ထျန်းလုံခေါင်းလောင်
Vol. 44 Ch. 4.176
"ပါမောက္ခ... ခင်ဗျားတို့ ကြည့်လိုက်! ဒီလိုအရှိန်အဟုန်မျိုးနဲ့ အဓိက ကျောင်းသုံးကျောင်းရဲ့ အရည်အချင်းရှိတဲ့ ကျောင်းသားတွေနဲ့ ဘယ်လို ယှဉ်ပြိုင်မလဲ? သန်မာတဲ့ သူတွေကို စိန်ခေါ်ရဲတဲ့ သတ္တိမရှိရင် ဘယ်လိုလုပ် ယှဥ်ပြိုင်ဖို့ ဖြစ်နိုင်မှာလဲ?"
လုရွှမ်၏ စကားများက ထိုကျောင်းသားများကို ဦးတည်သွားခဲ့သည်။ စကားပြောနေရင်း မျက်နှာတွေ နီရဲလာတယ်။
"ငါ မကြောက်ဘူး!"
ရှက်ရွံ့သော အသံတစ်ခု ထွက်ပေါ်လာပြီး ရဲရင့်ဟန်ဆောင်ကာ လုရွှမ်ဆီသို့ လျှောက်လာခဲ့သည်။
သူတော်စင်တစ်ပိုင်း တတိယအဆင့်ရှိ မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် လုရွှမ်အား မျက်လုံးပြူး ကျယ်ကျယ်ကြီးဖြင့် စိုက်ကြည့်နေသည်။
"ကောင်းပြီ!"
ပါမောက္ခဖန်းချန်က ကောင်မလေးကို အားပေးစကား ပြောသည့်အနေဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။
လုရွှမ် ဘာမှ ပြန်မပြောဘဲ အော်ဟစ်ပြီး နောက်ပြန်ပြေးလာတဲ့ ကောင်မလေးကို ချက်ချင်း ကန်ထုတ်လိုက်သည်။ ကောင်မလေးမှာ မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
"နင် ယုတ်မာတာ.... နင်ငါ့ကို တိတ်တဆိတ် တိုက်ခိုက်ခဲ့တာမလား!"
"မိန်းကလေးကို အနိုင်ကျင့်နေတာပဲ... ရှောင်းရှောင်း မင်း အဆင်ပြေရဲ့လား?"
"မင်းရဲ့ ကျင့်ကြံမှုက မြင့်တယ်ဆိုတိုင်း တခြားသူတွေကို ဘယ်လိုလုပ် အနိုင်ကျင့် နိုင်ရတာလဲ?"
လုရွှမ်သည် မုန်တိုင်းတစ်ခု ဟောက်နေသကဲ့သို့ အေးစက်နေသော ဓားများနှယ် စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။
ကျောင်းသားများမှာ အရှိန်အဟုန်ဖြင့် ထွက်လာသော စွမ်းအားကြောင့် တစ်ယောက်ပြီး တစ်ယောက် သည်းမခံနိုင်တော့ဘဲ နောက်ပြန်ဆုတ်သွားကြသည်။
လုရွှမ်သည် ဝမ့်ရှင်းဂိုဏ်း၏ စိတ်ဝိညာဉ် စွမ်းအား လှုပ်ရှားမှု နည်းလမ်းကို အသုံးပြုခဲ့သည်။ တခြားသူများ၏ အမြင်တွင် လုရွှမ်သည် ယခုအချိန်တွင် လမ်းကြောင်းအားလုံးကို ဖိနှိပ်ထားသည့် နတ်ဘုရားတစ်ဆူကဲ့သို့ ထင်ရလေသည်။
ခံနိုင်ရည်ရှိသူများပင် တဖြည်းဖြည်း ရှက်ရွံ့စွာ ဆုတ်ခွာသွားကြသည်။
လုရွှမ်သည် ကောင်မလေးဆီသို့ လျှောက်သွားကာ လေထုပျော့ပျော့လေးထဲမှ သူ့လက်ဖဝါးကို ဓားပုံဖော်ကာ မိန်းကလေး၏ ဦးခေါင်းကို ရိုက်လိုက်သည်။
"အား..."
ကောင်မလေးက အော်ဟစ်ပြီး မျက်ရည်တွေ စီးကျလာပြီးနောက် ပြိုလဲကျသွားလေသည်။
လုရွှမ်၏ ဓားသည် ငြိမ်သက်စွာ ပြိုကျသွား၏။ လုရွှမ် တကယ် ခုတ်ထစ်တော့မည်ဟု တွေးလိုက်မိတဲ့ လူသုံးဦးမှာ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ လုရွှမ်သာ သူတို့ကို အကြိမ်ကြိမ် သတိပေးပြီး သူလုပ်တာတွေကို ခွင့်မပြုထားမိရင် သူတို့သုံးယောက်လုံး မခံနိုင်ဘဲ ရှေ့ကို ပြေးသွားမိလိမ့်မည်။
"မင်းတို့ ကြောက်နေပြီ... ဒီအတိုင်းဆို တခြားကျောင်းက လူတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ? မကြောက်ဘူးလို့ ပါးစပ်ကပဲ ပြောနေဖို့ မဟုတ်ဘူး.... ယုံကြည်ချက် တစ်ခုပဲ လိုတယ် သေမယ်ဆိုရင်တောင် ဘယ်တော့မှ အရှုံးမပေးဘူး ဆိုတဲ့ ယုံကြည်မှုပဲ... သန်မာသူတွေက အနိုင်ယူနိုင်တယ်... ရှုံးနိမ့်ပြီးရင်တောင် မင်းတို့ ပိုသန်မာလာလိမ့်မယ် အားနည်းတဲ့သူတိုင်း မရှုံးနိုင်ဘူး.... စိတ်ဓာတ်ကျနေမယ့်အစား မင်းတို့ ဆက်နေချင်လား မနေချင်ဘူးလား ဆိုတာ သေချာစဉ်းစားထားကြ!!"
လုရွှမ်က ပြောပြီးသည်နှင့် လှည့်ထွက်သွားကာ
"အချိန်သိပ် မကျန်တော့ဘူး.. ကျုပ်တို့ လူသွားရှာရအောင်!"
ဤကျောင်းသားများသည် အရည်အချင်းနှင့် ခွန်အား မရှိရုံသာမက ပူးပေါင်း ဆောင်ရွက်မှုနှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာတွင်လည်း သူထင်ထားသည်ထက် ပိုဆိုးနေသည်။
ပူပြင်းတဲ့ နေရောင်အောက်မှာ လေ့ကျင့်နေပေမယ့် ဒါဟာ လေ့ကျင့်ရုံသာ ဖြစ်ပြီး သူတို့အစွမ်းအစကို မလှုံ့ဆော်ဘဲ ကန့်သတ်ချက်တွေကို မြန်မြန်ဆန်ဆန် ကျော်ဖြတ်ပြီး တိုးတက်အောင် လုပ်ဖို့ဆို ဝေးကွာလွန်းသေးသည်။
ခြေတို ကျားအုပ်စု တစ်စုသည် အမြင့်ကို ခုန်တက်နိုင်ရန် အပြိုင်အဆိုင် အနေဖြင့် သူတို့ထက် အားကြီးသူကို ရှာကြသည်။ လူတိုင်းကလည်း ပိုကောင်းပြီး ပိုသန်မာသူကို ရန်သူအဖြစ် သဘာဝကျကျ ရှာထားရလိမ့်မည်။
"ကျုပ်တို့မှာ အချိန်အများကြီး မရှိဘူး.. စွမ်းအင်လည်း သိပ်မရှိဘူး... အချိန်ကုန်နည်းပြီး ထိရောက်မယ့် နည်းလမ်းတွေကို သုံးရမယ်.... ပါရမီရှင် ကျောင်းသား အားလုံးကို တစ်ယောက်ပြီး တစ်ယောက် ဆွဲထုတ်ဖို့ အချိန်ဖြုန်းမနေနဲ့... အခုပဲ ကျောင်းအုပ်ကြီး အခန်းကို တိုက်ရိုက် သွားကြည့်ရအောင်"
ဖန်းချန် လုရွှမ်ကို အမြန် ဖမ်းဆွဲလိုက်ပြီး
"ကျောင်းအုပ်ကြီးရဲ့ စာဖတ်ခန်းကိုလား? ကျောင်းအုပ်ကြီးက နှစ်အတော်ကြာအောင် ပျောက်နေတာ သူမ စာဖတ်ခန်းကို ဘာလုပ်ဖို့ သွားမှာလဲ?"
"အခွင့်အရေး တစ်ခုယူဖို့!"
သူတို့ သုံးယောက်လုံးမှာ လုရွှမ်စကားကို လုံး၀ မသိနိုင်သော်လည်း လုရွှမ် ထွက်သွားတာကို မြင်လိုက်ရသော် အားလုံး အမြန်လိုက်သွားခဲ့သည်။
ကျောင်းအုပ်ကြီး စာဖတ်ခန်းက ဖုန်တွေ ညစ်ပတ်နေတာ ကြာပြီ။ အရင်က အစောင့်တွေရှိပေမယ့် အခုတော့ ဘာမှမရှိတော့ဘူး။ လုရွှမ် တွန်းဖွင့်လိုက်တာနဲ့ တံခါးပွင့်သွားသည်။
"တကယ်ဝင်ချင်တာလား?"
"ဒါပေါ့!"
သူတို့ သုံးယောက် တံခါးဝမှာ စိုးရိမ်တကြီး ရပ်နေကာ နောက်ဆုံးတွင် အထဲသို့ ပြေးဝင်သွားကြသည်။ လက်ထောက်ဆရာ နှစ်ယောက်ကလည်း အလျင်အမြန် လိုက်လာကြသည်။
"ကျောင်းအုပ်ကြီး စာဖတ်ခန်းမှာ အကြီးအကဲတွေကို ခေါ်ယူနိုင်တဲ့ ခေါင်းလောင်းတစ်လုံး ရှိတယ်လို ကျုပ်ကြားဖူးတယ်"
လုရွှမ်က ကျောင်းအုပ်ကြီး စားပွဲပေါ်က ခြောက်လက်မ ရှေးဟောင်းကြေး ခေါင်းလောင်းကို သူ့မျက်လုံးတွေက စိုက်ကြည့်ရင်း ပြောလိုက်သည်။
ရှေးကျသော ခေါင်းလောင်းမှာ အလွန်အံ့သြစရာကောင်းပြီး ပေါ့ပါးသော်လည်း လေးလံသော သမိုင်းဝင် လေထုကိုလည်း သယ်ဆောင်ထားသည်။ မြင်လိုက်တာနဲ့ မျက်လုံးတွေကို ခွာဖို့ ခက်လေ၏။
လုရွှမ် ကြေးတူလေး တစ်ချောင်းကို ကိုင်လိုက်ပြီး ရှေးခေါင်းလောင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
"ဒေါင်-ဒေါင်-"
ဒုကျောင်းအုပ်ဝမ်၏ စာဖတ်ခန်း၌ ဒုကျောင်းအုပ်ဝမ်သည် စာအုပ်တစ်အုပ်ကို ဖတ်နေ၏။ ရုတ်တရက် သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားကာ ကြောက်ရွံ့သော အကြည့်များက သူ့မျက်နှာပေါ်တွင် မထိန်းနိုင်ဘဲ ပေါ်လာခဲ့သည်။
"ကျောင်းအုပ်ကြီး ပြန်လာပြီလား?"
တခြားလက်ထောက် ကျောင်းအုပ် ဖြစ်သည့် ဒုကျောင်းအုပ်လီသည် ချောမောလှပသော အမျိုးသမီး ဆရာမတစ်ဦးကို ပေါင်ပေါ်ပွေ့တင်ထားရင်း ရုတ်တရက် သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားကာ အမျိုးသမီး ဆရာမကို ပစ်ချလုနီးပါး ဖြစ်သွားသည်။
"မင်းအရင် ပြန်သွားလိုက်!"
စိုးရွံ့သော အကြည့်များဖြင့် အော်ဟစ်ကာ သူ့အဝတ်အစားများကို ဆွဲယူ၍ ကျောင်းဝင်းထဲမှ အမြန် ပြေးထွက်သွားသည်။
အိမ်အိုကြီး တစ်ခုမှ အဘွားကြီး တစ်ယောက်ဟာလည်း ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။
ကြည်လင်သော စမ်းရေတွင်း တစ်ခုရှေ့တွင် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် ငါးမျှားတံကို ရုတ်တရက် ချလိုက်သည်။ ငါးမျှားတံကို ဂရုမစိုက်ဘဲ ရုတ်တရက် ခုန်ထကာ ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။
ကျောင်းဝန်းထဲက နေရာအမျိုးမျိုး၊ ထျန်းလုံမြို့ အပြင်ညက်က မတူညီသော နေရာများတွင်လည်း လူများသည် လျင်မြန်စွာ ပြေးလွှားနေကြသည်။
လုရွှမ်ကတော့ ကျောင်းအုပ်ကြီး စာဖတ်ခန်းထဲတွင် ကျကျနန ထိုင်နေ၏။ သူ့ရှေ့က လူ ၃ ယောက်မှာတော့ ရေနွေးပူပူပေါ် ရောက်နေသော ပုရွက်ဆိတ်များကဲ့သို့ ထိတ်လန့်နေကြသည်။ လုရွှမ်ကို အမြန်ထွက်သွားရန် ဆွဲဆောင်ခဲ့သော်လည်း လုရွှမ်မှာ ငြိမ်သက်နေပြီး ထိတ်လန့်သွားသည့် အရိပ်အယောင်ပင် မပြပေ။
သူတို့ သုံးယောက်မှာ ကြောက်လန့်ပြီး ထွက်ပြေးလုနီးပါး ဖြစ်နေကြပြီ။
များမကြာမီ ဒုကျောင်းအုပ် နှစ်ဦးသည် ပထမဆုံး ရောက်လာကြပြီး နောက်မှ အကြီးအကဲများ၊ အတန်းတိုင်းမှ အကြီးအကဲများ ရောက်လာကြသည်။ နောက်ဆုံးတွင် ကျောင်းအုပ်ကြီး၏ ရုံးခန်းတစ်ခုလုံး လူများဖြင့် ပြည့်နှက်သွားသည်။
ဤသူတို့အားလုံးသည် ကျောင်းတွင် အစွမ်းထက်သူများ ဖြစ်ပြီး တစ်ဦးစီသည် ထူးထူးခြားခြား ကျင့်ကြံမှုအဆင့်များ ရှိကြ၏။ ခွန်အား အနည်းဆုံးရှိသူမှာ သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသောကာလ ဖြစ်သည်။
လုရွှမ်သည် ကျောင်းအုပ်ကြီး၏ ထိုင်ခုံပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး ရောက်လာသူများမှာ မျက်လုံးဖြင့် လှည့်ပတ်ကြည့်ကာ သူ့အမူအရာ မပြောင်းလဲသွားပေ။
"ကောင်လေး... မင်းက ဘယ်သူလဲ? ကျောင်းအုပ်ကြီးရဲ့ ပလ္လင်ပေါ်မှာ ထိုင်ဖို့ မင်းဘာကနေ သတ္တိတွေ ရလာတာလဲ?"
ဒုကျောင်းအုပ်ဝမ်က အော်လိုက်သည်။ သူအဲဒီရာထူးကို နှစ်ပေါင်းများစွာ မက်မောခဲ့ပေမယ့် အဲဒီနေရာကိုတော့ မထိုင်ရဲခဲ့ဘူး။
မထင်မှတ်ပဲ ဘယ်ကလာမှန်း မသိတဲ့ ကလေးတစ်ယောက်က အဲဒီပေါ်မှာ ကြီးကြီးကျယ်ကျယ်နဲ့ တက်ထိုင်ရဲနေတယ်တဲ့။ အဲဒါကို မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေ နီရဲလာ၏။
သူသာ တတ်နိုင်ရင် ချက်ချင်း ရှေ့ကို တက်ပြီး လုရွှမ်ကို ကန်ထုတ်ပစ်ကာ သူ့ဘာသာသူ ထိုင်နေလိုက်ချင်သည်။
"မင်းက ထျန်းလုံကျောင်းတော်က ကျောင်းသား တစ်ယောက်ပဲ! အတင့်ရဲလိုက်တာ!! ဒီနေရာက မင်းထိုင်လို့ရတဲ့ နေရာလား?"
"ကောင်လေး မင်းက ထျန်းလုံခေါင်းလောင်းကို တီးတဲ့သူမလား? ကျောင်းအုပ်ကြီးက ဘယ်မှာလဲ?"
လုရွှမ်ထံမှ ဘာသတင်းမှ မရရှိနိုင်မှန်း လူများက လျင်မြန်စွာ သဘောပေါက်သွားကြပြီး အားလုံးက ဖန်းချန်ဆီသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။ ထိတ်လန့် ကြောက်ရွံ့နေသော တန်ခိုးကြီးသူများကြားတွင် ပါမောက္ခ ဖန်းချန်၏ မျက်နှာသည် ဖြူဖျော့နေကာ ချွေးများဖြင့် ပြည့်နေပြီး ကြောက်ရွံ့မှု လွန်ကဲနေကြောင်း ပြသနေပါသည်။
ပြီးတော့ သူ့မျက်လုံးတွေက တစ်ဖက်လုရွှမ်ကို မျက်စောင်းထိုးပြီး ပြဿနာ တက်ပြီဟု တွေးလိုက်မိ၏။
"ဖန်းချန်.... ဒါက ဘာဖြစ်နေတာလဲ?"
"ဒီကျောင်းသားတွေကို ကောင်းကောင်း လေ့ကျင့်ပေးဖို့ မသွားဘဲနဲ့... ဒီမှာ ကျောင်းသားတစ်ယောက်နဲ့ လာရှုပ်နေတာ မဟုတ်မှ မင်းဦးနှောက်များ ပျက်သွားပြီလား?"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူအများက ရယ်မော ပျော်ရွှင်သွားကြသည်။ သူတို့က ဖန်းချန်ကို သိသိသာသာ လှောင်ပြောင်နေ၏။
လုရွှမ် သူ့လက်ဖဝါးထဲက တူလေးကို ကောက်ကိုင်လိုက်သည်။ လုရွှမ်ရဲ့ လက်ဖဝါးကို အာရုံစိုက်နေသူမှာ အားလုံးက ကူကယ်ရာမဲ့စွာဖြင့် လုရွှမ်ရဲ့ နောက်ထပ် လှုပ်ရှားမှုကို ကြည့်နေကြသည်။
ဒေါင်!
လုရွှမ် ရှေးဟောင်းခေါင်းလောင်းကို ထပ်ပြီး ခေါက်လိုက်တော့ အားလုံးလည်း အံ့ဩသွားကြသည်။ ဒီကလေးက ရဲရင့်လွန်းတယ်။ သူတကယ်ပဲ သူတို့ရှေ့မှာ ထျန်းလုံခေါင်းလောင်းကို ထပ်ခေါက်ရဲတယ်ပေါ့လေ။
"အားလုံးပဲ... ကျောင်းအုပ်ကြီး ကိုယ်စား ကျုပ်က ဒီကျောင်းလေးကျောင်း ပြိုင်ပွဲကြီးမှာ ပါဝင်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်!"
လုရွှမ်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး လူတိုင်းကို ဂုဏ်ယူစွာ ကြည့်နေလိုက်သည်။