← Chapters

အခန်း (၉၇၂)

Vol. 70 Ch. 972

အခန်း (၉၇၂)

Vol. 70 Ch. 972

လူသားလောကတွင် ထူးခြားသောအတွေ့အကြုံများ ရှိသည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားတွင် ရန်ငြိုးနှင့် ခံစားချက်များ ရှိနေသည်။

ဤလောကသည် ကျင့်ကြံခြင်းသာမဟုတ်ပဲ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းလည်း ရှိသည်။

“လူတွေက အဲဒီလို နေကြတာလား”

ဝိညာဉ်ဓားရွှေအင်မော်တယ်၏ မျက်နှာထားက ပိုမိုရှုပ်ထွေးလာသည်။

သူက သေရည်အိုကိုး မလိုက်ပြီး အနည်းငယ်သောက်သည်။ ထို့နောက် တီးတိုးပြောသည်။

“ဒီသေရည်က နည်းနည်း အရသာရှိလာသလိုပဲ ....”

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး ပြုံးသည်။ ထို့နောက် ပြောသည်။

“အကြီးအကဲ၊ လူသားလောကမှာ ဘဝအတွေ့အကြုံကို ခံစားကြည့်ဖို့ စိတ်ဝင်စားလား”

‘ဘဝအတွေ့အကြုံကို ခံစားကြည့်ရမှာလား’

ဝိညာဉ်ဓားရွှေအင်မော်တယ်က စဉ်းစားကြည့်လိုက်ပြီး လက်ထဲတွင်ရှိသော သေရည်အိုးကို ကြည့်သည်။

“ကောင်းပြီလေ”

သူက တီးတိုးပြောလိုက်ပြီး ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့၏ ကျောပေါ်တွင်ရှိသော ဓားအိမ်ထဲသို့ ရောက်သွားသည်။

“ကောင်လေး၊ ငါက မင်းနဲ့အတူ လူသားကမ္ဘာကို သွားမယ်”

....

အင်မော်တယ်သခင်ကျီယုနှင့် တခြားလူများက သင်္ချိုင်းအင်မော်တယ်မြို့မှ ထွက်သွားမည့် ဟန်မူယဲ့ကို စိတ်ပူနေကြသည်။

သို့သော် ဟန်မူယဲ့၏နောက်တွင်ရှိသော ဝိညာဉ်ဓားကို မြင်လိုက်ရသောအခါတွင် သူတို့၏မျက်နှာထားက ပြောင်းလဲသွားကြသည်။

“မင်းက လူသားလောကမှာ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ချင်တာလား။ ပြီးတော့ ....”

အင်မော်တယ်သခင်ကျီယုက ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြသည်။

ထိုအကြောင်းပြချက်သည် အလွန်စစ်မှန်သည်။

ထိုဝိညာဉ်ဓားမျိုးကို သိမ်းပိုက်ရန်အတွက် လူသားလောကတွင် အတူတူ အတွေ့အကြုံခံစားရမည်။

အင်မော်တယ်သခင်များ၏အမြင်တွင် ဟန်မူယဲ့က ဝိညာဉ်ဓား၏ အသိအမှတ်ပြုခြင်းကို လိုချင်သောကြောင့် သင်္ချိုင်းအင်မော်တယ်မြို့မှ ထွက်သွားမည်။

ထိုအကြောင်းပြချက်သည် အလွန်ရှင်းလင်းသည်။

သူတို့ကပင် ထိုဓားကို ရရှိရန်အတွက် နှစ်ပေါင်းထောင်ချီ၍ အချိန်ပေးနိုင်သည်။

ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့နှင့် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ဝင်္ကပါမှတစ်ဆင့် ပြန်လာခဲ့သည်။ သူထွက်မသွားခင် ကျောက်ချန်ရောက်လာပြီး တူလေးအတွက်ဟုပြော၍ သိုလှောင်အိတ်တစ်လုံးကို အတင်းထိုးပေးခဲ့သည်။

ဟန်မူယဲ့က တစ်ချက်ကြည့်လိုက်သည်။ သိုလှောင်အိတ်ထဲတွင်ရှိသော ရတနာများသည် နတ်စွမ်းအားသလင်းကျောက် တစ်သောင်းတန်သည်။

ကျောက်ချန်က သင်္ချိုင်းအင်မော်တယ်မြို့၏ စီးပွားရေးကို တာဝန်ယူထားသော်လည်း ဟန်မူယဲ့က အဓိကလူ ဖြစ်သည်။ သူ့မှာ နတ်စွမ်းအားသလင်းကျောက်များ သိပ်မရှိပေ။

ထိုနတ်စွမ်းအားသလင်းကျောက် တစ်သောင်းသည် သူ၏ အသွေးအသားကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

သို့သော် နတ်စွမ်းအားသလင်းကျောက်တစ်သောင်းကို မရေမတွက်နိုင်သော ကောင်းကင်အင်မော်တယ်များက စိတ်ကူးမယဉ်နိုင်ကြပေ။

နတ်စွမ်းအားသလင်းကျောက် တစ်ရာဆိုလျှင်ပင် လက်ရွေးစင်တပည့်များက အသက်စွန့်ကြလိမ့်မည်။

ဟန်မူယဲ့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသို့ တိတ်ဆိတ်စွာ ပြန်ရောက်လာသည်။ သူပြန်ရောက်လာသောအကြောင်းကို တခြားလူများ မသိကြပေ။

သို့သော် သူက ဂိုဏ်းချုပ်နှင့် သွားတွေ့ရမည်။ အင်မော်တယ်သခင်ကျီယုက သူ့ကို မှာကြားခဲ့သည်။

သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင် နေထိုင်ခဲ့သော်လည်း ဂိုဏ်းချုပ်၏ခန်းဆောင်ဆီသို့ မရောက်ဖူးပေ။

သူက ဂိုဏ်သားအချို့ကို မေးလိုက်ပြီး ကွမ်ယွမ်ခန်းဆောင်သို့ ရောက်လာခဲ့သည်။

ခန်းဆောင်၏ရှေ့တွင်‌ ပေတစ်သောင်းကျယ်ဝန်းသော ရင်ပြင်တစ်ခု ရှိသည်။

ရင်ပြင်၏ အစိမ်းရောင်ကျောက်တိုင်များဘေးတွင် ဓားကျင့်ကြံသူများ ထိုင်နေကြသည်။

ထိုကျောက်တိုင်များသည် ဓားဂိုဏ်း၏ အမွေအနှစ်ဆက်ခံခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။

ထိုကျောက်တိုင်များပေါ်တွင် အကြီးအကဲများ ချန်ထားခဲ့သော ဓားအမှတ်အသားများ ရှိနေသည်။ မျိုးဆက်သစ်တပည့်များက ဓားအမှတ်အသားကို လေ့လာပြီး ဓားတာအိုကို သုံးသပ်ကြသည်။

ဟန်မူယဲ့က ကျောက်တိုင်များ၏ရှေ့တွင် မရပ်ပဲ ခန်းဆောင်ဆီသို့ ဆက်သွားခဲ့သည်။

ခန်းဆောင်၏ရှေ့တွင် တာဝန်ကျနေသော ဓားဂိုဏ်း၏တပည့်က ရှေ့တက်လာပြီး ဦးညွတ်တော့မည့်အချိန်တွင် တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်လုံးပြူးနေသည်။ သူက လျင်မြန်စွာ လမ်းဖယ်ပေးလိုက်သည်။

ဟန်မူယဲ့က ခန်းဆောင်ထဲသို့ ဝင်သွားပြီး လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေသော အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။

“ဟန်မူယဲ့က ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

“ယွင်လန်ဓားအင်မော်တယ်၊ ပြိုင်ဘက်ကင်းဟန်၊ ဟန်မူယဲ့”

လူအိုကြီးက ဖြည်းဖြည်းချင်း ဟန်မူယဲ့ကိုလှည့်ကြည့်ပြီး ခပ်ဟဟရယ်သည်။

“ဆရာတူညီလေး၊ မတွေ့ရတာ ကြာပြီပဲ”

“ဘုန်း”

မိုးကြိုးတစ်စင်း ပစ်ချလာသကဲ့သို့ ခန်းဆောင်တစ်ခုလုံးက ပြောင်းလဲသွားသည်။

အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့ရှေ့တွင် ရွှေရောင်စာအုပ်၊ ခေါင်းလောင်း၊ စုတ်တံနှင့် တခြားပစ္စည်းများတင်ထားသော စားပွဲခုံလေးတစ်လုံး ရှိနေသည်။

“ငါက တာအိုကို သင်ပြ‌ပေးတဲ့နေရာမှာ ခွဲခြားမှုမရှိဘူး”

“ငါ့တပည့်တွေက အင်မော်တယ်သခင် ဖြစ်တော့မယ် ....”

ပုံရိပ်ထဲတွင် လူအိုကြီးက စကားပြောလိုက်ပြီး ပါ့ရှားသားရဲတစ်ကောင် ပေါ်ထွက်လာသည်။

လွန်ခဲ့သော နှစ်ပေါင်းငါးသန်းတွင် အင်မော်တယ်ဘုရင် တာအိုဟောပြောခဲ့သောအချိန် ဖြစ်သည်။

ဟန်မူယဲ့က ပါ့ရှားအနေဖြင့် ထိုဟောပြောပွဲတွင် ပါဝင်ခဲ့သည်။

ဂိုဏ်းချုပ်ကလည်း ထိုနေရာတွင် ရှိနေခဲ့သည်။

“ထိုင်ဖုံကိုဖြတ်တောက်ဖို့ မင်းသုံးလိုက်တဲ့ဓားက သတ်ဖြတ်ခြင်းဆန္ဒ၊ အင်မော်တယ်အလင်းနဲ့ ပြည့်နှက်နေတယ်။ အဲဒါကြောင့် လူတိုင်းက မင်းကို အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိတစ်ဦးလို့ ထင်သွားကြတယ်။ မင်းက ပျက်စီးခြင်းတောရိုင်းကနေ ရောက်လာတယ်လို့ တွေးကြတယ်”

ဂိုဏ်းချုပ်က သက်ပြင်းချလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ဆရာက မင်းကို အမွေဆက်ခံသူအနေနဲ့ ရွေးလိုက်တာ အံ့အားသင့်စရာမရှိတော့ဘူး။ မင်းရဲ့ ကံကောင်းခြင်းက စိတ်ကူးမယဉ်နိုင်အောင်ပဲ”

“ငါက ကျန်းကွမ်ယွမ်ပါ။ မင်းက ငါ့ကို ဆရာတူအစ်ကိုကွမ်ယွမ်လို့ ခေါ်နိုင်တယ်”

ဂိုဏ်းချုပ်က သူ၏ ဆရာတူအစ်ကိုဖြစ်ကြောင်း ဝန်ခံလာလိမ့်မည်ဟု ဟန်မူယဲ့က ထင်မထားခဲ့ပေ။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က အင်မော်တယ်ဘုရင်၏လက်အောက်တွင် တာအိုကို နားထောင်ခဲ့ကြောင်း သိခဲ့ရသောအချိန်တွင် သူက တုံ့ဆိုင်းနေခဲ့သည်။

အကယ်၍ သူ၏ အထောက်အထား ပေါ်သွားမည်ဆိုလျှင် လိုက်လံသတ်ဖြတ်ခံရလိမ့်မည်။

သူက အင်မော်တယ်သခင်တစ်ပါးကိုပင် မခုခံနိုင်ခဲ့ပေ။

“ငါက မင်းရဲ့အခွင့်အရေးကို လုယူမယ်လို့ ထင်နေတာလား”

ဟန်မူယဲ့၏ ရှုပ်ထွေးနေသောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဂိုဏ်းချုပ် ကျန်းကွမ်ယွမ်က ခပ်ဟဟရယ်သည်။

“မင်းက အင်မော်တယ်သခင်အဆင့်ကို ရောက်သွားရင် အင်မော်တယ်ဘုရင်အဆင့်ကိုရောက်ဖို့ အခွင့်အရေးနဲ့တင်မရဘူးဆိုတာကို သိလာလိမ့်မယ်”

ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက လူသားလောကကို သွားချင်တာလား”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ဖုံးကွယ်နေရန် မလိုပေ။

ယခုအချိန်တွင် သူက ဤကမ္ဘာကို လွှမ်းမိုးနိုင်ရန် အရည်အချင်းရှိသည်။

သူက လူသားလောကမှ ရောက်လာကြောင်း တခြားလူများ သိသွားလျှင်ပင် မည်သည့်အရာမှ တတ်နိုင်မည်မဟုတ်ပေ။

သူက အလုပ်မရှုပ်ချင်သောကြောင့် ကိုယ်ပိုင်အထောက်အထားကို ဖုံးကွယ်ထားခဲ့သည်။

“အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်နဲ့ပတ်သတ်ပြီး စိုးရိမ်မနေပါနဲ့။ ငါတို့က အများကြီး ဝန်လေးနေစရာမလိုဘူး”

ကျန်းကွမ်ယွမ်က ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ ပတ်ဝန်းကျင်က တွန့်လိမ်နေပြီး ယခင်ခန်းဆောင်သို့ ပြန်ရောက်သွားသည်။

“ဆရာတူအစ်ကိုကြီးပြောတာ မှန်ပါတယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“လူသားလောကကို သွားလို့ရပါတယ်။ ဒါပေမဲ့ ပါရမီရှင်စုဝေးပွဲကို မမေ့လိုက်နဲ့”

ကျန်းကွမ်ယွမ်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။

“အဲဒါက ရွှေတောင်ထွတ်ဝင်ခွင့်နဲ့ ပတ်သတ်နေတယ်”

ထိပ်တန်းအဆင့် ပြိုင်ပွဲဝင်များသည် ရွှေတောင်ထွတ်မှတစ်ဆင့် နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်ခွင့်ရလိမ့်မည်။

ပြိုင်ပွဲဝင်များ၏ နောက်ကွယ်တွင်ရှိနေသော ကမ္ဘာနှင့် ဂိုဏ်းများကလည်း အကျိုးအမြတ် ရလိမ့်မည်။

ထိုအခွင့်အရေးသည် အင်မော်တယ်ဘုရင်အဆင့်နှင့် ပတ်သတ်နေသည်ဟု ပြောကြသည်။

သင်္ချိုင်းအင်မော်တယ်မြို့တွင် အင်မော်တယ်သခင်ကျီယုက ထိုအကြောင်းကို ပြောပြခဲ့သည်။

အင်မော်တယ်သခင်ကျီယုကလည်း ပါရမီရှင်စုဝေးပွဲကို လွတ်မသွားရန် ပြောခဲ့သည်။

ဟန်မူယဲ့က ထိုကိစ္စကို ငြင်းပယ်မည်မဟုတ်ပေ။ သူက ကမ္ဘာများ၏ပြိုင်ပွဲကို ကြည့်ချင်သည်။

“နတ်ဘုရားလောကကို ဝင်ရောက်ဖို့ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်မှာ ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ အစစ်အမှန်လက်ရွေးစင်တွေ စုစည်းနေကြတယ်”

“မင်းက နတ်ဘုရားခန်းဆောင်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တာကြောင့် ‌အင်မော်တယ်ကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေကို သိလာလိမ့်မယ်”

ကျန်းကွမ်ယွမ်က ညင်သာစွာပြောသည်။

အဆုံးတွင် ဟန်မူယဲ့၏ ကျင့်ကြံခြင်းနှင့် အဆင့်အတန်းက မလုံလောက်သေးပေ။ သူက ဖူယွီအင်မော်တယ်ကမ္ဘာတွင် နေရာတစ်ခု ရထားသော်လည်း အစစ်အမှန်အထက်တန်းလွှာအတွင်းသို့ မဝင်ရောက်နိုင်သေးပေ။

သူက အင်မော်တယ်သခင်တစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားရမည်။

သို့သော် သူက ကျန်းကွမ်ယွမ်ပြောသည့် အကြောင်းအရာကို နားလည်သည်။

နတ်ဘုရားများကို သတ်ဖြတ်မည်။

ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ အမွေအနှစ်ကြောင့်သာ မဟုတ်ပေ။

နတ်ဘုရားကလန်သည် အင်မော်တယ်ကမ္ဘာကို ကျွန်ပြုပြီး ဖိနှိပ်ရခြင်းကို နှစ်သက်သည်။

လူတိုင်းက ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကံကြမ္မာကို မြင်ခဲ့ကြသည်။

ထို့အပြင် ကျန်းယွမ်အင်မော်တယ်ကမ္ဘာသည် နတ်ဘုရားလောက၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ‌သော ပထမဆုံးအင်မော်တယ်ကမ္ဘာ မဟုတ်ပေ။

နောက်ဆုံးတစ်ခုလည်း ဖြစ်လာမည်မဟုတ်ပေ။

အင်မော်တယ်ကမ္ဘာ၏ အထွတ်အထိပ်သို့ရောက်နေသော အင်မော်တယ်သခင်များသည် နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်ပြီး အင်မော်တယ်ဘုရင် ဖြစ်လာချင်ကြသည်။ ထိုအရာသည် သူတို့၏ လမ်းကြောင်းမှန် ဖြစ်သည်။

သူတို့က နတ်ဘုရားကလန်၏ကျွန်များ ဖြစ်လာမည်မဟုတ်ပေ။

ဟန်မူယဲ့က ခန်း‌ဆောင်ထဲတွင် အချိန်ကြာမြင့်စွာမနေပဲ ထွက်သွားခဲ့သည်။

သူက ခန်းဆောင်ထဲမှ ထွက်လာသောအခါ ကျောက်တိုင်တစ်ခု၏ဘေးတွင် ပျော်ရွှင်နေကြသော ဓားကျင့်ကြံသူများကို ကြည့်လိုက်သည်။

သူတို့က တစ်ခုခုရခဲ့ပုံပေါ်သည်။

ကျောက်တိုင်များကြားတွင် လမ်းလျှောက်သွားနေသော ဟန်မူယဲ့က ရုတ်တရက် ရပ်လိုက်သည်။

သူက ကျောက်တိုင်တစ်ခု၏ဘေးတွင် ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် ဓားအင်မော်တယ်ကို ကြည့်သည်။

ထိုဓားအင်မော်တယ်က တစ်ခုခုကို အာရုံခံမိပုံပေါ်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“မင်းပဲ”

အနက်ရောင်ဝတ်စုံနှင့် ဓားအင်မော်တယ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ ထို့နောက် သူက ပြုံးသည်။

“မင်းက အင်မော်တယ်ကမ္ဘာကို ရောက်လာပြီလား”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လေးစားစွာပြောသည်။

“မျိုးဆက်သစ်ဟန်မူယဲ့က အကြီးအကဲရှင်းဟယ်ကို အရိုအသေပေးပါတယ်”

စုရှင်းဟယ် ....

ဓားစံအိမ်၏ ကျောက်နံရံတွင် ဓားအမှတ်အသားများ ချန်ထားခဲ့သော ဂိုဏ်းချုပ်ဟောင်း စုရှင်းဟယ် ဖြစ်သည်။ ဟန်မူယဲ့က နှစ်သုံးသိန်းကို ဖြတ်ကျော်၍ သူနှင့် တိုက်ခိုက်ခဲ့သည်။

စုရှင်းဟယ်က အတိတ်ကိုသတိရနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ငါက လွန်ခဲ့တဲ့နှစ်သုံးထောင်မှာ မင်းနဲ့တိုက်ခိုက်ခဲ့တာ မှတ်မိသေးတယ်”

အင်မော်တယ်ကမ္ဘာ၏ နှစ်သုံးထောင်သည် လူသားလောက၏ နှစ်သုံးသိန်း ဖြစ်သည်။

သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

“မင်းက အင်မော်တယ်ကမ္ဘာကို ရောက်လာပြီဆိုတော့ အခွင့်အရေးယူပြီး ကောင်းကောင်းကျင့်ကြံသင့်တယ်။ ကောင်းကင်အင်မော်တယ်အဆင့်ကို အမြန်ဆုံး တက်လှမ်းသင့်တယ်”

သူ့အမြင်တွင် ဟန်မူယဲ့၏ ကျင့်ကြံဆင့်က အနည်းငယ် မတည်မငြိမ်ဖြစ်နေသည်။

သူ၏ စိတ်အတွေးများကြောင့် ဖြစ်သည်။

သူ့စိတ်ထဲတွင် နတ်ဆိုးတစ်ကောင် သောင်းကျန်းနေပုံရသည်။

သို့သော် စိတ်အတွေးနတ်ဆိုးများ ရှိနေလျှင်လည်း အရေးမကြီးပေ။ သူ့နှလုံးသားထဲတွင် ဓားတစ်လက်ရှိသည်။ သူက နတ်ဆိုးတိုင်းကို သတ်ဖြတ်နိုင်သည်။

“တာအိုရောင်းရင်းတို့ ဒါက လူသားကမ္ဘာကနေ ရောက်လာတဲ့ မျိုးဆက်သစ်တစ်ယောက်ပဲ။ သူက ဖူယွီအင်မော်တယ်ကမ္ဘာကို ရောက်နေလိမ့်မယ်လို့ ထင်မထားဘူး ....”

စုရှင်းဟယ်က ပြုံးလိုက်ပြီး ဘေးတွင်ရှိသောလူများကို ကြည့်သည်။

ဟန်မူယဲ့က စုရှင်းဟယ်၏ ဂိုဏ်းတူတပည့်တစ်ယောက်ဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင် သူတို့က ပြုံးလိုက်ပြီး နှုတ်ဆက်ကြသည်။ တချို့က လက်ဆောင်များ ထုတ်ပေးသည်။

ဝိညာဉ်ကျောက်တုံး ထောင်ချီတန်သော ထိုပစ္စည်းများသည် အင်မော်တယ်ကမ္ဘာသို့ ရောက်လာသော ကျင့်ကြံသူတစ်ယောက်အတွက် တန်ဖိုးရှိသည်။

စုရှင်းဟယ်က ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ပစ္စည်းများ လက်ခံစေသည်။

All Chapters