← Chapters

မိတ်ဆွေဟောင်း

Vol. 44 Ch. 4.177

မိတ်ဆွေဟောင်း

Vol. 44 Ch. 4.177

ဒီစကားတွေ ထွက်လာတာနဲ့ တစ်ပြိုင်တည်း လူတိုင်း အံသြစွာ တိတ်ဆိတ်သွားကြ၏။

ဘာတဲ့?? ကျောင်းအုပ်ကြီး ကိုယ်စား??

ကျောင်းလေးကျောင်း အကြား ပြိုင်ဆိုင်မှုကို လက်ခံကျင်းပပြီးနောက် ၎င်းတို့သည် ကျောင်းအုပ်ကြီး နေရာကို ယာယီ လျစ်လျူရှုထားခဲ့သည်။ သို့သော်လည်း "ကျောင်းအုပ်ကြီး" ဟူသော စကားလုံးသည် လူတိုင်း၏ နှလုံးသားတွင် လေးနက်နေဆဲ။

ကျောင်းအုပ်ကြီး ဆိုတာ ဘာမှ မလှုပ်မယှက်ဘဲ သူတို့ရှေ့မှာပဲ ဒီအတိုင်း ရပ်နေရင်တောင် သူ့ရဲ့ ကြီးမားလှတဲ့ အရှိန်အဝါက ကြောက်စရာ ကောင်းလွန်းလှသည်။ သူမရှေ့မှာ အသေးအမွှား လှုပ်ရှားမှုကိုပင် မည်သူမျှ မလုပ်ဝံ့ကြပေ။

ကျောင်းအုပ်ကြီး၏ ဦးဆောင်မှု အောက်တွင် ၎င်းတို့သည် အတူတကွ ပူးပေါင်း လုပ်ဆောင်ခဲ့ကြပြီး ထျန်းလုံဧကရာဇ် အင်ပါယာ၏ တော်ဝင်မိသားစုကို အချိန် အတိုင်းအတာ တစ်ခုအထိပင် နှိမ်နင်းခဲ့သည်။

အဓိက ကျောင်းတော်ကြီး လေးခုကြား ပြိုင်ဆိုင်မှုတွင် ထျန်းလုံကျောင်းတော်သည် အကြိမ်တိုင်း ပထမအဆင့်၌ ရှိ​နေခဲ့ပြီး တခြားကျောင်းများကို အသက်ရှုရန် နေရာ မရှိတဲ့အထိ ဖိနှိပ်ထားနိုင်သည်။

ထျန်းလုံကျောင်းတော် ဆိုတာ အရမ်းကြောက်စရာ ကောင်းသလို လေးစားစရာလည်း ကောင်းခဲ့သည်။

၎င်းသည် ထျန်းလုံကျောင်းတော်၏ မာနအရှိဆုံး ခေတ်ကာလ ဖြစ်ခဲ့သည်။ သို့သော် ကျောင်းအုပ်ကြီး လျှို့ဝှက် ဆန်းကြယ်စွာ ပျောက်ဆုံးသွားမှု နှင့်အတူ ထျန်းလုံကျောင်းတော်ရဲ့ နေရာကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း ၎င်း၏ ဂုဏ်သိက္ခာဟူသည် မရှိတော့ဘဲ မည်သူ့ကိုမဆို အနိုင်ကျင့်နိုင်သည့် အားနည်းမှုတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် ကျောင်းအုပ်ကြီး ကိုယ်စားဟူသော စကားကို ကြားပြီးနောက် လူတိုင်းသည် ရုတ်တရတ် ရင်ထဲ အေးခဲသွားကာ အပြစ်ရှိသလို ကျောင်းအုပ်ကြီး ရုတ်တရက် ထွက်လာပြီး အပြစ်ပေးမှာကိုလည်း ကြောက်လန့် စိုးရိမ်​​နေကြသည်။

ဖန်းချန် အံသြသွားကာ လုရွှမ်တို့ ကြောင်အစွာဖြင့် စိုက်ကြည့်နေမိသည်။ သူလည်း လုံးဝကို ဇဝေဇဝါ ဖြစ်နေပါ​​ပြီ။ ဒီချင်းလုံအရှင်က ကျောင်းအုပ်ကြီးဆီက စစ်မှန်တဲ့ ဖိတ်ခေါ်မှုကို ခံရသူများ ဖြစ်နိုင်မလား။

ကျောင်းအုပ်ကြီး ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၍ ဘယ်သူကမှ ခဏတာမျှ စကားမပြောရဲဘဲ လျင်မြန်သော အသက်ရှူသံများသာ ထွက်ပေါ်နေသည်။

အချိန်အတော် ကြာပြီးနောက် နောက်ဆုံးတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒါဆို မင်းက ဘယ်သူလဲ?"

"ကျောင်းအုပ်ကြီးရဲ့ မိတ်ဆွေဟောင်း!"

လုရွှမ်က ပြတ်သားစွာ ပြောသည်။

လူတိုင်း အံ့အားသင့်သွားပြန်သည်။ လုရွှမ်အား ကျောင်းအုပ်ကြီး၏ လျှို့ဝှက် ဆန်းကြယ်သော တပည့်ဖြစ်မည်ဟု ထင်ခဲ့ကြသော်လည်း မိတ်ဆွေဟောင်း ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။ အားလုံးက လုရွှမ်ကို ချက်ချင်း သံသယ ဝင်လာကြသည်။

"မင်းက ကျောင်းအုပ်ကြီးရဲ့ မိတ်ဆွေဟောင်းလို့ ပြောတယ်နော်... ဒါဆို အခု ကျောင်းအုပ်ကြီး ဘယ်မှာလဲ"

အားလုံးက လုရွှမ်ကို ပူလောင်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အဖြေကို စောင့်မျှော်နေကြ​​လေသည်။ လုရွှမ်ကတော့ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး

"မသိဘူး... အဲဒီအချိန်တုန်းက လမ်းမှာ တွေ့ခဲ့ကြတာ သူမက ကမ္ဘာကြီး အပြင်ဘက်က ပြိုကျနေတဲ့ကောင်းကင်ဘုံကို ပြေးဝင်သွားတယ်လို့ပဲ ကြားတယ်"

ပြင်ပကမ္ဘာ?​ ပြိုကျနေတဲ့ကောင်းကင်ဘုံ? လူအုပ်ကြီးက တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေပြန်သည်။ အဖြေက သာမန်ပဲ ဖြစ်သည်။

"ဒါဆို မင်းက ကျောင်းအုပ်ကြီး ကိုယ်စား ဒီကိုရောက်နေတယ်ဆိုတာ ဘာသက်​သေရှိလဲ"

"မရှိဘူး လူကြီးလူကောင်းတွေကြားက ကျုပ်တို့ရဲ့ ခင်မင်ရင်းနှီးမှုက ရေလိုပဲ ပေါ့ပါးတယ်... ကျုပ်တို့မှာ ဘာလက္ခဏာမှ မရှိဘူး.... ကျုပ်တို့မှာ ရှိတာက အပြန်အလှန် လေးစားမှုပဲ"

လုရွှမ်ရဲ့ လေသံက ကျယ်လောင်သွားပြီး လူတော်တော် များများက လုရွှမ် ကြွားလုံးထုတ်နေတယ်လို့ပဲ ထေ့ငေါ့ တွေးနေကြတော့သည်။

သူတို့မှာ မရှိတာကို ယုံတာထက် သူတို့မှာရှိတာကို ပိုယုံချင်တဲ့ သူတွေလည်း ရှိပါ၏။ ကျောင်းအုပ်ကြီးက လက်တွေ့ သမားဖြစ်ပြီး ကောလဟာလ ထွက်ပေါ်နေသော တည်ထောင်သူ ကျောင်းအုပ်ကြီးမှ လွဲ၍ ယခင်ကျောင်းအုပ်များကြားတွင် လက်ရှိကျောင်းအုပ်ကြီးမှာ အလွန်ထက်မြက်သောကြောင့် မည်သူကိုမျှ ဝင်ခွင့်မပြုတတ်ချေ။

လုရွှမ်က

"ကျုပ် ကျောင်းအုပ်ကြီးနဲ့ တစ်နှစ်လောက် ခင်မင်ပြီး တစ်ယောက်ကို တစ်ယောက် လေးစား​ကြတယ် ဒါနဲ့ အချိန်ရရင် ထျန်းလုံကျောင်းတော်ကို သွားကြည့်ဖို့ ဖိတ်ခေါ်သွားခဲ့တာ မှတ်မိသေးတယ်....အဲဒါကြောင့် ဒီနားက ဖြတ်သွားရင်း ကျောင်းသား တစ်ယောက်လို ဟန်ဆောင်ပြီး ကျောင်းထဲဝင်လာခဲ့တာ... သူမရဲ့ စကားလုံးတွေထဲက အရမ်းဂုဏ်ယူတဲ့ ထျန်းလုံကျောင်းတော်ကို အနီးကပ် လေ့လာကြည့်ချင်ခဲ့တာ"

"ဒါပေမဲ့ ကံမကောင်းစွာပဲ မြင်မြင်သမျှ ကြားသမျှ အားလုံးက ကျုပ်ကို စိတ်ပျက်စေတယ်... ကျောင်းအုပ်ကြီးသာ ပြန်လာရင် အရမ်း စိတ်ပျက်သွားမှာကိုတောင် ကြောက်ရတယ်"

အဓိက ကျောင်းကြီးလေးကျောင်းက ဤပြိုင်ပွဲကို လက်ခံကျင်းပရန် သဘောတူပြီးနောက် လုရွှမ်သည် ကျောင်းအုပ်ကြီး၏ သူငယ်ချင်း အဖြစ် ဟန်ဆောင်ရန် စိတ်ကူးတစ်ခု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဒီလိုအချိန်တိုလေး အတွင်းမှာ အပြောင်းအလဲတွေ လုပ်ချင်တယ် ဆိုရင်တော့ ကန့်သတ်ချုပ်ချယ်မှုတွေ အားလုံးကို ဖယ်ရှားပြီး ခြေပုန်း ခုတ်တာမျိုးကိုတော့ သည်းခံရပါလိမ့်မည်။

ဘာလုပ်ရမလဲ? အခြေအနေကို အခွင့်ကောင်း ယူရမယ်။ စွမ်းအားအရှိဆုံး အင်အားကို ချေးငှားတာက သဘာဝအတိုင်း သာမန်ပဲ။ ကျောင်းအုပ်ကြီးရဲ့ မိတ်ဆွေအဖြစ် ဟန်ဆောင်တာကလည်း သဘာဝကျကျပါပဲ။

လုရွှမ်ရဲ့ စကားကို ကြားပြီးနောက် လူအချို့ ထိတ်လန့်သွားကာ တချို့မှာ အံ့သြသွားကာ သံသယများဖြင့် ပြည့်နှက်သွားကြသည်။

လုရွှမ်က ဆက်၍

"ဒါကြောင့် ကျုပ် အထူးတလည် ပါမောက္ခဖန်းချန့ကို ဆက်သွယ်ပြီး သူရွေးချယ်ထားတဲ့ ကျောင်းသားတွေကို ကြည့်လိုက်တော့ အရမ်း စိတ်ပျက်သွားမိတယ်... ပိုလို့တောင် စိတ်ပျက်မိတာက ကျောင်းမှာ ကျောင်းသားတွေ အများကြီး ရှိရက်သားနဲ့ အရည်အချင်းရှိတဲ့ ကျောင်းသားတွေ အားလုံးကို ဘာလို့များ ဖုံးကွယ်ထားရတာလဲ ဆိုတာပဲ... ကျောင်းအုပ်ကြီးရဲ့ ဂုဏ်သိက္ခာကို ပျက်ပြား စေချင်လို့လား?"

သူက စားပွဲကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ပြီး လူတိုင်းကို ယုံကြည်မှု အပြည့်နဲ့ စိုက်ကြည့်နေလိုက်သည်။

ဒါက ထူးဆန်းတဲ့ ခံစားချက် တစ်ခုပင်။ အားလုံးက လုရွှမ်ထက် သိသိသာသာ အားကောင်းနေပေမယ့် လုရွှမ် သူတို့ကို အဲဒီလို စိုက်ကြည့်လာတဲ့ အခါမှာတော့ အံ့သြမှုလေးတွေက သူတို့ရင်ထဲမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာခဲ့သည်။

လူတိုင်းက တုန်လှုပ် ခြောက်ခြား​နေပြီး တချို့လူတွေကလည်း အဲဒါကို သူတို့ရဲ့ နှလုံးသားထဲမှာ လျှို့ဝှက်စွာ လက်ခံလိုက်ကြသည်။

ကျောင်းအုပ်ကြီး၏ တစ်သက်တာ ခင်မင်ရင်းနှီးမှု ကြောင့်သာ မဟုတ်ပါက ဤသူသည် ထျန်းလုံကျောင်းတော်သို့ လာ၍ အဆင့်မြင့် ကျင့်ကြံသူများ အားလုံးရှေ့တွင် သူ၏ စွမ်းအားကို မည်သို့ပြသဝံ့မည်နည်း။

"အင်း!"

ဒုကျောင်းအုပ်လီသည် ရုတ်တရက် ချောင်းဟမ့်၍ လူအုပ်ထဲမှ ထွက်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်သားခဲ့သည်။

မတ်တပ် ထရပ်လိုက်သည်နှင့် ဒုကျောင်းအုပ်လီ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေသော လူအများအပြားသည် ၎င်းတို့၏ ကျောရိုးကို တွေ့ရှိသွားပုံဖြင့် ကြည့်လိုက်ကြသည်။

"ဒီကမိတ်ဆွေက ချင်းလုံအရှင် ဟုတ်တယ်ဟုတ်? ကျုပ်က လီထျန်းချုံပါ... ထျန်းလုံကျောင်းတော်ရဲ့ ဒု-ကျောင်းအုပ်... ဟားဟား ကျောင်းအုပ်ကြီးက ကျုပ်တို့အားလုံးရဲ့ နှလုံးသားထဲက အလွန်မြင့်မြတ်တဲ့ တည်ရှိမှုပါပဲ... ချင်းလုံအရှင်က ကျုပ်တို့ ကျောင်းအုပ်ကြီးရဲ့ မိတ်ဆွေဟောင်း ဆိုတော့ ခင်ဗျားကို လေးစားစွာနဲ့ ကြိုဆိုပါတယ်"

တည်ငြိမ်အေးဆေးစွာ စကားပြောပြီးနောက် ကျောင်းအုပ်ကြီး ရုံးခန်းထဲရှိ တင်းမာ​နေသော အငွေ့အသက်များ ပြေလျော့သွားသည်။ လူအများအပြားကလည်း သဘောတူညီပြီး ကြွေးကြော်လိုက်ကြ၏။

"ဟုတ်ပါတယ် ချင်းလုံအရှင်ကို ကြိုဆိုပါတယ်"

တစ်ယောက်ချင်းစီက ရိုးရိုးရှင်းရှင်း နှုတ်ခွန်းဆက် စကားတွေ ပြောကြပြီး သူတို့ကြားက အငွေ့အသက်တွေ တော်တော်လေး သက်သာသွားကြသည်။

"ဒါပေမဲ့ ကျောင်းအုပ်ကြီးရဲ့ ဂုဏ်သတင်းကို လေးစားသူတွေက ကျောင်းအုပ်ကြီး နာမည်နဲ့ ဂုဏ်သိက္ခာကို ပုတ်ခတ်များမျိုး လက်ခံနိုင်မှာ မဟုတ်ဘူး... ချင်းလုံအရှင်က ကျောင်းအုပ်ကြီးရဲ့ မိတ်ဆွေဆိုတော့ သဘာဝကျကျ အဲ့လိုဖြစ်ချင်မှာ မဟုတ်ဘူးမလား?"

လူတော်တော် များများက ခေါင်းညိတ်ပြကြပြီး စကားလုံးတွေက ကြင်နာပေမယ့် စကားလုံးတိုင်းက သဘောတစ်မျိုး ရောပါနေ၏။ လုရွှမ် လုံးဝမကြောက်ဘဲ ရယ်မောလိုက်ပြီး

"ကျောင်းအုပ်လီ....ပြောတာကောင်းတယ်"

ကျောင်းအုပ်လီက ဆက်ပြော​လေသည်။

"ကျောင်းအုပ်ကြီးဆီက သင်္ကေတ အမှတ်အသား မရှိတဲ့အတွက် နည်းနည်းတော့ နှမြောစရာ ကောင်းတယ်... ကျောင်းအုပ်ကြီးက ချင်းလုံအရှင် ကျုပ်တို့ ထျန်းလုံကျောင်းတော်ကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားတာ ဖြစ်နိုင်တယ်...မဟုတ်ရင် အရှင်နဲ့ ကျောင်းအုပ်ကြီးက အပြန်အလှန် လေးစားတယ် ဆိုရင် သင်္ကေတ တစ်ခုခုတော့ ပေးထားမှာပဲလေ ဟုတ်တယ်မလား"

သူက ခေတ္တရပ်လိုက်ပြီး "ကျောင်းအုပ်က ကျုပ်တို့ကို ပံ့ပိုးပေးနိုင်ရင် ကျုပ်တို့အတွက် ဂုဏ်ယူစရာကြီးပါပဲ...ချင်းလုံအရှင်က ကျုပ်တို့ရဲ့ ကျောင်းအုပ်နဲ့ ခင်မင်ရင်းနှီး နိုင်တယ်ဆိုတော့ ကျုပ်တို့ရဲ့ ကျောင်းအုပ်ကြီးက အရမ်းလေးစားသွားလို့ပဲ ​ဖြစ်မယ်"

"ကျောင်းအုပ်ကြီးက ကျင့်ကြံမှု၊ အခင်းအကျင်း ဖွဲ့စည်းမှု၊ အဂ္ဂိရတ်ပညာနဲ့ ဆေးပညာတွေကို တတ်ကျွမ်း နားလည်တဲ့လူပဲ... သူက အရာအားလုံးကို သိပြီး အရာအားလုံးကို ကျွမ်းကျင်တယ် ... ကျုပ်တို့ ထျန်းလုံဧကရာဇ် အင်ပါယာ တစ်ခုလုံးမှာ သူမက နတ်ဘုရားနဲ့တူတဲ့ တည်ရှိမှုတစ်ခုပဲ... ချင်းလုံအရှင် ဒီအချက်တွေကို ကျွမ်းကျင်နေလား မသိဘူး"

အားလုံးက ပြုံးကာ လုရွှမ်ကို ရယ်စရာပုံစံဖြင့် စိုက်ကြည့်နေကြသည်။

ကျောင်းအုပ်ကြီးလို ပညာရှင် တစ်ယောက်သာ ထူးထူးခြားခြား ထူးကဲတဲ့ အရည်အချင်းတွေ ရှိနေတာ။ သူမ မိတ်ဖွဲ့နိုင်တဲ့ လူက ကမ္ဘာမှာ ဘယ်လိုလုပ် ရှိလာနိုင်ပါ့မလဲ?

"အိုး.... ခင်ဗျားက ကျုပ်ကို စမ်းသပ်ချင်တာလား?"

လုရွှမ်က ပြုံးပြီး ပြောလိုက်သည်။

ဒါတွေအားလုံး သူစီစဉ်ထားပြီးသား။ ကျောင်းအုပ်ကြီး၏ ထူးကဲသော အရည်အချင်းများ အကြောင်း ကြားဖူးနားဝ ရှိခဲ့တာကြောင့် သူ့ကို လိမ်ညာနေတာ မဟုတ်မှန်း သိပါသည်။

"မဝံ့ရဲပါဘူး... ကျုပ်တို့က အတည်ပြုချင်တာပါ"

ဒုကျောင်းအုပ်ဝမ်က ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ဒုကျောင်းအုပ်လီနှင့် ဘေးချင်းကပ်ရပ်ကာ ပြောလိုက်သည်။ ဒုကျောင်းအုပ်ဝမ်သည် လူလိမ် ချင်းလုံအရှင်ရဲ့ စစ်မှန်တဲ့ မျက်နှာကို ကျောင်းအုပ်လီ တစ်ယောက်တည်း ထုတ်ဖော်ခွင့် မပြုလိုချေ။

တခြားသူများကလည်း လုရွှမ်၏ အမူအရာကို ကြည့်ကာ လှုပ်ရှားရန် အဆင်သင့် ဖြစ်နေကြသည်။ လုရွှမ်က ထူးခြားသော အရှိန်အဟုန်ဖြင့် ရယ်လိုက်ပြီး

"ဒါဆိုလည်း ကြွပါ!"

All Chapters