← Chapters

အခန်း (၉၇၉)

Vol. 70 Ch. 979

အခန်း (၉၇၉)

Vol. 70 Ch. 979

အင်မော်တယ်ကမ္ဘာ၏ ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ....

ဓားဂိုဏ်း၏ အင်အားစုကြီးတစ်ခုကိုလည်း ဦးဆောင်ထားသည်။

လွန်ခဲ့သောနှစ်ပေါင်းသုံးသိန်းတွင် ထွက်သွားခဲ့သော စုရှင်းဟယ်က ယခုအချိန်တွင် ကောင်းကင်အင်မော်တယ်အဆင့်၌ ရှိနေသည်။

ဟန်မူယဲ့က ထိုအကြောင်းကို ပြောထားပြီးသားဖြစ်သော်လည်း သူတို့က အင်မော်တယ်နှစ်ယောက်ကို ကိုယ်တိုင်မြင်လိုက်ရသောကြောင့် အံ့အားသင့်နေကြသည်။

“ဟားဟား၊ မင်းတို့ရဲ့ ဓားနည်းစနစ်က တကယ်ကောင်းတာပဲ”

လီယွင်ကန်းက တောက်ပနေသော မျက်လုံးများဖြင့် မော့ယွမ်နှင့် တခြားလူများကို ကြည့်သည်။

“မင်းတို့ ဓားစံအိမ်မှာ ခဏလောက် နေသင့်တယ်။ တိုက်ခိုက်ကြည့်ကြတာပေါ့”

‘တိုက်ခိုက်ရမှာလား’

သူတို့က အင်မော်တယ်တစ်ယောက်နှင့် တိုက်ပွဲကို ငြင်းပယ်မည်မဟုတ်ပေ။

မော့ယွမ်နှင့် တခြားလူများက သဘောတူတော့မည့်အချိန်တွင် ဟန်မူယဲ့က အသာအယာ ချောင်းဟန့်လိုက်ပြီး ပြောသည်။

“အကြီးအကဲလီ၊ သူတို့အားလုံးက အလုပ်များတယ်”

‘အလုပ်များတာလား’

‘ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူရဲ့ရှေ့မှာ လူသားလောကရဲ့ ကျင့်ကြံသူ‌လေးတွေက အလုပ်များနေတာလား’

လီယွင်ကန်းက သူ့ကို စိုက်ကြည့်လိုက်ပြီး လက်မြှောက်၍ အင်မော်တယ်ကျောက်တုံးများကို ထုတ်ပေးသည်။

“မင်းတွေးနေတာကို ငါမသိဘူးလို့ ထင်နေတာလား”

သူက ဟန်မူယဲ့ကို အထင်သေးစွာကြည့်သည်။

“မင်းက အင်မော်တယ်ကျောက်တုံးတွေ သယ်မလာဘူးလား”

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်း၍ လီယွင်ကန်း၏ အင်မော်တယ်ကျောက်တုံးများကို မော့ယွမ်နှင့် တခြားလူများဆီသို့ ပေးလိုက်သည်။

အင်မော်တယ်ကျောက်တုံးများက သူတို့အတွက် အသုံးဝင်သည်။ ကျင့်ကြံဆင့် တိုးမြှင့်ရန်ဖြစ်စေ ဓားနည်းစနစ် လေ့ကျင့်ရန်ဖြစ်စေ အသုံးပြုနိုင်သည်။

ဓားဘိုးဘေးမူယဲ့က ဓားစံအိမ်၏ ခေါင်းဆောင်ရာထူးကို ဆက်လက်ဆုပ်ကိုင်ထားသည်။

ထိုသတင်းသည် အထက်ဘုံတွင် ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော လူများက ထိတ်လန့်နေကြသည်။

ဓားဘိုးဘေးမူယဲ့၏ ခွန်အားသည် အင်မော်တယ်ကမ္ဘာမှ ပြန်ရောက်လာသော အကြီးအကဲနှစ်ယောက်နှင့် ယှဉ်နိုင်သည်။

ဓားဘိုးဘေးမူယဲ့က တာအိုဘိုးဘေးတစ်ယောက် မဖြစ်နိုင်တော့ပေ။

သို့သော် ဟန်မူယဲ့က အစစ်အမှန်ခွန်အားနှင့် ကျင့်ကြံဆင့်ကို ထုတ်မပြသောကြောင့် သူတို့က ခန့်မှန်းရုံသာ တတ်နိုင်ကြသည်။

ဓားစံအိမ်တွင် နတ်ဘုရားဘုရင်ချီယုက ကိုးထပ်ဓားစံအိမ်ကို ဟန်မူယဲ့ဆီသို့ ပြန်ပေးလိုက်သည်။

“ဒါက စံအိမ်သခင်ချန်ထားခဲ့တဲ့ ရတနာပါ”

စုရှင်းဟယ်၏ သတိပေးချက်ကြောင့် ချီယုက ကိုးထပ်ဓားစံအိမ်ကို ပြန်ပေးခဲ့သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးကျန်နေသော ကိုးထပ်ဓားမျှော်စင်ကို သိမ်းသည်။ ထို့နောက် အင်မော်တယ်အလင်းကို ထုတ်ဖော်သည်။

အစိမ်းရောင်ဓားတစ်လက် ပေါ်လာသည်။

အင်မော်တယ်ရတနာ ဖြစ်သည်။

ထိုရတနာမျိုးသည် အင်မော်တယ်ကမ္ဘာတွင်လည်း ရှားပါးသည်။

ဟန်မူယဲ့က အင်မော်တယ်ရတနာများကို မလိုအပ်ပေ။

“ဒီဓားက မဂ္ဂနိုလီယာလို့ ခေါ်တယ်။ အင်မော်တယ်ရတနာပဲ”

“ဒီဓားနဲ့ဆိုရင် ဓားစံအိမ်ရဲ့ ကံကောင်းခြင်းကို ထိန်းသိမ်းဖို့ လုံလောက်တယ်”

ဟန်မူယဲ့က ဓားရှည်ကို နတ်ဘုရားဘုရင်ချီယုဆီသို့ ပေးလိုက်ပြီး တည်ငြိမ်စွာပြောသည်။

ကိုးထပ်ဓားစံအိမ်နှင့် အင်မော်တယ်ရတနာဓားတစ်လက်ကို လဲလှယ်ခဲ့‌သောကြောင့် ဓားစံအိမ်အတွက် အရှုံးမရှိပေ။

နတ်ဘုရားဘုရင်ချီယုက ဓားကိုင်ထားပြီး ပျော်ရွှင်စွာထွက်သွားသည်။

ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာတွင် ကြွယ်ဝကြောင်း သူယုံကြည်လာသည်။

အင်‌မော်တယ်ရတနာဓားတစ်လက်ကို သာမန်အတိုင်း ထုတ်ပေးနိုင်သောလူက ဆင်းရဲနေမည်မဟုတ်ပေ။

နတ်ဘုရားဘုရင်ချီယု ထွက်သွားသောအခါတွင် ဟန်မူယဲ့က ကိုးထပ်ဓားမျှော်စင်ကို ထုတ်ယူလိုက်သည်။

“ဝီ”

ယခင်က စုစည်းထားသော ဓားမျှော်စင်နှင့် ယခု ရရှိထားသော ဓားမျှော်စင်သည် ပေါင်းစပ်သွားသည်။

ရွှေအလင်းများ တောက်ပနေပြီး ကိုးထပ်ဓားမျှော်စင်အသစ်တစ်ခု ပေါ်ထွက်လာသည်။

ဟန်မူယဲ့က ဓားမျှော်စင်ကို ဖိချလိုက်သည်။ သူက အထဲတွင်ရှိနေသော ဓားတာအိုစွမ်းအားကို အာရုံခံနိုင်သည်။

ထိုဓားမျှော်စင်ကို ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်က ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ကို အတုယူ၍ ဖန်တီးခဲ့သည်။

ယခုအချိန်တွင် ဟန်မူယဲ့က ဓားမျှော်စင်ထဲတွင်ရှိသော မရေမတွက်နိုင်သည့် ဓားဆန္ဒကို အာရုံံခံနိုင်သည်။

ဓားစံအိမ်သည် ဓားဆန္ဒကို သိုလှောင်ထားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ကဲ့သို့ အရောင်းအဝယ်လုပ်နိုင်သည်။

သို့သော် ဓားနှင့် ဓားဆန္ဒများကိုသာ ရောင်းဝယ်နိုင်သည်။

ဓားမျှော်စင်ကိုးခုကို ပေါင်းစပ်ထားသော ဓားမျှော်စင်များ တစ်ခုထက်ပိုရှိနေသည်။

ဓားတာအိုကျင့်ကြံသူများ ထိန်းချုပ်မထားသော ဓားမျှော်စင်များလည်း ရှိနေကြသည်။

ဟန်မူယဲ့က ဓားမျှော်စင်ကို ဖိချလိုက်သောအခါတွင် ရွှေရောင်စာလုံးများ ပေါ်ထွက်လာသည်။

“မီးအမျိုးအစားဓားတစ်လက်ကို ဓားဆန္ဒသုံးသောင်းနဲ့ ဝယ်ယူချင်ပါတယ်”

“ဓားဆန္ဒသုံးထောင်နဲ့ နတ်ဘုရားကလန်ရဲ့ ဝိညာဉ်ရတနာဓားတစ်လက်ကို လိုချင်ပါတယ်”

“ရေအမျိုးအစား ကောင်းကင်ဓားနည်းစနစ်ကို သုံးသပ်ပေးပါ။ ဓားဆန္ဒငါးထောင် ပေးပါမယ်”

....

ဓားမျှော်စင်မှတစ်ဆင့် ထိုဓားကျင့်ကြံသူများက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြီး အရောင်းအဝယ်လုပ်နိုင်သည်။

ထိုဓားမျှော်စင်သည် ကမ္ဘာအသီးသီးနှင့် ဆက်သွယ်ထားသော ရတနာတစ်မျိုး ဖြစ်သည်။

ဟန်မူယဲ့က ပြုံးလိုက်သည်။

သူက ဓားဆန္ဒများကို မလိုအပ်ပေ။

ဓားများလည်း ရှိနေသည်။

ဓားနည်းစနစ်များကိုလည်း စုဆောင်းထားသည်။

သို့သော် ထိုပစ္စည်းများ ထပ်ရလာလျှင်လည်း ငြင်းပယ်မည်မဟုတ်ပေ။

အနာဂတ်တွင် သူက ဓားမျှော်စင်ကို အသုံးပြုပြီး ဓားရှည်နှင့် ဓားဆန္ဒများကို စုစည်းနိုင်လိမ့်မည်။

ထိုဓားမျှော်စင်သည် မရေမတွက်နိုင်သော ကမ္ဘာများနှင့် ချိတ်ဆက်ထားပြီး ဓားကျင့်ကြံသူများနှင့် ဆက်သွယ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ဓားမျှော်စင်ကိုးခုကို ပေါင်းစပ်လိုက်သောအခါတွင် အံ့အားသင့်စရာတစ်ခု ရလာသည်။

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော ဓားမျှော်စင်ကို ကြည့်လိုက်ပြီး နှလုံးခုန်မှားသွားသည်။

ဓားမျှော်စင်၏နောက်ကွယ်တွင် ရှိနေသော ဓားကျင့်ကြံသူများက အနည်းနှင့်အများဆိုသလို အင်မော်တယ်ဘုရင်နှင့် ဆက်သွယ်နေလိမ့်မည်။

ကျင့်ကြံခြင်းလောကတွင် အင်မော်တယ်ကမ္ဘာ၊ လူသားကမ္ဘာနှင့် နတ်ဘုရားကမ္ဘာ၏ မရေမတွက်နိုင်သောလူများက အင်မော်တယ်ဘုရင်၏ အမွေအနှစ်ရတနာများကို ရရှိခဲ့ကြသည်။

ထို့ကြောင့် ကောင်းကင်တက်လှမ်း အင်မော်တယ်ဘုရင်ကို ချုပ်နှောင်ထားရုံသာ ပြုလုပ်ခဲ့ပြီး မသတ်ဖြတ်ခဲ့ကြပေ။

အင်မော်တယ်ဘုရင်၏ နောက်ကွယ်တွင် မရေမတွက်နိုင်သော အင်အားစုများ သွယ်ယှက်နေသည်။ ထို့ကြောင့် သူကို အလျင်စလို မသတ်ရဲပေ။

ထို့အပြင် အင်မော်တယ်ဘုရင်ကလည်း နတ်ဘုရားကလန်ကို ကြောက်ရွံ့သွားစေနိုင်မည့် ဝှက်ဖဲတစ်ခု ကိုင်ထားလိမ့်မည်။

ဟန်မူယဲ့က ဓားမျှော်စင်ကိုကြည့်လိုက်ပြီး စဉ်းစားနေသည်။

ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ကို အတုယူ၍ ဓားစံအိမ်ကို သန့်စင်ခဲ့သည်။ ကောင်းကင်ပြောင်းလဲခြင်းစံအိမ်သည် ဓားစံအိမ်ထက် ပိုမိုအားကောင်းသည်။

ထိုသို့ဆိုလျှင် ကောင်းကင်ပြောင်းလဲခြင်းစံအိမ်၏ နောက်ကွယ်တွင် မည်သည့်အင်အားစု ရှိနေသနည်း။

မဟူရာချပ်ဝတ်ဂိုဏ်းသည် နတ်ဘုရားကမ္ဘာတွင် အရေးမပါပေ။ သူတို့က ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ကို အမှန်တကယ် မထိန်းချုပ်နိုင်ပေ။

‘ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ရဲ့ အင်အားစုက တကယ်ပဲ ပျောက်ကွယ်သွားခဲ့တာလား’

‘အဲဒါဆိုရင်ရော ဒီစံအိမ်တွေရဲ့နောက်ကွယ်မှာ ရှိနေတဲ့ အင်အားစုက ဘယ်မှာလဲ’

သူ၏ လက်ရှိကျင့်ကြံဆင့်က မဆိုးပေ။ ထို့အပြင် ပိုမိုသန်မာသော တိုက်ခိုက်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားသည်။ အင်မော်တယ်ကမ္ဘာတွင်လည်း အခြေခံအုတ်မြစ်ကို တည်ဆောက်ထားခဲ့သည်။

သို့သော် သေချာတွေးကြည့်လိုက်သောအခါတွင် ထိပ်တန်းအဆင့် ကျင့်ကြံခြင်းလောကနှင့် ဝေးကွာနေကြောင်း သိလိုက်ရသည်။

သူက အဖြစ်အပျက်အများစုကို နားမလည်နိုင်သေးပေ။

သူက အင်မော်တယ်သခင် သို့မဟုတ် အင်မော်တယ်ဘုရင် ဖြစ်လာမှသာ ထိုအကြောင်းများကို နားလည်နိုင်လိမ့်မည်။

ဓားစံအိမ်တွင် နေထိုင်နေသော ဟန်မူယဲ့က သက်တောင့်သက်သာ ရှိနေသည်။ သူက ကျင့်ကြံခြင်းအပြင် မူဝမ်၊ ယွင်ကျင်းတို့နှင့်လည်း ဆက်သွယ်ခဲ့သည်။

သူက ရုပ်ခန္ဓာကို ကောင်းမွန်စွာထိန်းချုပ်နိုင်သောကြောင့် ယခင်က မလုပ်နိုင်သော အရာများကို လုပ်နိုင်ခဲ့သည်။

လေ့ကျင့်ရေးမှူးလင်းနှင့် တခြားလူများက လီယွင်ကန်းနှင့် လေ့ကျင့်နေပြီး လျင်မြန်စွာ တိုးတက်လာကြသည်။

အင်မော်တယ်ကမ္ဘာ၏ အဓိကဂိုဏ်းကြီးများတွင်ရှိသော တိုက်ရိုက်မျိုးဆက်၏ လက်ရွေးစင်များကသာ ထိုလေ့ကျင့်မှုမျိုးကို ရရှိနိုင်သည်။

ငါးနှစ်အတွင်း၌ ချင်စုယန်နှင့် ကုန်းစွန်းရှုတို့က နတ်ဘုရားဘုရင်အဆင့်သို့ ရောက်သွားကြသည်။

ဓားစံအိမ်တွင်လည်း စုရှင်းဟယ်၏ သင်ပြမှုအောက်တွင် ကျောက်ကျင်းယွမ်ဟုခေါ်သော တာအိုဘိုးဘေးက နတ်ဘုရားဘုရင်အဆင့်သို့ ရောက်သွားခဲ့သည်။

လင်းရှန်နှင့် တခြားလူများကလည်း တာအိုဘိုးဘေးအဆင့်သို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားကြသည်။

သို့သော် သူတို့နှင့် ယှဉ်လိုက်လျှင် မန္တန်နှင့် အာခီမီကို ကျင့်ကြံသော မူဝမ်က ကောင်းကင်ကိုဆန့်ကျင်၍ ကောင်းကင်အင်မော်တယ်အဆင့်သို့ ဝင်ရောက်လာသည်။

ယွင်ကျင်းကလည်း ကောင်းကင်အဆင့်မှ တာအိုဘိုးဘေးအဆင့်သို့ တိုက်ရိုက်ရောက်သွားသည်။

သူတို့၏ ကျင့်ကြံခြင်းနှင့်ပတ်သတ်ပြီး လီယွင်ကန်းက ပြောခဲ့သည်။

“အဲဒီလိုနည်းလမ်းမျိုးကို ချမ်းသာတဲ့လူတွေကပဲ တတ်နိုင်တယ်။ ဆင်းရဲတဲ့ ငါတို့ ဓားကျင့်ကြံသူတွေက စိတ်ကူးယဉ်မနေသင့်ဘူး”

....

တောက်ပသောအလင်းစက်များဖြင့် ပြည့်နှက်နေသည့် အဆုံးမရှိသော အာကာသထဲတွင် ဖြစ်သည်။

လေဟာနယ်ကို ထိုးခွဲသွားနိုင်သော စွမ်းအားတစ်ခု ဖြာထွက်လာခဲ့သည်။

ဓားဝင်္ကပါသည် ပေထောင်ချီရှည်လျားသော ဓားအလင်းများကို ထုတ်လွှတ်နေပြီး နီးကပ်လာသော ပုံရိပ်များကို ခုတ်ပိုင်းပစ်သည်။

ထိုပုံရိပ်များက လေဟာနယ်သားရဲများ၊ ကောင်းကင်အဆင့် မိစ္ဆာများနှင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

အလွန်များပြားပြီး အဆုံးမရှိဟု ထင်ရသည်။

ဓားဝင်္ကပါ၏ စွမ်းအားဖြင့် သူတို့အားလုံးကို မသတ်ဖြတ်နိုင်ပေ။

စစ်တပ်၏နောက်တွင် တည်ငြိမ်သောဟွမ်ကျစ်ဟူက ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။

သူမ‌၏ဘေးတွင် အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် လုယန်နှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်သူကြီးများ ရှိနေကြသည်။

သူတို့၏မျက်နှာထားက တင်းမာနေသည်။

“ဟွမ်ကျစ်ဟူ၊ မင်းက ဒီလိုအခြေအနေမျိုးမှာတောင် တည်ငြိမ်နေသေးတာပဲ”

ကျယ်လောင်သောရယ်သံကို ကြားလိုက်ရသည်။

အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသော အပြာရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ရှေ့တက်လာသည်။ သူ့နောက်တွင် အင်မော်တယ်ကျင့်ကြံသူများ ရှိနေကြသည်။

သူတို့၏ အင်မော်တယ်အလင်းကို ကောင်းကင်အင်မော်တယ်များကသာ ထုတ်လွှတ်နိုင်ကြသည်။

သူတို့အားလုံးက ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိနေကြသည်။

လူသားလောကတွင် ကောင်းကင်အင်မော်တယ်နှင့် နတ်ဘုရားဘုရင်များသည် ထိပ်တန်းအဆင့်တွင် ရှိနေကြသည်။

ယခုအချိန်တွင် အလွန်များပြားသော ကောင်းကင်အင်မော်တယ်များ ရုတ်တရက် ပေါ်လာခဲ့သည်။

“ဝိညာဉ်လေးပါးကမ္ဘာက မင်းတို့ ဓားကျင့်ကြံသူစစ်တပ်ကို ဝိုင်းရံဖို့ အထက်ဘုံမှာရှိတဲ့ ငါတို့ကို ဆင့်ခေါ်ခဲ့ရတယ်”

“မင်း ဟွမ်ကျစ်ဟူက တကယ်ထူးခြားတာပဲ”

တာအိုတန်ခိုးရှင်က ရှေ့တက်လာပြီး ခပ်ဟဟရယ်သည်။

သူ၏ အင်မော်တယ်အလင်းသည် ပေတစ်ထောင်ပတ်ဝန်းကျင်ကို ခွဲခြားထာပြီး ပတ်ဝန်းကျင်တွင်ရှိသော တိုက်ပွဲသည် သူ့အပေါ်တွင် သက်ရောက်မှုမရှိပေ။

သူက ဟွမ်ကျစ်ဟူကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။

“ငါက အင်မော်တယ်ကမ္ဘာရဲ့ တိမ်တိုက်ခုံရုံးတာအိုဂိုဏ်းက လက်ရွေးစင်တပည့် ဟယ်ချူပဲ။ မင်းက ငါ့ရဲ့ တာအိုလက်တွဲဖော်ဖြစ်လာဖို့ ဆန္ဒရှိလား”

သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာပြောသည်။

“မင်းက ငါ့ကို ခစားဖို့ဆန္ဒရှိတယ်ဆိုရင် ဝိညာဉ်လေးပါးကမ္ဘာကို လက်ဆောင်ပေးမယ်”

“ငါက အင်မော်တယ်ကမ္ဘာကို ပြန်သွားရင် မင်းကိုလည်း ခေါ်သွားမယ်”

“စိတ်မပူပါနဲ့။ ငါက အင်မော်တယ်ကမ္ဘာမှာ တာအိုလက်တွဲဖော်တစ်ယောက် ရှိတယ်။ မင်းကို တရားဝင်အဆင့်အတန်း မပေးနိုင်ပေမဲ့ သက်တောင့်သက်သာ နေနိုင်လိမ့်မယ်”

All Chapters