← Chapters

အခန်း (၉၈၀)

Vol. 70 Ch. 980

အခန်း (၉၈၀)

Vol. 70 Ch. 980

တာအိုတန်ခိုးရှင်က စိတ်အားထက်သန်နေသည်။

သူ့နောက်တွင်ရှိသော ကျင့်ကြံသူများကလည်း ပြုံးနေကြသည်။

ထိုစစ်တပ်မျိုးကို သိမ်းပိုက်နိုင်ရန် မလွယ်ပေ။

ဟွမ်ကျစ်ဟူက စွမ်းဆောင်ရည်ရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အပြင် အလှလေးတစ်ယောက်လည်း ဖြစ်နေသည်။

ဟွမ်ကျစ်ဟူက ခေါင်းမော့ကြည့်သည်။

“ထွက်သွားစမ်း”

သူမ၏အသံက တည်ငြိမ်နေသည်။

ဟယ်ချူက မျက်မှောင်ကြုတ်လိုက်သည်။

သူက ဒေါသထွက်သွားသည်။

သူက လက်ကိုဝှေ့ယမ်းပြီး လေဟာနယ်ကိုထိုးခွဲ၍ ဆင်းသက်လာသည်။ သူ့လက်ထဲတွင် ရွှေရောင်တံဆိပ်ပြားတစ်ခု ပေါ်ထွက်လာပြီး ဟွမ်ကျစ်ဟူ၏ခေါင်းကို ရိုက်ချသည်။

ဟွမ်ကျစ်ဟူ၏ဘေးတွင် လုယန်နှင့် တခြားလူများက ဖိအားကို ခံစားလိုက်ရသော်လည်း သူတို့က ဓားဆွဲထုတ်ပြီး ဓားအလင်းကို အသက်သွင်းသည်။ သို့သော် တံဆိပ်ပြား၏ အင်မော်တယ်အလင်းကို မချိုးဖောက်နိုင်ခဲ့ပေ။

“ကောင်းကင်ချိပ်ပိတ်တံဆိပ်ပြားက ကောင်းကင်အင်မော်တယ်တွေကိုတောင် ဖိနှိပ်နိုင်တယ်။ မင်းတို့အားလုံး မလွတ်မြောက်နိုင်ဘူး”

ဟယ်ချူက လှောင်ပြောင်လိုက်ပြီး တံဆိပ်ပြားကို အသက်သွင်းသည်။

“ကောင်းကင်ချိပ်ပိတ်တံဆိပ်ပြားလား”

ဟွမ်ကျစ်ဟူက ရေရွတ်လိုက်ပြီး ဓားရှည်ကို ဆွဲထုတ်သည်။ ထို့နောက် တီးတိုးပြောသည်။

“ခုတ်”

“ဘုန်း ....”

ပြန့်ကျဲနေသော ဓားဝင်္ကပါသည် ချက်ချင်းပေါင်းစပ်သွားသည်။ ဓားအလင်း ၃၆၅ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

ထိုဓားသည် လွှမ်းမိုးနိုင်သောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သန်းဆယ်ချီသော ဓားကျင့်ကြံသူများသည် ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို ဖွဲ့စည်းလိုက်ကြသည်။

ထိုဓားဝင်္ကပါသည် လောကတစ်ခုလုံးကို သိမ်းပိုက်ရာတွင် ဟွမ်ကျစ်ဟူ၏ အစစ်အမှန်ဝှက်ဖဲ ဖြစ်သည်။

“မင်း”

ဟယ်ချူက မျက်လုံးပြူးသွားပြီး လက်မြှောက်သည်။ ရွှေရောင်အင်းကွက်များသည် သူ့ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

သူ့နောက်တွင်ရှိသော ကျင့်ကြံသူများကလည်း ထိတ်လန့်သွားပြီး အင်မော်တယ်အလင်းဖြင့် အလင်းလွှာတစ်ခုကို ဖန်တီးလိုက်ကြသည်။

“မင်းက ဓားကို ဆွဲထုတ်ရဲတယ်လား’’

“ငါက မင်းရဲ့ဓားဝင်္ကပါကို ဖျက်ဆီးပစ်ပြီး မင်းရဲ့ကမ္ဘာကို ကျွန်ပြုမယ်”

ဟယ်ချူက တိုးဝင်လာသောဓားအလင်းကို ကြည့်လိုက်ပြီး တစ်ကိုယ်လုံး တုန်ခါနေသည်။ သူက အံကြိတ်ထားပြီး ဟိန်းဟောက်လိုက်သည်။

ထိုဓားအလင်းသည် အလွန်အားကောင်းပြီး သူက ခုခံနိုင်ရန် ယုံကြည်ချက်မရှိပေ။

ဟွမ်ကျစ်ဟူက ဆုံးဖြတ်ထားသော မျက်နှာထားဖြင့် လက်မြှောက်ပြီး ဓားဖြင့် ခုတ်ချသည်။

ဓားအလင်းသည် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲပြီး လေဟာနယ်ကို ဗလာဖြစ်သွားစေသည်။

ဟယ်ချူ၏ရှေ့တွင်ရှိသော အင်မော်တယ်အလင်းနှင့် အင်းကွက်များသည် တစ်ပိုင်းတစ်စစီ ဖြစ်သွားကြသည်။

သူက ထိတ်လန့်နေသည်။

အမှန်တကယ် ကြောက်ရွံ့သွားသည်။

ဓားအလင်းသည် အလွန်အားကောင်းပြီး သူ့ခွန်အားဖြင့် မခုခံနိုင်ပေ။

သူက အံကြိတ်ထားပြီး သွေးနီရောင်သန်းနေသော လှံတစ်စင်းကို ထုတ်ယူသည်။

ထိုလှံရှည်က ခမ်းနားသောအရှိန်အဝါနှင့်အတူ သွေးမိကျောင်းတစ်ကောင်ကို ဖြစ်ပေါ်လာစေသည်။

ပေတစ်သိန်းရှည်လျားသော မိကျောင်း၏ သွေးနီရောင်မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“ဘုန်း”

ဓားအလင်းသည် မိကျောင်းကို တစ်ပိုင်းတစ်စစီဖြစ်အောင် ခုတ်ပိုင်းပစ်လိုက်ပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ဟယ်ချူက ထိုဓားချက်ကြောင့် လွင့်ထွက်သွားပြီး အင်မော်တယ်အလင်းဖြင့် တောက်ပနေသော ရွှေရောင်သွေးများကို အန်ထုတ်လိုက်ရသည်။

“မင်းတို့အားလုံး သေရမယ် ....”

သူက အံကြိတ်ထားပြီး ရူးသွပ်စွာ ဟိန်းဟောက်သည်။

ဟွမ်ကျစ်ဟူက လက်မြှောက်လိုက်ပြန်သည်။

ဟယ်ချူက တုံ့ဆိုင်းနေပြီး ထွက်ပြေးသွားသည်။

တခြားကျင့်ကြံသူများကလည်း သူ့နောက်သို့ လိုက်သွားကြသည်။

ဓားဝင်္ကပါကို ဝိုင်းရံထားသော ပုံရိပ်များကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြသည်။

အဝေးတစ်နေရာတွင် ဝိညာဉ်လေးပါးကမ္ဘာ၏ တာအိုဝတ်စုံနှင့် ကျွမ်းကျင်သူများက ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။

သူတို့က ဤတိုက်ပွဲအတွက် အစွမ်းကုန်ထုတ်သုံးထားသည်။ သို့သော် မအောင်မြင်ခဲ့ပေ။

“ဟားဟား၊ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ အခု ဟွမ်ကျစ်ဟူက တိမ်တိုက်ခုံရုံးတာအိုဂိုဏ်းနဲ့ ရင်ဆိုင်ရတော့မယ်။ ငါတို့က သက်သာသွားတာပေါ့”

အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက ခေါင်းခါလိုက်ပြီး ပြောသည်။ သူ့မျက်နှာပေါ်တွင် နောင်တနှင့် ပျော်ရွှင်မှုများ ရှိနေသည်။

“ဒါပေမဲ့ လူသားကမ္ဘာကို ရောက်လာတဲ့အချိန်မှာ တိမ်တိုက်ခုံရုံးတာအိုဂိုဏ်းက ဘာဖြစ်လို့ သွေးယဇ်ပူဇော်ခြင်းကို လိုအပ်နေတာလဲ”

အပြာရောင်ဝတ်စုံနှင့် ရွှေသရဖူကို ဝတ်ဆင်ထားသော တာအိုတန်ခိုးရှင်တစ်ယောက်က တီးတိုးမေးသည်။

ကျန်လူများက ခေါင်းခါလိုက်ကြသည်။

အဝေးတစ်နေရာတွင်ရှိ‌နေသော ဓားဝင်္ကပါက ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။

ဟွမ်ကျစ်ဟူ၏မျက်နှာက ဖြူဖျော့နေပြီး ဖြည်းဖြည်းချင်း ဓားသိမ်းလိုက်သည်။

“ကျစ်ဟူ၊ အခု ဘာလုပ်ကြမလဲ”

စကားပြောလိုက်သော ချပ်ဝတ်နှင့်လူက ဓားနှစ်လက်လွယ်ထားသော ဟယ်ရွှမ်ချီ ဖြစ်သည်။

သူက ဟွမ်ကျစ်ဟူ၏ ဓားကျင့်ကြံသူစစ်တပ်ကို ဝင်ရောက်ခဲ့ပြီး နယ်မြေတစ်ခုကို လွှမ်းမိုးထားနိုင်သည်။

စစ်တပ်ထဲတွင် အံ့ဖွယ်ကိုးပါးတောင်၏ တခြားဓားကျင့်ကြံသူများလည်း ရှိနေကြသည်။

သူတို၏အမြင်တွင် ဟွမ်ကျစ်ဟူက ဂိုဏ်းတူအစ်ကိုဟန်၏ မွေးစားသမီးဖြစ်သောကြောင့် သူမကို ကာကွယ်ပေးရမည်။

သူတို့က ဂုဏ်သတင်းနှင့် အကျိုးအမြတ်ရချင်သောကြောင့် စစ်တပ်ကို ဝင်ရောက်ခဲ့ခြင်း မဟုတ်ပေ။ ဟွမ်ကျစ်ဟူကို ကာကွယ်ရန်အတွက် ဖြစ်သည်။

“ဦးလေးဟယ်၊ အစ်ကိုလုယန်၊ စစ်တပ်ကို နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်ပါ”

ဟွမ်ကျစ်ဟူက အံကြိတ်ထားပြီး တီးတိုးပြောသည်။

သူမက ထွက်ပြေးသွားသော ကျင့်ကြံသူများကို လှမ်းကြည့်နေသည်။

‘နောက်ဆုတ်ရမှာလား’

ဟွမ်ကျစ်ဟူက ပထမဆုံးအကြိမ်အဖြစ် နောက်ဆုတ်ရန် အမိန့်ပေးခဲ့သည်။

နှစ်ပေါင်းနှစ်ထောင်အတွင်း၌ ဓားကျင့်ကြံသူစစ်တပ်သည် တစ်ခါမှ နောက်မဆုတ်ဖူးပေ။

“အင်မော်တယ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေကို ကျွန်မတို့ မခုခံနိုင်ဘူး”

ဟွမ်ကျစ်ဟူက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

“သူတို့ကို အင်မော်တယ်ရင်းမြစ်ကမ္ဘာဆီ ခေါ်သွားမယ်”

“အင်မော်တယ်ရင်းမြစ်ကမ္ဘာမှာ အင်မော်တယ်ကျင့်ကြံသူတွေ ရှိနေတယ်”

အင်မော်တယ်ကျင့်ကြံသူများ ....

လူတိုင်းက ကြောင်အသွားပြီး နားလည်လိုက်သည်။

လွန်ခဲ့သောနှစ်များတွင် ဂိုဏ်းတူအစ်ကိုဟန်နှင့်အတူ အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူနှစ်ယောက် ပြန်ရောက်လာကြောင်း သတင်းကြားခဲ့ရသည်။

သူတို့က အာကာသထဲတွင် တိုက်ခိုက်နေသောကြောင့် ဂိုဏ်းတူအစ်ကိုဟန်နှင့် မတွေ့ရသေးပေ။

သို့သော် ဟွမ်ကျစ်ဟူက အင်မော်တယ်ကမ္ဘာမှ ကျွမ်းကျင်သူများ၏စွမ်းရည်ကို သုံးသပ်ကြည့်ချင်သည်။

ယခုအချိန်တွင် ဝိညာဉ်လေးပါးကမ္ဘာက အင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများကို ဆင့်ခေါ်ထားသောကြောင့် ထိုလူများကို အသုံးပြုပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင်ရှိ‌သော အင်မော်တယ်ကျင့်ကြံသူများ၏ စွမ်းရည်ကို စမ်းသပ်နိုင်လိမ့်မည်။

“ဝူ ....”

ခရာသံ ပေါ်ထွက်လာသည်။ စစ်တပ်က ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။

လေဟာနယ်ထဲတွင် ပုန်းအောင်းနေသော ဟယ်ချူနှင့် တခြားကျင့်ကြံသူများက အပြင်ဘက်သို့ ထွက်လာကြသည်။

“ထွက်သွားချင်တာလား”

“ကောင်းတယ်။ မင်းတို့ကမ္ဘာကို လိုက်လာပြီး သန့်စင်ပစ်မယ်”

ဟယ်ချူက အံကြိတ်ပြီး လက်သီးဆုပ်ထားသည်။

သူ၏ လှံရှည်ပေါ်တွင်ရှိသော သွေးအလင်းရောင်က သိသိသာသာ မှိန်ဖျော့နေသည်။

....

ဓားစံအိမ်၏ အပြင်ဘက်တွင်ဖြစ်သည်။

အနက်ရောင်အလင်းတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲသွားသည်။

တာဝန်ကျနေသောတပည့်က အလင်းတန်းကို ဖမ်းယူလိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။ ထို့နောက် ဂိုဏ်းထဲသို့ လျင်မြန်စွာ ဝင်သွားသည်။

ခဏအကြာတွင် ဓားတစ်လက်ကိုင်ထားသော နတ်ဘုရားဘုရင်ချီယုက ဟန်မူယဲ့နှင့် တွေ့ခွင့်ရရန် တောင်းဆိုလိုက်သည်။

“ဟွမ်ကျစ်ဟူရဲ့ ဓားကျင့်ကြံသူစစ်တပ်က ဝိညာဉ်လေးပါးကမ္ဘာရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်လို့ ကောင်းကင်နင်းခြေမိစ္ဆာဘုရင်က သတင်းပို့လိုက်ပါတယ်။ အခုအချိန်မှာ သူတို့က တိုက်ခိုက်မှုကို ခုခံပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာကို ပြန်လာနေကြပါပြီ”

“ဘုန်း ....”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားအလင်းသည် ကောင်းကင်အထိ ရောက်သွားသည်။

ဟန်မူယဲ့က တင်းမာသောမျက်နှာထားဖြင့် ရှေ့တက်လာသည်။

သူ့ဘေးတွင် မူဝမ်၊ ယွင်ကျင်းနှင့် တခြားလူများ ရှိနေကြသည်။

ဟန်မူယဲ့ထွက်သွားသော နှစ်များတွင် ဟွမ်ကျစ်ဟူက ကောင်းကင်ရင်းမြစ်ကမ္ဘာသို့ ပြန်လာသောအချိန်တိုင်းတွင် သူတို့ဆီသို့ လာရောက်လေ့ရှိသည်။

သူတို့က သူမကို သမီးအရင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။

“အစ်ကိုခြောက်က တစ်ယောက်တည်း ထွက်သွားတာလား”

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

ဓားကျင့်ကြံသူစစ်တပ်ကို ဖိအားပေးနိုင်သော အင်မော်တယ်ကျင့်ကြံသူနှင့် ဟွမ်ခြောက်က မယှဉ်နိုင်လောက်ပေ။

“အစ်ကိုဟန်၊ သူတို့ကို မြန်မြန်သွားကယ်သင့်တယ်”

မူဝမ်က ပြောလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြီး ဓားအလင်းများဖြင့် ဓားရှည်တစ်လက်ကို ဖန်တီးသည်။

သူ၏ဓားချက်ကြောင့် လေဟာနယ်က ချက်ချင်းအက်ကွဲသွားပြီး လမ်းကြောင်းတစ်ခု ပေါ်လာသည်။

“မင်းက ဓားတစ်ချက်တည်းနဲ့ လေဟာနယ်ကို ထိုးခွဲနိုင်တာပဲ။ မင်းရဲ့ လေဟာနယ်ထိန်းချုပ်နိုင်စွမ်းက ပိုပြီး နက်နဲလာပြီ”

ပျံသန်းလာသော လီယွင်ကန်းက လေဟာနယ်လမ်းကြောင်းကို ကြည့်လိုက်ပြီး ထိတ်လန့်စွာ ပြောသည်။

ဓားတစ်ချက်သည် မရေမတွက်နိုင်သော ကမ္ဘာများကို ဖြတ်ကျော်ခဲ့သည်။

အစွမ်းကုန်ထုတ်မသုံးနိုင်သော လူသားလောကတွင် လေဟာနယ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းသည် ကိုယ်ပိုင်ခွန်အားကို ဖော်ပြနိုင်သည့် တိုက်ရိုက်အကျဆုံးနည်းလမ်း ဖြစ်သည်။

ဟန်မူယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အဆုံးမရှိသော လေဟာနယ်ထဲသို့ ဝင်ရောက်သွားသည်။

သူက နောက်တစ်လှမ်းဖြင့် ကောင်းကင်ရင်းမြစ်ကမ္ဘာ၏ အစွန်အဖျားသို့ ရောက်သွားသည်။

ထိုအချိန်တွင် မရေမတွက်နိုင်သော ဓားအလင်းများနှင့် အနက်ရောင်လှံတစ်စင်းသည် ကောင်းကင်ထက်တွင် တိုက်ခိုက်နေကြသည်။

ဟွမ်ခြောက်က မီးတောက်များကိုထုတ်လွှတ်လျက် လှံရှည်ဖြင့် အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူနှစ်ဦးကို တားဆီးနေသည်။

ဟွမ်ကျစ်ဟူ၏ ထိန်းချုပ်မှုအောက်တွင် ဓားဝင်္ကပါက အကောင်းဆုံးကြိုးစားပြီး လေဟာနယ်ကိုဖြတ်သန်း၍ ကျဆင်းလာသော အင်းကွက်များကို ခုခံနေသည်။

လေဟာနယ်အက်ကွဲကြောင်း၏ရှေ့တွင် မရေမတွက်နိုင်သော ပုံရိပ်များက ကောင်းကင်ရင်းမြစ်ကမ္ဘာဆီသို့ ပြေးဝင်လာကြသည်။

ယခုအချိန်တွင် အလွန်အားကောင်းသော ကောင်းကင်ရင်းမြစ်ကမ္ဘာက ပြိုင်ဘက်နှင့် ရင်ဆိုင်လိုက်ရသည်။ ဓားကျင့်ကြံသူစစ်တပ်ကလည်း ဖိနှိပ်ခံနေရသည်။

ကောင်းကင်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများသည် ဓားဝင်္ကပါ၏နောက်တွင် စုစည်းနေကြသည်။

အကယ်၍ ပြင်ပကမ္ဘာစစ်တပ်က ကောင်းကင်ရင်းမြစ်ကမ္ဘာကို ချိုးဖောက်သွားခဲ့လျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို သူတို့အားလုံးက သိနေကြသည်။

အားလုံး သတ်ဖြတ်ခံရလိမ့်မည်။

“မင်းတို့ရဲ့ လူသားကမ္ဘာလေးက ငါတို့ကို ခုခံရဲတယ်လား”

“ငါက မင်းတို့ရဲ့ အင်မော်တယ်ရင်းမြစ်ကမ္ဘာကို ဖျက်ဆီးပစ်မယ်”

လေဟာနယ်ထဲတွင် အေးစက်နေသောအသံတစ်သံ ပေါ်ထွက်လာသည်။

All Chapters