ကျင်းကျီး
Vol. 44 Ch. 4.167
ကျိုရှောင်းဟုန်ရဲ့ မျက်နှာသည် ပန်းသီးတစ်လုံးကဲ့သို့ နီရဲနေသော်လည်း သူမသည် စကားပြောကောင်းသူ မဟုတ်ပေ။ သူမသည် မိမိကိုယ်ကို ခုခံကာကွယ်ရန် အပြင်းအထန် ကြိုးစားကာ ပါးစပ်ကို ဖွင့်ထားသော်လည်း ဘာပြောရမှန်း မသိပေ။
"နင်ပဲ အဲ့လိုတွေးနေတာ ငါက မဟုတ်ဘူး"
ထိုအခါ အမျိုးသမီးက ဂုဏ်ယူစွာ ရယ်မောရင်း-
"နင်က ဘာလဲ? ယောက်ျားက မိန်းမကို ချစ်တာ သာမန်ပဲလေ... ဒါပေမဲ့ နင် ရှာချင်ရင်တော့ သူတော်စင်တစ်ပိုင်း အဆင့်၇ ဒါမှမဟုတ် အဲဒီအထက်ရဲ့ အဆင့်မှာရှိတဲ့ သခင်ကို ရှာရမယ်... သူတော်စင်တစ်ပိုင်း တတိယအဆင့်ကို ရွေးချယ်တာက မိုက်မဲလွန်းတာ မဟုတ်လို့ ဘာလဲ!"
"နင်....နင် မုန်းစရာကြီး!"
အမျိုးသမီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရုတ်တရက် ပြတ်သားသော အသံနှင့်အတူ အမျိုးသမီး၏ ရယ်မောသံက ရပ်သွားကာ လုရွှမ်ဆီက ပါးရိုက်ခံလိုက်ရသည်။
ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းစည်းကမ်းင အလွန် ရှင်းပါ၏။ ကျောင်းသားများကို ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် သတ်ပစ်ခြင်း မပြုရချေ။ ရန်ငြိုးရန်စများရှိပါက ဆရာများထံ သတင်းပို့ပြီး ပြိုင်ပွဲစင်မြင့် သို့မဟုတ် ပြဿနာဖြေရှင်းရန် အသက် ရှင်ခြင်းနှင့်သေဆုံးခြင်း အဆင့်ကိုပင် သွားနိုင်သည်။
ဒါပေါ့။ တချို့သော သာမန် ပွတ်တိုက်မှုလို တိုက်ပွဲငယ်များကိုတော့ အလိုရှိတိုင်း တားမြစ်ထားလို့ မရနိုင်ဘူးလေ။
"နင်ငါ့ကိုရိုက်တယ်? နင်က မိန်းကလေးတစ်ယောက်ကိုတောင် ရိုက်တယ်!!"
အမျိုးသမီးက ထိတ်လန့်တကြားဖြင့် လုရွှမ်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်နေ၏။ ထို့နောက် ဒေါသတကြီး ပေါက်ကွဲထွက်လာသော ကြောင်တစ်ကောင် ကဲ့သို့
"နင်က ဘယ်သူလဲ? ငါဘယ်သူလဲဆိုတာ နင်သိလား? ငါ့ကို ရိုက်ရဲတယ်ပေါ့ ဟုတ်လား? နင် အသက် မရှင်ချင်တော့ဘူးလား"
ကျိုရှောင်းဟုန်ရဲ့ မျက်နှာက ရွှင်မြူးနေပေမယ့် သူမက လုရွှမ်ကိုတော့ ရှင်းပြလိုက်သေးသည်။
"စီနီယာ... သူ့နာမည်က ကျင်းကျီ.. သူ့မှာ နောက်ခံကောင်း ရှိတယ်လို့ ကျွန်မ ကြားမိတယ်... သူ့ကို မစော်ကားမိတာ ပိုကောင်းမယ် ထင်တယ်"
လုရွှမ်က သူနားလည်ကြောင်း ဖော်ပြဖို့ ခေါင်းညိတ်လိုက်ပေမယ့် ကျင်းကျီးရဲ့ပါးကို လေထဲမှာပဲ နောက်တစ်ချက် ရိုက်ချလိုက်ပြန်သည်။
"ကောင်မလေး...ဒီလို တခြားသူတွေရဲ့ နောက်ခံ စွမ်းအားကို အားကိုးနေတဲ့ လူတွေကို တွေ့ရင် မင်းကို မချဉ်းကပ်ရဲအောင် တစ်ခါတည်း သင်ခန်းစာတစ်ခု သင်ပေးထားလိုက်.... မဟုတ်ရင် ပိုရဲတင်းလာလိမ့်မယ်"
ကျိုရှောင်းဟုန် အံ့အားသင့်သွားကာ လုရွှမ်ကို လေးလေးနက်နက် စိုးရိမ်စိတ်ဖြင့် ကြည့်နေလေသည်။ ဤစီနီယာက ကြီးစိုးလွန်းသည်ဟု သူမ ထင်လေသည်။ ဒါပေမဲ့ ဒါက ဘေးဒုက္ခတွေကိုလည်း သယ်ဆောင်လာနိုင်၏။
ကျင်းကျီး ဘယ်လောက် သြဇာကြီးမားတယ် ဆိုတာကို သူမ ကောင်းကောင်း သဘောပေါက်ထားသည်။ ကျင်းကျီမှာ ကျောင်းက တခြားသူများကို အနိုင်ကျင့်ရန် အစွမ်းထက်သော စီနီယာများနှင့် ပေါင်းစည်းခဲ့သော်လည်း ဘယ်သူကမှ အာမခံရဲချေ။
"အိပ်ဆောင်ကို သွားကြည့်ရအောင်.... ဒီလိုမိန်းမမျိုးအတွက် ငါ့မှာ ဖြုန်းနေစရာ အချိန်မရှိဘူး!"
လုရွှမ် ကျိုရှောင်းဟုန်ကို လက်ပြကာ အကြီးတန်းဧရိယာထဲသို့ လျှောက်သွားလိုက်သည်။ လုရွှမ် ကျိုရှောင်းဟုန်ရဲ့ ပြဿနာကို တစ်ချက် ကြည့်လိုက်တာနဲ့ သိလေ၏။
ဒီမိန်းကလေးက အာဟာရတွေ အများကြီး လေ့ကျင့် စုဆောင်းထားမယ်လို့ သူတကယ် မမျှော်လင့်ထားခဲ့ချေ။
သူမအတွက် သူတော်စင်တစ်ပိုင်း ဖြစ်ရန် အနည်းဆုံး သူ့ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်သည် ခိုင်မာသော်လည်း ကျင်းကျီး ဟုခေါ်သော ထိုမိန်းကလေးကတော့ ကွဲပြားလေသည်။
သူမသည် အခြေခံ မတည်ငြိမ်သလို ယွမ်ချီကလည်း ခိုင်မာမှု မရှိသောကြောင့် သူမဘဝ အဆုံးသတ်တော့မှာ ထင်ရှားလေသည်။ ယခုအချိန်တွင် လုရွှမ်၏ အမြင်အရ သူမသည် တခြားသူများအား အာဟာရ ဖြည့်စွက်ပေးရသည့် ကိရိယာများအဖြစ် ရှိနေခဲ့လေသည်။
သူမသည် တခြားသူများကို အားဖြည့်ပေးပြီး နောက်ကွယ်ရှိ လူများက သူမထံမှ ဖြည့်စွက်စာအဖြစ် စွမ်းအင်များကို တိုက်ရိုက် စုပ်ယူသွားကြသည်။ သူမ မသိသေးတာ သူမရဲ့သေဆုံးမှုက သိပ်မဝေးတော့ဘူး ဆိုတာပင်။
အဆင့်မြင့် အကြီးတန်း ဧရိယာသည် အမှန်ပင် ထူးကဲလှသည်။ ကျောင်းဝန်းအတွင်းက အခြားနေရာများထက် ဤနေရာမှ ဝိညာဥ်ချီသည် ပိုမိုကြွယ်ဝကြောင်း ထင်ရှားစွာ ခံစားရလေသည်။
ထူးထူးခြားခြား ကံကောင်းမှု ဝိညာဥ်ချီများဖြင့် ပြည့်နေသော လှိုဏ်ဂူအဖြစ်ပင် မှတ်ယူနိုင်သည်။
လုရွှမ် ခြံဝန်းတစ်ခုကို ရခဲ့သည်။ သိပ်မကြီးသော်လည်း လက်ရာမြောက်လို့ လုရွှမ်လည်း အလွန် ကျေနပ်နေမိသည်။
ကျိုရှောင်းဟုန်နဲ့ အပြင်ကို ပြန်ထွက်လာတဲ့အခါ အဆင့်မြင့် ဧရိယာ အပြင်ဘက်မှာ စောင့်နေတဲ့ လူများကို တွေ့လိုက်ရ၏။ ခေါင်းဆောင်ကတော့ ကျင်းကျီးပဲ ဖြစ်လေသည်။
"ခွေးမလေး ဟမ့်... နင်အဲဒီမှာ ပုန်းနေပြီး ဘယ်တော့မှ ထွက်မလာတော့ဘူးလို့တောင် ငါက ထင်ခဲ့နေတာ... ကောင်လေး နင်ရောပဲ နင်ကငါ့ကို ရိုက်ဝံ့တယ်ပေါ့ နင်တော့ သေပြီပဲ!"
လုရွှမ် လူအုပ်ကို တစ်ချက် ကြည့်လိုက်တော့ ကျင်းကျီးကလွဲရင် စုစုပေါင်း လူဆယ်ယောက်ရှိပြီး အားလုံးက ယောက်ျားတွေ ဖြစ်ကြသည်။ သူတို့ရဲ့ အသွင်အပြင်ကို ကြည့်ပြီး ဒီလူတွေက ကျင်းကျီးနဲ့ ဆက်ဆံရေး ရှိထားတယ် ဆိုတာ ထင်ရှားလေသည်။
ပြင်းထန်သော အသက်ရှုသံများက ပွက်ပွက်ဆူနေပြီး ကျင့်ကြံမှု အခြေခံ အုတ်မြစ်က မတည်မငြိမ် ဖြစ်နေသည်။ အနာဂတ်တွင် ကျင့်ကြံမှုအဆင့်သည် ပိုမိုတိုးတက် ကောင်းမွန်လာမည်ဟု မဆိုလိုနိုင်တော့ပေ။
"ကျင့်ဝတ်အရ တာဝန်ခံရမှာကို မကြောက်ဘဲ ဒီမှာ လူတွေကို ပေါ့ပေါ့တန်တန် သတ်မယ်ပေါ့လေ??"
လုရွှမ်က သိပ်ဂရုမစိုက်ပုံဖြင့် ပြောလိုက်သည်။
"ဟာဟား... စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ရဲ့ ခေါင်းဆောင်ကျောက်က ငါ့အစ်ကိုပဲ...နင့်လို့ မကြာသေးခင်ကမှ ဝင်လာသူ လူသစ်ကို သတ်လိုက်ရင်တောင် အတင်းအဖျင်း ပြောဖို့ ဘယ်သူက သတ္တိရှိမှာလဲ?"
လုရွှမ့ ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး တခြားလူ ကိုးယောက်ကိုလည်း ကြည့်လိုက်ကာ။
"မင်းတို့ကရော ဘယ်လိုလဲ?"
"ဟမ့် ကောင်လေး မင်းဘာလို့ အမြီးကြီးတဲ့ ဝံပုလွေတစ်ကောင်လို ဟန်ဆောင်နေတာလဲ? အစ်မကျင်းကျီးက မင်းကိုညွှန်ပြနေရင် မင်း သူ့ရဲ့ ညွှန်ကြားချက်ကို ရိုးရိုးသားသား နားထောင်လိုက်ရင် ပြီးပြီကို"
"မင်းက ချောမောလှပတဲ့ ကောင်လေးတစ်ယောက်လိုပဲ... ဒါပေမဲ့ မင်းရဲ့ အစွမ်းအစက သူတော်စင်တစ်ပိုင်း တတိယအဆင့်မှာပဲ ရှိသေးတယ်... ဒါကိုတောင် အဆင့်အတန်း မြင့်တဲ့နေရာကို တကယ် ဝင်ရောက်နိုင်တယ် ဆိုရင်တော့ အကြီးအကဲတွေထဲက တစ်ယောက်ယောက်က မင်းကို အကြိုက်တွေ့သွားလို့ ဖြစ်ရမယ် ဟုတ်တယ်မလား"
"ဟားဟားဟား……"
ထျန်းလုံကျောင်းတော်က တော်တော်လေး စိတ်ရှုပ်စရာ ကောင်းတဲ့ နေရာပင်။ မကြာသေးမီနှစ်များအတွင်း အဓိကကျောင်းကြီး လေးခုနှင့် ပြိုင်ဆိုင်မှုတွင် ၎င်း၏အဆင့်အတန်းသည် ဆက်တိုက် ကျဆင်းလာခဲ့တာ အံ့သြစရာတော့ မရှိတော့ချေ။
"ငါ နင်တို့ကို သတိပေးလိုက်မယ်... အဆင့်မြင့် ဧရိယာထဲ ဝင်လာတဲ့ စီနီယာ ကိုင်ဆောင်ထားတဲ့ အရာက အဘွားလီရဲ့ သင်္ကေတပဲ.... ကိုယ့်ဒုက္ခကို မရှာမိစေနဲ့"
ကျိုရှောင်းဟုန်က ခပ်မြန်မြန် ဝင်အော်လိုက်သည်။ သူမက တစ်ဖက်လူတွေကို ဒုက္ခမပေးချင်သလို ဒုက္ခလည်း မပေးရဲချေ။
ဤလူတွင် အဘွားလီ၏ သင်္ကေတတစ်ခု အမှန်တကယ်ရှိကြောင်း ကြားသိရသောအခါတွင် လူအများအပြား ထိတ်လန့်သွားကြသည်။ အဖွားလီက ဘယ်သူလဲ။ သူမက ကျောင်းကြီး တစ်ခုလုံးမှာ ထူးကဲတဲ့ အသွင်အပြင် ရှိပြီး အကြီးအကဲတွေတောင် မျက်နှာသာ ပေးရသူပင်။
"ဟမ်.... သူ့မှာ အဘွားလီရဲ့ သင်္ကေတ တံဆိပ်ပြားရှိတယ်လို့ နင်ပြောလိုက်တယ်နော်? ဘယ်မှာလဲ အဘွားလီရဲ့ သင်္ကေတ တံဆိပ်ပြား... ထုတ်လိုက်လေ ငါကြည့်ကြည့်တာပေါ့"
ကျင်းကျီးက ပြန်အော်လိုက်လေသည်။ သူမသည် နေရာ၌ ခပ်တင်းတင်း ရပ်နေစဥ် ရုတ်တရက် လုရွှမ် ထုတ်ပြလာတဲ့ တံဆိပ်ပြားကြောင့် ကြက်သေသေသွားရှာ၏။
လူကိုးယောက်စလုံး အံ့အားသင့်သွားကြပြီး အသီးသီး ချွေးသီးချွေးပေါက်များ တစိမ့်စိမ့် ထွက်ကျလာခဲ့သည်။ မျက်နှာတွေ ဖြူဖျော့လာကာ တစ်ယောက်က အရင် ထွက်ပြေးသွား၏။ ကျန်လူများမှာလည်း ငတုံးများ မဟုတ်သဖြင့် အလျင်အမြန် လိုက်သွားကြသည်။
ကျင်းကျီးမှာ သူမမျက်နှာတွင် သွေးပြန်ကြောများ ပေါက်ထွက်မတတ် ဖြစ်လာသော်လည်း ထိုနေရာတွင် မိုက်မဲစွာ ရပ်နေခဲ့သည်။ သူမမှာ ပြေးချင်သော်လည်း လုံးဝမပြေးနိုင်ပေ။ သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ လေထုသည် သူမအား အကျဥ်းချထားသလို ဘယ်လောက် ရုန်းနေပါစေ လုံးဝမလှုပ်ရှားနိုင်ပေ။
"မင်းလို လူတစ်ယောက် အတွက် ဒီနေရာမှာနေတဲ့ တခြားလူတွေအတွက် ခြိမ်းခြောက်မှု တစ်ခုပဲ ဖြစ်နေပြီ... ဒါက ကျောင်းတစ်ကျောင်းပဲ ဒါကြောင့် မင်းရဲ့အသက်ကို ငါမလိုချင်ဘူး... မင်းရဲ့ကျင့်ကြံမှုကိုတော့ ငါဖျက်ဆီးပစ်မယ်"
လုရွှမ် စကားဆုံးသော သူ့ခန္ဓာကိုယ် နေရာအနှံ့ ဝိညာဥ်စွမ်းအင်များ စီးဆင်းသွားပြီး သူမ၏ ကျင့်ကြံမှု အရှိန်အဝါသည် ချက်ချင်း လျှောကျသွားကာ နောက်ဆုံးတွင် သာမန်လူတစ်ဦး အဖြစ် မြေပေါ်သို့ လဲကျသွားခဲ့သည်။
"မဟုတ်ဘူး... နင်ငါ့ကို ဒီလိုလုပ်လို့ မရဘူး!"
ကျင်းကျီးက အော်ဟစ်လိုက်ပြီး သူမခေါင်းပေါ်က လုရွှမ်ကိုကြည့်ပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ မျက်ရည်များသည် သွေးများနှင့် ရောနှောကာ အလွန်ညံဖျင်းပြီး ပြောမပြ နိုင်လောက်အောင် စက်ဆုပ် ရွံရှာဖွယ် ကောင်းနေသည်။
"ကလေးမ ပြန်သွားပြီး အနားယူလိုက် စကားမစပ်.... ဒါက မင်းရဲ့ကျင့်ကြံမှုကို အထောက်အကူ ဖြစ်စေမယ့် အဂ္ဂိရတ်ဆေး တစ်ပုလင်းပဲ"
လုရွှမ် အဂ္ဂိရတ်ဆေး တစ်ပုလင်းကို ကျိုရှောင်းဟုန်ထံ ပစ်ပေးလိုက်သည်။ ကြောင်တက်တက်ဖြင့် ဆေးပုလင်းကို ကိုင်ရင်း လှည့်ကြည့်လိုက်တော့ လုရွှမ်က ပျောက်သွားလေပြီ။
လုရွှမ် ကျောင်းဝန်းထဲမှ ထွက်ခွာပြီး အိမ်သို့ ပြန်လာခဲ့သည်။ ဝမ်လင်ကတော့ ထျန်းလုံကျောင်းတော်ထဲ ဝင်သွားခဲ့ပြီ။ သူမ အနာဂတ်အတွက် စိတ်ပူစရာ မလိုတော့ပေ။
ဝမ်ကျောက်က စိတ်မြန်လက်မြန် ဒေါသကြီးတတ်တဲ့ စိတ်ဓာတ်ရှိလို့ သူ့အား သေချာ မချုပ်တည်းပါက အလွယ်တကူ ဒုက္ခရောက်လိမ့်မည်။
"ဆရာ.... ဆရာ ပြန်လာပြီလား? ကျွန်တော်တို့ ဆရာ့ကို လာရှာတော့မလို့... ကျွန်တော်နဲ့ ရူယန်း အိမ်ခန်းထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေတွင်းတစ်တွင်းကို တွေ့ထားတယ်"