← Chapters

အခန်း (၉၇၈)

Vol. 70 Ch. 978

အခန်း (၉၇၈)

Vol. 70 Ch. 978

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျွမ်းကျင်သူများထဲတွင် အာခီမီ၊ ကွန်ဖြူးရှပ်တာအိုနှင့် ဓားတာအိုကို ကျင့်ကြံသော ချင်စုယန်သည် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူ၏ ဓားရေးကျွမ်းကျင်မှုသည် အထက်ဘုံတွင် နာမည်ကြီးသည်။

“ခလွမ်”

ချင်စုယန်၏ရှေ့တွင် အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဓားအလင်းကို တားဆီးလိုက်သည်။

သူတို့နှစ်ယောက်က ဓားထုတ်၍ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးချပြီး လျင်မြန်စွာ ယှဉ်ပြိုင်နေကြသည်။

“ဓားဘိုးဘေးစုယန်ရဲ့ ဓားနည်းစနစ်က ပိုပြီး သိမ်မွေ့လာတာပဲ”

ဟန်မူယဲ့၏ဘေးတွင် ရှိနေသော အစိမ်းရောင်ဝတ်စုံနှင့် မင်းသမီးယွင်ကျင်းက ညင်သာစွာပြောလိုက်သည်။

“ဓားဘိုးဘေးစုယန်ကပဲ ဓားတာအို၊ ကွန်ဖြူးရှပ်တာအိုနဲ့ အာခီမီတာအိုကို ပေါင်းစပ်နိုင်တယ်”

တစ်ဖက်တွင်ရှိသော မူဝမ်က ‌ခေါင်းညိတ်သည်။

“ကောင်းတယ်”

သင်္ဘောပျံ၏ ကုန်းပတ်ပေါ်တွင်ရှိသော ဓားတစ်လက်လွယ်ထားသည့် လေ့ကျင့်ရေးမှူးလင်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဓားအလင်းကို ထုတ်ဖော်သည်။

သူ့နောက်တွင် ပိချုံးနှင့် ပိယွင်တို့ ရှိနေသည်။

တစ်ဖက်တွင် နောက်ထပ်ဓားအလင်းတစ်ခု ပျံသန်းလာသည်။

ပိချုံးနှင်ပိယွင်တို့၏ဆရာ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နံပတ်တစ်ဓားကျင့်ကြံသူ ကုန်းစွန်းရှု ဖြစ်သည်။

ကုန်းစွန်းရှုကလည်း တာအိုဘိုးဘေးအဆင့်တွင် ရှိနေသည်။ သူက ဓားချက်ထဲတွင် ကိုယ်ပိုင်မဟာတာအိုကို ထည့်သွင်းထားသည်။

“နောက်ထပ် ဓားဘိုးဘေးတစ်ယောက်ပဲ”

ပတ်ဝန်းကျင်တွင်ရှိသော လူများက အံ့အားသင့်သွားကြသည်။

ဓားဘိုးဘေးနှစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းသည် လူတိုင်းကို ထိတ်လန့်သွားစေရန် လုံလောက်သည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အဓိကဂိုဏ်းကြီးတချို့မှလွဲ၍ ဓားဘိုးဘေးနှစ်ယောက်ကို မည်သူမှ ခုခံနိုင်ကြမည်မဟုတ်ပေ။

“ဝီ”

ဓားစံအိမ်တွင် ဓားအလင်းတစ်ခု ပေါ်ထွက်လာပြီး ဓားကိုင်ထားသော တာအိုဘိုးဘေးတစ်ယောက်က တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာသည်။

ကုန်းစွန်းရှု၏ ခမ်းနားသောဓားအလင်းနှင့် မတူပဲ ထိုဓားဘိုးဘေး၏ နည်းစနစ်က သေးငယ်ပြီး လျင်မြန်သွက်လက်သည်။

ဓားအလင်းနှစ်ခု ထိတွေ့သွားသည်။ ပြန့်ကျဲထွက်လာသော ဓားအလင်းများက လောကကို ဖျက်ဆီးနိုင်ပုံပေါ်သည်။

ပတ်ဝန်းကျင်တွင်ရှိနေသော နတ်အာရုံများက လျင်မြန်စွာ နောက်ဆုတ်လိုက်ကြသည်။

ဓားစံအိမ်သည် ဓားစံအိမ်ပင် ဖြစ်သည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အလွန်အားကောင်းသော ဓားဘိုးဘေးနှစ်ယောက်ကို ခုခံထားနိုင်သည်။

ဓားစံအိမ်ကသာ ထိုခွန်အားမျိုးကို ပိုင်ဆိုင်သည်။

“ဒီလိုပွဲမျိုးမှာ ငါက ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေနိုင်မှာလဲ”

‌လေ့ကျင့်ရေးမှူးလင်းက ကျယ်လောင်စွာရယ်လိုက်ပြီး ဓားကိုင်ထားလျက် ပျံသန်းသွားသည်။

သူက ဓားတာအို၏ သူတော်စင်တစ်ပါး ဖြစ်သည်။

လေ့ကျင့်ရေးမှူးလင်း၏ ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်မလာခဲ့ပေ။ သို့သော် သူ့ဓား၏ စွမ်းအားသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

လေ့ကျင့်ရေးမှူးလင်း၏နောက်တွင် တခြားလူများက တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်လာပြီး ဓားအလင်းကို ထုတ်ဖော်လိုက်ကြသည်။

မော့ယွမ်၊ လုကော၊ တင်းချွန်ကန်း၊ ထို့ပါ့ချန် ....

သူတို့၏ ဓားအလင်းသည် အလွန်ခမ်းနားသည်။

သူတော်စင်အဆင့် ....

သူတို့အားလုံးသည် သူတော်စင်အဆင့်တွင် ရှိနေကြသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော နတ်အာရုံများက ထိတ်လန့်သွားကြသည်။

ဓားဘိုးဘေးမူယဲ့သည် တာအိုဘိုးဘေးအဆင့် ဓားကျွမ်းကျင်သူများသာမက သူတော်စင်အဆင့် ဓားကျွမ်းကျင်သူ ဆယ်ယောက်ကျော်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။

ဓားစံအိမ်တွင်ရှိသော လီယွင်ကန်းက ဓားအလင်းများကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ဒီကလေးက လူသားလောကမှာ အင်အားစုကြီးတစ်ခုကို ထိန်းချုပ်ထားတာပဲ”

လင်းရှန်၊ လုကော၊ တင်းချွန်ကန်း၊ မော့ယွမ်နှင့် တခြားလူများ၏ ဓားကျင့်ကြံခြင်းသည် အလွန်နက်နဲကြောင်း သူပြောနိုင်သည်။

သူတို့က ဓားကို ချစ်မြတ်နိုးကြသည်။

အကယ်၍ ထိုလူများက အင်မော်တယ်ကမ္ဘာသို့ ရောက်လာလျှင် အောင်မြင်မှုရလိမ့်မည်။

သူတို့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင် အနည်းဆုံး ခန်းဆောင်နှစ်ခု၏ လက်ရွေးစင်များ ဖြစ်နိုင်ကြသည်။

လူသားလောကတွင် ဓားတာအိုကို သူတို့၏အဆင့်အထိ ကျင့်ကြံနိုင်သောလူများ သိပ်မရှိကြပေ။

“ဟားဟား၊ ငါဝင်ပါလိုက်မယ်”

လီယွင်ကန်းက ထိန်းချုပ်မထားနိုင်တော့ပဲ ပျံထွက်သွားပြီး မျက်စိကျိန်းလောက်သော ဓားအလင်းတစ်ခုကို ထုတ်ဖော်၍ ထိုးသွင်းလိုက်သည်။

“ခလွမ် ....”

လေဟာနယ်ထဲတွင် တုန်ခါနေသောဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။

လင်းရှန်က လက်မြှောက်ပြီး ပြင်းထန်စွာ ခုတ်ချသည်။

“အကြိမ်ရေဆယ်သန်း ဓားဆွဲထုတ်ပြီး ကောင်းကင်နဲ့မြေကြီးကို ထိုးခွဲမယ် ....”

ဓားအလင်းသည် ပေတစ်ထောင်ရှည်လျားသွားသည်။ ဓားပေါ်တွင်ရှိသော ဝိညာဉ်အင်းကွက်များက သွယ်ယှက်နေပြီး လူတစ်ယောက်ကို ရင်ထိတ်သွားစေနိုင်သည်။

“ကောင်းတယ်”

လီယွင်ကန်းက ကျယ်လောင်စွာရယ်ပြီး လင်းရှန်၏ဓားကို တားဆီးသည်။ ထို့နောက် လု‌ကော၏ရှေ့သို့ ရောက်သွားသည်။

လုကောက တည်ငြိမ်သောမျက်နှာထားဖြင့် ခုတ်ချလိုက်သည်။

ထိုဓားချက်သည် လျင်မြန်သည်။

လီယွင်ကန်းက ကိုယ်ပိုင်ဓားဖြင့် ခုခံလိုက်ပြီး လုကောကို ကြည့်သည်။

“မင်းရဲ့ခန္ဓာကိုယ်ကို ဓားအဖြစ် ပြောင်းလဲထားတာလား။ တကယ်ပြတ်သားတာပဲ”

သူက မော့ယွမ်၏ရှေ့သို့ ရောက်သွားသောအခါတွင် မော့ယွမ်က လက်မြှောက်ပြီး ညွှန်ပြထားသည်။

ထောင်ချီသော ဓားအလင်းများသည် လီယွင်ကန်းကို လွှမ်းခြုံလိုက်သည်။

လီယွင်ကန်းက ထူးဆန်းစွာ အော်ဟစ်လိုက်ပြီး ပေတစ်သောင်း နောက်ဆုတ်သည်။

“ဒီဓားနည်းစနစ်က အံ့အားသင့်စရာပဲ”

သူ့မျက်လုံးများက တောက်ပနေသည်။

သူက စကားပြောပြီးသွားသောအခါတွင် ရုတ်တရက် ပျောက်ကွယ်သွားပြီး ပေသုံးဆယ်အကွာတွင် ပြန်ပေါ်လာသည်။

သူက နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါတွင် လက်တစ်ဖက်ပြတ်နေသော ကျောက်ယိုကျစ်ကို မြင်ရသည်။ ကျောက်ယိုကျစ်က လီယွင်ကန်းလွတ်မြောက်သွားသောကြောင့် မချင့်မရဲဖြစ်နေပုံပေါ်သည်။

“လက်တစ်ဖက်ပြတ်နေတဲ့ခန္ဓာကိုယ်နဲ့ ဓားနည်းစနစ်ကို ဆက်ပြီးလေ့ကျင့်တယ်။ ဒီလိုစိတ်ထားမျိုး ....”

လီယွင်ကန်းက ကျောက်ယိုကျစ်ကိုကြည့်လိုက်ပြီး ခေါင်းညိတ်လျက် ပြောသည်။

“ငါတို့ဓားဂိုဏ်းရဲ့ လက်ရွေးစင်တွေထဲမှာတောင် မင်းလိုလူမျိုး ရှားပါးတယ်”

သူက လျင်မြန်စွာရွေ့လျားလိုက်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဓားကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေသည်။

သူက ပိုမိုအံ့အားသင့်လာရသည်။

ထိုလူများသည် ကျင့်ကြံဆင့်နိမ့်ကျသော်လည်း သူတို့၏ ဓားနည်းစနစ်နှင့် ဉာဏ်အလင်းသည် လီယွင်ကန်း၏ စိတ်ကူးများထက် ကျော်လွန်နေသည်။

သူက တိုက်ခိုက်လေ စိတ်လှုပ်ရှားလေ ဖြစ်နေသည်။ သူ၏ ဓားအလင်းသည် လူတိုင်းကို လွှမ်းခြုံထားသည်။

“ကောင်းတယ် ....”

သူက ကျေနပ်စွာရယ်လိုက်ပြီး ဓားအလင်းဖြင့် လောကကို တုန်လှုပ်သွားစေသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး လက်မြှောက်၍ လေဟာနယ်ကို ထိုးခွဲသည်။ သင်္ဘောပျံက တိုက်ပွဲကို ဖြတ်ကျော်ပြီး ဓားစံအိမ်၏အပြင်ဘက်သို့ ရောက်လာသည်။

“စံအိမ်သခင်ကို ကြိုဆိုလိုက်ပါတယ်”

နတ်ဘုရားဘုရင်ချီယုက ဦးညွတ်သည်။

သူ့နောက်တွင်ရှိနေသော ဓားကျင့်ကြံသူများကလည်း ဦးညွတ်လိုက်ကြသည်။

နတ်ဘုရားဘုရင်ချီယုက စုရှင်းဟယ်ကို မေးခဲ့သည်။

စုရှင်းဟယ်သည် စံအိမ်သခင်ဟောင်းဖြစ်ပြီး ဓားစံအိမ်၏ အစစ်အမှန်ဂိုဏ်းသားတစ်ဦး ဖြစ်သည်။

အကယ်၍ စုရှင်းဟယ်က ဓားစံအိမ်ကို ပြန်လည်ထိန်းချုပ်မည်ဆိုလျှင် နတ်ဘုရားဘုရင်ချီယုနှင့် တခြားလူများက သူ့ကို အသိအမှတ်ပြုရန် ဆန္ဒရှိကြသည်။

သို့သော် စုရှင်းဟယ်၏စကားကြောင့် သူတို့အားလုံး ကြောင်အသွားကြသည်။

စုရှင်းဟယ်က ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါသည်။

“ငါက အင်မော်တယ်ကမ္ဘာကနေ ပြန်ရောက်လာလို့ သန်မာတယ်လို့ ထင်နေကြတာလား”

“ငါ့ရဲ့ ခွန်အားနဲ့ ကြွယ်ဝမှုအရဆိုရင် အင်မော်တယ်ကမ္ဘာမှာ သူ့ဖိနပ်ကိုသယ်ဖို့တောင် အဆင့်မမီဘူး”

စုရှင်းဟယ်က ထိုသို့ ပြောလိုက်သောအခါတွင် လီယွင်ကန်းက ခေါင်းညိတ်လိုက်ပြီး ရေရွတ်သည်။

“အမှန်ပဲ။ အဲဒီကလေးက မကောင်းဆိုးဝါးပဲ။ သူက ဖူယွီအင်မော်တယ်ကမ္ဘာမှာ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ပြောနိုင်တယ်”

‘အချမ်းသာဆုံးပုဂ္ဂိုလ်တဲ့လား’

အင်မော်တယ်ကမ္ဘာတွင် တစ်နှစ်သည် လူသားလောကတွင် နှစ်တစ်ရာ ဖြစ်သည်။

ဟန်မူယဲ့က လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်တွင် လူသားလောကမှ ထွက်လာခဲ့သည်ဟု စုရှင်းဟယ်က ပြောသော်လည်း အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းနှစ်ဆယ်ခန့်သာ ရှိလိမ့်မည်။

နှစ်ပေါင်းနှစ်ဆယ်အတွင်း၌ မည်သည့်အရာကို ဆောင်ရွက်နိုင်မည်နည်း။

အကယ်၍ လီယွင်ကန်း မပြောခဲ့လျှင် နတ်ဘုရားဘုရင်ချီယုနှင့် တခြားလူများက ယုံကြည်နိုင်မည်မဟုတ်ပေ။

သို့သော် စုရှင်းဟယ်က သူတို့ကို သတိပေးထားသည်။ ခန်းဆောင်သခင်လီက အင်မော်တယ်ကမ္ဘာတွင် စိတ်ကြိုက်သောင်းကျန်းနိုင်သော ကျွမ်းကျင်သူတစ်ယောက် ဖြစ်‌သောကြောင့် ဂရုတစိုက် ဆက်ဆံရမည်။

ထိုလူမျိုးသည် ဟာသလုပ်မည်မဟုတ်ပေ။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ဓားဘိုးဘေးမူယဲ့က ဓားစံအိမ်သို့ အလည်လာမည်ဟု စာပို့ခဲ့သည်။

စုရှင်းဟယ်၏ သတိပေးစကားကြောင့် နတ်ဘုရားဘုရင်ချီယုနှင့် တခြားလူများက မရိုမသေ မလုပ်ရဲကြပေ။

သူတို့က ဟန်မူယဲ့ကို ခမ်းနားစွာ ကြိုဆိုခဲ့ကြသည်။

“ဒါက ဓားစံအိမ်ပဲ”

ဟန်မူယဲ့က ရှေ့တွင်ရှိသော ဓားစံအိမ်၏ ကျောက်စိမ်းပြားကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

မူဝမ်နှင့် တခြားလူများက ဤနေရာသို့ မရောက်ဖူးကြပေ။

“ဒါက အင်မော်တယ်ကမ္ဘာကနေ ပြန်လာတဲ့ အကြီးအကဲစုရှင်းဟယ်ပဲ”

ဟန်မူယဲ့က စုရှင်းဟယ်ကိုကြည့်လိုက်ပြီး ပြောသည်။

စုရှင်းဟယ်က ခေါင်းညိတ်လိုက်ပြီး မူဝမ်နှင့် တခြားလူများကို ကြည့်သည်။ သူက ပြုံးလိုက်ပြီး ပြောသည်။

“ဒါက မင်းရဲ့ တာအိုလက်တွဲဖော်နဲ့ ဆွေမျိုးတွေလား”

ထို့နောက် သူက ရတနာများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။

အင်မော်တယ်အလင်းဖြင့် ‌တောက်ပနေ‌သော ဓားရှည်များ၊ ကျောက်မျက်ရတနာများ၊ အင်မော်တယ်ကျောက်တုံးများ ....

သူ၏ နှုတ်ဆက်လက်ဆောင်သည် အတော်လေး ရက်ရောနေသည်။

မူဝမ်နှင့် တခြားလူများက လျင်မြန်စွာ အရိုအသေပေးလိုက်ပြီး လက်ဆောင်များကို လက်ခံသည်။

“အဟမ်း၊ ဒါက ယွင်လန်ရဲ့ ကြွယ်ဝမှုနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်ပါဘူး။ ငါမသုံးနိုင်တဲ့ ပစ္စည်းလေးတချို့ပါပဲ”

စုရှင်းဟယ်က လေးနက်စွာ ပြောသည်။

အမှန်ပင် ဖြစ်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။

“အကြီးအကဲက နှိမ့်ချလွန်းနေပါပြီ”

လွန်ခဲ့သောသုံးနှစ်တွင် သူက မူဝမ်နှင့် တခြားလူများကို ရတနာများ ပေးထားခဲ့သည်။

သူတို့က ကျင့်ကြံခြင်းအတွက် အပြည့်အစုံရှိသည်။

“ခေါင်းဆောင်လီ၊ အဆင်သင့်ပဲလား”

ဟန်မူယဲ့က တီတိုးပြောလိုက်ပြီး လက်မြှောက်၍ ဓားအလင်းတစ်ခုကို လီယွင်ကန်းဆီ ပစ်လွှတ်သည်။

ထိုဓားအလင်းသည် လီယွင်ကန်းကို လွင့်ထွက်သွားစေခဲ့သည်။

ထိုဓားချက်ကြောင့် ဟန်မူယဲ့၏ရှေ့တွင် ရပ်နေသော နတ်ဘုရားဘုရင်ချီယုက တစ်ကိုယ်လုံး တုန်ခါသွားသည်။

ထိုဓားချက်သည် ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသော မရေမတွက်နိုင်သည့် ဓားကျင့်ကြံသူများကို ထိတ်လန့်သွားစေသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျွမ်းကျင်သူများအားလုံးကို လွှမ်းမိုးထားနိုင်သော ကျင့်ကြံသူသည် ဓားဘိုးဘေးမူယဲ့၏ အလင်းတစ်ခုကြောင့် နောက်ဆုတ်ပေးလိုက်ရသည်။

‘ဓားဘိုးဘေးမူယဲ့က ဘယ်လောက် သန်မာတာလဲ’

‘သူက သင်္ဘောပျံနဲ့ ဒီကိုရောက်လာတာ မထူးဆန်းတော့ပါဘူး’

‘ဓားဘိုးဘေးမူယဲ့က အင်မော်တယ်ကမ္ဘာကနေ ပြန်‌ရောက်လာတဲ့ ကျွမ်းကျင်သူတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်’

ဟန်မူယဲ့၏ ဓားအလင်းကြောင့် လွင့်ထွက်သွား‌သော လီယွင်ကန်းက ခေါင်းခါလိုက်ပြီး ပြုံးသည်။ ထို့နောက် အောက်ဆင်းလာသည်။

လူတိုင်းက ဓားစံအိမ်၏ ခန်းဆောင်ထဲသို့ ဝင်ရောက်သွားသည်။ ဟန်မူယဲ့က လီယွင်ကန်းနှင့် စုရှင်းဟယ်ကို လင်းရှန်တို့နှင့် မိတ်ဆက်ပေးလိုက်သည်။

All Chapters