← Chapters

အခန်း (၉၆၉)

Vol. 70 Ch. 969

အခန်း (၉၆၉)

Vol. 70 Ch. 969

“အနာဂတ်မှာ ကျန်းယွမ်အင်မော်တယ်ကမ္ဘာရဲ့ လုယန်တာအိုဂိုဏ်းက ယွင်လန်ဓားအင်မော်တယ်ကို မြို့သခင်အဖြစ် အသိအမှတ်ပြုသွားပါမယ်”

မြို့၏ အကြီးအကဲတစ်ယောက် မဟုတ်ပဲ မြို့သခင် ဟန်မူယဲ့၏နောက်သို့ လိုက်ပါမည်။

အင်မော်တယ်သခင်ကျီယုနှင့် တခြားလူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။

အင်မော်တယ်သခင်ယန်ယွီက နောက်ဆုတ်ရမည့်အချိန်ကို နားလည်သည်။

ဟန်မူယဲ့က မြို့ထဲတွင် အလုံးစုံစွမ်းအားကို ပိုင်ဆိုင်ထားပြီး မြို့စောင့်ဝင်္ကပါကို ထိန်းချုပ်နိုင်လျှင်ပင် ကျင့်ကြံဆင့် လိုအပ်နေသေးသည်။ သူ၏ လက်အောက်ငယ်သားများကလည်း လုံလောက်သောခွန်အားကို မပိုင်ဆိုင်ကြပေ။

သို့သော် အင်မော်တယ်သခင်ယန်ယွီနှင့် တခြားလူများ ပူးပေါင်းလိုက်လျှင် ကွဲပြားသွားလိမ့်မည်။

ဟန်မူယဲ့က အင်မော်တယ်သခင်ခြောက်ယောက်ကို ထိန်းချုပ်ထားနိုင်မည်ဖြစ်သောကြောင့် မြို့သခင်တစ်ယောက်အနေဖြင့် အလွန်အားကောင်းသောပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်။

“ယွင်လန်၊ တာအိုရောင်းရင်းယန်ယွီတို့က ဒီလိုသဘောထားမျိုးရှိနေတယ်ဆိုမှတော့ သူတို့ကို လက်ခံသင့်တယ်”

အင်မော်တယ်သခင်ကျီယုက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“တကယ်လို့ သူတို့ထွက်သွားရင် ဖူယွီအင်မော်တယ်ကမ္ဘာမှာ ရှိနေတဲ့ ကျန်းယွမ်အင်မော်တယ်ကမ္ဘာရဲ့ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေ ခံစားရလိမ့်မယ်”

ထိုစကားကို ဟန်မူယဲ့က ငြင်းပယ်မည်မဟုတ်ပေ။ သူက ခေါင်းညိတ်လိုက်ပြီး ပြုံးသည်။

ထိုသို့ဖြင့် ဟန်မူယဲ့က မြို့သခင်တစ်ယောက် ဖြစ်လာခဲ့သည်။

လူတိုင်းက သူ့ကို အဓိကခန်းဆောင်ဆီသို့ ပို့ဆောင်ပေးလိုက်ပြီး ထိပ်ဆုံးထိုင်ခုံတွင် ထိုင်ခိုင်းကြသည်။ သူတို့က သူ့ကို ဦးညွတ်လိုက်ကြသည်။

တရားဝင်ဆောင်ရွက်ချက်များ ပြီးသွားသောအခါတွင် ဟန်မူယဲ့က ပြောသည်။

“ကျွန်တော်က အတွေ့အကြုံသိပ်မရှိဘူးဆိုတာကို အကြီးအကဲတို့လည်း သိမှာပါ။ ကျွန်တော်က မြို့သခင်ဖြစ်နေတဲ့အကြောင်းကို ဖူယွီအင်မော်တယ်ကမ္ဘာဆီ သတင်းမပို့လိုက်ပါနဲ့”

သူက ဖျော့တော့စွာပြုံးလိုက်ပြီး ခေါင်းခါသည်။

“ကျွန်‌တော်က ဒီရာထူးနဲ့ မထိုက်တန်မှာကို စိုးရိမ်မိတယ်။ ကျွန်တော့်အတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်”

တစ်နည်းပြောရလျှင် သူ့ကို လုပ်ကြံသတ်ဖြတ်လာနိုင်သည်။

လူတိုင်းက အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ကြသည်။

ဟန်မူယဲ့၏ ကျင့်ကြံဆင့်က မလုံလောက်ပေ။ သူက မြို့ထဲတွင် အင်မော်တယ်သခင်များနှင့် ရင်ဆိုင်နိုင်သည်။

သို့သော် သင်္ချိုင်းအင်မော်တယ်မြို့တော်မှ ထွက်သွားလျှင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူကြောင့် ထွက်ပြေးနေရလိမ့်မည်။

“ကောင်ပြီ။ မြို့သခင်ပြောတဲ့အတိုင်းပါပဲ။ ဒီခန်းဆောင်ထဲကနေ ထွက်သွားရင် မြို့သခင်က ယွင်လန်ဓားအင်မော်တယ်အဖြစ် ဆက်ရှိနေပါလိမ့်မယ်”

အင်မော်တယ်သခင်ဟူယွမ်က ကျယ်လောင်စွာရယ်မောလိုက်ပြီး ပြောသည်။

ထို့နောက် အင်မော်တယ်သခင်ကျီယုက ဟန်မူယဲ့ကို ကြည့်သည်။

“မြို့သခင်က မူယန်အင်မော်တယ်ကမ္ဘာနဲ့ စစ်ပွဲစတင်မယ်လို့ ပြောခဲ့တယ်။ အဲဒီကိစ္စက အရေးကြီးတယ် ....”

အင်မော်တယ်ကမ္ဘာနှစ်ခု၏ တိုက်ပွဲသည် အမှန်တကယ်ပင် အရေးကြီးသည်။

ကမ္ဘာနှစ်ခု၏ ကံကြမ္မာနှင့် သက်ဆိုင်နေသည်။

ဟန်မူယဲ့က အင်မော်တယ်သခင်များကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ကျွန်တော်က စစ်ပွဲစတင်ဖို့ အလျင်စလိုဆုံးဖြတ်လိုက်တာမဟုတ်ဘူး”

နတ်ဘုရားကမ္ဘာသည် စစ်တပ်ကို ထပ်မံစုစည်းနေသည်။ သူတို့က အချိန်တစ်ခုကြာသည်အထိ ရောက်လာမည်မဟုတ်သော်လည်း နောက်ဆုံးတွင် ရောက်လာကြလိမ့်မည်။

သင်္ချိုင်းအင်မော်တယ်မြို့၏ လက်ရှိခွန်အားသည် သန်မာသော်လည်း စစ်တပ်များကို လေ့ကျင့်ပေးရန် လိုအပ်နေသည်။

အကယ်၍ သူတို့က ကမ္ဘာစစ်ပွဲတွင် စစ်တပ်များကို လေ့ကျင့်ပေးပြီး တခြားအင်မော်တယ်ကမ္ဘာမှ ကျွမ်းကျင်သူများနှင့် မဟာမိတ်ဖွဲ့နိုင်လျှင် နတ်ဘုရားစစ်တပ် ရောက်လာသောအခါ အနိုင်ရရန် အခွင့်အရေးပိုရှိလိမ့်မည်။

“တခြားအင်မော်တယ်ကမ္ဘာတွေနဲ့ ပူးပေါင်းပြီး နတ်ဘုရားကလန်ကို တိုက်ခိုက်မှာလား”

အင်မော်တယ်သခင်ယွီဟယ်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“တခြားအင်မော်တယ်ကမ္ဘာတွေက သင်္ချိုင်းအင်မော်တယ်မြို့တော် ရှုံးနိမ့်သွားတာကိုပဲ ထိုင်ကြည့်နေလိမ့်မယ် ....”

သူက စကားကို အဆုံးမသတ်နိုင်ပဲ ပြုံးနေသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“မြို့သခင်က မြို့ထဲမှာရှိတဲ့ ကူးသန်းရောင်းဝယ်ရေးနည်းလမ်းကို အသုံးပြုချင်တာလား”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ယခင်က တခြားအင်မော်တယ်ကမ္ဘာများကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် ကွဲပြားသွားသည်။

ကောင်းကင်ပြောင်းလဲခြင်းစံအိမ်က တခြားကမ္ဘာများနှင့် အရောင်းအဝယ်လုပ်နိုင်ပြီး တည်နေရာကို ဖုံးကွယ်ပေးသည်။

ရတနာလိုအပ်‌သောလူတိုင်း အရောင်းအဝယ်လုပ်နိုင်သည်။

ကျွမ်းကျင်သူများသည် ရတနာများကို အမြဲလိုအပ်နေကြသည်။

ကျင့်ကြံခြင်းသည် ကိုယ်ပိုင်တိုးတက်မှုအတွက် ဖြစ်သည်။

ကူးသန်းရောင်းဝယ်မှုကို ကောင်းမွန်စွာ စီမံနိုင်လျှင် နေရာတိုင်းတွင် မဟာမိတ်များ ရှိနေလိမ့်မည်။

“ဟားဟား၊ မြို့သခင်က ဒီနည်းလမ်းကို ကောင်းကောင်းစီမံနိုင်မှာပါ”

အင်မော်တယ်သခင်ယန်ယွီက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

သူ့စကားကြောင့် အစပိုင်းတွင် လူတိုင်းက ကြောင်အသွားပြီး ထို့နောက် ရယ်လိုက်ကြသည်။

ဥပမာအနေဖြင့် ကျန်းယွမ်အင်မော်တယ်ကမ္ဘာမှ လူများသည် ထိုနည်းလမ်းအတိုင်း ဖူယွီအင်မော်တယ်ကမ္ဘာသို့ ရောက်လာကြသည်။

ဟန်မူယဲ့က အလားအလာရှိသော မဟာမိတ်များကို ဆွဲဆောင်ရာတွင် အလွန်တော်သည်။

“အကြီးအကဲယန်ယွီ၊ နတ်ဘုရားကလန်ရဲ့ စစ်တပ်အကြွင်းအကျန်တွေက ကျန်းယွမ်အင်မော်တယ်ကမ္ဘာမှာ ရှိနေတယ်။ ကျွန်တော်တို့က အမဲလိုက်ဖို့ အဖွဲ့ဖွဲ့နိုင်မလား”

ဟန်မူယဲ့က အင်မော်တယ်သခင်ယန်ယွီကို ကြည့်လိုက်သည်။

ကျန်းယွမ်အင်မော်တယ်ကမ္ဘာ ....

ယခင်က အင်မော်တယ်သခင်များ ပူးပေါင်းတိုက်ခိုက်ခဲ့သောကြောင့် နတ်ဘုရားကလန်၏ စစ်တပ်က ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ ယခုအချိန်တွင် သူတို့က ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၌ အခြေချနေသည်။

သို့သော် ကျန်းယွမ်အင်မော်တယ်ကမ္ဘာတွင် အရင်းအမြစ်များ သိပ်မရှိတော့ပေ။ နတ်ဘုရားကလန်က အခက်ကြုံနေရသည်။

အင်မော်တယ်သခင်ယန်ယွီက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။

သူတို့၏ လက်ရှိခွန်အားဖြင့် ကျန်းယွမ်အင်မော်တယ်ကမ္ဘာကို ပြန်လည်သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။

ထို့အပြင် သူတို့၏ကမ္ဘာက ထိခိုက်ထားသောကြောင့် ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်သေးပေ။

နတ်ဘုရားကလန်ကို အမဲလိုက်မည့် ဟန်မူယဲ့၏အဆိုပြုချက်သည် အလွန်သင့်တော်သည်။

သူတို့က လက်စားချေနိုင်ရုံသာမက နတ်ဘုရားစစ်သည်များကို သတ်ဖြတ်ပြီး နတ်စွမ်းအားသလင်းကျောက်ကို စုဆောင်းနိုင်လိမ့်မည်။

ဟန်မူယဲ့က အင်မော်တယ်သခင်ကျီယုနှင့် တခြားလူများကို လှည့်ကြည့်လိုက်ပြီး ပြောသည်။

“အကြီးအကဲတို့၊ ကျွန်တော်က အခုလာမယ့် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ဖို့ စီစဉ်ထားပါတယ်။ ကျေးဇူးပြုပြီး ဒီသတင်းကို ဂိုဏ်းတွေဆီ ပို့ပေးလိုက်ပါ”

ဟန်မူယဲ့က တည်ငြိမ်စွာ ဆက်ပြောသည်။

“ကျွန်တော်က သင်္ချိုင်းအင်မော်တယ်မြို့တော်ရဲ့ တစ်ကြိမ်အရောင်းအဝယ်ပြုလုပ်ခွင့်ကို အဓိကဂိုဏ်းကြီးတွေဆီ ပေးအပ်သွားမယ်။ ပြီးတော့ ကျန်းယွမ်အင်မော်တယ်ကမ္ဘာကို ဖိနှိပ်ဖို့ ရုပ်သေးရုပ်တွေကို စေလွှတ်ပြီး မျိုးဆက်သစ်တွေအားလုံးရဲ့ စစ်မြေပြင် ဖြစ်စေမယ်”

အင်မော်တယ်တက်လှမ်းစင်မြင့်အား ထိန်းချုပ်ခွင့် ....

ဖူယွီအင်မော်တယ်ကမ္ဘာ၏ ဂိုဏ်းများအားလုံးက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပူးပေါင်းထိန်းချုပ်ထားကြသည်။

သို့သော် ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့တွင် တစ်ကြိမ်အရောင်းအဝယ်ပြုလုပ်ရန် ခွင့်ပြုပေးမည်။ ထိုအခွင့်အရေးကို ကျွမ်းကျင်သူများက စိတ်ဝင်စားကြလိမ့်မည်။

ထို့အပြင် ကျန်းယွမ်အင်မော်တယ်ကမ္ဘာသို့ မျိုးဆက်သစ်ပါရမီရှင်များကို စေလွှတ်နိုင်မည်။

အရင်ဆုံး ထိုနေရာတွင် လေ့ကျင့်ပြီး အင်‌မော်တယ်ကမ္ဘာစစ်ပွဲတွင် ပါဝင်နိုင်မည်။

အသက်ရှင်လျက် ပြန်လာနိုင်သော မျိုးဆက်သစ်များသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများ ဖြစ်လာကြလိမ့်မည်။

ထိုအခွင့်အရေးမျိုးကို အလွန်အားကောင်းသော အင်မော်တယ်ကမ္ဘာများတွင်သာ ရနိုင်သည်။

နတ်ဘုရားကလန်ကလည်း သူတို့၏ လက်ရွေးစင်များကို ထိုနည်းလမ်းဖြင့် လေ့ကျင့်ပေးနေကြသည်။

“ကောင်းပြီ။ ငါတို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အကောင်းဆုံး ဆောင်ရွက်လိုက်မယ်”

အင်မော်တယ်သခင်ထိုက်ဟယ်က ခေါင်းညိတ်သည်။

သူက သွေးစစ်ပွဲဂိုဏ်းကို ကိုယ်စားပြုနိုင်သည်။

လက်ရှိအချိန်တွင် လူသားကမ္ဘာ၏ အင်မော်တယ်တက်လှမ်းစင်မြင့်ကို သွေးစစ်ပွဲဂိုဏ်းက ထိန်းချုပ်ထားသည်။

အင်မော်တယ်တက်လှမ်းစင်မြင့်သည် လူသားကမ္ဘာမှ ပါရမီရှင်များကို ခေါ်ထုတ်လာနိုင်သည်။ သို့သော် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ တစ်ကြိမ်ရောင်းဝယ်ခွင့်၊ ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အမဲလိုက်ပွဲနှင့် မယှဉ်နိုင်ပေ။

....

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ကူးသန်းရောင်းဝယ်ရေးခန်း‌ဆောင်တွင် ဖြစ်သည်။

တိတ်ဆိတ်နေသော ဝင်္ကပါက တောက်ပလာသည်။

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ပုံရိပ်များ ပျံသန်းလာကြသည်။

လွန်ခဲ့သောသုံးနှစ်တွင် အင်မော်တယ်ကမ္ဘာက သင်္ချိုင်းအင်မော်တယ်မြို့တော်၏ အခြေအနေကို အမြဲမပြတ် လေ့လာနေခဲ့သည်။

ယွင်လန်ဓားအင်မော်တယ်က တံခါးပိတ်ကျင့်ကြံနေသောကြောင့် အဓိကဖြစ်ရပ်ကြီးများ မရှိခဲ့ပေ။

ထို့ကြောင့် ဝင်္ကပါသည် သုံးနှစ်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး ရတနာများလည်း ရောက်မလာခဲ့ပေ။

အမှန်အတိုင်းပြောရလျှင် သူတို့က ရတနာများကို မလိုတော့ပေ။

လွန်ခဲ့သောသုံးနှစ်တွင် ကျန်းယွမ်အင်မော်တယ်ကမ္ဘာ ယူလာသော ရတနာများက ဖူယွီအင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံခြင်းလောကတစ်ခုလုံးအတွက် လုံလောက်နေသည်။

လွန်ခဲ့သောသုံးနှစ်တွင် ရောက်လာခဲ့သော ရတနာများကလည်း ရင်းနှီးမြှုပ်နှံမှုထက် အဆပေါင်းများစွာ ပိုနေသည်။

ယွင်လန်ဓားအင်မော်တယ်ကို ဂိုဏ်းများအားလုံးက ကြွယ်ဝသောလူတစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။

သို့သော် ဂိုဏ်းအသီးသီး၏လူများက ခန်းဆောင်ထဲတွင်ရှိသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို မကြာခဏ လှမ်းကြည့်လေ့ရှိကြသည်။

သူတို့က ငြိမ်သက်နေသော ဝင်္ကပါနှင့် အသားမကျနိုင်ပေ။

ယခုအချိန်တွင် သိုလှောင်အိတ်များနှင့်အတူ ကျောက်စိမ်းပေလွှာတစ်ခု ရောက်လာခဲ့သည်။

‘တစ်ဖက်မှာ စစ်ပွဲကြီးတစ်ခု ထပ်ဖြစ်နေတာလား’

သက်တံရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က ကျောက်စိမ်းပေလွှာကို ဆုပ်ကိုင်လိုက်သည်။

တခြားလူများက သိုလှောင်အိတ်များကို လျင်မြန်စွာ ဆွဲယူသည်။

သိုလှောင်အိတ်ထဲတွင်ရှိနေသော ရတနာကြောင့် လေထုသည် ခရမ်းရောင်သန်းသွားသည်။

“ခရမ်းရောင်နေမင်းရွှေသံမဏိ၊ ဒါက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းစောင့်ဓားအတွက် အသုံးပြုတဲ့ ပစ္စည်းမဟုတ်လား”

“အံ့ဖွယ်ကျောက်စိမ်းနတ်ဘုရားအရည်၊ ဒါက ကောင်းကင်အလင်းဂိုဏ်း လိုအပ်နေတဲ့အရာမဟုတ်လား”

“သွေးပြာတာအိုကျောက်တုံး၊ အများကြီးပဲ။ သွေးစစ်ပွဲဂိုဏ်းအတွက် ပြင်ဆင်ပေးထားတာလား”

....

မရေမတွက်နိုင်သော ထိတ်လန့်နေသည့်အသံများ ပေါ်ထွက်လာသည်။

ယနေ့ရောက်ရှိလာသော ရတနာများသည် အဓိကဂိုဏ်းကြီးများ နှစ်ပေါင်းများစွာကြာအောင် ရှာဖွေနေခဲ့သော ရတနာများ ဖြစ်ကြသည်။

ထိုပစ္စည်းများကို ဝိညာဉ်ကျောက်တုံးဖြင့် တန်ဖိုးမဖြတ်နိုင်ပေ။

သက်တံရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ကျောက်စိမ်းပေလွှာကို နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။

“ဘုရားရေ”

“အင်မော်တယ်ကမ္ဘာစစ်ပွဲတဲ့”

သူက အံ့အားသင့်နေသောမျက်နှာထားဖြင့် မျက်လုံးပြူးသွားသည်။

သူက ကျောက်စိမ်းပေလွှာကို ဆုပ်ကိုင်ထားပြီး အချက်အလက်များကို မဖော်ပြပဲ လှည့်ထွက်သွားသည်။

“စွန်းယွီကျင်း၊ အဘိုးကြီး။ ကျောက်စိမ်းပေလွှာထဲမှာပါတဲ့ အချက်အလက်တွေကို ပြောပြအုံးလေ”

လူတစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။

နေ့တစ်ဝက်အကြာတွင် ကျောက်စိမ်းပေလွှာ၏ သတင်းအချက်အလက်များ ပျံ့နှံ့လာခဲ့သည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်သည် ရန်စခံရသောကြောင့် အင်မော်တယ်ကမ္ဘာစစ်ပွဲကို ဆင်နွှဲမည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်က မူယန်အင်မော်တယ်ကမ္ဘာကို တိုက်ခိုက်မည်ဖြစ်သည်။

ဖူယွီအင်မော်တယ်ကမ္ဘာက ပထမဆုံးအကြိမ်အဖြစ် စတင်တိုက်ခိုက်ရန် လှုပ်ရှားခဲ့သည်။

သူတို့ အောင်ပွဲရနိုင်ရန်အတွက် သင်္ချိုင်းအင်မော်တယ်မြို့တော်က ကျန်းယွမ်အင်မော်တယ်ကမ္ဘာတွင် ကျန်ရှိနေသော နတ်ဘုရားကလန်သားများကို သတ်ဖြတ်ပြီး တပ်သားများကို လေ့ကျင့်ပေးမည်။

ထိုအခွင့်အရေးမျိုးသည် အလွန်ရှားပါးသည်။

သို့သော် ထိုအရာသည် ပျံ့နှံ့လာသော သတင်းအချက်အလက်သာ ဖြစ်သည်။

ကျောက်စိမ်းပေလွှာ၏ အသေးစိတ်အချက်အလက်များကို တခြားလူများက မသိနိုင်ကြပေ။

ထိုအချိန်၌ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ခန်းဆောင်တွင် အစိမ်းရောင်ဝတ်စုံနှင့် ကျောက်စိမ်းသရဖူကို ဝတ်ဆင်ထားသော ဂိုဏ်းချုပ်က အမြင့်ဆုံးနေရာတွင် ထိုင်နေသည်။

တခြားအင်မော်တယ်သခင်များက ဘေးတွင် ထိုင်နေကြပြီး ဖူယွီအင်မော်တယ်ကမ္ဘာမှ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ခွန်အားကို ဖော်ပြနေသည်။

“ကျီယုက သတင်းပေးလိုက်တယ်”

ဂိုဏ်းချုပ်က လူတိုင်းကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ယွင်လန်က သင်္ချိုင်းအင်မော်တယ်မြို့ရဲ့ မြို့သခင်ဖြစ်သွားပြီ”

“ဒီကိစ္စကို အပြင်လူတွေ သိလို့ရမဘူး”

ထိုစကားကြောင့် လူတိုင်းက ပြုံးလိုက်ကြသည်။

“အဲဒီလူငယ်လေးက တကယ်ကို ကောင်းချီးပေးခံရတာပဲ”

ဓားအလင်းကို ထုတ်လွှတ်နေသော အဝါရောင်ဝတ်စုံနှင့် လူအိုကြီးက တီးတိုးပြောသည်။

ကျင့်ကြံသူများအတွက် တိကျသေချာမှုမရှိပဲ ပုံရိပ်ယောင်ဆန်သော ကံကောင်းခြင်းသည် မကြာခဏဆိုသလိုပင် အခြေအနေတစ်ရပ်လုံးကို လွှမ်းမိုးထားလေ့ရှိသည်။

ဥပမာအနေဖြင့် ယွင်လန်ဓားအင်မော်တယ်သည် နှစ်ပေါင်းနှစ်ဆယ်ပင်မကြာသေးပဲ သင်္ချိုင်းအင်မော်တယ်မြို့၏ မြို့သခင်ဖြစ်သွားသည်အထိ တိုးတက်လာသည်။

သူက ယွင်ထန့်တောရိုင်းမြေတွင် ခြေကုပ်ယူပြီး ယွင်လန်မြို့တော်ကို တည်ထောင်ခဲ့သည်။ သူ၏ ခြေလှမ်းတိုင်းကို တခြားလူများက စိတ်ကူးမကြည့်နိုင်ပေ။

ခါးသီးအင်မော်တယ်နယ်မြေ၏ အရှုပ်အထွေးများကြောင့် သူက အကြီးမားဆုံး အကျိုးအမြတ်ရသူတစ်ဦး ဖြစ်လာခဲ့သည်။

သူက သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် ခက်ခဲနေသင့်သော်လည်း အဆင်ပြေနေခဲ့သည်။

အလွန်အဆင်ပြေနေသည်ဟု ပြောနိုင်သည်။

တခြားလူများက သင်္ချိုင်းအင်မော်တယ်မြို့၏ မြို့သခင်ရာထူးကို စိတ်ကူးမကြည့်နိုင်ကြပေ။

All Chapters