ပါမောက္ခဖန်းချန်
Vol. 44 Ch. 4.172
“ရိုက်တာ ကောင်းတယ်ဟေ့!”
ရွှင်မြူးသံ တစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် နောက်ဆက်တွဲ အားပေးသံများပါ ထွက်ပေါ်လာ၏။ တချို့က သန်မာသလို တချို့က အားနည်းကြသည်။ တချို့က အနီးနားမှာ ရှိနေပြီး တချို့ကလည်း ခပ်ဝေးဝေးကနေ အားပေးနေတဲ့ အသံတွေကို ထုတ်လွှတ်နေ၏။
လုရွှမ် ထျန်းလုံကျောင်းတော်မှာ ဒီလိုကျောင်းသားတွေလည်း ရှိနေမယ်လို့ မမျှော်လင့်ထားပေ။ ဒီလူများ၏ ကျင့်ကြံမှုအခြေခံက မမြင့်သော်လည်း သူတို့စိတ်များသည် ဖြူစင်ပြီး မခံချင်စိတ်နှင့် မာနများ အပြည့် ရှိနေသည်။
"ကောင်လေး.... မင်းက ဘယ်သူမလို့ ငါ့ကိုရိုက်ရဲတာလဲကွ!!"
လူရှုပ်လေးမှာ မြေပြင်မှ ကုန်ရုန်းထလိုက်သည်။ သူ့မျက်နှာပေါ်တွင် နီရဲနေသော လက်ဝါးရာကြီးဖြင့် ရှက်ရွံ့ ဒေါသကြီးစွာဖြင့် ပြန်ဝင်သွားခဲ့သည်။ ဖျတ်ကနဲ ပြေးလာရင်း သူထမ်းလာသော ဓားရှည်ကို ထုတ်ကာ လုရွှမ်ခေါင်းကို ခုတ်ချလိုက်သည်။
"သေလိုက်စမ်း!"
လုရွှမ် လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး သူ့ခေါင်းရှေ့ ရောက်လာသော် ဓားရှည်၏ ဓားသွားထိပ်ဖျားကို ညင်သာစွာ ဖမ်းထားလိုက်သည်။
"ဒါက ထျန်းလုံကျောင်းတော်... မင်းဆန္ဒအတိုင်း လက်နက်တွေသုံးပြီး လူသတ်ဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် သေဒဏ်ကို ရှောင်နိုင်ပေမယ့် ရာဇ၀တ်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
လုရွှမ် ပေါ့ပေါ့ပါးပါးလေး ဆိုလေ၏။
လူရှုပ်လေးမှာ သူ့လက်ချောင်းများ တုန်ခါသွားကာ အဝေးကနေ ထိန်းကိုင်ထားသော ဓားရှည်က ရုတ်တရက် တုန်လှုပ်သွားတာကို ခံစားလိုက်ရသည်။ အစွမ်းကုန် ကြိုးစားသော်လည်း သူ့ဓာစကို လုံးဝ ပြန်မဆွဲယူနိုင်ပေ။
"လွှတ်စမ်း!" လူရှုပ်က အော်၏။
လုရွှမ်လည်း ဤလူသည် အလွန်သန်မာကြောင်း သိသော်လည်း သူ၏ ခန္ဓာကိုယ်လည်း အလွန်မာကျောနေမယ်လို့ မမျှော်လင့်ထားပေ။ ထျန်းလုံကျောင်းတော်က ပါရမီရှင်တွေနဲ့ နှိုင်းယှဥ်ရင် တစ်ဖက်လူက သာလွန်သည်။
သို့သော် သာလွန်တာက သာလွန်တာ ဖြစ်သော်လည်း အပြစ်ဒဏ်ပေးရမှာကိုတော့ ရှောင်လွှဲ၍ မရချေ။ သို့မဟုတ်ပါက နောင်တွင် ထျန်းလုံကျောင်းတော် ၏ စည်းကမ်းများကို အလေးအနက် ထားမည့်သူ မရှိဘဲ နေမည်။
ဒါပေမဲ့ လူတစ်ယောက်က လက်နက်ဆွဲထုတ်ပြီး သဘောထား ကွဲလွဲမှု အနည်းငယ် ဖြစ်သွားရုံနဲ့ အရေးယူ အပြစ်ပေးလိုက်ရင်လည်း ထျန်းလုံကျောင်းတော် တစ်ခုလုံးဟာ ဟာသဖြစ်သွားမှာ မဟုတ်ပါလား။
လုရွှမ် အင်အားသုံး၍ တစ်ချက် လှည့်လိုက်ရုံဖြင့် လူရှုပ်လေးရဲ့ လက်နက်မှာ အပိုင်းအစများစွာ ကျိုးပဲ့ကာ လေထဲ ပြန့်ကျဲသွားခဲ့သည်။ လူရှုပ်လေးရဲ့ လက်ဖဝါးသည်လည်း အက်ကွဲသွားကာ သွေးစတွေနဲ့အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
"ဒါက ထျန်းလုံကျောင်းတော်...ကျောင်းမှာ လက်နက်တွေ သုံးခွင့် မပေးထားဘူး နားလည်လား?"
လုရွှမ် အသံအေးအေးနဲ့ ဆိုလိုက်လေသည်။
လူရှုပ်လေးမှာ ခဏတာ ထိတ်လန့်သွားပြီး ယခုအခိုက်တွင် ခေါင်းသာ ညိတ်ပြနိုင်ခဲ့သည်။ ဤဓားသည် သူမထွက်ခွာမီက ဆုချီးမြှင့်တဲ့ အနေနဲ့ ကျောင်းကနေ သူတို့အတွက် အထူး ပြင်ဆင်ပေးထားသော လက်နက် ဖြစ်သည်။
သူသည် တခြားသူများနှင့် တိုက်ခိုက်ရင်း လက်နက်ကို စမ်းသပ်ခဲ့ဖူးလို့ လက်နက်သည် အလွန်ထက်မြက်ပြီး ပြင်းထန်လှသည်။ သူသည် သေခြင်းတရားမှ လွတ်မြောက်ရန် လက်နက်ကို အကြိမ်ကြိမ် အားကိုးခဲ့ဖူးသော်လည်း မမျှော်လင့်ဘဲ ထျန်းလုံကျောင်းတော်က တစ်စုံတစ်ယောက်ရဲ့ လက်ချက်ဖြင့် ကျိုးသွားခဲ့သည်။
ဒီလူက ဘယ်သူများလဲ?
"အစ်ကို ယွီယန်... အဆင်ပြေလား?"
လူရှုပ်လေးနှင့်အတူ ပါလာသော လူများက သူ့ကို အမြန်ပြေးလာ၍ ထူမပေးကြသည်။
"မင်းဘယ်သူလဲ ကောင်လေး? မင်းနာမည်ကို ပြောကြည့်..."
ယွီယန် အော်ငေါက်သံကို ထုတ်လွှတ်တာနဲ့ လူတစ်ယောက်က သူ့ကိုဆွဲလာတာကြောင့် ရပ်တန့်သွားသည်။
"ဒီလူက ထူးဆန်းတယ်.... ငါတို့ သူ့ကို မစော်ကားမိတာ ကောင်းမယ် သွားရအောင်"
လူအနည်းငယ်သည် မာနကြီးပုံ ပေါက်သော်လည်း သူတို့အားလုံးသည် ဉာဏ်ရည် ထက်မြက်သူများ ဖြစ်ကြသည်။ ယွီယန်၏ မာထန်သော စကားကို ကြားပြီးနောက် သူတို့သည် ယွီယန်ကို ဆွဲခေါ်သွားလေ၏။
ထျန်းလုံကျောင်းတော်မှ ကျောင်းသား အများအပြားက လုရွှမ်က ထိုလူများကို မောင်းထုတ်လိုက်တာကြောက့် ကြည်ညိုလေးစားမှု အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်လာကြသည်။
"ရှင်က ဘယ်သူလဲ?"
ရှေ့ကမြင်ကွင်းက ဘာမှမထူးခြားသလို ခံစားနေရသည့် အမျိုးသမီးသည် ရုတ်တရက် ရှေ့သို့ တိုးလာကာ လုရွှမ်အား စိန်ခေါ်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် အေးစက်သော မျက်လုံးများဖြင့် တိုက်ရိုက် စိုက်ကြည့်နေသည်။
လုရွှမ်အတွက်တော့ ဒီအမျိုးသမီးက အရူးတစ်ယောက် ဆိုတာ သေချာပါသည်။ လုရွှမ် ဒီလိုကွဲလွဲနေတဲ့ မျက်လုံးတွေ အများကြီးကို မြင်ဖူးပြီးပြီ။ မိန်းကလေး အများစုက သူတို့ပတ်ဝန်းကျင်က အရာအားလုံးကို စိတ်မဝင်စားဘဲ အလွန်အမင်း မာနကြီးနေတတ်သည်။
ဒါပေမဲ့ သူတို့စိတ်ဝင်စားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လာရင်တော့ သူတို့ဟာ အလွန် အထင်ကြီး နေလိမ့်မည်။ ထိုကဲ့သို့သော လူများသည် မကြာခဏဆိုသလို ၎င်းတို့၏ နယ်ပယ်အသီးသီးတွင် ထူးချွန်ထက်မြက်သော အရည်အချင်းများ ရှိသည့် ပါရမီရှင်များ ဖြစ်သောကြောင့် အထီးကျန်ပြီး မာနကြီးကြသည်။
"ချင်းလုံအရှင်!"
“ပြိုင်ပွဲကြီးမှာ ရှင့်ကို ကျွန်မစောင့်နေမယ်”
အမျိုးသမီးက စကား ဆက်မပြောဘဲ ထွက်သွားခဲ့သည်။
…
လုရွှမ် ကျောင်းဝင်းအတွင်း လမ်းလျှောက်လာစဉ် ထျန်းလုံကျောင်းတော်မှာ ပြိုင်ပွဲကြီး တစ်ခု၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ပြိုင်ပွဲကြီးမှာ ပါဝင်မယ့် အဖွဲ့ဝင်တွေအတွက်တော့ ပါရမီရှင်တွေ အကြောင်း ပြောဆိုနေကြပြီ။
သေချာတာကတော့ လုရွှမ်မှာ သူ့နာမည်ဟာ ကျောင်းသားတွေကြားမှာ အချိန်အတော်ကြာအောင် ပျံ့နှံ့နေမှန်း မသိခဲ့ပေ။ အရင် သူ့ရဲ့တိုက်ပွဲ အဖြစ်အပျက်တွေ မြန်မြန်ဆန်ဆန် ပြန့်နှံ့သွားတဲ့ အခါမှာတော့ ပြိုင်ပွဲကို လက်ခံကျင်းပပေးတဲ့ ပါမောက္ခကတောင် ထိုင်မနေနိုင်တော့ချေ။
လုရွှမ်ရဲ့ ဝိသေသလက္ခဏာများကို သူတို့ သိရှိထားပြီးသား ဖြစ်သည်။ သူသည် ထျန်းလုံဧကရာဇ်အင်ပါယာက မဟုတ်ဘဲ မကြာသေးမီကမှ ထျန်းလုံမြို့ကို ရောက်ရှိခဲ့သူ ဖြစ်၏။ ကျင့်ကြံမှုမှာ သူတော်စင်တစ်ပိုင်း အဆင့်၃ထက် မပိုသော်လည်း တိုက်ခိုက်ရေး စွမ်းအားက နားမလည်နိုင်အောင် အစွမ်းထက်လှသည်။
မွေးချင်းမောင်နှမ ဝမ်လင်နဲ့ ဝမ်ကျောက်ကို တပည့်များအဖြစ် လက်ခံပြီးနောက် ယခုအခါ သူ့တပည့်မှာ အဘွားလီ၏ အရင်းနှီးဆုံး တပည့်တစ်ဦး ဖြစ်လာခဲ့သည်။
အထူးပင်ကိုယ် စွမ်းရည်များနှင့် မှော်အစွမ်းများကို ပိုင်ဆိုင်ထားပြီး သူ၏ ပြုစုပျိုးထောင်မှု စွမ်းရည်များသည် ယန်ရှီးနှင့် ကျိုးကျိုးတို့ထက်ပင် မနိမ့်ကျပေ။
လုရွှမ် အဆင့်မြင့် အကြီးတန်းဧရိယာထဲက အိပ်ဆောင်သို့ ပြန်ရောက်သောအခါ အချိန်အကြာကြီး စောင့်နေပုံရသည့် ပါမောက္ခဖန်းချန်ကို ခြံအပြင်ဘက်တွင် မြင်လိုက်ရ၏။ ၎င်း၏မျက်နှာမှာ အနည်းငယ် မှောင်မည်းနေသည်။
ပါမောက္ခဖန်းချန်သည် လုရွှမ်ရဲ့ အခင်းအကျင်း ဖွဲ့စည်းပုံကို ပထမဆုံး မြင်သောအခါတွင် သူ အလေးအနက် မထားခဲ့ပေ။ ကျောင်းသားတစ်ယောက်ရဲ့ အခင်းအကျင်းက ဘယ်လောက်ထိ ရှုပ်ထွေးနိုင်မှာမလို့လဲ။
သို့သော် စောင့်ဆိုင်းနေစဉ် အတွင်း သူ့စိတ်သည် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့ပြီး လုရွှမ်ရဲ့ အခင်းအကျင်းကို ပိုမိုစိတ်ဝင်စားလာခဲ့သည်။ သူ့လက်ထောက် နှစ်ယောက်၏ သွေးထိုးလှုံ့ဆော်မှုနှင့်အတူ စမ်းကြည့်ဖို့လည်း သူ့စိတ်ထဲမှာ စိတ်ကူးရှိနေသည်။
ထိုနောက် သူ့တပည့် နှစ်ယောက်သည် အခင်းအကျင်းအတွင်း ပိတ်မိနေခဲ့သည်။ သူ၏ ကျင့်ကြံမှု ဝိညာဉ်အသိကို အားကိုးလိုက်လို့သာ ထိုဘေးဒုက္ခမှ လွတ်မြောက်သွားခဲ့သည်။ လက်ထောက် နှစ်ယောက်ကို သူ့အစွမ်းအစနဲ့ ကယ်တင်ချင်တယ် ဆိုရင်တောင် လုံးဝ မဖြစ်နိုင်တော့ချေ။
လုရွှမ် ပြန်လာတာကို မြင်တော့ ဖန်းချန်မှာ သက်ပြင်းချမိပေမယ့် တစ်ချိန်တည်းမှာ အလွန်ရှက်စရာကောင်းတဲ့ အကျင့်ဆိုးတွေကို ဖမ်းမိသွားသလို ခံစားလိုက်ရသည်။
"ဒီက ကျောင်းသားက ချင်းလုံအရှင် မဟုတ်လား? ကျုပ်က ထျန်းလုံကျောင်းတော်ရဲ့ ပါမောက္ခဖန်းချန်ပါ... မင်းရဲ့အရင်က ကိစ္စတွေကို ကျုပ် ကြားဖူးပါတယ်... ကျုပ် မင်းရဲ့အကူအညီ နည်းနည်း လိုနေလို့ပါ"
ဖန်းချန်ရဲ့ စိတ်ပူပန်နေသည့် အကြည့်ကို မြင်လိုက်ရသောအခါ လုရွှမ် အဖြစ်အပျက်ကို သိလိုက်သည်။ သို့သော် ဖန်းချန်သည် ပထမအဆင့်တွင် သူတော်စင်နယ်ပယ်၌ ရှိနေသော်လည်း သူ့ပတ်ဝန်းကျင်က လေထုသည် အလွန်နိမ့်ပါး နေသောကြောင့် လုရွှမ်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
ဖန်းချန်မှာ တစ်ခုခု ပြောချင်သော်လည်း သူ့လက်များကို ပွတ်သပ်နေသည်။ သူသည် ကျောင်းသားများ၏ ကျင့်ကြံမှု တိုးတက်ရေးကိုသာ အဓိက အာရုံစိုက်ပြီး စွမ်းအင်နှင့် နည်းဗျူဟာအကြောင်း များများစားစား မသိပေ။
သူကိုယ်တိုင် အမှားတစ်ခုခု လုပ်မိပြီးနောက် ဖြေရှင်းဖို့ အတွက် တခြားသူများကို အကူအညီ သွားတောင်းရတော့ လွယ်တော့ မလွယ်ကူလှပေ။ ဒါပေမဲ့ သူ့ကိုယ်ရည်ကိုယ်သွေးက လုရွှမ် သူ့အပေါ် အကောင်းမြင်စိတ်ကို တိုးမြင့်လာစေတယ် ဆိုတာတော့ သူမသိခဲ့။
လုရွှမ် ထျန်းလုံဧကရာဇ် အင်ပါယာကို ရောက်တုန်းက မြင်ဖူးသမျှက ကျောင်းသားတွေရော ဆရာတွေရော မောက်မာပြီး ကြီးစိုးတဲ့ လူတွေပဲ။ ဒီလိုမျိုး သူတော်စင်နယ်ပယ် တစ်ယောက်က နှိမ့်ချပြီး ဆက်ဆံလာမယ်လို့ မမျှော်လင့်ထားဘူး။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းကာ အခင်းအကျင်းထဲ အလွန်အမင်း ခံစားနေရသော လက်ထောက် နှစ်ယောက်ကို လွှတ်ပေးလိုက်သည်။
"ချင်းလုံအရှင်ကို ရယ်စရာ ဖြစ်အောင် လုပ်ခဲ့မိပါပြီ... ဒီအပြစ်အတွက် ခွင့်လွှတ်ပေးပါ"
လက်ထောက် နှစ်ယောက်၏ နှလုံးသားထဲက မာနထောင်လွှားမှုများလည်း ပျောက်ကွယ်သွားခဲ့ပြီ။ မြင်ရတာက ကြားရတာထက် အကြိမ်တစ်ရာလောက် ကွာဟနေ၏။ ချင်းလုံအရှင်ရဲ့ တန်ခိုးကို အမှန်တကယ် မြင်ပြီးတဲ့အခါ ဘယ်သူမှ လေထဲအီးတောင် မပေါက်ရဲတော့ချေ။
သူတို့လည်း မြန်မြန် တောင်းပန်ပြီး သူတို့သဘောထားကို ပြလိုက်သည်။
လုရွှမ်ကတော့ ဘာစကားမှ မဆိုဘဲ အခင်းအကျင်းကို ဖွင့်၍ သူတို့ သုံးယောက်ကို အခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။