မင်းငါနဲ့ တိုက်ချင်လို့လား?
Vol. 44 Ch. 4.175
အရင်ကတော့ ဖန်းချန်ဟာ လူတိုင်းက သူ့ရဲ့ကြိုးစား အားထုတ်မှုတွေကို မြင်လို့ သူ့ရဲ့အတိတ်က အရည်အချင်းတွေကို အခြေခံပြီး ကျောင်းကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အလမ်း ပေးခဲ့တာပဲလို့ ထင်မြင်ခဲ့သည်။
သူ၏ ပြိုင်ဘက်များကပင် သူ့ကို ဆွဲချရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း လိုအပ်နေသော မိတ်ဆွေတွေက အမှန်တကယ်ပင် ထိုကဲ့သို့ ဆွဲချချင်နေသူတွေ ဖြစ်နေတာမို့ သူ့ကို အနည်းငယ် ဝမ်းနည်းသွားစေခဲ့သည်။
ယခုတော့ သူ့အား အပြစ်မတင်လိုသော ဤလူများသည် သဘာဝအတိုင်း အကြံအစည် ရှိနေခဲ့ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသည်။
အထူးသဖြင့် ယခုအကြိမ်ဟာ ယခင်သုံးကြိမ်ကလို ရှုံးနိမ့်သွားခဲ့ရင် မိတ်ဆွေဆိုတဲ့ လူတွေက သူ့ကို ဆွဲချသွားကြတော့မှာ ဖြစ်ပေ၏။
ထျန်းလုံကျောင်းတော်သည် ကြီးမားသော အိမ်ကွင်းလို အားသာချက်ကို ရရှိထားသည်။ ပြိုင်ပွဲကာလအတွင်း ထျန်းလုံမြို့ တစ်ခုလုံး လာရောက်ကြည့်ရှုမည်ဟု စိတ်ကူးနိုင်သည်။
သားသမီးများ၏ သူရဲကောင်းဆန်သော အသွင်အပြင်၊ ကျောင်းတော်၏ အောင်မြင်မှုများ၊ ကျောင်းသားများ၏ ကျော်ကြားမှုနှင့် ဂုဏ်ကျက်သရေတို့ကို လာကြည့်ကြမည်။
သို့သော် ထျန်းလုံကျောင်းတော် အရှက်တကွဲ အရှုံးကြီး ရှုံးသွားခဲ့ရင်တော့ ထျန်းလုံကျောင်းတော်က ဘယ်လို အကြောင်းပြချက်တွေ ပေးနိုင်ပါ့မလဲ။
တစ်ခါ၊ နှစ်ခါ၊ သုံးခါတောင် ရှုံးပြီးပြီ။ ဒီတစ်ခါပါ ထပ်ရှုံးသွားရင် ရှင်းပြစရာ အကြောင်းက မရှိနိုင်တော့ဘူး။
ဒေါသထွက်နေသော လူအုပ်ကြောင့် ထျန်းလုံကျောင်းတော် ပြိုကွဲသွားနိုင်သည်။ ထိုအခါ ကျောင်းက ထိုဒေါသထွက်နေသော ပြည်သူများ၏ ဒေါသကို ဖြေလျှော့လိုလျှင် အပြစ်ပေးသည့် ဆိတ်တစ်ကောင်ကို သဘာဝအတိုင်း ပူဇော်ပေးရမည်။
ဘယ်သူက အသင့်တော်ဆုံးလဲ။ သေချာတာကတော့ သူက အသင်းကို လေးကြိမ်ဆက်တိုက် ဦးဆောင်ပြီး အရာအားလုံးကို ဆုံးရှုံးစေခဲ့တဲ့ အရှုံးသမားပဲမို့ သူက ယဇ်ကောင် ဖြစ်သွားမှာပင်။
သူ့အရင်က ဘယ်လောက်ပဲ နာမည်ဂုဏ်သတင်း ကြီးနေပါစေ အပြစ်တင်နေမှာပဲ။ ကျန်နေတဲ့ သူ့ခန္ဓာကိုယ်ဟာ အရှက်တရား အကြောက်တရားကြောင့် ဘယ်တော့မှ ပြန်ထနိုင်မှာ မဟုတ်တော့ဘူး။
ရိုးရိုးရှင်းရှင်း တွေးကြည့်ရုံဖြင့် ဖန်းချန်သည် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းလာပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။
လက်ထောက် ဆရာနှစ်ယောက်ကလည်း ဒါကို တွေးပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်နေကြ၏။ ချင်းလုံအရှင်သာ ဒါကို မထောက်ပြလာရင် သူတို့ ဘာမှမသိဘဲ သေသွားနိုင်သည်။
သူတို့ သုံးယောက် နားလည်သွားတာကို တွေ့လိုက်ရတော့ လုရွှမ် သူ့ပါးစပ်ထဲက စကားတွေကို ဆက်ထိန်းဖို့ မကြိုးစားတော့ဘဲ
“ဒါက ပါမောက္ခဖန်းချန်.. ဒီတစ်ခါ ပြိုင်ပွဲမှာ ထူးထူးခြားခြား လုပ်ချင်တယ် ဆိုရင်တော့ သူ သေချာပေါက် အလှည့်အပြောင်း တိုက်ပွဲကို လိုအပ်လိမ့်မယ်"
သင်ကြားရေး လက်ထောက် ဆရာနှစ်ဦးမှာ အားလုံးမှာ ချမ်းသာမှုများ ပျက်သုဉ်းသွားသလို ခံစားနေကြရပြီ။ တကယ်တော့ သူတို့သည် ဤပြိုင်ပွဲ၏ အကျိုးသက်ရောက်မှုကို ပါမောက္ခဖန်းချန်ထက် ပို၍ပင် စိုးရိမ်နေခဲ့ကြသည်။
ပါမောက္ခဖန်းချန်က သူ၏ယခင် နာမည်ကျော်ကြားမှုကြောင့် မသေနိုင်သော်လည်း ၎င်းတို့နှစ်ဦးမှာ သေချာပေါက် သေဆုံးသွားမှာ ဖြစ်သည်။ လူသိရှင်ကြား ခေါင်းဖြတ် မခံရသော်လည်း သမိုင်းတစ်လျှောက် လက်မည်းကြီး ဖြစ်သွားနိုင်၏။
နှစ်ယောက်သား တွေးလိုက်တိုင်း နှလုံးသားတွေ တဆတ်ဆတ် တုန်လာသည်။
လုရွှမ် ခေါင်းညိတ်၍
"ဒါဆို ဒီကိစ္စမှာ ခင်ဗျားတို့ ဘာလုပ်လုပ် အရမ်းအရေးကြီးတယ်... ဒါကြောင့် အရင်ဆုံး 'မင်္ဂလာ' 'နှုတ်ဆက်ပါတယ်' အဲဒါတွေကို ဖယ်ထားလိုက်... ဒါက စစ်ပွဲတစ်ခုဖြစ်ပြီး အောင်ပွဲကိုပဲ ရရလိမ့်မယ်လို့ တွေးထား... နိုင်ရင်ရှင်မယ် ရှုံးရင် သေမယ်"
"နိုင်ရင်ရှင်မယ် ရှုံးရင် သေမယ်!!"
သင်ကြားရေး လက်ထောက် ဆရာနှစ်ဦးက ကျယ်လောင်စွာ အော်ရင်း မိမိဘာသာ အားပေးစကား ဆိုလိုက်သည်။
"ပထမဆုံးအနေနဲ့ ခင်ဗျားတို့ရဲ့ အရှိန်အဟုန်ကို ပြသပြီး လူကောင်းတစ်ယောက်လို ပြုမူနေတာကို ရပ်လိုက်ဖို့ လိုတယ်.... ခင်ဗျားတို့က ခေါင်းဆောင်နဲ့ အိမ်ရှင်ဖြစ်လို့ ခေါင်းဆောင်နဲ့ အိမ်ရှင်တစ်ယောက်လို ပြုမူနေထိုင်ရမယ်.... မနာခံတဲ့ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်... အမိန့်နဲ့ တားမြစ်ချက်တွေကို မလိုက်နာတဲ့ လူမှန်သမျှ အပြစ်ပေးခံရမယ်!"
သုံးယောက်သား တုံ့ဆိုင်းသွားသော်လည်း နားလည်မှုကို ဖော်ပြရန် ခေါင်းညိတ်လိုက်ကြသည်။
"ဒုတိယအနေနဲ့ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေကို အစားထိုးရမယ်.... သူတို့က ဘယ်သူတွေလဲ? သူတို့ အစွမ်းအစလောက်နဲ့ တခြားကျောင်းက အငယ်တန်း ထူးချွန်ထက်မြက်တဲ့ သူတွေနဲ့ ယှဉ်ပြိုင်ချင်တယ် ဆိုရင်တော့ ရှက်စရာကြီး ဖြစ်နေမှာ မဟုတ်ဘူးလား?"
"ထပ်ပြီး ဆုလာဘ်တွေကို ထပ်တိုး ဂုဏ်ပြုတာက အရေးကြီးပြီး လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေပဲ... သူ့ရဲ့အခန်းကဏ္ဍာ လျှော့တွက်လို့ မရဘူး.... ဆန်းကြယ်တဲ့ လှည့်ကွက်တွေတင် မကဘူး အစစ်အမှန် ပါရမီရှင်တွေကို ရွေးချယ်နိုင်ဖို့ အဲဒါတွေနဲ့ ချဉ်းကပ်ဖို့ လိုအပ်တယ်"
ဖန်းချန်က ချောင်းဆိုးလိုက်သည်။ ဒီအချက် သုံးချက်ကို ကောင်းကောင်း သိပေမယ့် ဘယ်လိုလုပ်ရမလဲ? သူ့မှာ အရည်အချင်း မရှိဘူးလားလို့ သူ့ကိုယ်သူ မေးလိုက်မိသည်။ သူတို့သုံးယောက်က လုရွှမ်ကို လေးလေးနက်နက် ဦးညွှတ်ပြီး
"ကျုပ်တို့ကို ကူညီပေးဖို့ ချင်းလုံအရှင်ကို တောင်းဆိုပါတယ်!"
ယခုတော့ သူလည်း ကူညီရန် ဆုံးဖြတ်လိုက်ပြီ။ လုရွှမ် ဒါကို တွေးလိုက်ပြီး သူတို့ သုံးယောက် ကြွေးကြော်သံများဖြင့် အော်ဟစ်နေသည်မှာ ကောင်းမွန်သော်လည်း တကယ့် လုပ်ဆောင်ချက် အများစုကို သူ့အနေဖြင့် စီစဉ်ရပေမည်။
လုရွှမ် ခေါင်းညိတ်ပြီး
"ပြဿနာ မရှိပါဘူး.... ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုတယ်... ကျုပ်ပြောတာကို ခင်ဗျားတို့ လုပ်နိုင်ပါ့မလား ဆိုတာပေါ့"
သူတို့ သုံးယောက်ဟာ လုရွှမ်ရဲ့စကားက ကျောင်းက အနာဂတ် အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုအပေါ် မူတည်ကြောင်း သိတာကြောင့် ပြင်းပြင်းထန်ထန် ခေါင်းညိတ် လိုက်ကြသည်။
လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်က အပြုံးတစ်ခု ပေါ်လာခဲ့သည်။ အနည်းဆုံး သူတို့ သုံးယောက်ရဲ့ စိတ်နေသဘောထား ကောင်းမွန်လှသည်။
နေက ပူပြင်းပြီး မိုးရွာချထားသလို ချွေးတွေကလည်း ထွက်ကျနေ၏။
ထျန်းလုံကျောင်းတော်၏ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်းတွင် ပြိုင်ပွဲအတွက် ရွေးချယ် ခံထားရသော ကျောင်းသား တစ်ဒါဇင်ကျော်သည် အပြင်းအထန် ကြိုးစား လေ့ကျင့်နေကြသည်။ လာမယ့် အပတ်မှာ ပြိုင်ပွဲရှိမှာဖြစ်ပြီး သူတို့ရဲ့ ကြံ့ခိုင်မှုကိုလည်း အတတ်နိုင်ဆုံး မြှင့်တင်ချင်ကြသည်။
ရုတ်တရက် အဝေးက လူတစ်ယောက်က အော်လိုက်သည်။
"ပါမောက္ခဖန်းချန် လာနေပြီ"
"ဟေး ဘာလို့ လူပိုပါ ရှိနေတာလဲ"
"ဟုတ်တယ်နော်... အဲဒီလူက ပါမောက္ခဖန်းချန် အနားကို တကယ်ကြီး လျှောက်သွားတာလားဟ??"
"အဲဒါထက် ပါမောက္ခရဲ့ ပုံစံကို ကြည့်ရတာ အဲဒီလူကို အရမ်းလေးစားပုံရတယ်"
"ဟေး အဲဒီလူကို ငါမှတ်မိတယ်... သူကကျောင်းကို ဝင်လာတုန်းက ထွန်းတောက်လာခဲ့တဲ့ ချင်းလုံအရှင် မဟုတ်ဘူးလား?"
လုရွှမ်တို့ လေးယောက်က အဲဒီကျောင်းသားတွေရှေ့မှာ လျှောက်လာခဲ့သောအခါ ဖန်းချန် မျက်နှာတစ်ခုလုံး ပြုံးနေလေသည်။
လုရွှမ်က အကူအညီပေးဖို့ တောင်းဆို ခံခဲ့ရပေမဲ့ ဒီကျောင်းသားတွေ ဒီအချိန်အတွင်းမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြတာကို တွေ့ရတော့ သူ အရမ်းကျေနပ်နေမိသည်။ ဒီကျောင်းသားတွေက တော်ပြီး သူတို့ကိုယ်သူတို့ မြှင့်တင်လိုကြ၏။
"သူတို့အားလုံးကို ပြိုင်ပွဲအတွက် ရွေးချယ်ထားတာပါ... သူတို့ရဲ့ အရည်အချင်းတွေက တော်တော်လေး ကောင်းကြပါတယ်..."
ပါမောက္ခဖန်းချန်ရဲ့ လက်ထောက်က မိတ်ဆက်ပေးလာသည်။ ထိုအခိုက် လုရွှမ်က သူစကားကို တိုက်ရိုက် ဝင်နှောင့်ယှက်ပြီး လူတိုင်းရှေ့မှာပဲ ပြောလိုက်သည်။
"မဆိုးပါဘူး....ဒါပေမဲ့ သူတို့သာ အဲဒီလူတွေနဲ့ ပြိုင်ပွဲစဥ်မြင့်ပေါ် တက်ပြီး တိုက်ခိုက်ရင်တော့ အသုံးမဝင်ဘူး"
ဖန်းချန်တို့ လူသုံးယောက်ကလည်း တခြားကျောင်းတော် သုံးခုက ကျောင်းသားတွေအကြောင်း အချက်အလက်တွေကို စုဆောင်းထားခဲ့သည်။ အဲဒီ အရည်အချင်းရှိတဲ့ ကျောင်းသားတွေနဲ့ နှိုင်းယှဥ်လိုက်ရင် သူ့ကျောင်းသားတွေ ဆယ်ခါလောက် ပင်ပန်းနေပါစေ အနိုင်ယူဖို့ မလွယ်လှပေ။
ချေပလို၍ ပါးစပ် ဖွင့်ဟလိုက်သော်လည်း မည်သို့ချေပရမည်ကို မသိတော့ချေ။ ကျောင်းသားတွေက ဒေါသတွေထွက်ပြီး လူတစ်ယောက်က ချက်ချင်း ထအော်တော့သည်။
"ငါတို့မလုပ်နိုင်ဘူးလို့ ပြောနေတာ ဘယ်သူလဲ? မင်း ငါနဲ့လေ့ကျင့်ဖို့ သတ္တိရှိလို့လား?"
ပြောတဲ့သူက သူတော်စင်တစ်ပိုင်း အဆင့်၃ နယ်ပယ်က လူငယ်လေးဖြစ်ပြီး ငယ်ရွယ်ပြီး ထက်မြက်သူပင်။
ကျောင်းကြီးလေးခု၏ ပြိုင်ဆိုင်မှုကို အဆင့်သုံးဆင့် ခွဲခြားထားပြီး အောက်တန်းက သူတောင်စင်တစ်ပိုင်း အဆင့်သုံးထိ၊ အလယ်အလတ်က အဆင့်၆ အထိနှင့် အဆင့်မြင့်က အဆင့်၉တို့ ဖြစ်သည်။
သူတော်စင်တစ်ပိုင်း အဆင့်၃ ဆိုကတည်းက အောက်တန်းမှာ ယှဥ်ပြိုင်ရမယ့် လူဆိုတာ သိသာပါ၏။
"သူက ချင်းလုံအရှင်ပဲ!"
ကျောင်းသား တစ်ယောက်က လုရွှမ်ရဲ့ အထောက်အထားကို ထောက်ပြလိုက်သည်။ ထိုအခါ ကောင်လေးရဲ့ မျက်နှာက ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
လုရွှမ် ကျောင်းသို့ ရောက်ရှိလာပြီးကတည်းက အကြိမ်အနည်းငယ်မျှ တိုက်ခိုက်ခြင်း မခံခဲ့ရသော်လည်း သူ့အဆင့်ထက် ကျော်လွန်သော သူတော်စင်တစ်ပိုင်း အဆင့်ကိုးမှ လူများအား သင်ကြားပေးခဲ့ကြောင်း ကောလဟာလများ ရှိခဲ့သည်။
သူက သူတော်စင်တစ်ပိုင်း တတိယအဆင့်သာ ဖြစ်တာကြောင့် ပြိုင်ဘက်ဖြစ်ရန် ဝေးကွာလွန်းပေသည်။
လုရွှမ် ခြေလှမ်းကျဲများဖြင့် ကောင်လေးဆီသို့ လျှောက်လာကာ သူ့ကို လေးနက်စွာ စိုက်ကြည့်ကာ ကြီးမားသော စိတ်စွမ်းအားကို ထုတ်လွှတ် ပြသလိုက်သည်။
"မင်းငါနဲ့ တိုက်ချင်နေတာလား?"
“ငါ…ငါ…”
ကောင်လေး၏ ခေါင်းမှာ ချွေးအေးများဖြင့် ဖုံးလွှမ်းနေပြီး တစ်ကိုယ်လုံး အေးစက်သွားကာ စကားပင် မပြောနိုင်တော့ပေ။
လုရွှမ် အခြားသူများကို တစ်ချက် ကြည့်လိုက်သော် မျက်လုံးများကို တစ်ဖက်သို့ လှည့်သွားကာ တချို့ကလည်း သူ့ကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။
လုရွှမ် အရှိန်အဟုန်ဖြင့် နောက်ပြန်ဆုတ်သွားပြီး ပါမောက္ခဖန်းချန် နှင့် အခြားနှစ်ယောက်ကို ကြည့်လိုက်သည်။