← Chapters

ကျောင်းသားပဋိပက္ခ

Vol. 44 Ch. 4.171

ကျောင်းသားပဋိပက္ခ

Vol. 44 Ch. 4.171

"နှစ်လရှိပြီ.... နှစ်လရှိပြီ!! မင်းတို့အခုထိ ဘာမှ မတွေ့ဘူး... ဒါဆို ငါနှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေကို နတ်ဘုရားတွေက လာခိုးသွားတာလား"

အိမ်ရှေ့စံမင်းသား ခြံဝင်းထဲမှာတော့ အိမ်ရှေ့စံမှာ ဒေါသပေါက်ကွဲနေလေသည်။

နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ စည်းစိမ်ဥစ္စာတွေကို ဘယ်သူမှ သတိမထားမိဘဲ ခိုးယူခံခဲ့ရတာပဲ ဖြစ်သည်။ ဒီသတင်းကို အပြင်လူတွေကြားရင် ရယ်စရာ ဖြစ်လာမှာကို စိုးရိမ်သဖြင့် တားမြစ်ခဲ့ပြီး ပိုင်ဆိုင်မှုများကို အမြန်ဆုံးပြန်လည် ရရှိရန် ကြိုးစားနေခဲ့သည်။

ဒါပေမဲ့ နှစ်လလောက် ကြာသွားတဲ့အထိ ဘာသတင်းမှ မကြားရခဲ့ပေ။

"အိမ်ရှေ့စံမင်းသား... မင်းသား၄နဲ့ မင်းသား၁၄ရဲ့ ပစ္စည်းတွေလည်း ဆုံးရှုံးသွားပုံရတယ်"

အချိန်အတော် ကြာအောင် သူ့ကို ဆူပူကြိမ်းမောင်းတာ ရပ်သွားတဲ့နောက် လူယုံတော် တစ်ယောက်က အလျင်စလို အော်ဟစ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အိမ်​ရှေ့စံရဲ့ မျက်နှာက ပျော့ပြောင်းလာသည်။

"မင်းပြောတာက ညီ၄နဲ့ ၁၄ကလည်း သူတို့ပစ္စည်းတွေ ပျောက်သွားတယ်ပေါ့ ဟုတ်လား?"

လူယုံက ခေါင်းညိတ်ပြီး ထပ်ခါတလဲလဲ

“ဟုတ်ကဲ့... သူတို့လည်း တိတ်တဆိတ် လိုက်ရှာနေကြတာကို သတိထားမိပါတယ်... သူတို့ အိမ်ကိုလည်း လိုက်ရှာပြီး သတင်းကိုတော့ ဖုံးဖိထားပါတယ်”

"မင်းသမီးပိုင်လုံရဲ့ စံအိမ်ကရော ဘယ်လိုလဲ?"

အိမ်ရှေ့စံ မင်းသားမှာ လူယုံရဲ့ မျက်နှာပေါ်က အဖြေကိုတွေ့သော် ဒေါသအမျက်ထွက်ကာ ရုတ်တရတ် လက်ဖဝါးဖြင့် လွှဲ၍ လူယုံအား ရိုက်ချပစ်လိုက်တော့သည်။

"ဟုတ်ပြီ ဟုတ်ပြီ... တော်တော်ကောင်းတဲ့ ညီမလေး....ငါတို့က သူ့လက်ထဲကို တကယ် ကျသွားခဲ့တာပဲ.... မြို့တံခါးဝမှာတုန်းက သူငါ့ကို တစ်ကွက် နိုင်သွားခဲ့တယ်... ငါက လက်စားချေဖို့တောင် မလုပ်ရသေးဘူး သူက ငါ့ရဲ့ စည်းစိမ်ဥစ္စာတွေကို အိုးတစ်လုံးထဲ ထည့်သိမ်းသွားပြန်ပြီ... သည်းမခံနိုင်စရာပဲ!!"

"အရှင့်သား... ဒါမှမဟုတ် ကျွန်တော်တို့ သူ့ကို..."

နောက်ထပ် လူယုံတစ်ယောက်က ရှေ့သို့ ဂရုတစိုက် လှမ်းကာ လည်ချောင်းကို ဖြတ်လိုက်သည့် အမူအရာဖြင့် ပြောလာ၏။

"လောလောဆယ် မလုပ်သေးနဲ့... အဓိက ကျောင်းကြီး လေးခုရဲ့ ပြိုင်ဆိုင်မှုကြီးက မကြာခင်မှာ ကျရောက်လာတော့မှာ... ဒီကာလအတွင်းမှာ အရှုပ်အရှင်းတွေ မဖြစ်စေတာ ကောင်းမယ် မဟုတ်ရင် ဟုန်မိသားစုရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးရလိမ့်မယ်"

လူယုံတော်တော် များများက သက်ပြင်းကို တိတ်ဆိတ်ချကာ တစ်ယောက်ကို တစ်ယောက် ရွှင်လန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ အနည်းဆုံးတော့ အိမ်ရှေ့စံမင်းသား ဒေါသမထွက်တော့ဘူးလေ။

မင်းသား၄နှင့် မင်းသား၁၄တို့၏ အိမ်များတွင်လည်း အလားတူ အဖြစ်မျိုး ကြုံခဲ့ရသော်လည်း အဆုံးတွင် မင်းသားနှစ်ပါးက သတင်းကို ဖုံးထားဖို့သာ အမိန့်ပေးခဲ့သည်။ ယခုအချိန်က ပြဿနာရှာရမယ့် နေ့ကောင်းရက် မဟုတ်ပေ။

မင်းသမီးပိုင်လုံ အိမ်တော်၌။

မင်းသမီးပိုင်လုံသည် သူမ၏လက်အောက် ငယ်သားများထံမှ သတင်းများကို တိတ်တဆိတ် နားထောင်ရင်း စိတ်သက်သာရာ ရသွားခဲ့သည်။ အထောက်အထား မရှိသော်လည်း လုရွှမ်က သူမအတွက် လုပ်ခဲ့ကြောင်း ယုံကြည်​နေမိသည်။

အဲဒီပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ သူမဟာ ယောင်ဝါးဝါး မပျော်မရွှင် ဖြစ်နေရ၏။ သို့သော် သူမအိမ်မှာလည်း စည်းစိမ်တွေ ရှိတာကြောင့် ထုတ်ပေးရမည်။ ဒါမှသာ တခြားလူတွေရဲ့ သံသယကနေ ရှောင်ရှားနိုင်မှာပဲ ဖြစ်လေသည်။

အမြတ်အစွန်းများ အကြောင်း ခဏလောက် စဉ်းစားပြီးနောက် မင်းသမီးပိုင်လုံမှာ လုရွှမ်ကို ပို၍ပို၍ သဘောကျလာခဲ့သည်။ မင်းသားသုံးပါးရဲ့ ရတနာသိုက်တွေကို လုယက်ဖို့ ဘယ်လို နည်းလမ်းများကို အသုံးပြုခဲ့လဲ မသိသော်ငြား အံ့သြစရာ ကောင်းလှသည်။

...

ထျန်းလုံကျောင်းတော်တွင်။

သူတော်စင်တစ်ပိုင်း အဆင့်၇ ပါရမီရှင် တစ်ဦးက လုရွှမ်ရဲ့ နောက်လိုက် တစ်ယောက်ကဲ့သို့ လုရွှမ်နောက်ကို လိုက်ရင်း လုရွှမ်ဆီက မေးခွန်းများကို ဖြေကြားပေးနေသည်။ လေထုအလယ်ရှိ အလင်းပြင်ပေါ်တွင် ပုံတစ်ပုံကိုလည်း အသေးစိတ် ရှင်းပြခဲ့သည်။

"ကျောင်းတော်ကြီးတွေရဲ့ စာမေးပွဲ ဘာသာရပ်တွေက သဘာဝအတိုင်း သူတော်စင်တစ်ပိုင်းတွေ အတွက်ပဲ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အလယ်အလတ် အဆင့် ဧကရာဇ်အင်ပါယာတွေရဲ့ ကျောရိုးပဲလေ... ပြိုင်ပွဲကို အဂ္ဂိရတ်ပညာ၊ လက်နက်သန့်စင်တာ၊ အခင်းအကျင်း ဖွဲ့စည်းတာ၊ သားရဲထိန်းချုပ်တာနဲ့ ဆေးပင်တွေအကြောင်း ဆိုပြီး ခွဲထားတယ်..ပစ္စည်းတွေ ပြတ်တောက်မှု မရှိအောင် အကြီးအကျယ် ပြင်ဆင်ထားကြတယ်…”

"ဒါကို အဖွဲ့လိုက် တိုက်ပွဲတွေ၊ တစ်ဦးချင်း စစ်ပွဲတွေ၊ အဆင့်ကျော်တဲ့ စိန်ခေါ်မှုတွေ ဆိုပြီး အဆင့်ခွဲတာတွေ အနည်းငယ် ရှိတယ်... စီနီယာချင်းလုံအရှင်... စီနီယာရဲ့ အဆင့်က မလုံလောက်ပေမယ့် ဒီခွန်အားနဲ့ဆို ထျန်းလုံကျောင်းတော်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ လုပ်နိုင်မယ်လို့ ထင်တယ်......"

လုရွှမ် ကျောင်းသူများဘက်သို့ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ရာ သူ့ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ အလင်းပြင်ပေါ်တွင် ရင်းနှီးသူ အနည်းငယ်ကို မြင်လိုက်ရသည်။

ယန်ရှီးနဲ့ ကျိုးကျိုး!

သူတို့နှစ်ယောက်လုံးရဲ့ လက္ခဏာတွေကို ထုတ်ဖော် ပြသခဲ့ပြီးနောက် ထျန်းလုံကျောင်းတော်ရဲ့ ကြယ်ပွင့်တွေ ဖြစ်လာခဲ့သည်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သူတို့ရဲ့ အင်အားဟာ ခုန်ပျံကျော်လွှားလာပြီး သူတို့နှစ်ယောက်လုံးက သူတော်စင်တစ်ပိုင်း အဆင့်၃ လျှပ်စီးနယ်ပယ်အထိ ရောက်ရှိသွားကြ​ပြီ။

ယန်ရှီးက အေးစက်ပြီး မာနကြီးသည့် ပုံပေါက်နေသေးသဖြင့် လူများကို ထိတ်လန့်သွားစေသည်။

ကျိုးကျိုးရဲ့ ခန္ဓာကိုယ်က တော်တော်ထွားလာပေမယ့် သူမရဲ့ ချစ်စရာကောင်းမှုကတော့ လျော့မသွားပေ။ မြင်မြင်ချင်း လူကို သူမက ချစ်ဖို့ကောင်းတယ်လို့ ခံစားစေတဲ့ အသွင်အပြင်မျိုးပင်။

"သူတို့အားလုံးက ပြိုင်ပွဲမှာ ပါဝင်ကြပါ.... သူတို့က ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ်နဲ့ မြေကံကြမ္မာ ဓမ္မခန္ဓာကိုယ်တွေလေ...အဲဒီစွမ်းအားကြောင့် ဒီပြိုင်ပွဲပြီးရင် သူတို့ရဲ့ ကျော်ကြားမှုဟာ ထပ်ပြီး မြင့်တက်လာမှာ သေချာတယ်"

သူတို့နားထဲတွင် တဟားဟား အော်ရယ်သံ အသံတစ်ခု ထွက်ပေါ်လာ၏။ စကားပြောနေသော ယောက်ျားပျိုက အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားပြီး လှည့်ကြည့်လိုက်တော့ အေးစက်တဲ့ အငွေ့အသက်တွေနဲ့ အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရသည်။

သူတော်စင်တစ်ပိုင်း တတိယအဆင့် ဖြစ်ပြီး သူမရဲ့နယ်ပယ်က မမြင့်သော်လည်း မည်သူမဆို ထိုအမျိုးသမီးကို ပထမဆုံးအကြိမ် မြင်ဖူးသူတိုင်း သူမရဲ့ဩဇာကြောင့် သူမအား လျှော့မတွက်ဝံ့ကြောင်း ခံစားရစေသည်ါ

အမျိုးသမီး၏ ဘေးတွင် လူရှုပ်လူပွေ နှင့်တူသော အသွင်အပြင်များ ရှိသည့် ယောက်ျားပျို တချို့ကလည်း လှောင်ပြောင်​နေကြသည်။

"နင်တို့ရဲ့ ထျန်းလုံကျောင်းတော်က နှစ်တိုင်း အောက်ခြေမှာပဲ ရှိနေတာ... တချို့ပါရမီရှင်တွေ ထွက်လာရင်တောင်မှ ငါတို့ခြေထောက် အောက်မှာပဲ ရှိနေဦးမှာ... ဘာ ကောင်းကင်ကံကြမ္မာ ဓမ္မခန္ဓာကိုယ်နဲ့ မြေကံကြမ္မာ ဓမ္မခန္ဓာကိုယ်လဲ? ငါတော့ အဲဒါတွေကို တစ်ခါမှ မကြားဖူးဘူး"

"မှန်တယ်!! နောက်ပြီး သူတို့က အရမ်းတော်တယ် ဆိုတော့ရော မင်းတို့ရဲ့ကျောင်းက ဘယ်လိုမျိုး အောင်မြင်မှုတွေ ရနိုင်မှာမလို့လဲ? ဟားဟား!"

အခြားသူများ အားလုံးကလည်း သဘောတူဟန်ဖြင့် ရယ်မောလိုက်ကြသည်။

အေးစက်သော အငွေ့အသက်နဲ့ အမျိုးသမီး တစ့ဦးသည် ဤလူများနှင့် တစ်လမ်းတည်းသွားတွေ မဟုတ်တာ သိသာ ထင်ရှားပြီး သူမနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော်လည်း သူမသည် ထိုလူများ၏ စကားကို သဘောတူနေဟန် မျက်ခုံးမွှေးများက ရှုတ်ချမှုများ ပြည့်နှက်နေသည်။

အပြောခံလိုက်ရတဲ့ ယောက်ျားပျိုက အံကြိတ်ပြီး တစ်ဖက်က ကျောင်းသားကို လက်သီးနဲ့ ပြေးထိုးလိုက်တော့သည်။

"အိုး...ငါနဲ့ တိုက်ချင်တယ်ပေါ့"

လူရှုပ်လူပွေ ယောက်ျားပျို တစ်ယောက်က အော်ရင်း တူညီသော လက်သီး တစ်ချက်ဖြင့် တုံ့ပြန်လိုက်တဲ့အခါ အပြောခံရတဲ့ လူက အော်ဟစ်ကာ နောက်ပြန်ဆုတ်သွားခဲ့သည်။

တကယ်တော့ လူရှုပ်ရဲ့ စရိုက်က ကောင်းပုံမပေါ်ပေမယ့် ဒီကိုလာနိုင်ဖို့ဆိုရင် သူ့ရဲ့ကျင့်​ကြံမှုဟာ သဘာဝအတိုင်း မဆိုးပုံပင်။ လက်သီးနှစ်ဖက်က တိုက်မိပြီး သူတို့ရဲ့ နယ်ပယ်တွေက ဆင်တူပေမယ့် တစ်ဖက်လူက အစွမ်းထက်နေတာ ထင်ရှားပေ၏။

"ဟားဟား ဒါက ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းသားတဲ့လား... ကျွတ် ကျွတ်... ရှက်စရာကြီးကွာ"

လူအုပ်ကြီးက ပိုပိုပြီး လှောင်ပြောင် သရော်လာကြတော့သည်။

လုရွှမ်လည်း ထိုအရာတွေကို လျစ်လျူရှုထားလိုက်သည်။ သူနောက်က လိုက်သွားရင် သူပါရောယောင်ပြီး တိုက်ခိုက်နေရလိမ့်မယ်။ ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ ဥပဒေပဲ။

တခြားကျောင်းများမှ ကျောင်းသားများကို တွေ့ပြီးနောက် လုရွှမ်သည် ထျန်းလုံကျောင်းတော်မှ ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ ကျင့်​ကြံမှုသည် ပိုမိုခိုင်မာကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

အဆင့်တူလျှင်ပင် ထျန်းလုံကျောင်းတော်မှ ကျောင်းသားများသည် ကျိန်းသေ ရှုံးလိမ့်မည်။ အဆင့်တူရဲ့သားနဲ့ ဘာအကြောင်းကြောင့် ပိုသန်မာနေလဲ ဆိုတာ လုရွှမ် မတွေးဘဲကို မနေနိုင်တော့ချေ။

"ဟေ့ မင်းငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး အခုတော့ အရိုက်ခံရပြီးပေါ့ ထွက်သွားချင်တယ် ဆိုရင်တော့.. ဒူးထောက်ပြီး တောင်းပန်လိုက်!!"

ယောက်ျားပျိုမှာ သူ့ပခုံးကို ဆုပ်ကိုင်ထားတာ ခံထားရပြီး လွတ်မြောက်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း လုံးဝ မလွတ်မြောက်နိုင်တာကို တွေ့ခဲ့သည်။ တစ်ဖက်က ကျောင်းသားသည် သူနှင့် တူညီသော လေ့ကျင့်မှု အဆင့်ရှိသော်လည်း ခွန်အားကတော့ ကွာခြားနေ၏။

သည်းမခံနိုင်တော့ဘဲ ကြမ်းတမ်းလာပြီး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ပေမယ့် တစ်ဖက်သားကို ပျော်ရွှင်အောင် လုပ်နေရသလိုပဲ ဖြစ်နေသည်။

"ဟေး... ထျန်းလုံကျောင်းတော်က လေ့ကျင့်ပေးထားတဲ့ လူတွေက အရူးတွေ ဖြစ်နေကြပါလား? မတိုက်နိုင်မှန်း သိတာတောင် တိုက်ချင်နေသေးတယ်... သူတို့မှာ ကောင်းမွန်ဖွံ့ဖြိုးတဲ့ ခြေလက်အင်္ဂါ နဲ့ ရိုးရှင်းသော စိတ်တွေ ရှိနေတာလား? အိုး မဟုတ်​​သေးဘူး သူတို့မှာ ကောင်းကောင်း ဖွံဖြိုးနေတဲ့ ခြေလက်တွေ ရှိနေတာတောင်မှ လုံးဝ အသုံးမကျကြဘူး"

"သွားစမ်း!"

သူက ကဲ့ရဲ့သံကို ထုတ်လိုက်ပြီးနောက် ထျန်းလုံကျောင်းတော်က လူကို အညစ်အကြေးတွေ ပေနေတဲ့ ခွေးတစ်ကောင်လို မြေပြင်ပေါ်သို့ ပစ်ချလိုက်တော့သည်။

ဝှစ်!

လုရွှမ် သည်းမခံနိုင်တော့ရာ ထိုသူရဲ့ လက်ဖဝါးကို ရိုက်ထုတ်လိုက်သည်။

"ဟေ့.... နောက်ဆုံးတော့ မင်းကို ကူညီချင်တဲ့လူ ပေါ်လာပြီ... သူတော်စင်တစ်ပိုင်း အဆင့်၃လေးကိုး.... အဟားဟား..."

လုရွှမ် ဖျတ်ကနဲ ရှေ့သို့ပြေးသွားကာ တစ်ဖက်က ကျောင်းသားကို လေထဲ ရိုက်ထုတ်ပစ်တော့သည်။

"မင်းရဲ့ အပြုံးက သောက်ရမ်း စိတ်ညစ်ဖို့ကောင်းတယ်"

All Chapters