← Chapters

လူကို ခြိမ်းခြောက်နေပြီ

Vol. 44 Ch. 4.178

လူကို ခြိမ်းခြောက်နေပြီ

Vol. 44 Ch. 4.178

"ကြွပါ"

ဒုကျောင်းအုပ် နှစ်ယောက်ကလည်း တညီတညွတ်တည်း ပြောလိုက်သည်။

ကျောင်းအုပ်ကြီး စာဖတ်ခန်း အနောက်မှာ အထူးကိုယ်ခံပညာ ခန်းမတစ်ခု ရှိလေသည်။ အကုန်လုံးကို အခင်းအကျင်းနဲ့ ဖုံးလွှမ်းထားတာကြောင့် အထူး သိုင်းပညာများကို ယှဉ်ပြိုင်နိုင်သည်။ အခင်းအကျင်းနှင့် အဂ္ဂိရတ်မီးဖိုရှိလို့ အဂ္ဂိရတ်ပညာကိုလည်း သန့်စင်နိုင်သည်။

ကိုယ်ခံပညာ ပြခန်းသို့ ရောက်သောအခါတွင် လူတိုင်းသည် နှစ်ခြမ်း ကွဲသွားကြသည်။

လုရွှမ် နောက်တွင် ရပ်နေသော လူသုံးယောက်ကို မြင်လိုက်ရတဲ့အခါ တစ်ဖက်က လူတွေဟာ အေးစက်စက် လှောင်ပြောင်ကြ​လေသည်။ ဖန်းချန်ဟာ သူတို့အမြင် အရတော့ သိပ်မိုက်မဲတာတော့ မဟုတ်သေးပါဘူး။

ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာတောင် ကျောင်းလေးကျောင်း အကြား ပြိုင်ဆိုင်မှုကို လက်ခံကျင်းပဖို့ မတ်တပ်ရပ်နေသေးတယ်။ တစ်ဖက်လူက နည်းနည်း ထူးဆန်းနေတာနဲ့ ပါသွားတော့တာပဲ။

လုရွှမ် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ပခုံးတွန့်ကာ ပြုံးလိုက်သည်။

"ဘယ်လို ပြိုင်မှာလဲ? ဘယ်သူက ကျုပ်နဲ့ ပြိုင်မှာလဲ?"

ဒုကျောင်းအုပ်ဝမ်က ဒုကျောင်းအုပ်လီ သူ့အခွင့်အရေးကို ခိုးယူသွားမှာ ကြောက်တာကြောင့် ယခု အခိုက်အတန့်တွင် သူက ရှေ့ထွက်လာသည်။

"ကျုပ်တို့ ကျောင်းအုပ်ကြီးက ကောင်းကင်နဲ့ မြေကြီးကြားမှာ ပြိုင်စံရှား ပညာရှင်တစ်ဦးပဲ... သူမ မျက်စိထဲ ဘောင်ဝင်ဖို့ဆိုရင် အဲဒီလူက အနည်းဆုံး အလုံးစုံ ထူးကဲတဲ့ စွမ်းရည်ရှိရမယ်... ဟုတ်တယ်မလား?"

စကားပြောလို့ အပြီးတွင် သူ၏ အောင်ပွဲခံမျက်လုံးများက လူအုပ်ကို လှည့်ပတ် ကြည့်ရှုလိုက်ကာ နောက်ဆုံးတွင် လုရွှမ်ထံ ရောက်သွားခဲ့သည်။

ဖန်းချန်က တစ်ကိုယ်တည်းသမား ဖြစ်သော်ငြား သူသည် မတုံးသေးပေ။ ယခုအခိုက်အတန့်တွင် သူက ဒုကျောင်းအုပ်တို့ အဖွဲ့က လုရွှမ်ကို ခက်ခဲအောင် လုပ်ချင်နေကြောင်း နားလည်လေ၏။

"ဒုကျောင်းအုပ်ဝမ်... ခင်ဗျား အခုလိုပြောတာ နည်းနည်းတော့ လွန်သလို ဖြစ်မနေဘူးလား? ကျောင်အုပ်ကြီးက အရမ်း ထက်မြက်တယ် ဆိုပေမယ့် သူမမိတ်ဆွေက သူမလိုပဲ ဖြစ်နေရမှာ မလို့လား?"

"ကျုပ် အမြင်အရတော့ ကျောင်းအုပ်ကြီးရဲ့ မျက်လုံးထဲက ကဏ္ဍတစ်ခုမှာ ဝင်နိုင်သရွေ့ ဒါက ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်နေပါပြီ... ဒါ့ထက် လက်ရှိ ချင်းလုံအရှင်က သူတော်စင်တစ်ပိုင်း အဆင့်သုံးမှာပဲ ရှိသေးတော့ တခြားအရာတွေကို လေ့လာဖို့ စွမ်းအင်အများကြီး မရှိပါဘူး မဟုတ်ဘူးလား?"

ဒုကျောင်းအုပ်ဝမ်က ရယ်မောလိုက်ပြီး

"မင်းက သဘောထား ပျော့ပျောင်းတဲ့ လူတစ်ယောက်ဆိုရင် ကျောင်းအုပ်ကြီး မျက်လုံးထဲကို ဘယ်လိုလုပ် ဝင်ရောက်နိုင်ပါ့မလဲ?"

ဖန်းချန်မှာ ချက်ချင်းပင် စကား ပြန်မပြောနိုင် ဖြစ်သွားတော့သည်။

လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"ပြောတာ မှန်တယ်!! ပါရမီရှင်တွေကသာ ထက်မြက်တဲ့ ပါရမီရှင်တွေနဲ့ သူတို့ရဲ့ အကျင့်စရိုက်ကို သိနိုင်တာ... စိတ်ဓာတ် မြင့်မားတယ် ရိုးသားတယ်... စရိုက်ကလည်း ရိုးရိုးသားသားနဲ့ ရိုးရိုးရှင်းရှင်းပဲ... ပါမောက္ခဖန်းချန် ရှင်းပြစရာ မလိုဘူး... စမ်းကြည့်ချင်ရင် လာခဲ့လိုက်ပါ.."

"ဟမ့်!"

ဒုကျောင်းအုပ်ဝမ်က အေးစက်တဲ့ လေးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် လုရွှမ်ကို နှလုံးသားထဲတွင် အနည်းငယ် ကြောက်နေခဲ့ပြီ။ ကျောင်းအုပ်ကြီးနဲ့သာ အမှန်တကယ် သူငယ်ချင်းဖြစ်ခဲ့လျှင် သူသည် သူ့ကို စော်ကားဝံ့မည် မဟုတ်ပေ။

“ဒါဆို စလိုက်ကြရအောင်...ကျင့်ကြံသူ တစ်ယောက် အနေနဲ့ အဓိကအလုပ်က နယ်ပယ်စုံ ကျင့်ကြံဖို့ပဲ.... အဲဒီတုန်းက ကျုပ်တို့ ကျောင်းအုပ်ကြီး သူတော်စင်တစ်ပိုင်း အဆင့်၃ ကာလတုန်းက သူတော်စင်တစ်ပိုင်း အဆင့်ရှစ်ကို အနိုင်ယူနိုင်ခဲ့တယ်....အဆင့်၉ရဲ့ ရိုက်ချကိုလည်း ခဏတာ ခံနိုင်ရည် ရှိခဲ့တယ်”

ဒုကျောင်းအုပ်ဝမ်က သူ့​နောက်ကို တစ်ချက်ကြည့်လိုက်ပြီး

"အကြီးအကဲလျို... ခင်ဗျားရဲ့မြေးက သူတော်စင်တစ်ပိုင်း အဆင့်၉ ရောက်နေပြီမလား? ဘာလို့ ဒီချင်းလုံအရှင်ဆီမှာ အကြံဉာဏ် မတောင်း​ကြည့်တာလဲ?"

ခပ်ပြေပြစ်သော အသွင်အပြင်နှင့် အနည်းငယ်မြင့်သော မျက်ခုံးမွှေးရှိသူ အမျိုးသား တစ်ဦးက ပြုံးပြီး ပြောလာသည်။

"ကျောင်းအုပ်ကြီးတောင် တန်ဖိုးထားရတဲ့ ပါရမီရှင် တစ်ယောက်ဆီက လမ်းညွှန်မှု ရဖို့အတွက် ဒီအခွင့်အရေးကြီးကို ကျုပ်ဘယ်လိုလုပ် လက်လွှတ်နိုင်ပါ့မလဲ?"

လူအနည်းငယ်ကို နှုတ်ဆက်ပြီး မကြာမီ လူငယ်တစ်ဦး ရောက်လာသည်။ သူ့မှာ သရဖူကျောက်စိမ်းလို မျက်နှာမျိုး၊ အရပ်ရှည်ရှည်နဲ့ ခါးမှာ ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားကာ သူတော်စင်တစ်ပိုင်း အဆင့်၈ ပြီးပြည့်စုံမှု ကာလအထိ မြင့်မားတဲ့ လေ့ကျင့်မှု အဆင့်ရှိလေသည်။

သူ့ခြေသံများ နီးကပ်လာသည်နှင့်အမျှ ဓားသွားလို ခြေရာများသည် အခန်းအတွင်း ဆက်လက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

"ရှောင်ဟွာ... ဒီချင်းလုံအရှင်က အရမ်း ထက်မြက်ပြီး သူတော်စင်တစ်ပိုင်း ​ကာလမှာ ရှုံးပွဲမရှိဘူးလို့ ပြောကြတယ်... မင်းသူ့ဆီက သေချာ လေ့လာလိုက်ပါဦး!"

အကြီးအကဲလျိုက ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။

လူငယ်သည် မောက်မာသော အကြည့်ဖြင့် လုရွှမ်ကို ငုံ့ကြည့်ကာ လုရွှမ်ရှေ့တွင် မကျေမနပ်ဖြင့် ရပ်နေ​လေ၏။

"မင်းရဲ့ ကျင့်​ကြံမှု အဆင့်က သူတော်စင်တစ်ပိုင်း တတိယအဆင့်ပဲ... ငါ မင်းကို သုံးကွက် အလျှော့ပေးမှာမို့ မင်းကို လှုပ်ရှားလို့ရပြီ"

လူငယ်က သူ့နာမည်ကို မဆိုဘဲ ပေါ့ပေါ့ဆဆ ပြောလိုက်သည်။

လုရွှမ် အကြီးအကဲလျိုကို ရွှင်မြူးစွာ လှမ်းကြည့်လိုက်သည်။ သူ ဒီလူကြီး တွေးနေတာကို သဘာဝကျကျ သဘောပေါက်သွားသည်။ ဒါက နည်းနည်း သေးငယ်တဲ့ လှည့်ကွက်လေး တစ်ခုပါပဲ။

လျိုဟွာက သူ့ဆီကို ဓားရှည်တစ်ချောင်း ပစ်ပေးလာသည်။ လုရွှမ်လည်း ဓားကို ကိုင်လိုက်ပြီး ပြုံးပြုံးလေးနဲ့

"မင်းကဓားကို သုံးမယ်ပေါ့.. ငါ မင်းရဲ့ဓားရှည် သိုင်းကွက်ကို ငါကြည့်ရမလား?"

ဓားသည် စွမ်းအား မရှိသကဲ့သို့ လှုပ်ရှားရုံလောက်သာ ပြေးလာ၏။ ဘယ်လို ဓားသိုင်းသမားမဆို သူ့ကိုကိုင်ထားရင် လုံလောက်တဲ့ အစွမ်းအစကို ထုတ်သုံးနိုင်မှာ မဟုတ်ဘူး။ ဒီနားမလည်နိုင်တဲ့ ချင်းလုံအရှင်ကို သုံးကွက် လှုပ်ရှားခွင့်ပြုဖို့ သူ့စိတ်ထဲ ရှိထားပြီးသားပင်။

ပေါ့ပါးလွန်းလို့ ထိုရိုးရိုးဓားရဲ့ အစွမ်းအစကို လုံးဝ မခံစားနိုင်ပေမယ့် တခဏအတွင်းမှာပဲ လူသတ်ချင်စိတ်တွေ ပြည့်နှက်လာတာကို ခံစားလိုက်ရတော့ လျိုဟွာ လန့်သွားပြီး လုရွှမ်လက်ထဲက ဓားရှည်ဆီ အလိုလို ကြည့်လိုက်မိသည်။

သူ့အနေနဲ့ နည်းနည်းလေးမှ မမှားနိုင်ဘူး။ ဒီဓားရှည်ကို အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် ၎င်းသည် ဘာအမှားအယွင်းမှ မရှိတဲ့ သာမန်ဓားတစ်လတ်လို့သာ ခံစားရသည်။ ယခုမှာမူ ဓားရှည်သည် ထိတ်လန့် တုန်လှုပ်ဖွယ် လူသတ်ချင်သည့် ရည်ရွယ်ချက်များဖြင့် ပြည့်နေ၏။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

ထိုသို့သော ဓားအရှိန်အဝါဖြင့် လှုပ်ရှားလာပါက အကန့်အသတ်မရှိ သတ်ဖြတ်လိုသော ဆန္ဒကို ထုတ်ပေးနိုင်လောက်ပြီ။ လျိုဟွာ အံ့အားသင့်သွားသည်။ လူသတ်စွမ်းအားက လုရွှမ်ဆီက ထွက်လာတာ မဟုတ်သော်လည်း လုရွှမ်ကိုယ်ပေါ်က ထွက်ရှိလာသည့်အတိုင်း ဖြစ်နေမှန်း သူသေချာပေါက် သိလိုက်သည်။

ဤအခိုက်အတန့်တွင် လုရွှမ်ဆီက သူရှာတွေ့သွားတဲ့ ဓားသိုင်းပညာသည် သူ့နားလည်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွားခဲ့​ပြီ ဖြစ်သည်။

လျိုဟွာ ဆိုတာ ဓားလမ်းစဥ်အပေါ် ဗဟုသုတ ရှိတဲ့ လူငယ်တစ်ယောက်ပင်။

လုရွှမ်၏ မျက်လုံးများထဲတွင် ဆော့ကစားချင်နေသလို အရိပ်အမြွက်များ ရှိ​နေသည်။ ထိုအရွယ်တုန်းက သူသည် ဓားသိုင်း ပညာများကို ကောင်းစွာ နားလည်ထားပြီး ဖြစ်၍ ဓားဆရာကြီးဟုပင် ခေါ်ဆိုခဲ့ကြသည်။

အခုအချိန်မှာတော့ လျိုဟွာဆိုတဲ့ လူငယ်က သူ့အမြင်မှာ အားနည်းပြီး စွမ်းအားမဲ့နေဆဲ ဖြစ်သည်။ လုရွှမ်လက်ထဲက ဓားရှည်က တခြားသူများကို အံ့ဩသွားစေသည်။

လျိုဟွာ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူမှားကြောင်း ရုတ်တရက် သိလိုက်သည်။ ဓားကျင့်စဥ်အပေါ် တစ်ဖက်လူ၏ နားလည်မှုသည် သူ့အား ကျော်လွန်သွားလေပြီ။

သူ့ကို ဒီဓားနဲ့ မဝေဖန်ဘဲ သတ်ပစ်လိုက်ရင်တောင် သူ့မှာ ပြောစရာစကား မရှိတော့ချေ။ ပြီးတော့ သူက ခုခံဖို့ အကောင်းဆုံး အချိန်ကိုတောင် ဖြုန်းတီးပစ်လိုက်နိုင်သည်။

ထိုစဥ် လုရွှမ်ဆီမှ ဓားရောင်ဝါဟာ နီးကပ်လာနေပြီ ဖြစ်ပြီး ၎င်း၏ စွမ်းအားသည် မီတာ ၁၀၀ ရှိသော ဧရာမ လှိုင်းလုံးကြီးများထက် ပိုမိုပြင်းထန်လှသည်။ လျိုဟွာ ရုတ်တရက် ကြောင်အသွား၏။

သူသည် ဓားရှည်ကြီးကို အမြန် ဆွဲထုတ်လိုက်ပြီး သူ့လက်များထဲ ဝိညာဥ်ချီများဖြင့် ခွန်အားဖြည့်ကာ လုရွှမ်လက်ထဲက ပျော့ပျောင်းသော ဓားရှည်ကို အားအင်အပြည့်ဖြင့် ခုတ်ပိုင်းပစ်လေသည်။

ခလွင်း!

လုရွှမ်ဓားက ကျိုးသွားခဲ့သည်။

"ဟာဟား.... ဒီဓားသိုင်းပညာက တကယ်ကို သာမန်ဆန်လွန်းတယ်!"

အကြီးအကဲလျိုက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြီး တိုက်ပွဲရလဒ်အတွက် သူ့မြေးကို အရမ်းဂုဏ်ယူနေခဲ့သည်။ လုရွှမ်က အားနည်းလို့ တိုက်ပွဲတွင် ရန်သူကို အနိုင်ယူမည့် အဆုံးစွန်သော လှုပ်ရှားမှုမျိုး လုပ်လာမည်ဟု သူထင်ခဲ့သော်လည်း ဒီလိုရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဤအချိန်တွင် လုရွှမ်က ဘေးတွင် ရပ်လိုက်ပြီး

"သူကျုပ်ကို သိုင်းကွက်သုံးကွက် အလျှော့ပေးမယ်လို့ ပြောခဲ့တယ်မလား? ဘာလဲ? ကတိဖျက်ချင်လို့လား?"

အကြီးအကဲလျို​၏ မျက်နှာသည် နီရဲလာပြီး ရုတ်တရက် ဘယ်လို တုံ့ပြန်ရမှန်းမသိ ဖြစ်သွားသည်။

"ရှောင်ဟွာ... ပြန်လာခဲ့တော့"

လျိုဟွာက ထိုနေရာတွင်သာ ရပ်နေသေးသည်။ သူ့မျက်နှာသည် ဖြူဖျော့နေပြီး အကြီးအကဲလျိုရဲ့ စကားကို လုံးဝ မကြားလိုက်ရသလိုပင်။ ထိုအခါ အကြီးအကဲလျို၏ မျက်နှာမှာလည်း ပူ​လောင်လာပြီး သူ့အသံကို မြှင့်လိုက်ကာ။

"ရှောင်ဟွာ မင်းနိုင်ပြီလေ...ပြန်လာခဲ့တော့..”

All Chapters