← Chapters

အဂ္ဂိရတ် အောင်ပွဲ

Vol. 44 Ch. 4.180

အဂ္ဂိရတ် အောင်ပွဲ

Vol. 44 Ch. 4.180

စိတ်ဝိညာဉ် သခင်များသည် သဘာဝကျကျ အခင်းအကျင်း ဖွဲ့စည်းမှုဆရာ၊ လက်မှုပညာရှင် သို့မဟုတ် အဂ္ဂိရတ်ပညာရှင်တွေပါ ဖြစ်လာနိုင်ကြောင်း လူတိုင်း နားလည်​လေသည်။

မည်သို့ပင် ဆိုစေကာမူ ၎င်းသည် အလွန်အားကျစရာ ကောင်းသော အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုလည်း ဖြစ်သည်။ လူတော်တော် များများက ဒီချင်းလုံအရှင်က ဘယ်ကဏ္ဍမှာ တတ်မြောက်ထားလဲလို့ တွေးနေကြပြီ ဖြစ်၏။

"ချင်းလုံအရှင်က တကယ်ကို စိတ်ဝိညာဉ်သခင် ဖြစ်နေတာပဲ... ကျွန်မနာမည် ကျိုးလန်ပါ... ကျွန်မ အရှင်နဲ့ အဂ္ဂိရတ်သန့်စင်မှုမှာ ယှဥ်ပြိုင်ချင်ပါတယ်"

ကျိုးလန်သည် ကြည်လင် ပြတ်သားသော အသံဖြင့် ဆိုပြီးနောက် အဂ္ဂိရတ်မီးဖိုကို ထုတ်ကာ တိုက်ခိုက်ရေး စိတ်ဓာတ်အပြည့်ဖြင့် မျက်ခုံးပင့်လိုက်သည်။

အဂ္ဂိရတ်ပညာရှင် အမျိုးသမီးတစ်ဦး အနေဖြင့် သူမသည် ထျန်းလုံကျောင်းတော်တွင် ထူးခြားသော အဆင့်အတန်း တစ်ခုရှိသည်။ ကျိုးလန်ရဲ့ ရာထူးက ဒုကျောင်းအုပ် နှစ်ယောက်လောက် မမြင့်ပေမယ့် နိမ့်လည်းမနိမ့်နေချေ။

သူမရဲ့အမြင်အရ ကျောင်းအုပ်ကြီး ပြန်လာသည်နှင့် ဒုကျောင်းအုပ် နှစ်ဦးထက် သူမက ကျောင်းအုပ်ကြီး ဖြစ်လာရန် အလားအလာ ပိုများ​လေသည်။ ချင်းလုံအရှင်လို ပါရမီရှင်တစ်ဦး ရောက်ရှိလာပြီ ဆိုတော့ ရာထူးကြီး တစ်ခုအတွက် သူမ အရည်အချင်းများကို ပေးအပ်လိုက်ရုံသာ ဖြစ်​တော့သည်။

အဂ္ဂိရတ်ပညာမှာ သူမရဲ့စွမ်းပကားကို ပြနိုင်ရင် လူတိုင်းရဲ့ နှလုံးသားထဲမှာ သူမအဆင့်အတန်းက ပိုမြင့်လာလိမ့်မည်။ ပြိုင်ဘက်ကို အနိုင်ယူပြီး သူမပုံသဏ္ဌာန်ကို မြှင့်တင်ဖို့အတွက် အကြံအစည် တစ်ခုဖြင့် ရဲရင့်စွာ ထရပ်လိုက်သည်။

ဖန်းချန် မကျေမနပ် ဖြစ်သွားသည်။ အခု သူလုရွီမ့ကို ပိုပိုပြီး သဘောကျလာပြီ။ လုရွှမ်က ကျောင်းအုပ်ကြီးရဲ့ သူငယ်ချင်းဟောင်း မဟုတ်ရင်တောင် ပြိုင်ပွဲမှာ ထျန်းလုံအဖွဲ့ကို ဦးဆောင်ဖို့ အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်ရမယ်လို့ သူ့စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးသား။

"အကြီးအကဲကျိုးလန်... ခင်ဗျားရဲ့ အဂ္ဂိရတ်ပညာအဆင့်က ကျုပ်တို့ကျောင်းမှာ ဘယ်သူမှ နောက်လိုက်မမီဘူး... ကျောင်းအုပ်ကြီး လက်အောက်က လူတိုင်း ခင်ဗျားကို လေးစား​ကြတယ်.... ခင်ဗျားအခု သူတော်စင် အဂ္ဂိရတ်ဆရာ ဖြစ်နေပြီလို့ ကြားတယ်.... ခင်ဗျားရဲ့ အဂ္ဂိရတ်အဆင့်ကို ချင်းလုံအရှင်နဲ့ နှိုင်းယှဥ်ကြည့်ရတာ နည်းနည်းတော့ အနိုင်ကျင့်ရာ မကျဘူးလား?"

"ဟုတ်သားပဲ အကြီးအကဲကျိုးလန် ကျုပ်ခင်ဗျားကို နောက်ဆုတ်ဖို့ အကြံပေးချင်တယ်... ဟဲဟဲ ခင်ဗျားအနိုင်ရရင် ဒါက သာမန်ပါပဲ.. ခင်ဗျား ရှုံးသွားရင်တော့ အရမ်းရှက်စရာ ကောင်း​နေလိမ့်မယ်"

အသံများ ထွက်ပေါ်လာ၏။ လူတချို့သည် လုရွှမ်၏ ဝိသေသလက္ခဏာကို တဖြည်းဖြည်း သိလာပြီမလို့ လုရွှမ်ဘက်မှ ရပ်တည်ရန် ရွေးချယ်လာခဲ့သည်။

ကျိုးလန်က အော်ဟစ် ပြောဆို​နေသော အခြားသူများကို လျစ်လျူရှုလိုက်သည်။ သူမသည် လုရွှမ်ကိုသာ စိုက်ကြည့်နေ၏။

"ချင်းလုံအရှင်ရော ဘာပြောချင်လဲ?"

လုရွှမ်သည် သူအတွက် စကားပြောခဲ့သော လူများဆီသို့ လက်ခုပ်တီးကာ ပြုံး​ပြလိုက်ပြီး

"အဂ္ဂိရတ်ပညာမှာ ကျုပ်ဘယ်သူ့ကိုမှ မကြောက်ဖူးဘူး!"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ကျိုးလန် ဝမ်းသာသလို အံ့လည်း အံ့သြသွားသည်။ ဝမ်းသာတာက ဒီချင်းလုံအရှင်က ငယ်ရွယ်သေး၍ မာနကြီးလွန်းသဖြင့် စိတ်တိုလာသော အခါတွင် သူ့စိတ်ကို အလွယ်တကူ ထုတ်လွှတ်ပစ်နိုင်သည်။

သူမ အမြင်မှာတော့ သူမဟာ သူတော်စင် အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်လေသည်။ သူမဟာ ပထမအဆင့်မှာသာ ရှိပေမယ့် 'သူတော်စင်' လို့ ခေါ်ဝေါ်ခြင်း ခံရတာက သာမန်အဂ္ဂိရတ်ပညာရှင်ထက် ကျော်လွန်နေပြီ ဖြစ်ပါလို့ ဒါက အခြေခံ ကွာခြားချက်ပဲ ဖြစ်ပေ၏။

အံ့သြသွားတာက ချင်းလုံအရှင်ဟာ ​​လူနှစ်ယောက်ကို ဆက်တိုက် ရှုံးနိမ့်သွားအောင် လုပ်ခဲ့ပြီးပြီ။ ဒါကိုတောင် အဂ္ဂိရတ်ပညာမှာ ပြိုင်ဦးမယ်ဆိုတော့ သူမဘက်က အစွမ်းကုန် ကြိုးစားပြီး အစွမ်းရှိသမျှ မထိန်းချန်ထားဖို့ ဆုံးဖြတ်လိုက်သည်။

အရင်က ပြောခဲ့သလိုပဲ အောင်ပွဲရရင် ထင်သလောက်ကြီး မခမ်းနားပေမယ့် ရှုံးသွားရင်တော့ ရှက်စရာကောင်းလိမ့်မည်။

"ကောင်းပြီ ချင်းလုံအရှင်က တကယ်ကို သူရဲကောင်း ဆန်ပါတယ်... ဒီလိုဆိုရင် ချင်းလုံအရှင်က ယွမ်ရှန်ဆေးကို သန့်စင်နိုင်သင့်တယ် မဟုတ်လား"

ယွမ်ရှန်ဆေးသည် သူတော်စင်ဆေးဝိုင်းဟု ခေါ်ပြီး သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများအတွက် တန်ဖိုးအရှိဆုံး ဆေးများဖြစ်ပြီး စျေးနှုန်းအားဖြင့် စျေးကွက် မရှိပေ။ ၎င်း၏ အကျိုးဆက်မှာ သူတော်စင်တစ်ပိုင်းကို သူတော်စင်အဖြစ်သို့ တိုးမြှင့်နိုင်ခြေ ၁၀%ကို မြှင့်တင်​ပေးနိုင်သည်။

သူတော်စင်တစ်ပိုင်းမှ အဆင့် တိုးခံရခြင်း၏ ဖြစ်နိုင်ခြေကို သိဖို့အတွက် ၎င်းသည် သူတော်စင်တစ်ပိုက်း ဖြစ်စဥ်အချိန်က ရောယှက်နေသော နိယာမ သဘောတရားများ၏ တစ်ခုချင်းစီအပေါ် နားလည်မှုထားရ ရုံသာမက ရောယှက်နေသော နိယာမစွမ်းအင်များ၏ ပြင်းထန်မှု အဆင့်၌လည်း မူတည်သည်။

ထို့ကြောင့် သူတော်စင်တစ်ပိုင်းမှ သူတော်စင်နယ်ပယ် ဖြစ်ရန် အခွင့်ရှိလျှင်ပင် သူတော်စင် မဖြစ်နိုင်ပေ။ အခွင့်အလမ်းကို ၁၀% တိုးနိုင်တယ်ဆိုတာ အတော်လေးကို မှတ်သားစရာ ကောင်းလှသည်။

ယွမ်ရှန်ဆေး ထွက်ပေါ်လာ ပြီးသည်နှင့် ၎င်းကို မြင့်မားသော စျေးနှုန်းဖြင့် လေလံတင် ရောင်းချကြမှာ မလွဲမသွေပင်။

သူတော်စင် ယွမ်ရှန်ဆေးကို သန့်စင်ပေးနိုင်သော တစ်ဦးတည်းသော အကြီးအကဲမှာ ကျိုလန်ဖြစ်ပြီး ထျန်းလုံကျောင်းတော်၌ နေရာကောင်း ရထားခြင်းမှာလည်း အလွန် အဆင့်အတန်း မြင့်မားသော ယွမ်ရှန်ဆေးကြောင့် ဖြစ်သည်။

အားလုံးက လုရွှမ်ကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။ ကျိုးလန်၏ အဆိုပြုချက်သည် သူမအတွက် အားသာချက် ဖြစ်သော်လည်း လူတိုင်း၏ နှလုံးသားကို ထိမိသွားသည်။

သို့သော် လုရွှမ်က ပခုံးတွန့်လိုက်ပြီး

"ကိစ္စမရှိပါဘူး.... ကြားဖူးတယ်"

"ကောင်းပြီ... ယွမ်ရှန်ဆေးကို သန့်စင်ရအောင် မင်းတို့တွေက ပါဝင်ပစ္စည်း နှစ်စုံကို သွားယူလာခဲ့"

လူတချို့က ပစ္စည်းများကို အလျင်အမြန် ယူဆောင်လာပြီး ကျိုးလန်သည် အချို့ကို ကျွမ်းကျင်စွာ ပြင်ဆင်ကာ သူမ၏စိတ်ကို တည်ငြိမ်စေပြီးတဲ့နောက် စတင်သန့်စင်ခဲ့သည်။

လုရွှမ်ကတော့ အဂ္ဂိရတ်မီးဖိုကို မသုံးတော့ဘဲ လက်ဖဝါးကို ဖြန့်ခင်းကာ ခရမ်းရောင်မီးတောက်များ ထလာခဲ့သည်။ ဆေးပစ္စည်းများကို အမှိုက်သဖွယ် မီးတောက်ထဲသို့ ပစ်ချလိုက်သည်။

လူတိုင်း အံသြသွားကြ၏။ ဒါကလည်း အဂ္ဂိရတ်ပညာပဲလား။

ကျိုးလန်မှာ သူမ အောင်ပွဲရတော့မည်ဟု စိတ်နှလုံးထဲတွင် ယုံကြည်ထားလျက် ထိုမြင်ကွင်းကို ကျယ်လောင်စွာ ရယ်မောပြီး သူမစိတ်ကို အမြန်စုစည်း၍ ယွမ်ရှန်ဆေးကို ဆက်လက် သန့်စင်​နေခဲ့သည်။

လုရွှမ် ထိုလူတွေရဲ့ မျက်လုံးတွေကို ကြည့်ပြီး စိတ်ထဲမှာ ရယ်လိုက်သော်ငြား လူတွေကို လျစ်လျူရှုပြီး သူ့လက်ဖဝါးထဲက ခရမ်းရောင် မီးတောက်တွေက တောက်လျှောက် ထွက်လာခဲ့သည်။

များမကြာမီတွင် အရောင်အမျိုးမျိုး ရှိသော ဆေးဖက်ဝင် ပစ္စည်းများသည် အရည် အဖြစ်သို့ ပြောင်းလဲသွားပြီး အညစ်အကြေး အမျိုးမျိုး ထွက်လာကာ အရည်များသည် အဆီအနှစ် အဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာ၏။

လုရွှမ်နံဘေးမှာ အဂ္ဂိရတ်မီးဖို မရှိပေ။ လုပ်ထုံးလုပ်နည်းတွေ အားလုံးက လူတိုင်းရဲ့ မျက်စိရှေ့မှာ ရှိနေတာမို့ အားလုံးရဲ့ မျက်လုံးတွေက သူ့ဘက်အခြမ်းကို သဘာဝကျကျ လှည့်လာကြသည်။

လုရွှမ်ကို ကြည့်ရတာ လုံးဝကို ကစားနေသလိုပဲ။ အ​စောက အရှိန်ကြောင့် လူတွေမှာ ထိတ်လန့်နေတုန်းပင်။ ဒါပေမဲ့ အရည်တွေက လူတိုင်းရဲ့မျက်စိရှေ့မှာပဲ တဖြည်းဖြည်း ပုံသဏ္ဌာန် ပေါ်လာခဲ့သည်။

ဆေးလုံး၏ အခိုးအငွေ့များသည် တဖြည်းဖြည်း လွင့်ထွက်သွားပြီး လုရွှမ်လည်း သူ့လက်ဖဝါးကို စတင် ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် လူတိုင်းရဲ့ နားထဲမှာ ငှက်အော်သံတစ်သံ ထွက်ပေါ်လာ၏။ ပြီးနောက် တဖြည်းဖြည်းနဲ့ ရာနဲ့ချီတဲ့ ငှက်တွေ ရောက်လာသလို မရေမတွက်နိုင်တဲ့ ငှက်အော်သံတွေက ကောင်းကင်နဲ့ မြေကြီး အတွင်း ပျံ့နှံ့လာခဲ့သည်။

လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီးမှ လုရွှမ် လက်ထဲက အရာဆီ အကြည့်လွှဲလိုက်သည်။ သို့မှသာ လုရွှမ်လက်မှ အသံထွက်လာတာကို တွေ့လိုက်ရသည်။

ငှက်တို့၏ သီဆိုသံ ပျောက်ကွယ်သွားကာ အင်းဆက်များ၏ သီဆိုမှု အဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ဖန် ချိုင့်ဝှမ်းများမှ တဟုန်းဟုန်း စီးကျနေသော ရေသံများ အဖြစ်သို့ပါ ပြောင်းလဲသွား၏။

အသံတွေရဲ့ ပြောင်းလဲသွားမှုနဲ့ အတူ လုရွှမ်လက်ထဲက ဆေးလုံးက တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့သည်။

"ဖွင့်!"

လုရွှမ် ပေါ့ပါးလှတဲ့ အသံနဲ့ တိုးတိုးလေး ဆိုလိုက်သည်။

မီးတောက်အတွင်းရှိ ဆေးလုံးဝိုင်းများကို လုရွှမ်က ပိုးချည်​​ဖြင့် ဆွဲထုတ်နေသကဲ့သို့ အမှန်တကယ်ပင် ဆွဲထုတ်လိုက်ရာ အသံများ ဆက်တိုက် မြည်လာ၏။ လေထဲတွင် မီးပွားလေးများ ထွက်ပေါ်လာကာ ဆေးလုံးများကို အလိုအလျောက် သန့်စင်ပေးနေသလိုပင်။

များမကြာမီပင် လုရွှမ် သူ့လက်ကို ထပ်မံ၍ ဝှေ့ယမ်းလိုက်တဲ့အခါ ဆေးလုံးများ တစ်လုံးပြီး တစ်လုံး ခွဲထွက်သွားပြီး နောက်လုံး ဆေးလုံး ကိုးလုံးအဖြစ် ပြောင်းလဲသွားသည်။ ဆေးလုံးပေါ်က မျဉ်းကြောင်းများနှင့် လိုင်းများသည် ဖြစ်ပေါ်လာသည့်ပုံမှာ လျှို့ဝှက် ဆန်းကြယ်နေသယောင်။

လူတိုင်းသည် ယွမ်ရှန်​ဆေးကို ကြည့်ကာ မူးဝေသွားကြသည်။

ဆေးလုံးများသည် သူ့အလိုလို လှည့်ပတ်ကာ ဆူဆူညံညံ အသံများ ထုတ်လွှတ်နေ၏။ လုရွှမ် မီးတောက်ကို ဖယ်ရှားလိုက်ပြီး ကျောက်စိမ်းပုလင်းထဲသို့ ဆေးလုံး ကိုးလုံးကို ထည့်လိုက်သည်။

အဂ္ဂိရတ်သန့်စင်မှု ပြီးသွား​လေပြီ။

စစ်ဆေးရန် မလိုအပ်တော့ဘဲ အဂ္ဂိရတ်သန့်စင်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို ကြည့်ရှုခဲ့ကြတာကြောင့် ယွမ်ရှန်ဆေး ဖြစ်ရမည်ကို လူတိုင်းသိကြသည်။ အားလုံးက ကျိုးလန်ကို တညီတညွတ်တည်း ကြည့်လိုက်ကြရာ သူမမျက်နှာမှ ချွေးများ စီးကျ​နေတာကိုသာ မြင်လိုက်ရ​လေသည်။

အဂ္ဂိရတ်မီးဖိုမှ အနက်ရောင် အခိုးအငွေ့များ ရုတ်တရက် ထ​ပေါက်လာပြီး အဂ္ဂိရတ်သန့်စင့ခြင်း မအောင်မြင်ခဲ့ပေ။

နှစ်ယောက်သား အဂ္ဂိရတ်ပညာကို တစ်ချိန်တည်းတွင် ယှဥ်ပြိုင်ခဲ့ကြသည်။ လုရွှမ်ဘက်မှ ပေါ့ပေါ့ပါးပါး အမြန်နှုန်းနှင့် သန့်စင်သော နည်းစနစ်များကို ကြည့်ရုံဖြင့် နှစ်ယောက်စလုံးက ဆန့်ကျင်ဘက်တွေ ဖြစ်နေကြောင်း ဆုံးဖြတ်နိုင်သည်။

ကျိုးလန်က အဂ္ဂိရတ်မီးဖိုကို တိတ်တဆိတ် ဖယ်ထုတ်လိုက်ပြီး လုရွှမ်ရှေ့သို့ ရောက်ရှိလာပြီး ဦးညွှတ်လိုက်လေသည်။

"ချင်းလုံအရှင်ရဲ့ အရည်အချင်းက အရမ်းကို ထူးခြားလို့ ကျိုးလန်အနေနဲ့ မယှဉ်နိုင်ပါဘူး... ကျွန်မ လေးစားမိပါတယ် လေးစားပါတယ်"

"သေချာတာပေါ့ ကောင်းကင်အထက်မှာ ကောင်းကင်တစ်ခု ရှိသလို လူတွေအထက်မှာလည်း အရမ်းတော်တဲ့ လူတွေ ရှိတယ်... တကယ်ကို လေးစားမိပါတယ်... ချင်းလုံ​အရှင်လို ပါရမီရှင် တစ်ယောက်ကသာ ကျောင်းအုပ်ကြီးနဲ့ ဆက်သွယ်နိုင်တာ ဖြစ်နိုင်ပါတယ်"

All Chapters