အခြေအနေကို ခွဲခြမ်းစိတ်ဖြာခြင်း
Vol. 44 Ch. 4.173
ထုံးစံအတိုင်း လုရွှမ်ဟာ သူ့အတိတ်က ဝါသနာအရ သူ့ခြံလေးကို စီစဉ်ထားသည်။
လုရွှမ်အမြင်တွင် ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါး ရှိသော အသွင်အပြင်သည် သူတို့သုံးဦး၏ မျက်လုံးများကို ပွင့်စေခဲ့သည်။ တစ်ယောက်ကို တစ်ယောက် ဂရုတစိုက် ကြည့်ပြီးနောက် သူတို့ သုံးယောက်၏ မျက်လုံးများတွင် လေးလေးနက်နက် သဘောကျမှုများ ပေါ်လာ၏။
လုရွှမ်ရဲ့ နယ်ပယ်က ဘယ်လောက်ပဲ နိမ့်နေပါစေ သူတို့သုံးယောက် အတွက် လုံးဝအသစ်အဆန်းတွေချည်းပင်။
"မိတ်ဆွေတို့ သုံးယောက် ထိုင်ပြီး လက်ဖက်ရည် သောက်ပါဦး"
လုရွှမ် မင်းသား၄နဲ့ တခြားခြံဝင်းတွေရဲ့ လျှို့ဝှက်ခန်းမှ သဘာဝကျကျ ခိုးယူလာခဲ့သော ထိပ်တန်း မှော်လက်နက် လက်ဖက်ရည်ခွက်ဖြင့် လက်ဖက်ရည်ကို တည်ခင်း ဧည့်ခံလိုက်သည်။
ဝိညာဉ်ရေ လောင်းထည့်လိုက်သော် ကြွယ်ဝသော လက်ဖက်ရည်၏ ရနံ့များ ထွက်ပေါ်လာပြီး အေးချမ်း တိတ်ဆိတ်သော ရောင်ဝါများ ဖုံးလွှမ်းသွားခဲ့သည်။
"ဒါက ဒဏ္ဍာရီထဲက ကောင်းကင်နဂါး မွှေးရနံ့ လက်ဖက်ရည်များလား"
ဝိညာဉ်လက်ဖက်ရည်၏ ထူးကဲထူးခြားမှုကို ခံစားလိုက်ရသဖြင့် ဖန်းချန်သည် သူ့စိတ်ထဲက လှုံ့ဆော်မှု အငွေ့အသက်များ အတိုင်း စကားသံတို့ ထွက်ပေါ်လာသည်။
သူတို့သုံးဦးသည် ထျန်းလုံကျောင်းတော်မှ ဆရာ၊ ပါမောက္ခများ ဖြစ်ကြသော်လည်း သူတို့၏ အဆင့်သည် မလုံလောက်သေးသော်လည်း အဆင့်မြင့် မှော်ကိရိယာများကို ရံဖန်ရံခါသာ ကြားသိခဲ့ရသည်။
ဒီအရည်အသွေးမြင့် ဝိညာဉ်လက်ဖက်ရည်ကို အမှန်တကယ် မြည်းစမ်းခွင့် ရခဲ့မယ်လို့ မမျှော်လင့်ထားကြချေ။
လုရွှမ် ပြုံးပြီး တစ်ယောက်စီအတွက် ခွက်တစ်လုံးစီ ထပ်ငှဲ့ပေးလိုက်သည်။
"အိုး... လတ်စသတ်တော့ အဲ့လိုခေါ်တာလား? အရသာက သာမန်ပဲ မဟုတ်ဘူးလား?"
သူတို့ သုံးယောက်က လက်ဖက်ရည်ကို မော့သောက်ရင်း အံ့ဩသွားကြ၏။ ဒီလောက် ကောင်းမွန်ပြီး အရသာရှိတဲ့ လက်ဖက်ရည်က သာမန်ပဲတဲ့လား။
ချင်းလုံအရှင်ရဲ့ မူလ ဇာစ်မြစ်နှင့် ပတ်သက်ပြီး သူတို့သုံးဦးသည် ပို၍ပို၍ ဆန်းကြယ်သည်ဟု ခံစားလာရပြီး မာနကြီးတဲ့ အပြုအမူများ မပြုလုပ်ဝံ့ကြသောကြောင့် လုရွှမ်ကို ရွယ်တူချင်း ဆက်ဆံသလို ယောင်ဝါးဝါး ပြောဆိုလာခဲ့ကြသည်။
စကားဝိုင်းသည် သူတို့သုံးယောက်၏ မျက်လုံးများကို ပွင့်စေခဲ့သည်။ လုရွှမ်ရဲ့ အသိပညာက ကျယ်ပြန့် နက်နဲပေ။ နက္ခတ္တဗေဒမှ ပထဝီဝင်အထိ၊ ဆေးပင်ကအစ အဂ္ဂိရတ်ပညာအထိ၊ ကျင့်ကြံမှု၊ အခင်းအကျင်း စတာတွေကို ကြားလာရတဲ့အခါ ၎င်းတို့ကို ပို၍ ရှက်ရွံ့လာစေခဲ့သည်။
သူတို့သုံးယောက် လုရွှမ်နဲ့ စကားပြောလေ ပိုစိတ်လှုပ်ရှားလေ ဖြစ်ပြီး စိတ်လှုပ်ရှားမှုက နားမလည်နိုင် လောက်အောင်ပင်။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်တော့ မျက်လုံးတွေက တောက်ပြောင်နေ၏။
ဒီတစ်ခါမှာတော့ တကယ့် ရတနာတစ်ခုကို သူတို့ တွေ့လိုက်ရပြီလေ။
ဒီလိုကျောင်းသားနဲ့ဆို ဒီတစ်ကြိမ်တွင် ထျန်းလုံကျောင်းတော်သည် အဓိကကျောင်းကြီး လေးခု၏ ပြိုင်ပွဲတွင် တောက်ပလိမ့်မည်။ အနည်းဆုံး အောက်ခြေတွင် ရှိနိုင်တော့မည် မဟုတ်ချေ။
"ချင်းလုံအရှင်... ထျန်းလုံကျောင်းတော် တစ်ခုလုံးကိုယ်စား ဒီအဓိကကျောင်းကြီး လေးခုရဲ့ ပြိုင်ပွဲမှာ ပါဝင်ပေးဖို့ ခင်ဗျားကို လေးနက်စွာနဲ့ ဖိတ်ခေါ်ပါတယ်.... ခင်ဗျား ဘယ်လိုထင်လဲ မသိဘူး??"
ပါမောက္ခဖန်းချန်က လုရွှမ်ကို မျှော်လင့်ချက် မျက်လုံးတွေနဲ့ လုရွှမ်ရဲ့ သဘောတူညီချက်ကို စောင့်မျှော်နေလေသည်။ လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးပြသော်လည်း ပြန်မဖြေခဲ့ချေ။
"ဘာလို့ သဘောမတူတာလဲ? ဒါက တစ်ကျောင်းလုံးရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်... ကျောင်းသား တစ်ယောက်အနေနဲ့ ကျောင်းရဲ့ ဂုဏ်ကို ထမ်းဆောင်ဖို့ ဆိုတာ မှန်ကန်တယ်လို့ မထင်ဘူးလား"
ပါမောက္ခဖန်းချန်သည် သူ့ဘဝ တစ်လျှောက်လုံး ကျောင်းတွင် နေထိုင်ခဲ့ပြီး သူ့ကိုယ်၌ ကျောင်း အငွေ့အသက်တွေက လေးလံ လွန်းလှသည်။ လုရွှမ်ဆီက တုံ့ပြန်လာတာကို မမြင်ရသဖြင့် မတွေးဘဲ မှုန်ကုပ်ကုပ်နဲ့ ဆိုလိုက်သည်။
သူ့အမြင်အရတော့ ဒါက ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ဘာမှ တွန့်ဆုတ်နေစရာ မရှိပါဘူး။
"ချင်းလုံအရှင်က ဒီပြိုင်ပွဲရဲ့ ဆုလာဘ်တွေကို မကြိုက်လို့များလား? ကျုပ်တို့ အထက်ကို လျှောက်ထားပြီး နောက်ထပ် ရတနာတချို့ ထပ်ထည့်ပေးရမလား?"
"ဒါမှမဟုတ် ကျောင်းအတွက် လုံးဝ မလုပ်ချင်တာလား? ဒီကျောင်းသားတွေက ခင်ဗျားရဲ့လုပ်ရပ်နဲ့ မထိုက်တန်ဘူးလို့ ထင်လို့လား"
လက်ထောက် လူနှစ်ယောက်ရဲ့ လေသံကို ကြည့်ပြီး အပြစ်တင်တာထက် အသနားခံနေတာလို့ ပြောရင် ပိုမှန်လိမ့်မည်။
မျှော်လင့်ချက်တွေ အပြည့်နဲ့ တောက်လောင်နေတဲ့ မျက်လုံးတွေနဲ့ လုရွှမ်ကို စိုက်ကြည့် နေကြလေသည်။
လုရွှမ် သူတို့သုံးယောက်ဟာ သူအစောက စကားပြောခဲ့တဲ့ အရှိန်ကြောင့် ထိတ်လန့်သွားခဲ့တယ်လို့ ခန့်မှန်းမိထားသည်။ သူတို့ဟာ သူတို့ရဲ့အဆင့်အတန်းကို လျှော့ချပြီး သူနဲ့ရွယ်တူတွေလို မိတ်ဖွဲ့ချင်ကြသည်။ သို့သော် ယခုမြင်ကွင်းက လုရွှမ်ကို ရယ်စရာဖြစ်စေခဲ့ပြီး သူတို့ကိုလည်း သနားလာမိစေသည်။
သူက သက်ပြင်းချရင်း
"ပါမောက္ခဖန်းချန် သင်ကြားရေး လက်ထောက်နှစ်ယောက်.... ကျုပ် ခင်ဗျားတို့ကို မေးခွန်းတစ်ခု အရင် မေးပါရစေ.... ဒီပြိုင်ပွဲအပေါ် ခင်ဗျားတို့ ဘယ်လိုထင်မိလဲ?"
ပါမောက္ခဖန်းချန် မျက်နှာသည် အနည်းငယ် မည်းမှောင်သွားသည်။ လုရွှမ်ရဲ့ အတွေးများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူ့စိတ်ထဲတွင်လည်း ဒေါသ ထွက်နေခဲ့သည်။ သို့သော် ဒေါသ ထွက်နေသော်လည်း မပေါ်လွင်သော အမူအရာဖြင့် သူက ဆိုလိုက်သည်။
"ဒီအဘိုးကြီး နားလည်ပါတယ်... ကျုပ်တို့ရဲ့ ထျန်းလုံကျောင်းတော်က ရှုံးတော့မယ်လို့ ထင်နေတာမလား? ခင်ဗျားကိုပါ ထပ်ပေါင်းလိုက်ရင် ခင်ဗျားမျက်နှာ ပျက်သွားလိမ့်မယ်.... ဒါကြောင့် ဒီဒုက္ခရေထဲမှာ မပါဝင်ချင်ဘူးမလား"
သူသည် အချက်နှစ်ချက်ကို အသံမြှင့်၍ ဆိုလိုက်သည်။ ယခင်က ငြင်းဆိုမှုများကို တွေးတောရင်း သူ့မျက်နှာသည် နီရဲလာကာ သူ့ရင်ထဲတွင် နားမလည်နိုင်သော ဝမ်းနည်းမှု တစ်ခုကိုလည်း ခံစားလိုက်ရသည်။
ဒီနေရာကို မရောက်လာခင်မှာ သူတို့ တပည့်တွေ ဒီပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျောင်းမှာရှိတဲ့ အကြီးအကဲပုဂ္ဂိုလ် တချို့ ဆီကိုလည်း သွားရောက် ဂါဝရပြုခဲ့သည်။ ပြိုင်ပွဲက ကျောင်းအတွက် ဂုဏ်ယူစရာ ဖြစ်ပေမယ့် သူတို့ရဲ့ လုံ့လဝီရိယကို ဘယ်သူကမှ နားမလည်ကြဘူး။
၎င်းသည် သူ့အား အချိန်အတော်ကြာ အေးခဲသွားစေခဲ့သည်။ ဌာနမှူးဟောင်း ထွက်သွားကတည်းက ကျန်အဆင့်မြင့် အကြီးအကဲများသည် အာဏာရရန် တိုက်ပွဲဝင်ရန်သာ အာရုံစိုက်ခဲ့ကြသည်။
"ပါမောက္ခဖန်းချန်... ခင်ဗျားပြောတာ မှန်တယ်... ကျုပ်အမြင်အရတော့ လူတိုင်းလည်း အခုလို တကယ်ထင်နေကြပြီ ကျုပ် ခင်ဗျားကို မေးရတဲ့ အကြောင်းရင်းက တခြားသူတွေနဲ့ မဆိုင်ဘူး...ခင်ဗျား အပေါ်မှာပဲ သက်ဆိုင်တယ်"
ဖန်းချန်ရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားကာ သူတော်စင် အငွေ့အသက်များ ထွက်ပေါ်လာပြီး ဝင်းတစ်ခုလုံးသည် သူတော်စင် စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။
သင်ကြားရေး လက်ထောက် နှစ်ဦးစလုံးသည် သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံတဲ့ ကာလများ ဖြစ်လို့ သူတော်စင် ရောင်ဝါကြောင့် မတည်မငြိမ် ဖြစ်လာခဲ့သည်။
လုရွှမ် သူ့နေရာတွင်သာ အေးအေးဆေးဆေး ထိုင်နေလေသည်။ လက်ထောက် နှစ်ယောက်နှင့် ယှဉ်လျှင် သူက စီရင်ချက် ချနေသူလိုပင်။
ပါမောက္ခဖန်းချန်ရဲ့ စွမ်းအင် အရှိန်အဟုန်ဟာ လျင်မြန်စွာ ဆုတ်သွားပြီး တုန်ရီနေသော လက်ချောင်းများဖြင့် သူ့ကိုယ်သူ ညွှန်ပြကာ အနည်းငယ် ပဟေဠိဆန်ကာ မယုံနိုင်သော မျက်လုံးများဖြင့်။
"အကြောင်းပြချက်က ကျုပ်ကြောင့်လား? ဘယ်လို ရှင်းပြမလဲ?"
ပြေပြစ်သော ရောင်ဝါသည် မပြောင်းလဲသွားဘဲ ယခင်ကဲ့သို့ တန်ခိုးကြီးသော အငွေ့အသက်တွေ မရှိတော့တဲ့ အမူအရာ ဖြစ်သွား၏။
ဤပါမောက္ခအပေါ် လုရွှမ်ရဲ့ သဘောကျမှုက ပိုမို တိုးပွားလာခဲ့သည်။ ပါမောက္ခဖန်းချန်၏ အနာဂတ် ကျင့်ကြံမှုသည် သူတော်စင် နယ်ပယ်တစ်ဦးထက် အဆပေါင်းများစွာ သာလွန်နေရမည် ဖြစ်သည်။
သူ့စိတ်ရင်းမှန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါက သူတော်စင်နယ်ပယ်ကြီးကို ကျင့်ကြံဖို့ မဖြစ်နိုင်တာတော့ မဟုတ်ချေ။
လုရွှမ် သူ့စိတ်ထဲတွင် လေးနက်နေသဖြင် ဘာကိုမှ ဖုံးကွယ်မထားတော့ဘဲ ရိုးရှင်းစွာပင် တည့်တည့် ပြောလိုက်သည်။ သူကဖန်းချန်ကို လက်ညိုးထိုးပြပြီး
"အကြောင်းပြချက်က ခင်ဗျားကြောင့်ပဲ....ဒီတစ်ခေါက် ပြိုင်ပွဲမှာ ခင်ဗျားက ထျန်းလုံကျောင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူး"
ဤစကားများသည် သူ့ဘဝကို ရိုက်ချ တိုက်ခိုက်ခြင်းသာ ဖြစ်သည်။ လုရွှမ် တခြားသူများနှင့် ရင်ဆိုင်ရပါက သဘာဝအတိုင်း ပွင့်ပွင့်လင်းလင်း ပြောမှာ မဟုတ်ပေ။ သို့သော် တစ်ဖက်က ပါမောက္ခဖန်းချန် ဖြစ်နေတာကြောင့် ပြောလျှင်လည်း ပြဿနာ မရှိပေ။
ထင်တဲ့အတိုင်း ပါမောက္ခဖန်းချန်ရဲ့ မျက်နှာမှာ ဒေါသအငွေ့အသက် သိပ်မရှိပဲ
"ဘာလို့လဲ?"
လုရွှမ် ပါမောက္ခဖန်းချန်ကို မတွေ့ဖူးသော်လည်း သူ့အကြောင်းကို တော်တော်များများ သိထားသည်။ သူသည် ထျန်းလုံကျောင်းတော် တွင် ကျော်ကြားပြီး လူသိများသည်။ သူသည် ကျင့်ကြံခြင်းနှင့် အခြားအရာများကို အလွန်စိတ်အား ထက်သန်သော်လည်း နာမည်ဂုဏ်သတင်းနဲ့ ရန်ပွဲများကို ဂရုမစိုက်တတ်သူပင်။
ပါမောက္ခဖန်းချန်ဟာ သဘာ၀ကျကျ မြင့်မြတ်သော အကျင့်စရိုက်နဲ့ ဖြောင့်မတ်သူကြီး ဖြစ်သည်။ ဂုဏ်သတင်း အရဆိုလျှင် သူ့အား လေးစားသူမှာ ဒုကျောင်းအုပ် နှစ်ဦးနှင့် အလွန်လေးစားထိုက်သော အကြီးအကဲများပါ ပါဝင်လေ၏။
သူ့ရဲ့ ခွန်အားက ထူးထူးခြားခြား ဖြစ်ပြီး သူ့ရဲ့ ဂုဏ်သိက္ခာက ဒုကျောင်းအုပ် နှစ်ယောက်ထက်တောင် ပိုမြင့်လို့ ပုံမှန်အားဖြင့်တော့ သူက ဒီအဆင့်ပြိုင်ပွဲကို လက်ခံကျင်းပဖို့ လုံလောက်ပါသည်။
"ခင်ဗျားနဲ့ မထိုက်တန်ဘူးလို့ ပြောတာ မဟုတ်ဘူး.. ခင်ဗျားက ဒီအချိန်မှာ မသင့်တော်သေးဘူး.... လာ ကျုပ် ခင်ဗျားတို့အတွက် ခွဲခြမ်းစိတ်ဖြာ ပေးပါရစေ"
"အခုနောက်ပိုင်း.. ထျန်းလုံကျောင်းတော်ရဲ့ ဂုဏ်သတင်းက တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာနေတယ်... တကယ် လိုအပ်နေတာက သန်မာသူ တစ်ယောက်ပဲ။ သူ့ရဲ့ ခွန်အားက မသန်မာရင်တောင် ပြတ်သားရမယ်... တစ်ခုပြောရင် နှစ်ခု မလုပ်သင့်ဘူး... အထက်ကို တက်နေရင် အောက်ကို မဆင်းသင့်ဘူး... ဒါက ကျောင်းတော် တစ်ခုလုံးကို ပျော့ညံ့သွားစေမယ့် အမူအရာပဲ!"