်။ ပါဝင်ပစ္စည်း၊ အရည်အသွေးနဲ့ ဖွဲ့စည်းမှုတွေက အကောင်းဆုံး မဟုတ်ပေမယ့် လှံပစ်တဲ့ နည်းပညာကြောင့် နဂါးလှံရဲ့ ဂုဏ်သတင်းကို ရရှိနေခဲ့တာ ဖြစ်လေသည်။
"ဆိုတော့ မင်းကိုငါ ပြန်ပေးလိုက်မယ်!"
လုရွှမ် သူ့လက်ကောက်ဝတ်ကို ကျွမ်းကျင်စွာ လှန်လိုက်ကာ လှံထိပ်ဖူးကို တခြားလူတွေဖက်သို့ လှည့်လိုက်သည်။
ဟယ်ဖန်း မျက်နှာသည် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေပြီး လက်များကို သိမ်းကျုံးဝှေ့ယမ်းကာ ရုတ်တရက် သူ့ခန္ဓာကိုယ်ကို လှည့်ကာ မမြင်နိုင်သော အရာကို ကြိုမြင်ထားသယောင်ဖြင့် အားပြင်းစွာ နောက်သို့ ဆုတ်သွားခဲ့သည်။
"မဟုတ်ဘူး... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး
"သွားတော့!"
လှံရှည်သည် ကောင်းကင်နှင့် မြေကြီးထဲသို့ တခဏချင်း ပျောက်ကွယ်သွားပြီး နောက်အခိုက်အတန့်တွင် ဟယ်ဖန်း၏ နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။
ဟယ်ဖန်း ခြေလှမ်းအနည်းငယ် ပြေးထွက်လိုက်သော်ငြား ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။ သူသည် အင်မတန် ဆွံ့အနေရာမှ လုရွှမ်ကို လှည့်ကြည့်ကာ
"မင်းက ဘယ်သူလဲ?"
"ချင်းလုံအရှင်... မင်းရဲ့ နဂါးလှံဆိုတဲ့ ဂုဏ်သတင်းကိုတော့ ငါမကြိုက်ဘူး"
လုရွှမ်က အေးစက်စွာ ပြောလိုက်သည်။
ဟယ်ဖန်း ဝမ်းနည်းစွာ ရယ်မောလိုက်ပြီး သူ့ခန္ဓာကိုယ်သည် လှံနှင့်အတူ ကောင်းကင်မှ မြေပြင်သို့ ပြုတ်ကျသွားလေသည်။
"ဘယ်သူလဲ ရှိသေးလဲ?"
လုရွှမ် တခြားလူတွေကို ကြည့်လိုက်သည်။ သူတို့အားလုံး လုရွှမ်ကို မကြည့်ဝံ့သလိုဖြင့် လျှပ်စီးလက်သွားသလို အလျင်အမြန် နောက်ပြန် ဆုတ်သွားကြ၏။
ဟယ်ဖန်းသည် ထျန်းလုံကျောင်းတော်တွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူက သူ့ရဲ့ အကောင်းဆုံး တိုက်ကွက်ကို အသုံးပြုကာ ရန်သူကို တိုက်ခိုက်ခဲ့သော်ငြား ထိုးနှက်ချက် တစ်ချက်တည်းဖြင့် ရန်သူ့ဆီက အသတ်ခံခဲ့ရသည်။
“သွားကြစို့!”
နောက်ဆုံးတွင် လုရွှမ် ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအားကို တစ်စုံတစ်ယောက်က သည်းမခံနိုင်တော့ဘဲ သူတော်စင် သားရဲကို ထိန်းချုပ်ကာ ထွက်ခွာသွားရန် ပြင်လိုက်၏။
"မင်းတို့သွားချင်ရင် ထွက်သွားလို့ ရတယ်.... ဒါပေမဲ့ မင်းကတော့ နေခဲ့ရမယ်!"
လုရွှမ်က လက်ဆန့်ပြီး ဒီလူတွေကို ခေါ်ထုတ်လာခဲ့တဲ့ သက်လတ်ပိုင်း အမျိုးသားကို ညွှန်ပြလိုက်လေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ယခု လုရွှမ်ရဲ့ တန်ခိုးကို သူမြင်လိုက်ရပြီမို့ အဘယ်မှာ နေခဲ့ဖို့ သတ္တိရှိပါတော့မလဲ။ သူတော်စင် သားရဲကို အော်ငေါက်ကာ ထွက်ပြေးရန် အသင့်ရှိနေပြီ ဖြစ်သည်။
လုရွှမ်ကတော့ သူတို့နောက်ကို မလိုက်သွားဘဲ ပေါ့ပေါ့ပါးပါးလေး ထပ်ပြောလိုက်လေသည်။
"သူ့ကို ထားခဲ့မလား? ဒါမှမဟုတ် မင်းတို့အားလုံး နေခဲ့မလား!"
အသံသည် အလွန်နူးညံ့သော်လည်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ကာ လူများစွာ၏ နားထဲတွင် တဝွီဝွီ မြည်သွားသည်။ သူတို့ခန္ဓာကိုယ်တွေ တုန်လှုပ်သွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြရာ လူလတ်ပိုင်းအရွယ် အမျိုးသားလည်း မျက်လုံးပြူးသွားသည်။
"မဟုတ်ဘူး.... မဟုတ်ဘူး မလုပ်နဲ့!"
လူလတ်ပိုင်း အရွယ်က အော်ဟစ်လေ၏။
ဤလူများနှင့်အတူ အချိန်အတော်ကြာ ပေါင်းသင်း နေထိုင်ပြီးနောက် ၎င်းတို့အားလုံးသည် အရိုးများကိုပင် မထွေးထုတ်ဘဲ ဝါးစားသော တောခွေးများ ဖြစ်ကြောင်း သဘာဝကျကျ နားလည် သဘောပေါက်ထားခဲ့သည်။
“ဒါတွေအားလုံးကို မင်းလုပ်လိုက်တာပဲ.... အခု မင်းနေခဲ့ပြီး အပြစ်တွေ ခံလိုက်တော့”
လူတစ်ယောက်က အော်ပစ်ပြီး မြှားတစ်စင်း ပစ်သွင်းလိုက်သည်။ လူလတ်ပိုင်းအရွယ် အောက်ရှိ သူတော်စင် သားရဲသည် အော်ဟစ်ပြီး ကောင်းကင်မှ ပြုတ်ကျသွားခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် လျင်မြန်စွာ ခုန်ပျံထွက်ပြေး သွားခဲ့သော်ငြား အခြားလူများကမူ တွေးတောင်မတွေးဘဲ သူ့ကို ဝိုင်းရံထားခဲ့ကြသည်။
ထို့နောက် ပြင်းပြင်းထန်ထန် ရိုက်နှက်ကြရယ ရိုက်ချက်ကြောင့် သူအသက် တစ်ဝက်ပင် သေနေပြီ။ အရိုက်ခံရပြီးနောက် လုရွှမ်ရှေ့မှာ ပစ်ချခံလိုက်ရသည်။
"ဒီကလူကြီးမင်း အခုကျုပ်တို့ သွားလို့ရပြီလား?"
လုရွှမ် သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်း ပြလိုက်ရာ လူအများအပြားလည်း ထွက်ပြေးသွားကြသည်။
"သခင်လေး ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ..."
လူလတ်ပိုင်းအရွယ် အမျိုးသားက လုရွှမ်ကို သနားစရာ ကောင်းတဲ့ မျက်နှာထားနဲ့ ထပ်ခါတလဲလဲ တောင်းပန်လေ၏။ လုရွှမ် ထိုလူအား တစ်ချက် ကန်ချလိုက်တဲ့အခါ ရူယန်းရှေ့ကို ရောက်သွားတော့သည်။
"ငါ့ကို အမှန်အတိုင်း.. ပြော.. ရူယန်းရဲ့မိဘတွေ သေသွားတာ မင်းနဲ့ ပတ်သက်မှုရှိလား?"
လုရွှမ်အသံက ရုတ်တရက် မိုးခြိမ်းသံလို ထွက်ပေါ်လာခဲ့ပြန်၏။ လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်သည် အလွန်တုန်လှုပ်သွားကာ ပါးစပ်ထောင့်များ ထိန်းမနိုင် သိမ်းမရ တုန်ရီနေမှုက သူ့မျက်နှာပေါ်ရှိ ထိတ်လန့်မှုကို ပိုမိုပေါ်လွင်လာစေသည်။
"ဆရာ.... ဆရာပြောချင်တာက ရူယန်းရဲ့မိဘတွေ သေတာက သူနဲ့ သက်ဆိုင်နေတယ်ပေါ့ ဟုတ်လား? လူယုတ်မာ!!"
ဝမ်လင်က လူလတ်ပိုင်းကို ကြည့်ကာ အော်ဟစ်ပြီး ပြင်းပြင်းထန်ထန် ကန်ကျောက် ပစ်လိုက်တော့သည်။ ရူယန်း မျက်ရည်များ စီးကျလာခဲ့ကာ တုတ်တစ်ချောင်းကို ကိုင်၍ လူလတ်ပိုင်းကို ဆက်လက် ရိုက်နှက်လေသည်။
"တူမလေး.... ငါတကယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး... မင်းအမေကို တစ်ယောက်ယောက်က အကြိုက်တွေ့သွားတာဟ... သူက ဘယ်လိုလူလဲ? ငါ ဘယ်လိုလုပ် သူ့ကို စော်ကားရဲမှာလဲ?"
လုရွှမ် ပေါ့ပေါ့တန်တန် လက်ဖဝါးဖြင့် ရိုက်သတ်လိုက်၏။ ရူယန်းလည်း ဝမ်လင်ကို ပွေ့ဖက်ကာ ကျယ်လောင်စွာ အော်ဟစ် ငိုလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်.... ဒါပေမဲ့ ကျွန်မအတွက် ထျန်းလုံကျောင်းတော်ရဲ့ ရန်သူဖြစ်အောင် လုပ်လိုက်တာက မထိုက်တန်ပါဘူး..."
ရူယန်းရဲ့ စကားကိုကြားတော့ ဝမ်ကျောက်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"ဒါက ထျန်းလုံကျောင်းတော်လေးပဲ မလား? ငါတို့ရဲ့ ဆရာက တစ်ယောက်ယောက် လာမှာကို ကြောက်နေမှာလား? ဟဟ!! ဆရာ... ကျွန်တော်တို့ ဘာအစီအစဉ်တွေ ရှိသေးလဲ? ထျန်းလုံကျောင်းတော်ကို ဖျက်စီးမှာလား? ဘာပဲဖြစ်ဖြစ် သူတို့က လာနေပြီဆိုတော့ အရင် တိုက်ခိုက်ကြရအောင်"
ထိုအခိုက် ဝမ်လင်က သူ့ခေါင်းနောက်ကို ရိုက်ချလိုက်ရင်း
"ဘာတွေ မိုက်မဲနေတာလဲ? ဆရာက သူ့အစီအစဉ်နဲ့သူ ရှိနေပြီးသား"
"ငါတို့နောက်ထပ် အစီအစဉ်က ဘာလဲ ဆိုတော့ ထျန်းလုံကျောင်းတော်ကို သွားကြမယ်"
လုရွှမ် သူတို့ကြားက ဆွေးနွေးမှုကို လျစ်လျူရှုပြီး ပြောလိုက်လေသည်။