အခန်း (၉၇၄)
Vol. 70 Ch. 974
ဟန်မူယဲ့က စာရင်းစာအုပ်များကို ကြည့်လိုက်ပြီး ဇောင်ပိုင်ချွမ်နှင့်အတူ ယွင်လန်မြို့၏ တိုးတက်မှုအစီအစဉ်ကို ဆွေးနွေးခဲ့သည်။
ဟန်မူယဲ့၏ အစီအစဉ်အရ ရွှေမီးတောက်က ပူးပေါင်းရန် အမှန်တကယ် ဆန္ဒရှိလျှင် သူတို့က အပြည့်အဝ ထောက်ပံ့ပေးမည်။
သို့သော် ခါးသီးအင်မော်တယ်နယ်မြေကို စုစည်းရန် အခက်အခဲများနှင့် ရင်ဆိုင်ရဦးမည်။
ကံကောင်းစွာဖြင့် သူတို့က အလျင်မလိုပေ။ ထိုဖြစ်ရပ်ကို နှစ်ပေါင်းထောင်ချီ၍ အချိန်ယူပြီး ဖြေရှင်းနိုင်သည်။
ဟန်မူယဲ့က ထွက်မသွားခင် ယွင်လန်မြို့အတွက် နတ်စွမ်းအားသလင်းကျောက် တစ်သိန်း ချန်ထားခဲ့သည်။
ထိုသလင်းကျောက်တစ်သိန်းနှင့် မြို့၏ ခုခံကာကွယ်မှုကို ကြောက်စရာကောင်းသောအဆင့်အထိ မြှင့်တင်နိုင်မည်။
ထို့နောက် သူက သိုလှောင်ရုံထဲမှ ဝိညာဉ်ကျောက်တုံးနှင့် အရင်းအမြစ်များကို ယူသွားခဲ့သည်။
သူက အင်မော်တယ်ဝိညာဉ်ကျောက်တုံးများကို တန်ဖိုးမထားသော်လည်း လူသားလောကတွင် အလွန်အသုံးဝင်သည်။
ဇောင်ပိုင်ချွမ်၏စကားအရ စုပုံနေသော အရင်းအမြစ်များနှင့်ပတ်သတ်၍ စိုးရိမ်နေသည်။
သိုလှောင်ရုံထဲတွင် ပစ္စည်းများ အလွန်များပြားနေသည်။
ဟန်မူယဲ့က သန်းချီနေသော အင်မော်တယ်ဝိညာဉ်ကျောက်တုံးများအပြင် အမျိုးမျိုးသော ရှားပါးသတ္တုနှင့် ဆေးလုံးများကိုလည်း ယူသွားခဲ့သည်။
ဟန်မူယဲ့က ပြိုင်ဘက်မရှိပဲ ဖူယွီအင်မော်တယ်ကမ္ဘာတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည်။
သူက ယွင်လန်မြို့တွင် ဆယ်ရက်ခန့်နေပြီး ခါးသီးအင်မော်တယ်နယ်မြေသို့ ထွက်သွားခဲ့သည်။
သူက ခါးသီးအင်မော်တယ်နယ်မြေကို ပြန်မြင်လိုက်ရသောအခါတွင် အနည်းငယ် အမြင်ကောင်းရှိလာသည်။
မိစ္ဆာဘုရင်ရှန်းထျန်း၏ မိစ္ဆာစစ်တပ်ကြောင့် စစ်ပွဲအရိပ်အယောင်များ ရှိနေဆဲဖြစ်သော်လည်း မျိုးနွယ်စုများကြားတွင် တိုက်ပွဲများ လျော့နည်းသွားခဲ့သည်။
စာချုပ်အင်းကွက်၏ သက်ရောက်မှုကြောင့်လည်း ဖြစ်နိုင်သည်။ ခါးသီးအင်မော်တယ်နယ်မြေသို့ လူသားများ ပိုမိုဝင်ရောက်လာကြသော်လည်း သတ်ဖြတ်မှုများ သိပ်မရှိတော့ပေ။
ဟန်မူယဲ့က ရွှေမီးတောက်၊ ကျင်းဟော်ကို ပြန်မြင်လိုက်ရသောအခါတွင် လှပသော လူငယ်လေးတစ်ယောက် ဖြစ်နေသည်။
သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီ နောက်ကျောတွင် ဓားတစ်လက်သယ်ထားသောကြောင့် ဓားကျင့်ကြံသူတစ်ယောက်နှင့် တူနေသည်။
“မွေးစားအဖေ၊ ကျွန်တော်က ခါးသီးအင်မော်တယ်နယ်မြေကို မွေးစားအဖေဆီ အပ်နှံဖို့ ဇောင်ပိုင်ချွမ်ကို ပြောပြီးသွားပါပြီ”
လူငယ်လေးကျင်းဟော်က တိုက်ရိုက်ပြောလိုက်သည်။
သူက ရွှေအင်မော်တယ်အဆင့်တွင် ရောက်နေသည်ဟု ထင်ရသော်လည်း အားနည်းနေပြီး တိုက်ခိုက်နိုင်စွမ်းကို အပြည့်အဝ မထုတ်လွှတ်နိုင်ပေ။
သူ၏ ခွန်အားနှင့်ဆိုလျှင် ခါးသီးအင်မော်တယ်နယ်မြေကို လွှမ်းမိုးရန် မဖြစ်နိုင်သေးပေ။
“အလျင်မလိုပါဘူး”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး သေတ္တာလေးတစ်လုံးကို ထုတ်ပေးသည်။
ရွှေမီးတောက်က သေတ္တာကို လက်ခံလိုက်ပြီး အံ့အားသင့်သွားသည်။
အထဲတွင် နတ်စွမ်းအားသလင်းကျောက်တစ်သိန်း ရှိနေသည်။
ထိုနတ်စွမ်းအားသလင်းကျောက်များနှင့် သူ၏ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်လုပ်နိုင်သည့်အပြင် သိသိသာသာ တိုးတက်လာလိမ့်မည်။
ထို့အပြင် အားကောင်းသော လက်အောက်ငယ်သားများကိုလည်း စုစည်းနိုင်မည်။
ဟန်မူယဲ့က ရွှေမီးတောက်ကို အင်အားစုတစ်ခု တည်ထောင်ရန် ညွှန်ကြားလိုက်ပြီး အလျင်စလိုပေါ်ထွက်မလာရန် ပြောခဲ့သည်။
လူသားမျိုးနွယ်၏ အင်အားစုများက လျင်မြန်စွာစုစည်းသွားသော ခါးသီးအင်မော်တယ်နယ်မြေကို မြင်ချင်ကြမည်မဟုတ်ပေ။
ဟန်မူယဲ့က တွေးကြည့်လိုက်ပြီး မီးတောက်တစ်ခုကို ထုတ်ယူသည်။
ဓာတ်စင်ငါးပါးမီးပြင်းဖို၏ အံ့ဖွယ်ကောင်းကင်နတ်ဘုရားမီးတောက် ဖြစ်သည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုသည် မီးပြင်းဖိုငါးခုအဖြစ် ကွဲထွက်သွားသည်။ ဟန်မူယဲ့က မီးတောက်များကို ထုတ်ယူထားခဲ့သည်။
အံ့ဖွယ်ကောင်းကင်နတ်ဘုရားမီးတောက်သည် ကောင်းကင်နှင့်မြေကြီးကို လောင်ကျွမ်းနိုင်သည်။
“အံ့ဖွယ်ကောင်းကင်နတ်ဘုရားမီးတောက်လား”
ကျင်းဟော်က မီးတောက်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ပစ္စည်းကောင်းပဲ”
သူက တုံ့ဆိုင်းမနေပဲ မီးတောက်ကို လက်ခံလိုက်သည်။ ထို့နောက် တွေးကြည့်လိုက်ပြီး ရွှေရောင်ပုတီးစေ့တစ်ခုကို ထွေးထုတ်သည်။
“ဒါက ကျွန်တော့်ရဲ့ ပြန်လည်မွေးဖွားခြင်းမီးတောက်ပါ။ မွေးစားအဖေက ဒါနဲ့ အံ့ဖွယ်ကောင်းကင်နတ်ဘုရားမီးတောက်ကို ပေါင်းစပ်လိုက်ရင် အံ့အားသင့်စရာတစ်ခု ရလာလိမ့်မယ်”
ရွှေမီးတောက်က ပုတီးစေ့ကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။
ဟန်မူယဲ့က ခါးသီးအင်မော်တယ်နယ်မြေမှ ထွက်လာပြီး အချိန်ဆွဲမနေပဲ တောရိုင်းမြေကို ဖြတ်ကျော်လိုက်သည်။
“ဘုန်း”
ပေါက်ကွဲသံနှင့်အတူ ဓားအလင်းသည် ကောင်းကင်ကို ထိုးခွဲသွားသည်။
အောက်တွင်ရှိသော မြက်ခင်းပြင်တွင် ဓားကျင့်ကြံသူများက အားကျနေသော မျက်နှာထားများဖြင့် ခေါင်းမော့ကြည့်လိုက်ကြသည်။
ဝတ်စုံအမျိုးမျိုးနှင့် ကျင့်ကြံသူများက ထိုနေရာတွင် စုစည်းနေကြသည်။
“ဓားကျင့်ကြံသူတစ်ယောက်၊ ယွင်လန်မြို့ရဲ့ ကျွမ်းကျင်သူပဲ ဖြစ်ရမယ်”
လူအိုကြီးတစ်ယောက်က ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။
“ယွင်လန်မြို့ တိုးတက်လာတာနဲ့ ဓားကျင့်ကြံသူတွေ ပိုများလာတယ်”
တခြားလူများကလည်း ခေါင်းညိတ်လိုက်ကြသည်။
“ယွင်လန်မြို့ကြောင့် ငါတို့ ပိုပြီး အဆင်ပြေလာတယ်”
တစ်ဖက်တွင်ရှိနေသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“အရင်တုန်းက အင်မော်တယ်ကျောက်တုံးတွေရဖို့ အရမ်းကြိုးစားရတယ်။ အခုတော့ မျက်စိမှိတ်ထားရင်တောင် အင်မော်တယ်ကျောက်တုံး သုံးသောင်း၊ လေးသောင်းလောက် ရနေတယ်”
ထိုစကားကြောင့် လူတိုင်းက ရယ်လိုက်ကြသည်။
ဘေးတွင်ရပ်နေသော လူအိုကြီးတစ်ယောက်က ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ဓားအလင်းကို ကြည့်သည်။
ယခင်က သူနှင့်အတူ အင်မော်တယ်ကမ္ဘာသို့ ရောက်လာသော ဓားကျင့်ကြံသူသည် မျိုးဆက်သစ်လူငယ်တစ်ယောက်သာ ဖြစ်ခဲ့သည်။ ယခုအချိန်တွင် ထိုလူငယ်က လက်လှမ်မမီနိုင်သောအဆင့်သို့ ရောက်နေသည်။
ကျားဝူ သို့မဟုတ် အဆုံးမဲ့နတ်ဘုရားဘုရင်သည် မဖော်ပြနိုင်သော ဖိအားများကို ခံစားလိုက်ရသည်။
“အမ်၊ ဦးလေးကျားက ဒီမှာလား”
ရုတ်တရက်ဆိုသလို အသံတစ်သံ ထွက်လာသည်။
အစိမ်းရောင်ဝတ်စုံနှင့် ဟန်မူယဲ့က သိပ်မဝေးသောနေရာတွင် ပေါ်လာသည်။
သူက အောက်တွင်ရှိနေသော ကျင့်ကြံသူများကို အာရုံခံမိသော်လည်း ဂရုမစိုက်ခဲ့ပေ။
သို့သော် ကျားဝူ၏ ထူးခြားသောစွမ်းအားကြောင့် စိတ်ဝင်စားသွားသည်။
အင်မော်တယ်ကမ္ဘာတွင် ကျားဝူနှင့် ပြန်တွေ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ယွင်လန်ဓားအင်မော်တယ်”
ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
သူတို့က ဟန်မူယဲ့ကို လူကိုယ်တိုင်မမြင်ဖူးလျှင်ပင် ပုံရိပ်ကို မြင်ဖူးကြသည်။
တောရိုင်းမြေတွင် ယွင်လန်ဓားအင်မော်တယ်ကို မမှတ်မိလျှင် ဟာသဖြစ်သွားလိမ့်မည်။
ကျားဝူကလည်း ဟန်မူယဲ့၏ပုံရိပ်ကို မြင်ခဲ့သည်။ ယခုအချိန်တွင် သူက အတည်ပြုနိုင်သည်။ ဟန်မူယဲ့က အမှန်တကယ်ပင် ယွင်လန်ဓားအင်မော်တယ် ဖြစ်သည်။
“ဦးလေးကျား၊ သူတို့က ဦးလေးရဲ့ မိတ်ဆွေတွေလား”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ကျားဝူကို ကြည့်သည်။ သူ့မျက်လုံးများက အတိတ်ကို သတိရနေပုံပေါ်သည်။
“အတော်ကြာသွားပြီပဲ”
“တကယ်ကြာသွားပြီ ....”
ကျားဝူက ခါးသီးနေသောမျက်လုံးများနှင့် ခေါင်းညိတ်သည်။
“ကျွန်တော်က အိမ်ပြန်တော့မလို့။ လိုက်အုံးမလား”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ မေးသည်။
‘အိမ်ပြန်မလို့လား’
ကျားဝူက ကြောင်အသွားသည်။
“အိမ်ပြန်မှာလား .... ကောင်းပြီ”
သူ၏ အစစ်အမှန်ခန္ဓာကိုယ်ရှိသော အဆုံးမဲ့ပင်လယ် ....
သူက တစ်ချက်ပြန်သွားပြီး ကြည့်ချင်သည်။ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အကြောင်းကိုလည်း ဟန်မူယဲ့အား မေးချင်သည်။
ကျားဝူက ဟန်မူယဲ့နှင့် ထွက်သွားသောအခါတွင် ကျင့်ကြံသူများက ကြောင်အနေကြသည်။
“ကျားဝူက ယွင်လန်ဓားအင်မော်တယ်ရဲ့ အကြီးအကဲတစ်ယောက်လား”
ယွင်လန်မြို့၏ ဝင်ခွင့်တံဆိပ်ပြားကို ကိုင်ဆောင်ထားသော ကျင့်ကြံသူတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
တခြားလူများကလည်း လက်ထဲတွင်ရှိသော တံဆိပ်ပြားကို အံ့အားသင့်စွာ ကြည့်သည်။
ထိုတံဆိပ်ပြားနှင့်ဆိုလျှင် သူတို့က ယွင်လန်မြို့တွင် အခြေချနိုင်လိမ့်မည်။
ဟန်မူယဲ့နှင့်ကျားဝူက ရက်အနည်းငယ်ခန့် ပျံသန်းခဲ့ပြီး ကြိုတင်သတ်မှတ်ထားသောနေရာသို့ ရောက်လာသည်။
ထိုအချိန်တွင် လီယွင်ကန်းနှင့် စုရှင်းဟယ်က စောင့်နေကြသည်။
“အဆုံးမဲ့နတ်ဘုရားဘုရင်လား”
စုရှင်းဟယ်က ကျားဝူကို မြင်လိုက်ရသောအခါတွင် အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“မင်းက အဆုံးမဲ့ပင်လယ်မှာ ပုန်းနေတာမဟုတ်ဘူးလား။ အင်မော်တယ်ကမ္ဘာကို ခိုးဝင်လာတာလား”
“ဓားစံအိမ်ရဲ့ စံအိမ်သခင်စု”
ကျားဝူက ဟန်မူယဲ့ဆီမှ စုရှင်းဟယ်၏အကြောင်းကို ကြားထားခဲ့သည်။ ထို့ကြောင့် အံ့အားသင့်မသွားပေ။
“သွားကြစို့၊ သွားကြစို့။ ငါက လူသားလောကကို မြင်ချင်နေပြီ”
လီယွင်ကန်းက စိတ်မရှည်စွာ ပြောသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ဝင်္ကပါပြားများကို ထုတ်ယူသည်။ ထို့နောက် အင်မော်တယ်စွမ်းအင်ကို ထည့်သွင်းလိုက်သည်။
“ဝီ”
အင်မော်တယ်အလင်းက သူတို့ကို လွှမ်းခြုံသွားသည်။ အင်မော်တယ်အလင်း ပျောက်ကွယ်သွားသောအခါတွင် သူတို့ကလည်း မရှိတော့ပေ။
“အင်မော်တယ်ရင်းမြစ်ကမ္ဘာ၊ ငါပြန်လာပြီ ....”
ဟန်မူယဲ့က ရှေ့တွင်ရှိသော တောက်ပနေသည့်ကမ္ဘာကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။
သူက အင်မော်တယ်ကမ္ဘာတွင် အခြေခိုင်နေသော်လည်း လူသားကမ္ဘာသို့ ပြန်ရောက်လာသောအခါတွင် အလွန်နီးကပ်နေသည်ဟု ခံစားရသည်။
သူက ရှေ့တွင်ရှိသော ကြယ်ကမ္ဘာကို ကြည့်လိုက်ပြီး ငေးမောနေသည်။
“ဟူး .... တစ်ဘဝလောက်ကြာသွားတယ်လို့ ခံစားလိုက်ရတယ်”
ဘေးတွင်ရှိနေသော ကျားဝူက ရှုပ်ထွေးသောမျက်နှာထားဖြင့် ရေရွတ်သည်။
သူကလည်း အင်မော်တယ်ကမ္ဘာတွင် အကျိုးအမြတ်ရခဲ့သည်။
သို့သော် အင်မော်တယ်ကမ္ဘာ၏ ရက်စက်မှုကို မြင်တွေ့ခဲ့ရပြီး ကျင့်ကြံခြင်းလောကသည် နေရာတိုင်းတွင် အတူတူသာဖြစ်ကြောင်း နားလည်သွားသည်။
သူ၏ အဓိကခန္ဓာကိုယ်ဖြစ်သော အဆုံးမဲ့နတ်ဘုရားဘုရင်၏ လွတ်မြောက်ခြင်းလမ်းစဉ်သည် အားသာချက်ရှိသည်။
“လူသားလောက ....”
စုရှင်းဟယ်က ပတ်ဝန်းကျင်ကို တည်ငြိမ်စွာကြည်သည်။
သူက အင်မော်တယ်အသွင်ပြောင်းရေကန်ကို ဖြတ်ကျော်ထားသောကြောင့် ဟန်မူယဲ့နှင့် ကျားဝူတို့ကဲ့သို့ လွမ်းဆွတ်မှုမျိုး မရှိပေ။
သူက ဟန်မူယဲ့၏ ဖိတ်ခေါ်ချက်ကြောင့် လိုက်လာခဲ့သည်။
ထို့အပြင် အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်သည်ဟု ခံစားမိသည်။
“ဒါက လူသားလောကမဟုတ်လား”
လီယွင်ကန်းက ပတ်ဝန်းကျင်တွင်ရှိသော စွမ်းအားကို ခံစားကြည့်လိုက်ပြီး တီးတိုးပြောသည်။
“မင်းတို့ တိုက်ခိုက်တဲ့အခါမှာ ဂရုစိုက်ထားရမယ်။ မဟုတ်ရင် တစ်ခါတည်း ဒီလောကကို ဖျက်ဆီးပြီးသား ဖြစ်သွားလိမ့်မယ်”
သူက ကောင်းကင်အထွတ်အထိပ်ဆင့် ဓားအင်မော်တယ်တစ်ဦး ဖြစ်သည်။ သူက လူသားလောကတွင် တိုက်ခိုက်ခဲ့လျှင် တစ်ခါတည်း ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးမိလိမ့်မည်။
ဟန်မူယဲ့၏ နောက်ကျောတွင်ရှိသော ဓားအိမ်တွင် ရွှေအလင်းနှင့်အတူ ရွှေရောင်ပုံရိပ်ဓားတစ်လက် ပေါ်ထွက်လာသည်။
ဝိညာဉ်ဓားသည် လေထုထဲတွင် တုန်ခါနေသည်။
“အကြီးအကဲ၊ လွတ်လွတ်လပ်လပ်သွားပါ။ ကျွန်တော်က အင်မော်တယ်ကမ္ဘာကို ပြန်တော့မယ်ဆိုရင် အကြီးအကဲကို လာရှာလိုက်ပါမယ်”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
ဓားက လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။
ထိုဓားပုံရိပ်သည် လူသားလောကတွင် အပျော်ရှာရန်အတွက် အဓိကခန္ဓာကိုယ်မှ ခွဲထွက်သွားသော ဝိညာဉ်ဖြစ်သည်။
ဟန်မူယဲ့က လူသားလောကတွင် အတွေ့အကြုံရှာရန်အတွက် ဝိညာဉ်ဓားကို ခေါ်လာခဲ့သည်။
ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
“အကြီးအကဲတို့၊ ကျွန်တော့်ရဲ့ အင်မော်တယ်ရင်းမြစ်ကမ္ဘာက အဲဒီနေရာမှာပါ”
သူက စကားပြောလိုက်ပြီး ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲ၍ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးချသည်။ ထို့နောက် လေဟာနယ်ကို ဖြတ်ကျော်လိုက်သည်။
လူသားလောကတွင် အချိန်နှင့် တည်နေရာစွမ်းအားကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်သည်။ ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာသို့ ရောက်မလာခင် အချိန်နှင့်တည်နေရာကို ထိန်းချုပ်ထားနိုင်သည်။
ယခုအချိန်တွင် သူက ထိုနည်းစနစ်ကို ထုတ်သုံးလိုက်ပြီး မရေမတွက်နိုင်သော ကမ္ဘာများကို ကျော်ဖြတ်ခဲ့သည်။