← Chapters

အဓိက ကျောင်းကြီးများ ရောက်ရှိလာခြင်း

Vol. 44 Ch. 4.170

အဓိက ကျောင်းကြီးများ ရောက်ရှိလာခြင်း

Vol. 44 Ch. 4.170

"ဒါက ရှစ်ကြိမ်မြောက် ရှိပြီ.... ကျွန်မပတ်ဝန်းကျင်က လူတွေက တခြားသူနဲ့ ပူးပေါင်းနေမယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး"

မင်းသမီးပိုင်လုံမှာ ရုပ်အလောင်းကို ကြည့်ရင်း ရှုံ့မဲ့စွာ ပြုံးရင်း သူမမျက်လုံးများက နီရဲနေလျက် သူမ အလွန်စိတ်ပျက်သွားတာ ထင်ရှားလေ၏။

"ဒီကိစ္စတွေကို မင်းအစောကတည်းက မျှော်လင့်ထားသင့်တယ်"

လုရွှမ်က ပေါ့ပေါ့ပါးပါး တုံ့ပြန်လာခဲ့သည်။

အစကတော့ သူသည် ရေတွင်းရဲ့ ဇာတ်လမ်းကို ပြောပြချင်သော်လည်း မင်းသမီးပိုင်လုံရဲ့ လက်ရှိ အခြေအနေကို သူမြင်လိုက်ရပြီ။ မင်းသမီးပိုင်လုံမှာ ပိုမိုလေးနက်သော အကြောင်းပြချက်ကို နားလည်ရန် ခွန်အားမရှိမှန်း သိသာလွန်း၏။

ယခု ဤသတင်းကို သူမအား အလျင်စလို ပြောလိုက်ပါက ၎င်းသည် သူမအတွက် ကြီးမားသော ဘေးဒုက္ခများဆီသို့သာ ဦးတည်သွားမှာ ဖြစ်သည်။

“သွားပြီ နောင်ဆို ပိုသတိထားပါ”

ပြောပြီးတာနဲ့ လုရွှမ်သည် မင်းသမီးပိုင်လုံရဲ့ အိမ်ကထွက်လာပြီး စတုတ္ထမင်းသား နေထိုင်တဲ့ နန်းတော်ဆီကို လျှောက်လာခဲ့လိုက်သည်။

ယခု အိမ်ရှေ့စံမင်းသားမှ လွဲ၍ ကျန်မင်းသားများသည် နန်းတော်ထဲတွင် မရှိတော့ဘဲ ထျန်းလုံမြို့တွင် ကိုယ်ပိုင်နန်းတော်များ တည်ဆောက်ထားကြပြီ။

မင်းသမီးပိုင်လုံရဲ့ ထီးနန်းတိုက်ပွဲကို သူသိပ်စိတ်မဝင်စားပေမယ့် သူမက သူ့အား အစ်ကိုဟုပင် ခေါ်ဝေါ်ခဲ့၏။ လုရွှမ်ဆိုတဲ့ သူက ညီမဖြစ်သူ အနိုင်ကျင့်ခံနေရတာကို မြင်ရဲ့သားနဲ့ ဘယ်လိုလုပ် လှည့်ထွက်သွားနိုင်ပါ့မလဲ။

လူတစ်ဦးတစ်ယောက်ကမှ မင်းသမီးပိုင်လုံကို အနိုင်ကျင့်လို့ မရကြောင်း သတိပေးရမည်။ ဘာမှ အပြစ်ပြန်မပေးလိုက်ရင် တစ်ဖက်လူက ဆက်ရဲတင်းနေလိမ့်မည်။

လမ်းတွင် သူ၏အသွင်အပြင် ပြောင်းလဲသွားကာ လုရွှမ်သည် အေးစက်သော အသက်ရှုသံများဖြင့် အခြားလူတစ်ဦး အဖြစ်သို့ ပြောင်းလဲသွား၏။ ဘယ်သူမဆို သူ့ကိုမြင်လျှင် လူသတ်သမားဟုသာ ထင်ကြမှာ ဖြစ်သည်။

ကြည့်လိုက်ရုံနဲ့ ရောင်ဝါက နှလုံးသားထဲအထိ အေးစက်သွားစေလိမ့်မည်။

မင်းသား၄ရဲ့ နန်းတော်ထဲသို့ တိတ်တဆိတ် ခိုးဝင်လိုက်ရာ လုရွှမ်သည် စိတ်ဝိညာဉ် စွမ်းအားဖြင့် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ဖုံးကွယ်ထားကာ ရိုင်းစိုင်းစွာ လှုပ်ရှားဝံ့ခြင်း မရှိပေ။ အမှန်တော့ ဒီမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေရာ သတိထားမိဖို့ လွယ်ကူလေသည်။

တန်ခိုးကြီးသော စိတ်ဝိညာဉ် စွမ်းအား၏ လွှမ်းမိုးမှုအောက်၌ မကြာမီတွင် လုရွှမ် မင်းသား၄ရဲ့ နန်းတော်ကို တွေ့သွားခဲ့သည်။

မင်းသား၄ နန်းတော်မှာ မရှိသော်လည်း အိမ်နောက်ဖေးတွင် အခင်းအကျင်း ဖွဲ့စည်းမှုများ စုစည်းထားရာ နေရာကို တွေ့ရှိခဲ့သည်။ ပြောစရာမလိုအောင် ထိုနေရာသည် လျှို့ဝှက်နက်နဲသော လျှို့ဝှက်ချက်များ၊ ရတနာစံအိမ် သို့မဟုတ် တခြားအရာများ ရှိနေတာ ဖြစ်နိုင်သည်။

ရေတွင်းကြောင့် လုရွှမ်သည် ပြိုကျနေတဲ့ကောင်းကင်ဘုံမှ စုဆောင်းရရှိထားသော ပစ္စည်းအားလုံးနီးပါးကို ထိုရေတွင်းထဲ ပစ်ချခဲ့ရသည်။ မင်းသား၄ထံ ရောက်သောအခါတွင် သူ့ရတနာတွင်းအား ထပ်မံဖြည့်တင်းရန် သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။

အခင်းအကျင်း ဖွဲ့စည်းမှုက အလွန်လေးနက်ပြီး စောင့်ရှောက်နေတဲ့ ကျင့်ကြံသူ များစွာလည်း ရှိနေသည်။

လုရွှမ် အခင်းအကျင်းရဲ့ အသွင်အပြင်ကို ချိုးဖျက်ဖို့ မကြိုးစားခဲ့ပေ။ ထိုအစား သူသည် အခင်းအကျင်းကို တိတ်တဆိတ် ပေါင်းစပ်ကာ မင်းသား၄ရဲ့ ဖွဲ့စည်းမှုဖြင့် ဖုံးကွယ်နေသော တခြားဝင်းဆီသို့ ရောက်လာခဲ့သည်။

တကယ်တော့ ဒီမှာထိုင်နေတဲ့ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံတဲ့ကာလမှ အဘိုးအိုတစ်ယောက် ရှိတာကြောင့် လုရွှမ် တစ်ဖက်လူကို သတိမပေးဝံ့ပေ။ သူက ထိုအဘိုးအိုကို မရိုက်နိုင်ပေမယ့် ပုန်းနေရင် အဘိုးကြီး သူ့ကို ရှာမတွေ့နိုင်ဘူးလို့ လုရွှမ် ယုံကြည်ထားသည်။

လမ်းတစ်လျှောက် သတိထားရင်း လုရွှမ်သည် ရတနာအိမ်သို့ မကြာမီ ရောက်ရှိလာ၏။ အထဲ၌ လျှို့ဝှက် အခင်းအကျင်း တချို့ရှိသော်လည်း လုရွှမ်ကို မတားဆီးနိုင်ချေ။

ဘာအသံမှ မထွက်ဘဲ လုရွှမ်သည် ရတနာစံအိမ်၏ နက်နဲရာ အတွင်းပိုင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ တုံ့ဆိုင်းမနေဘဲ ကျောက်စိမ်း​ပြားထဲသို့ ဝိညာဉ်ကျောက်တုံးများနှင့် လက်နက် အများအပြားကို ထည့်ကာ စာတစ်​စောင့ကို ချန်ထားခဲ့ကာ တိတ်တဆိတ် ထွက်သွားလေသည်။

'ကောင်လေး... ကိုယ့်ကိုကိုယ် ထိန်းထားတာ ပိုကောင်းမယ်... မဟုတ်ရင် ဒီတစ်ကြိမ် မင်းရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးလိုက်ရရင်တောင် နောက်တစ်ကြိမ် ဆုံးရှုံးရတာက မင်းအသက်ပဲ ဖြစ်သွားလိမ့်မယ်'

မင်းသား၄ရဲ့ နန်းတော်မှ ထွက်ခွာပြီးနောက် လုရွှမ် စိတ်သက်သာရာရသွားသည်။ စိန်ခေါ်တာတော့ မဟုတ်ပေမယ့် နောက်ထပ် အကြိမ်အနည်းငယ်လောက် သူလုပ်နိုင်မယ်လို့ ထင်နေ၏။

သူလုပ်ချင်သလို လုပ်နိုင်တာပဲလေ။ သို့နှင့် လုရွှမ်ဟာ မင်းသား၁၄ ရဲ့ နန်းတော်ထဲကိုတိတ်တဆိတ် ဝင်ရောက်လာခဲ့ပြန်သည်။ အိမ်ရှေ့စံဟာလည်း ထျန်းလုံမြို့မှာ တခြားခြံဝန်းတွေ ရှိလေ၏။

လုရွှမ် သူသဘောကျသမျှ ရတနာအကုန် သိမ်းပိုက်လာခဲ့သည်။

ကျောက်စိမ်းပြားထဲက ရွှေကျီးကန်းမှာ အံ့အားသင့်သွားပြီး ကလေးမလေး နှင့်အတူ ရတနာမျိုးစုံကို ပျော်ရွှင်စွာ လုယက်သွားခဲ့သည်။ ရွှေကျီးကန်းရဲ့ အမြင်အရ ဒီရတနာတွေက သူ့အမြင်ကို အထင်မကြီး စေသော်လည်း အသုံးဝင်စေမယ့် အရာများစွာ ရှိ​သေးသည်။

အထူးသဖြင့် ရေတွင်းထဲကလို အရှက်ရစရာတွေ ကြုံလာရပေမယ့် အခုလို ပေါများတဲ့ ရိက္ခာတွေ ပြန်ရလာလို့ အရမ်းပျော်သွားတာ သဘာဝပင်။

လုရွှမ် တစ်နေရာမှာ စာတစ်စောင်စီ ချန်ထားခဲ့လိုက်သည်။ ဘယ်သူက ဒီအမှုကို ကျူးလွန်ခဲ့တာလဲ ဆိုတာ သူတို့ဘာသာ ခန့်မှန်းကြည့်ပါလေ့စေ။

အိမ်ပြန်ရောက်တော့ လုရွှမ် ဝမ်ကျောက်ကိုလည်း ပစ္စည်းများစွာ ပေးလိုက်သည်။ အခုအချိန်မှာ သူ့ရဲ့ ကျင့်​ကြံမှုအခြေခံက လျင်မြန်စွာ တိုးလာပြီး သဘာဝပစ္စည်းတွေနဲ့ မြေကြီးရတနာတွေကို စုပ်ယူရတာဟာ ဝမ်ကျောက်အတွက် အမြန်ဆုံး ဖြတ်လမ်းဖြစ်လေသည်။

ဒီတစ်ခါတော့ သူ့အတွက် အမြတ်တွေ အများကြီး ရခဲ့တာကြောင့် အရာအားလုံးကို ဖြေရှင်းပြီးတဲ့အခါ လုရွှမ် ထျန်းလုံကျောင်းတော်ကို ပြန်သွားခဲ့သည်။

သူ့ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ထားဖို့ လိုအပ်တယ်လို့ ခံစားမိသည်။ ထျန်းလုံကျောင်းတော်၏ အကြီးတန်း အဆင့်မြင့်ဧရိယာသည် အကောင်းဆုံးနေရာ မဟုတ်သော်လည်း အမှန်တကယ်ပင် အသင့်တော်ဆုံး နေရာလည်း ဖြစ်​နေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်လကြာသွားခဲ့ပြီး လုရွှမ် သူ့ရဲ့ ခွန်အားတိုးတက်မှု အရှိန်က နှေးကွေးသွားတာကို တွေ့လိုက်ရသည်။ ယခင်တွက်ချက်မှုများ အရ အနည်းဆုံး သူတော်စင်တစ်ပိုင်း အဆင့်၄ကို ရောက်ရှိသင့်သော်လည်း ယခုမူကား အဆင့်၃ ပြီးပြည့်စုံတဲ့ကာလမှာ ရှိနေဆဲပင်။

အဆင့်၄ကို ထိုးဖောက်ဖို့ စာရွက်တစ်ရွက် အကွာအဝေးသာ ကျန်တော့သည်ဟု ထင်ရသော်လည်း ၎င်းကို ထိုးဖောက်၍မရပေ။ ယွမ်ချီက ကြီးထွားနေဆဲဖြစ်ပြီး ကြီးထွားမှုနှုန်းက လုရွှမ်ကို အနည်းငယ် စိုးရိမ်သွားစေသည်။

တစ်ကိုယ်လုံး သန်မာလာသလိုပင်။ ကန့်သတ်ချက် ထပ်တိုးလာသောကြောင့် လုရွှမ် ပျော်ရွှင်သလို စိုးရိမ်မှုတွေကိုလည်း ဖြစ်စေခဲ့သည်။ အံ့သြစရာ ကောင်းတာက ဒီအတိုင်းဆက်ပြီး ခွန်အားတွေ ဆက်တိုးလာမယ်ဆိုရင် နယ်ပယ် ဖြတ်ကျော်သွားတဲ့အခါ ခွန်အားတိုးလာမှာ သေချာလေ၏။

စိုးရိမ်စရာက ခွန်အားတွေဟာ သဘာဝအတိုင်း ကြီးထွားလာတာကြောင့် သူတော်စင်တစ်ပိုင်း အဆင့်၄ကို ဘယ်အချိန်ကျမှ ဖြတ်ကျော်နိုင်မှာလဲ?

မတိုင်ခင်က ထိုရေတွင်းနှင့် ပတ်သက်သမျှ အရာအားလုံး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ မြူခိုးငွေ့များနှင့် စီးဆင်းနေသော လှိုင်းများသည် နိယာမစွမ်းအင် မဟုတ်သော်လည်း အခြားအရာ တစ်ခုအဖြစ် ဖြစ်ပုံရကာ သူ၏ လက်ရှိပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်ဟု ဖျတ်ခနဲ ခံစားလိုက်ရသည်။

ဒါက ကောင်းတာလား ဆိုးတာလားတောင် သူမပြောတတ်တော့ပေ။ အချိန်ကသာ သက်သေပြနိုင်လိမ့်မည်။

လွန်ခဲ့သည့် နှစ်လအတွင်း ထျန်းလုံကျောင်းတော်သည် အသက်ဝင်ခဲ့သည်။ အဓိကကျောင်းတော် လေးခု၏ ပြိုင်ပွဲသည် နောက်ဆုံးတွင် ရောက်ရှိလာတော့မည် ဖြစ်​လေသည်။

လုရွှမ် အဆင့်မြင့် ဧရိယာမှ ထွက်လာသည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင်မှ တုန်လှုပ်ချောက်ချားနေသော ကျောင်းသားများမှာ ငှက်များလို တွတ်ထိုးနေကြကာ ကျောင်းအသီးသီးမှ ထိပ်တန်းကျောင်းသားများ အကြောင်း ပြောဆိုနေကြတာကို တွေ့လိုက်ရသည်။

ဤပြိုင်ပွဲကြီးတွင် သဘာဝအားဖြင့် မြင့်မားသော တိုက်ခိုက်ရေး စွမ်းအားမျိုးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့်အပြင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရင်း အထက် ဧကရာဇ်အင်ပါယာသို့ သွား၍ ဆက်လက် လေ့ကျင့်နိုင်ရန် လုပ်ဆောင်လိုကြသည်။

ကိုယ်ခံပညာ ပြခန်းအထက်ရှိ ကောင်းကင်တွင် အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် လင်းလတ်လာတာကို မြင်လိုက်ရသည်။ ထိုအခိုက် အောက်ဖက်ရှိ လူများထံမှ အာမေဋိတ် လှိုင်းသံများ ထွက်ပေါ်လာကာ ထင်ရှားကျော်ကြားသော ကျောင်းသား နာမည်များ ပေါ်လာ၏။

လုရွှမ် အကြာကြီး ကြည့်နေပြီးနောက် စိတ်ဝင်စားစရာ ကောင်းလာတာကို တွေ့တဲ့အခါ ကျောင်းသားတစ်ဦးကို တိတ်တဆိတ် ဖမ်းဆွဲပြီး မေးခွန်းထုတ်လိုက်သည်။

ကျောင်းသားက သူတော်စင်တစ်ပိုင်း အဆင့်၃ ဖြစ်နေတာကို မြင်လိုက်ရသဖြင့် သူ့မာနကို အလိုလို ထုတ်လွှင့်ချင်ခဲ့သည်။ သို့သော် တစ်ဖက်က နာမည်ပြီးနေတဲ့ ချင်းလုံအရှင် ဖြစ်နေတာကို တွေ့လိုက်ရသော် နာခံစွာဖြင့် ပြောပြလာ၏။

လွန်ခဲ့သည့် နှစ်လတွင် လုရွှမ်တစ်ယောက် တံခါးပိတ် ကျင့်ကြံနေခဲ့သော်လည်း ချင်းလုံအရှင်ရဲ့ ဒဏ္ဍာရီသည် ကျောင်းအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သူ့တပည့်တစ်ဦးကို အဘွားလီက လက်ခံခဲ့ပြီး အဘွားလီထံမှ တံ​ဆိပ်ပြား တစ်ခုကိုတောင် ရခဲ့တာကြောင့် သူ့ကိုဘယ်သူကမှ မစော်ကားဝံ့ပေ။

ဒုတိယအချက်မှာ ထိုပုဂ္ဂိုလ်တွင် ထူးကဲသော ခွန်အားများ ရှိပြီး ကြောက်စရာ ကောင်းလှသည်။ သဘာဝလွန် စွမ်းအင်များ ရှိသောကြောင့် ကျောင်း၏ တည်ထောင်သူနှင့် တွေ့ဆုံသောအခါတွင် အလွန် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့​လေသည်။

ထိုသူသည် နိယာမ မှော်စွမ်းအားများကို တခြားသူများကို ကြည့်ရုံဖြင့် သင်ယူနိုင်သည်။ ဤစွမ်းရည်ကလည်း အလွန်ကြောက်စရာ ကောင်း​ပေသည်။

နောက်ပိုင်း လက်နက်သန့်စင်သူ၊ အခင်းအကျင်း ဖွဲ့စည်းရေးဆရာနှင့် အဂ္ဂိရတ် ပညာရှင်တို့ ကဲ့သို့သော ကျောင်းသားများကိုလည်း စာကြောင်းနှစ်ကြောင်းခန့်သာ ပေါ့ပေါ့တန်တန် ပြောခဲ့၏။

သို့သော် သူပြောသမျှ စကားတိုင်းတွင် မှန်ကန်ကြောင်း တွေ့လိုက်ရသလို ၎င်းတို့အတွက်လည်း လမ်းကြောင်း အသစ်ကို ညွှန်ပြ​ပေးနိုင်ခဲ့​လေသည်။

ထိုကဲ့သို့ တစ်ကျောင်းလုံး သတင်းမွှေးနေခဲ့သော ပုဂ္ဂိုလ်မှာ ချင်းလုံအရှင်ပဲ ဖြစ်ပေသည်။

All Chapters