အကြီးတန်းဧရိယာ
Vol. 44 Ch. 4.166
အဲဒီနောက် အဘိုးအိုက သူ့နောက်က လူတွေကို ခေါ်၍ လှည့်ထွက်ပြေးသွားတော့သည်။
"သမီးလေး... အဖွားပြောပြပါ မင်းမှာ ဘယ်လို အရည်အချင်းတွေရှိလဲ"
အဘွားအိုက ဝမ်လင်ရဲ့ လက်ကိုထိကာ တိုးတိုးလေး ပြောသည်။
"ဆရာ?"
လုရွှမ် ပြုံးလိုက်သည်။ ဒီအဘွားကြီးဆီက ဆိုးရွားတဲ့ အရိပ်အယောင်ကို မခံစားရသလို သူမ ဦးဆောင်လာတဲ့ ကျင့်ကြံသူ အမျိုးသမီးငယ်တွေကို ကြည့်ပြီး သူတို့ဟာ ယုံကြည်ထိုက်တယ်လို့ ခံစားရလေသည်။
"ရှောင်လင် အဘွားကြီးကို ပြောပြလိုက်ပါ... သူမက ယုံကြည်ထိုက်တယ်... ဒါပေါ့ သူမတစ်ယောက်တည်းကို ပြောပြရုံနဲ့ လုံလောက်ပြီ"
လုရွှမ်က ဆိုလိုက်သည်။
"ခန်းဟွေ့ နတ်ဘုရားမျက်လုံးပါ!"
ဝမ်လင်လည်း အဘွားကြီးအား အသံတိုးတိုးဖြင့် ပြောပြလိုက်သည်။ အဘွားကြီးရဲ့ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပေ၏။
"ကောင်းပြီ... ကောင်းပြီ"
"သမီးလေး... ထျန်းလုံကျောင်းတော်ကို ဝင်ချင်တာလား? ဟုတ်ပြီ မင်း အခုကတည်းက အဘွားနောက်က လိုက်လို့ရတယ်... မင်းကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး"
"ဒီမှာ ဆရာနဲ့အတူ နေရရင် ကျွန်မကို ဘယ်သူမှ အနိုင်ကျင့်န်ုင်မှာ မဟုတ်ပါဘူး"
ဝမ်လင်ကလည်း ဆိုလိုက်သည်။ အဘွားကြီးရဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ရှိကာ အသက်ကြီးနေပြီ။ ဒါပေမဲ့ ကြင်နာစွာ ပြုံးပြတတ်တဲ့ ချစ်ခြင်းလှိုင်းတွေက သူမမျက်လုံးထဲမှာ အရည်ပျော်သွားသလိုပင်။
အဘွားကြီးသည် လုရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး လုရွှမ်ရဲ့ ယခင်ပစ်ချက်က သူမမျက်လုံးထဲတွင် ရှိနေသေးသည်။
ထျန်းလုံကျောင်းတော် ဦးခေါင်း၏ သင်္ကေတဖြစ်သည့် ကျောင်းအုပ်ကြီးရုပ်တုမှာ မှော်ဆန်သည့် အကျိုးသက်ရောက်မှု ရှိကြောင်း လူတော်တော်များများ မသိကြသော်လည်း ထူးကဲသော ပါရမီ သို့မဟုတ် သဘာဝလွန်စွမ်းအားရှိသော လူတစ်ဦး ချဉ်းကပ်လာသည့်အခါတိုင်း တောက်ကျင့်စဥ်၏ ကျက်သရေရှိမှုများ ထွက်ပေါ်လာမည် ဖြစ်သည်။
ထို့ကြောင့် သူမသည် လျင်မြန်စွာ ပြေးသွားလာတုန်း လုရွှမ်ရဲ့ လှံပစ်ချက်ကိုလည်း တွေ့လိုက်ရလေသည်။
လုရွှမ်၏ လျစ်လျူရှုမှုနှင့် ဣန္ဒြေရှိမှုမှ တစ်ဆင့် အဘွားကြီးသည် ဤလူငယ်သည် မည်မျှထူးခြားသည်ကို ချက်ချင်း နားလည်သွားခဲ့သည်။ သူတော်စင်ရုပ်တု၏ မှော်အတတ်ကို သိတာကြောင့် ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားခဲ့ခြင်း ဖြစ်မည်။ ဒါကြောင့် သူမ ရောက်ရှိလာချိန်ကို မစောင့်ရုံဘဲ မဆင်မခြင် ပြုမူဝံ့ခြင်းပင်။
"သူက မင်းရဲ့ဆရာလား?"
အဘွားအိုက လုရွှမ်ရဲ့ အန္တရာယ် အငွေ့အသက်ကို ပြင်းပြင်းထန်ထန် ခံစားမိတာကြောင့် လှည်မေးလိုက်သည်။
"ဟုတ်ကဲ့... ဆရာနဲ့ ကျွန်မက ထျန်းလုံကျောင်းတော်ကို တက်ရောက်ဖို့ ဒီကို လာခဲ့တာပါ"
အဘွားကြီးက ခဏလောက်စဉ်းစားပြီး သင်္ကေတ တံဆိပ်ပြားတစ်ခုကို ထုတ်လာ၏။
"မိတ်ဆွေလေး... မင်း ငါတို့ ထျန်းလုံကျောင်းတော်မှာ ပါဝင်ဖို့ ဆန္ဒရှိတယ် ဆိုမှတော့ ဒီတံဆိပ်ပြားကို ယူလို့ရပါတယ်.... ပြဿနာမရှိရင် ဆရာတစ်ယောက်လည်း ဖြစ်လာနိုင်တယ်"
လုရွှမ် တံဆိပ်ပြားကို ယူကာ ပြုံးလိုက်သည်။
ဤအဘွားကြီး၏ ခွန်အားသည် မြင့်မားလွန်းခြင်း မရှိပေ။ သူမသည် သူတော်စင်နယ်ပယ် ပထမအဆင့်တွင်သာ ရှိဖြစ်သည်။ သို့သော် ပြင်းထန်သော ဝိညာဉ်ရေးအသိဉာဏ် ရှိနေ၏။ ဝမ်လင်သာ သူမနောက်လိုက်လျှင် ကောင်းစွာ ဂရုစိုက်ခံရမှာ သေချာသည်။
"ရှောင်လင်... အဘွားအိုနဲ့ လိုက်သွားလိုက်ပါ... ရှောင်ကျောက် အတွက် စိတ်မပူပါနဲ့.... သူက မင်းထင်ထားတာထက် အများကြီး ပိုနားလည်တတ်တယ်"
နှုတ်ဆက်နေရမှာ ပျင်းလွန်းသဖြင့် လုရွှမ်သည် သူ့လက်ကို တိုက်ရိုက် ဝှေ့ယမ်းကာ စာသင်ကျောင်း တစ်ဝိုက်သို့ လှည့်ထွက်သွားခဲ့သည်။
ကျောင်းဝန်းသည် ကြီးမားပြီး လုရွှမ်သည် ကျောင်းသားများ၏ သူ့အား အာရုံစိုက်နေသော အပြုအမူများကို လျစ်လျူရှူ၍ ပေါ့ပေါ့ပါးပါး လှည့်ပတ်သွားနေခဲ့သည်။
အမှန်တော့ ထျန်းလုံကျောင်းတော်သို့ ဝင်ရောက်နိုင်သော ကျောင်းသားများသည် အနည်းဆုံး သူတော်စင်တစ်ပိုင်းမှ စကြသည်။ ၎င်းမှာ တော်ဝင်အင်ပါယာ၏ အဓိက တိုင်းနိုင်ငံများတွင် တွေ့ခဲ့ရသည့် ကျောင်းများနှင့် အလွန်ကွာခြားလေသည်။
ဤနေရာ၌ တိုက်ပွဲ အကြိမ်ရေသည် သိသိသာသာ မြင့်မားသည်။ လမ်းတစ်လျှောက်တွင် ကျောင်းသားများစွာ အချင်းချင်း တိုက်ခိုက်ကြတာကို လုရွှမ် မြင်ခဲ့ရသည်။
ဆေးလုံးသန့်စင်ခြင်း ပြိုင်ပွဲများ၊ လက်နက်သန့်စင်ခြင်း ပြိုင်ပွဲများ၊ ယွမ်ချီပြိုင်ပွဲများ၊ အခင်းအကျင်း ဖွဲ့စည်းခြင်း ပြိုင်ပွဲများနှင့် တောက်ယွင် အသွင်အပြင်ရှိ သိမ်မွေ့ပြီး ဂရုတစိုက်ရှိသည့် ယှဉ်ပြိုင်မှုများ ရှိလေသည်။
လုရွှမ် အနည်းငယ် အံ့သြသွားသည်။ ထျန်းလုံဧကရာဇ်အင်ပါယာလို အလယ်အလတ်စား အင်ပါယာ တစ်ခုအတွက် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများကို စုဆောင်းရန် ခက်ခဲသောအရာ မဟုတ်ပေ။
ကြွယ်ဝသော ရောင်ဝါနှင့် ပေါများသော တောက်နိယာမ အောက်တွင် အလုပ်ကြိုးစားပြီး အရည်အချင်း ရှိသရွေ့ အနည်းဆုံး လူသုံးပုံတစ်ပုံသည် ပြဿနာမရှိဘဲ သူတော်စင် တစ်ပိုင်းများ ဖြစ်လာလိမ့်မည်။
ထို့ကြောင့် အင်ပါယာ အဆင့်မြင့်လေ သူတော်စင်တစ်ပိုင်း အကြောင်း လေ့လာထားခြင်းများက ရှားပါးလေ ဖြစ်သည်။ လုရွှမ်သည် သူတော်စင် ဖြစ်လာပြီးမှသာ သူတော်စင်တစ်ပိုင်း ဖြစ်စဥ်အခါက ရောယှက်နေသော အသွင်အပြင်များသည် မည်မျှအရေးကြီးကြောင်း သူနားလည်လာခဲ့သည်။
"ဒီကအတန်းဖော်... မင်းကို ကြည့်ရတာ ဒီမှာနေတာ ကြာပြီထင်တယ်... သူတော်စင်တစ်ပိုင်း နိယာမစွမ်းအင်နဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ အများကြီး လုပ်ထားလား?"
ထွားကြိုင်းသော ခပ်ဝဝ အမျိုးသမီး ကျောင်းသူတစ်ဦးက စပ်စုစွာ မေးလာသည်။
တခြားကျောင်းသားများနှင့် နှိုင်းယှဉ်ပါက ဤကျောင်းသား သုံးဦးစလုံးသည် ကျောင်းတွင် အလွန် အဆင့်မြင့်သည့် သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသောကာလသို့ ရောက်ရှိထားသူများ ဖြစ်ကြသည်။
လူအများစုက နိယာမစွမ်းအင် အကြောင်းကို စိတ်ဝင်စားဖို့ နေနေသာသာ သူတို့နဲ့ ရင်းနှီးဖို့တောင် မဝံ့ရဲကြပေ။
"ဟမ့်... သူက သူတော်စင်တစ်ပိုင်း တတိယအဆင့်မှာပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်လေ... ဘာနားလည်မှာလဲ"
"အဲလိုပြောလို့ မရဘူး... နိယာမစွမ်းအင် အသွင်အပြင်တွေက အဆုံး မသတ်နိုင်ဘူး ဆိုတာ သိထားရမယ်....ကျင့်ကြံမှုအဆင့်မှာ ထပ်တူမကျတဲ့ လူတွေမှာ မင်းကြားချင်တဲ့ နိယာမစွမ်းအင် အသွင်အပြင်တွေကို ရောယှက်လို့ မရဘူးဆိုတဲ့ အကြောင်းကို သိထားကောင်း သိထားနိုင်တယ်"
"ပြောသွားတာ မဆိုးဘူး... ရောယှက်ထားတဲ့ မတူညီတဲ့ နိယာမစွမ်းအင် အသွင်အပြင်တွေက ကိုယ်ရွေးချယ်ထားတဲ့ မတူညီတဲ့ တောက်ကျင့်စဥ် လမ်းကြောင်းတွေကို ကိုယ်စားပြုတယ်"
လုရွှမ်က ဝင်ပြောလိုက်သည်။ စိတ်သဘောထား မြင့်မားသော အဆင့်အဆန်းမြင့်မြင့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးမှ လွဲ၍ ကျန်လူအိုများမှာ အလွန်စာအုပ်ဆန်သော လေကိုသာ ထုတ်လွှတ်နေကြသည်။
လူကြီးတစ်ယောက်၏ ဆံပင်များသည် မီးခိုးရောင် ပြောင်းသွားသော်လည်း သူ့မျက်နှာသည် နီမြန်းနေဆဲ ဖြစ်သည်။ ကလေး မျက်နှာနှင့် လူတစ်ယောက်မှာ ရိုးရာပုံပြင်ထဲက မသေနိုင်သော နတ်ဘုရားများနှင့် ခပ်ဆင်ဆင် တူလေသည်။
"တောက်နိယာမစွမ်းအင်က ကောင်းကင်နဲ့ ကမ္ဘာရဲ့ တောက်ကျင့်စဥ် ကိုယ်ပိုင်ရွေးချယ်မှုကို ကိုယ်စားပြုတယ်... မင်းရဲ့အနာဂတ် အောင်မြင်မှုတွေ ဘယ်လောက် ကြီးမားမလဲ ဆိုတာ သူတော်စင်တစ်ပိုင်း ကာလအတွင်း ရောယှက်နေတဲ့ နိယာမစွမ်းအင် အခြေခံမူတွေနဲ့လည်း ဆက်စပ်နေတယ်... အဲဒါက အဆုံးအဖြတ် ပေးနိုင်တဲ့ အခန်းကဏ္ဍ မရှိပေမယ့် ပိုကောင်းတဲ့ နိယာမစွမ်းအင် အသွင်အပြင်တွေ ရောယှက်နိုင်လေ အနာဂတ်အတွက် ပိုကြီးမားတဲ့ အလားအလာတွေ ရှိလာလေပဲ"
လုရွှမ် စကား ဆုံးသောအခါတွင်၊ သူတို့ သုံးယောက်သည် လေးလေးနက်နက် တွေးတောရင်း ထွက်ခွာသွားတာကို မြင်လိုက်ရသည်။ နောက်တစ်နေရာကို လျှောက်လှမ်းရင်း သူတို့သုံးယောက်ရဲ့ ကျင့်ကြံမှုမှာ အတော်လေး အဆင့်မြင့်လာပေမယ့် နိယာမစွမ်းအင်ရဲ့ အခြေခံမူတွေနဲ့ ပုံစံတွေကို သူတို့နားလည်မှုက အပေါ်ယံပဲ ရှိသေးတာကို တွေ့ရလေ၏။
အဂ္ဂိရတ်ပညာ အကြောင်း ပြောနေကြသော ကျောင်းသားတစ်စုရှေ့ကို ရောက်သွားပြီး လုရွှမ် တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ခဏကြာတော့ ခေါင်းယမ်းပြီး တွေးတောင် မတွေးဘဲ လှည့်ထွက်သွားခဲ့သည်။
ထို့နောက် လက်နက်သန့်စင်သည့်အဖွဲ့၊ အခင်းအကျင်း မှော်စက်ဝိုင်းနှင့် သားရဲထိန်းကျောင်းသူ ကျောင်းသားများထံ လျှောက်သွားသည်။ စက်ဝိုင်းတစ်ခုအတွင်း လမ်းလျှောက် လာပြီးနောက် လုရွှမ် အပြုံးဖြင့် ထွက်ခွာလာခဲ့သည်။
တချို့လူတွေက အမြတ်များ ရိတ်သိမ်းနိုင်ကြသလို၊ အချို့က ရယ်စရာ ကောင်းသော်လည်း လုရွှမ်၏ မျက်လုံးများကို လင်းလက်သွားစေသည့် စကား အနည်းအကျဉ်းလည်း ရှိပါသည်။ ထျန်းလုံကျောင်းတော်ကို သူသည် နေရာမှန်သို့ ရောက်လာခဲ့ပုံရသည်။
လုရွှမ် ဝင်ခွင့်ရုံးခန်းသို့ ရောက်ရှိလာပြီး သူ၏ သင်္ကေတကို ထုတ်ပြလိုက်သည်။ မီးစိမ်းလေး ပြလာကာ လမ်းတစ်လျှောက်လုံး မီးစိမ်းပြရာ အတိုင်း ဝင်လာခဲ့သည်။ အိပ်ဆောင်နှင့် သူ့ကိုယ်ပိုင် နာမည် တံဆိပ်ပြားကို ရယူရမည်။
ဧည့်ခံကောင်တာမှာ သူတော်စင်တစ်ပိုင်း ပထမအဆင့်သာ ရှိသူ အလွန် ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက် ရှိနေသည်။ သူမက ဧည့်ခံကောင်တာမှာ အလုပ်ကြိုးစားပြီး အမှတ် တချို့စုဆောင်း နေပုံရသည်။
ထျန်းလုံကျောင်းတော်တွင် တန်ဖိုးအရှိဆုံး အရာမှာ ဝိညာဉ်ကျောက်တုံး မဟုတ်ဘဲ အမှတ်များ ဖြစ်သည်။ အမှတ်များကို လေ့ကျင့်ရေး နည်းလမ်းများ၊ အခင်းအကျင်း တံဆိပ်ပြားများ၊ သူတော်စင်သားရဲများ၊ တခြား ပစ္စည်းများနှင့် ကျောင်းမှ ပိုင်ဆိုင်သည့်အရာ အားလုံးကို လဲလှယ်နိုင်သည်။
အမှတ်များ ရရှိရန် အလုပ်များကို ပြီးမြောက်ရန် သို့မဟုတ် တချို့သော ပဟေဠိ မေးခွန်းများကို ပြီးမြောက်အောင် ဖြေဆိုနိုင်ဖို့ လိုအပ်သည်။ သေချာတာပေါ့။ ရှားပါးပစ္စည်းများ၊ သူတော်စင် သားရဲများနှင့် တခြားအရာများကို အမှတ်ပြ၍ ထုတ်ယူနိုင်သည်။
"စီနီယာ.... ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါ စီနီယာရဲ့ အိပ်ဆောင်က အကြီးတန်း အဆင့်မြင့် ဧရိယာထဲမှာပါ"
အကြီးတန်းဧရိယာ? လုရွှမ်လည်း ၎င်းသည် အခန်းကဏ္ဍတစ်ခုမှ ပါဝင်သည့် သင်္ကေတဖြစ်နိုင်သည်ဟု နားလည်ခဲ့သည်။
ကလေးမလေးက ရှက်နေပြီး သူမနာမည်ကို ကျိုရှောင်းဟုန်ဟု မိတ်ဆက်လာခဲ့သည်။ သူမသည် အကြီးတန်း ဧရိယာသို့ ဝင်ရောက်ခွင့်ရခြင်း အတွက် အနည်းငယ် စိတ်လှုပ်ရှားနေပြီး တစ်လမ်းလုံး စကားစမြည် ပြောဆိုကာ အကြီးတန်းဧရိယာ အကြောင်းကို သူမသိသမျှကို ပြောပြနေသည်။
သူမအသံကြောင့် သူမသည် အဆင့်မြင့်ဧရိယာကို အလွန် တောင့်တနေကြောင်း လုရွှမ်ပင် ရိပ်မိလာ၏။
"ဟေး ဒါကငါတို့ရဲ့ ဟုန်ဟုန်လေး မဟုတ်လား?"
လေးလံသော အသံနဲ့အတူ မိတ်ကပ် လိမ်းခြယ်ထားသော အရပ်မြင့်မြင့် လူတစ်ယောက် ထွက်လာခဲ့သည်။ ကျိုရှောင်းဟုန်ကို မြင်လိုက်သောအခါတွင် မုန်းတီးမှုများ ရောထွေးနေသော လှောင်ပြောင်မှု သဲလွန်စများက သူမ နှုတ်ခမ်းများပေါ်မှ ဖြတ်ပြေးသွား၏။
သူမက လုရွှမ်ကိုကြည့်ရင်း နှုတ်ခမ်းကို သပ်လိုက်ပေသည်။
ကျိုရှောင်းဟုန်ရဲ့ မျက်နှာမှာ နီရဲလာပြီး လုရွှမ်ရဲ့ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး
"စီနီယာ.... မြန်မြန် ထွက်သွားရအောင် သူ့ကိုလျစ်လျူရှုထားလိုက်?"
"ဟေး ဟုန်ဟုန်လေး နောက်ဆုံးတော့ ကောင်းကောင်း သင်ယူ တတ်မြောက်ပြီပေါ့... ခြေလက်တွေကိုတောက် အသုံးချနိုင်နေပြီ ဒါပေမဲ့ သူတော်စင်တစ်ပိုင်း တတိယအဆင့် မောင်ငယ်လေးကို ရှာနေတာ နည်းနည်းတော့ မိုက်မဲလွန်းတယ် မဟုတ်လား?"