အခန်း (၉၇၃)
Vol. 70 Ch. 973
“မင်းက ဘယ်ခန်းဆောင်မှာလဲ”
“စမ်းသပ်ပွဲမှာ အဆင့်ဘယ်နှခု ဖြတ်ကျော်ခဲ့လဲ”
စုရှင်းဟယ်က အကြီးအကဲတစ်ယောက်အနေဖြင့် ဟန်မူယဲ့ကို အလွန်ဂရုစိုက်ပေးနေသည်။
ဟန်မူယဲ့က ဓားစံအိမ်၏ ဂိုဏ်းသားတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဖူယွီအင်မော်တယ်ကမ္ဘာတွင် သူ့ကို ဂရုစိုက်ပေးရမည်။
စုရှင်းဟယ်က လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ် ဖြစ်သည်။ သူက ဤနေရာတွင် ဓားအမှတ်အသားများကို သုံးသပ်မနေလျှင် ကမ္ဘာနှစ်ခုစစ်ပွဲအတွက် လေ့ကျင့်နေလိမ့်မည်။
“ပြီးလော့ ယွင်ထန့်တောရိုင်းမြေမှာ ယွင်လန်မြို့က ဖွံ့ဖြိုးတိုးတက်နေတယ်။ ယွင်လန်ဓားအင်မော်တယ်၊ ပြိုင်ဘက်ကင်းဟန်က ငါတို့ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ မင်းက အတွေ့အကြုံရချင်ရင် ယွင်လန်မြို့ကို သွားသင့်တယ်”
စုရှင်းဟယ်က သူ့ကို ပြောလိုက်သည်။
ဟန်မူယဲ့က စကားပြောတော့မည့်အချိန်တွင် မျက်နှာထားပြောင်းလဲသွားသည်။
“ဝီ”
လေထုထဲတွင် ပေါက်ကွဲသံကို ကြားရသည်။
ဓားအလင်းတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲပြီး ရင်ပြင်ပေါ်သို့ ဆင်းသက်လာသည်။
တောက်ပနေသော ဓားအလင်းကြောင့် လူတိုင်း၏မျက်နှာထားက ပြောင်းလဲသွားသည်။
“မြန်မြန်ထွက်သွားတော့။ အဲဒါက ကျန်းထျန်းခန်းဆောင်သခင်ရဲ့ ဓားပဲ”
စုရှင်းဟယ်က ထိတ်လန့်စွာပြောလိုက်ပြီး ဟန်မူယဲ့ကို ဆွဲခေါ်ရန် ကြိုးစားသည်။
သို့သော် ဟန်မူယဲ့က မလှုပ်ရှားပဲ ညင်သာစွာ ခေါင်းခါလိုက်သည်။
“အကြီးအကဲ၊ အဲဒီဓားက ကျွန်တော့်ဆီကို လာနေတာပါ”
စုရှင်းဟယ်က ကြောင်အသွားသည်။
သူ့ရှေ့တွင် ဟန်မူယဲ့က လက်မြှောက်ပြီး နောက်ကျောတွင်ရှိသောဓားကို ထုတ်ယူသည်။
“အကြီးအကဲ၊ နောက်တစ်ကြိမ်ပြန်တွေ့ရင် ကျင့်ကြံဆင့်ဖိနှိပ်မထားဖို့ ကျွန်တော်ပြောခဲ့ပါတယ်”
“လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်က မလုံလောက်ဘူး”
အသံတစ်သံ ပေါ်ထွက်လာပြီး ဓားအလင်းသည် ကျဆင်းလာခဲ့သည်။
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားသည် အစိမ်းရောင် အလင်းစီးကြောင်းတစ်ခုကို ထုတ်ဖော်ပြီး ကျဆင်းလာသောဓားနှင့် ရင်ဆိုင်သည်။
“ခလွမ်”
ဓားရှည်များ ထိတွေ့သွားပြီး လီယွင်ကန်း၏ဓားက လွင့်စင်သွားသည်။
ဟန်မူယဲ့က လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိသည်။ သူ၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာက ရွှေအင်မော်တယ်အဆင့်သို့ ရောက်နေသည်။ ဓားနည်းစနစ်များကို အသုံးပြုလိုက်လျှင် ရုပ်သေးရုပ်၏အကူအညီမလိုပဲ လီယွင်ကန်းနှင့် ယှဉ်ပြိုင်နိုင်သည်။ ထို့ကြောင့် ကျင့်ကြံဆင့်ဖိနှိပ်ထားသော လီယွင်ကန်းက သူနှင့် မယှဉ်နိုင်ခဲ့ပေ။
ဟန်မူယဲ့က လီယွင်ကန်း၏ဓားကို လွင့်ထွက်သွားစေပြီး ဓားဖြင့် ထိုးသွင်းလိုက်သည်။
သောင်းချီသောဓားအလင်းများ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသည်။
လေထုထဲတွင် ပုံရိပ်တစ်ခုက အကြိမ်ရေအနည်းငယ်ခန့် တုန်ခါသွားပြီး လက်ကိုဝှေ့ယမ်း၍ ဓားအလင်းများကို ဖျက်ဆီးသည်။
သူက ရွှေအင်မော်တယ်အဆင့် စွမ်းအားကို အသုံးပြုခဲ့သည်။
လီယွင်ကန်းက ရင်ပြင်ပေါ်သို့ရောက်လာပြီး ဟန်မူယဲ့ကို ထူးဆန်းစွာကြည့်သည်။
“ကောင်လေး၊ မင်းက တကယ်ကို မကောင်းဆိုးဝါးပဲ”
ဘေးတွင်ရပ်နေသော စုရှင်းဟယ်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
စုရှင်းဟယ်၏နောက်တွင်ရှိသော တခြားလူများက ကြောင်အနေကြသည်။
‘ဒါက တကယ်ပဲ စုရှင်းဟယ်ရဲ့ ဂိုဏ်းတူညီလေးလား’
‘ခန်းဆောင်သခင်လီယွင်ကန်းကတောင် သူနဲ့ တိုက်ခိုက်ချင်နေတယ်’
‘ပြီးတော့ ခန်းဆောင်သခင်က ရှုံးနိမ့်သွားသလိုပဲ’
“အကြီးအကဲ၊ တခြားနေရာသွားပြီး ပြောကြတာပေါ့”
ဟန်မူယဲ့က ခေါင်းခါသည်။ သူက ပတ်ဝန်းကျင်တွင်ရှိသော အကြည့်များကို ခံစားရသောကြောင့် လှုပ်ရှားလိုက်ပြီး ပျံသန်းသွားသည်။
လီယွင်ကန်းနှင့် စုရှင်းဟယ်က နောက်မှ လိုက်လာသည်။
“ဒါ .... သူက စုရှင်းဟယ်ရဲ့ ဂိုဏ်းတူညီလေး မဟုတ်ဘူးလား”
လက်ဆောင်ပေးခဲ့သော ဓားကျင့်ကြံသူတစ်ယောက်က နားမလည်နိုင်ဖြစ်နေသည်။
“ဟုတ်တယ်။ ဒါပေမဲ့ စုရှင်းဟယ်ရဲ့ ဂိုဏ်းတူညီလေးက ဘယ်လိုလုပ်ပြီး ခန်းဆောင်သခင်ရဲ့ ဓားချက်ကို ခုခံနိုင်ရတာလဲ။ ပြီးတော့ ခန်းဆောင်သခင်က အရေးနိမ့်သွားသလိုပဲ”
လူတစ်ယောက်က မယုံကြည်နိုင်စွာ ခေါင်းခါသည်။
ထူးခြားသောအရာများသည် အချိန်တိုင်း ဖြစ်ပေါ်နေပုံရသည်။
ဟန်မူယဲ့တို့က တပည့်များရောင်းဝယ်နိုင်သည့် ဈေးကွက်သို့ ရောက်လာပြီး စားသောက်ဆိုင်တွင် သေရည်နှင့် ဟင်းပွဲများကို မှာယူလိုက်ကြသည်။
“အဲဒီတော့ မင်းက ယွင်လန်ဓားအင်မော်တယ်ပေါ့”
စုရှင်းဟယ်က မနေနိုင်တော့ပဲ အံ့အားသင့်သွားသည်။ သူ၏ ဂိုဏ်းတူညီလေးက ထိုသို့ လွှမ်းမိုးနိုင်စွမ်းရှိသော လူတစ်ယောက် ဖြစ်နေသည်။
“မင်းက သူ့ကို သာမန်တပည့်တစ်ယောက်လိုမျိုး ထင်နေတာလား”
လီယွင်ကန်းက ရယ်လိုက်သည်။
ဟန်မူယဲ့က မည်သည့်အရာကိုမှ ဖုံးကွယ်မထားပဲ အင်မော်တယ်ကမ္ဘာသို့ ရောက်လာပြီး တောရိုင်းမြေတွင် ယွင်လန်မြို့ကို တည်ဆောက်ခဲ့ကြောင်း ပြောပြလိုက်သည်။
ထိုအခြေအနေမျိုးတွင် ကျန်းထျန်းခန်းဆောင်သခင်ဖြစ်သော လီယွင်ကန်းကပင် မနေနိုင်တော့ပဲ အံ့အားသင့်သွားရသည်။ သူက ဟန်မူယဲ့၏ ထူးခြားသောကံကောင်းခြင်းကို အသိအမှတ်ပြုလိုက်ရသည်။
ဤလောကတွင် လျင်မြန်စွာတိုးတက်လာနိုင်သောလူများ အမှန်တကယ်ပင် ရှိနေကြသည်။
ယွင်လန်မြို့နှင့် သင်္ချိုင်းအင်မော်တယ်မြို့၏ ပါရမီအကောင်းဆုံး ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်ကို ဖူယွီအင်မော်တယ်ကမ္ဘာ၏ အနာဂတ်အင်မော်တယ်သခင်ဟု သိကြသည်။
ဓားဂိုဏ်းက ထိုတပည့်မျိုးကို ရထားသောကြောင့် အဓိကဂိုဏ်းကြီးများက အားကျနေကြသည်။
ယွင်လန်ဓားအင်မော်တယ်က တစ်ယောက်တည်းခွန်အားဖြင့် ဖူယွီအင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို မြှင့်တင်ပေးခဲ့သည်။
ဓားကျင့်ကြံသူများ၏ အပေါ်တွင်ရှိသော လူများ၏အမြင်ကိုလည်း ပြောင်းလဲသွားစေသည်။
ဓားကျင့်ကြံသူများက ဆင်းရဲကြသည်။
သို့သော် ပြိုင်ဘက်ကင်းဟန်ကဲ့သို့ ဓားအင်မော်တယ်မျိုးလည်း ရှိနေသည်။
“မင်းက အခု လူသားလောကကို ပြန်သွားမလို့လား”
ဟန်မူယဲ့က လူသားလောကသို့ ပြန်သွားမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင် စုရှင်းဟယ်က ကြောင်အသွားသည်။
သူက လူသားလောကကို မတွေးမိတော့ပေ။
သူက ကောင်းကင်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါးမှ ရောက်လာခဲ့သည်။
သို့သော် အင်မော်တယ်အသွင်ပြောင်းရေကန်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သောကြောင့် လူသားလောကကို မလွမ်းဆွတ်တော့ပေ။
သို့သော် ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါ နှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
“လူသားလောကကို ပြန်သွားမှာလား”
လီယွင်ကန်း၏မျက်နှာထားက ပြောင်းလဲသွားပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဘယ်တော့သွားမှာလဲ။ ငါလည်း လိုက်ချင်တယ်”
သူက ဟန်မူယဲ့၏နောက်ခံကို သိချင်သည်။
ဤသို့ ထူးခြားသောလူမျိုးကို မည်သည့်ကမ္ဘာက ပျိုးထောင်ပေးခဲ့သနည်း။
လီယွင်ကန်းက လူသားလောကသို့ လိုက်သွားချင်သည်ဟု ပြောလိုက်သောအခါတွင် စုရှင်းဟယ်၏နှလုံးသားက လှုပ်ရှားသွားသည်။
သူ၏ အခွင့်အရေးသည် လူသားလောကတွင် ရှိနေနိုင်သည်။
“ကောင်းတယ်။ ငါလည်း အခု ဘာမှလုပ်စရာမရှိဘူး။ မင်းနဲ့အတူ လိုက်ခဲ့မယ်”
စုရှင်းဟယ်က ပြောသည်။
“အင်မော်တယ်ရင်းမြစ်ကမ္ဘာ .... ဓားဂိုဏ်းက ငါ့ကို မှတ်မိသေးလားမသိဘူး”
စုရှင်းဟယ်က ရယ်လိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။
ဟန်မူယဲ့က လူသားလောကသို့ လိုက်ချင်သော ဧည့်သည်နှစ်ယောက်ကို မငြင်းခဲ့ပေ။
သူက သူတို့နှစ်ယောက်နှင့် ထွက်ခွာမည့်ရက်ကို သတ်မှတ်ပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ ထွက်လာခဲ့သည်။
သူက ယွင်လန်မြို့သို့ သွားမည်ဖြစ်သည်။
ယွင်လန်မြို့သည် ဖူယွီအင်မော်တယ်ကမ္ဘာတွင်ရှိသော သူ၏ အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည်။
ယခုအချိန်တွင် သူက သင်္ချိုင်းအင်မော်တယ်မြို့ကို ထိန်းချုပ်ထားသော်လည်း ယွင်လန်မြို့ကို စွန့်ပစ်မည်မဟုတ်ပေ။
ယွင်လန်မြို့သည် မရေမတွက်နိုင်သော အဆင့်နိမ့်ကျင့်ကြံသူများ၏ အိပ်မက် ဖြစ်သည်။
ဟန်မူယဲ့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများမှတစ်ဆင့် ယွင်လန်မြို့သို့ ရောက်လာခဲ့သည်။
ယွင်လန်မြို့က အလွန်ပြောင်းလဲသွားခဲ့သည်။
ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများနှင့် အင်မော်တယ်သခင်တစ်ပါး ရှိနေသောကြောင့် ယွင်လန်မြို့သည် တောရိုင်းမြေတွင် အကြီးဆုံးမြို့ ဖြစ်လာခဲ့သည်။
သန်းချီနေသော ကျင့်ကြံသူများသည် နေရာတိုင်းတွင် စုဝေးနေကြပြီး မိုင်သိန်းချီပတ်ဝန်းကျင်သည် အင်မော်တယ်အလင်းများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ထက်မှ ကြည့်လိုက်လျှင် မြို့တစ်မြို့လုံးသည် ကြယ်အလွှာများနှင့် ဖွဲ့စည်းထားပုံရသည်။
“မြို့သခင်”
ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ဇောင်ပိုင်ချွမ်က စိတ်ဓာတ်ကျစွာ သက်ပြင်းချသည်။
“မြို့သခင်နဲ့အတူ သင်္ချိုင်းအင်မော်တယ်မြို့ကို လိုက်သွားခဲ့ရမှာ”
ကျောက်ချန်သည် မြို့သခင်နှင့်အတူ သင်္ချိုင်းအင်မော်တယ်မြို့သို့ လိုက်သွားပြီး လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ယခုအချိန်တွင် ကျောက်ချန်၏ဂုဏ်သတင်းက တောရိုင်းမြေ၌ မထင်ရှားသော်လည်း ဖူယွီအင်မော်တယ်ကမ္ဘာ၏ ထိပ်တန်းအဆင့်ခေါင်းဆောင်များက ကျောက်ချန်ကို အလွန်တန်ဖိုးထားကြသည်။
ကျောက်ချန်က အရင်းအမြစ်များကို ထိန်းချုပ်ထားပြီး သူ၏ စားကြွင်းစားကျန်များဖြင့် အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းကို ဗိုက်ဝအောင် ကျွေးနိုင်သည်။
ကျောက်ချန်နှင့် ယှဉ်လိုက်လျှင် ဇောင်ပိုင်ချွမ်က နောက်တွင် ကျန်ရစ်ခဲ့သည်။
“အားလုံး အတူတူပါပဲ”
ဟန်မူယဲ့က ဇောင်ပိုင်ချွမ်၏ပခုံးကို ပုတ်ပေးလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ငါက ယွင်လန်မြို့ကို မင်းဆီမှာ အပ်ထားခဲ့တာပါ”
ဇောင်ပိုင်ချွမ်က ခါးမတ်လိုက်ပြီး ခေါင်းညိတ်သည်။ သူ့မျက်နှာထားက စိတ်လှုပ်ရှားနေပုံရသည်။
ဟန်မူယဲ့၏ အတည်ပြုပေးလိုက်သော စာကြောင်းသည် သူ့စိတ်ထဲအထိ ရောက်သွားသည်။
တခြားလူများက သူ့ကို မည်သို့ပင် ထင်မြင်ကြပါစေ အရေးမပါပေ။
သူ့ရှေ့တွင်ရှိသောလူက သူ့ကို ယုံကြည်နေလျှင် လုံလောက်သည်။
ဇောင်ပိုင်ချွမ်က ဟန်မူယဲ့ကို မြို့ထဲသို့ ခေါ်သွားလိုက်ပြီး တည်ဆောက်ပုံများကို ရှင်းပြနေသည်။
မြို့ထဲတွင်ရှိသော ဈေးကွက်များ၏နေရာသည် အလွန်ကျယ်ဝန်းလာသည်။
မြို့အပြင်ဘက်တွင် ခါးသီးအင်မော်တယ်နယ်မြေ၏ မိစ္ဆာသားရဲများနှင့် ဆက်သွယ်သောပုံစံသည်လည်း ပြောင်းလဲသွားသည်။
ကျူးလုံကုန်သွယ်ရေးအဖွဲ့သည် စာချုပ်အင်းကွက်ကို အသုံးပြုပြီး အရောင်းအဝယ်ပြုလုပ်နေသည်။
ယခုအချိန်တွင် မိစ္ဆာသားရဲများက စာချုပ်အင်းကွက်ကို လက်ခံလိုစိတ်ရှိလျှင် ကောင်းမွန်စွာ ဆက်ဆံခံရလိမ့်မည်။ သူတို့က လူသားများကို စောင့်နေရန်သာ လိုအပ်သည်။
တောရိုင်းထဲတွင် မိစ္ဆာသားရဲများနှင့် ကြုံတွေ့လာသောအခါတွင်လည်း သတ်ဖြတ်ရန် မကြိုးစားတော့ပဲ စာချုပ်ချုပ်ရန် ကြိုးစားလာကြသည်။
လူတစ်ယောက်သည် မိစ္ဆာသားရဲသုံးကောင်နှင့် စာချုပ်ချုပ်ထားပြီး တောရိုင်းမြေတွင် လှည့်ပတ်သွားလာနေသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာသည်ဟု ပြောကြသည်။
ထိုနည်းလမ်းကြောင့် အင်အားစုအသစ်တစ်ခု ပေါ်ထွက်လာလိမ့်မည်ဟု တချို့လူများက ခန့်မှန်းနေကြသည်။
ယွင်လန်မြို့နှင့် နက်ရှိုင်းစွာဆက်သွယ်ထားသော ကောင်းကင်အလင်းဂိုဏ်းသည် သားရဲထိန်းချုပ်သူ ကျင့်ကြံခြင်းနည်းစနစ်ကို ဖန်တီးခဲ့သည်။
ဟန်မူယဲ့ရောက်လာသောအခါတွင် ယွင်လန်မြို့ကို စောင့်ကြပ်ပေးနေသော အင်မော်တယ်သခင်က သူ့ကို လာတွေ့ခဲ့သည်။
ယုထန်ဟု အမည်ရသော ထိုအင်မော်တယ်သခင်သည် စိတ်သဘောထားနူးညံ့သည်။
သူက သင်္ချိုင်းအင်မော်တယ်မြို့တွင်ရှိသော အင်မော်တယ်သခင်ယန်ယွီတို့နှင့် မတူပေ။ သူက ဤနေရာတွင် ကြားခံလူတစ်ယောက်အဖြစ် နေထိုင်ပြီး ကျန်းယွမ်အင်မော်တယ်ကမ္ဘာမှ ကျင့်ကြံသူများကို ဂရုစိုက်ပေးသည်။
ယွင်လန်မြို့တွင် အင်မော်တယ်သခင်တစ်ယောက်၊ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ သုံးယောက်နှင့် ရွှေအင်မော်တယ် ၁၂ယောက် ရှိကြသည်။
ထိုခွန်အားသည် အဓိကဂိုဏ်းများထက် အနည်းငယ်သာ နိမ့်ကျသည်။
သူတို့က တောရိုင်းမြေကို လွယ်ကူစွာ လွှမ်းမိုးထားနိုင်သည်။
ယွင်လန်မြို့သည် ယွင်ထန့်တောရိုင်းမြေ၏ အစစ်အမှန်အုပ်ချုပ်သူ ဖြစ်လာခဲ့သည်။
“မြို့သခင်၊ ရွှေမီးတောက်မိစ္ဆာဘုရင်က မြို့သခင်ကိုတွေ့ဖို့ ရောက်လာပါတယ်”
ဇောင်ပိုင်ချွမ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“မြို့သခင်က ခါးသီးအင်မော်တယ်နယ်မြေကို ထိန်းချုပ်ဖို့ ဆန္ဒရှိလား”
ခါးသီးအင်မော်တယ်နယ်မြေ ....
ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲသွားသည်။
ခါးသီးအင်မော်တယ်နယ်မြေသည် မိစ္ဆာမျိုးနွယ်များ၏ ပိုင်နက်ဖြစ်သည်။
ရွှေမီးတောက်က ပြန်လည်မွေးဖွားလာသော ဖီးနစ်ငှက်ဖြစ်သော်လည်း ယခုအချိန်တွင် ခါးသီးအင်မော်တယ်နယ်မြေတစ်ခုလုံးကို မလွှမ်းမိုးနိုင်သေးပေ။
သို့သော် အကယ်၍ ဟန်မူယဲ့က လှုပ်ရှားချင်လျှင် အခြေအနေပြောင်းလဲသွားလိမ့်မည်။
“ကောင်းပြီ။ ငါက သူ့ကို သွားတွေ့လိုက်မယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ခါးသီးအင်မော်တယ်နယ်မြေသည် ဒေသနှစ်ခုကို ပိုင်ဆိုင်ထားပြီး အရင်းအမြစ်ကြွယ်ဝသည်။
အကယ်၍ ခါးသီးအင်မော်တယ်နယ်မြေကို ထိန်းချုပ်နိုင်လျှင် ဖူယွီအင်မော်တယ်ကမ္ဘာတွင် ပိုမိုအခြေခိုင်လာလိမ့်မည်။
ဓားဂိုဏ်းနှင့် ဆက်လက်ပူးပေါင်းလျှင်ဖြစ်စေ ကိုယ်ပိုင်လမ်းကို ရှာဖွေလျှင်ဖြစ်စေ ခါးသီးအင်မော်တယ်နယ်မြေသည် အထောက်အကူဖြစ်လိမ့်မည်။
ဟန်မူယဲ့က လူတိုင်းကို ပြန်လွှတ်လိုက်ပြီး ဖူယွီအင်မော်တယ်ကမ္ဘာမှ ထွက်သွားမည့်အကြောင်းကို ပြောခဲ့သည်။
ဇောင်ပိုင်ချွမ်၏အမြင်တွင် ထိုအပြုအမူက ပုံမှန်ပင်ဖြစ်သည်။
ဟန်မူယဲ့၏ ကျင့်ကြံဆင့်နှင့် ခွန်အားအရ တစ်နေရာတည်းတွင် နေထိုင်မည်မဟုတ်ပေ။
သူက နေရာအနှံ့သို့ သွားရောက်၍ ဓားဆန္ဒကို ကျင့်ကြံလိမ့်မည်။