ကျောင်းအုပ်ကြီးဖြစ်သွားပြီ
Vol. 45 Ch. 4.181
ကျိုးလန် ရှုံးသွားပြီ။ ကျောင်းအုပ်ကြီး အပြင် ပထမတန်းစား အဂ္ဂိရတ်ပညာရှင် ကျိုးလန်လည်း ရှုံးနိမ့်ခဲ့ပြီး သူမက ရှုံးနိမ့်မှုကို ယုံယုံကြည်ကြည် လက်ခံခဲ့သည်။
ယခုအချိန်တွင် ကျိုးလန် ပြောသည့် စကားအတိုင်း လူတိုင်းက လုရွှမ်ကို သံသယမရှိ ကြည့်လာကြသည်။ ဒီလို ဉာဏ်ကြီးရှင်နဲ့သာ ကျောင်းအုပ်ကြီးဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက် အဖြစ် ခင်မင်ရင်းနှီးမှုကို ဆွေးနွေးနိုင်သည်။
သူတို့သည် လုရွှမ်ကို ပြင်းထန်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ထိုကဲ့သို့ ထက်မြက်သော အဂ္ဂိရတ်ဆရာနှင့် မိတ်ဖွဲ့နိုင်လျှင် ကြီးမားသော အကူအညီ တစ်ခု ဖြစ်လာလိမ့်မည်။
ဒုကျောင်းအုပ်ဝမ်နှင့် ဒုကျောင်းအုပ်လီတို့၏ မျက်နှာများမှာ နီရဲလာ၍ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စိုးရိမ်သောက ရောက်နေကြသည်။ ဒီလိုလူသာ ကျောင်းအုပ်ကြီး ဖြစ်လာရင် သူတို့နှစ်ယောက်ထက် အာဏာ ရှိသွားလိမ့်မည်။
နှစ်ယောက်သား လျှို့ဝှက်စွာ နောင်တရခဲ့ကြသည်။ ဤစမ်းသပ်မှုများသည် လူတိုင်း၏ အမြင်တွင် ကျင်းပခဲ့ရာမှ လုရွှမ်က လက်ရှိအခြေအနေကို ဦးတည်စေမယ်လို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ။
သူတို့နှစ်ဦးသည် အကြိမ်ပေါင်းများစွာ အကြည့်ချင်း ဖလှယ်ခဲ့ကြသော်လည်း လုရွှမ်ကို ထပ်မံစိန်ခေါ်ဝံ့ခြင်း မရှိပေ။ ဒီချင်းလုံအရှင်က တစ်ခုပြီးတစ်ခု အောင်မြင်နေတာ။ တခြားသူတွေသာ စိန်ခေါ်ဖို့ ထွက်လာသေးရင် သူတို့မှာ မျက်စိမရှိဘူး ဆိုတာ ရှင်းနေပါပြီ။
"ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ရာထူးကို ယာယီ တာဝန်ယူပေးဖို့ ချင်းလုံအရှင်ကို လေးစားစွာနဲ့ တောင်းဆိုပါတယ်"
ဖန်းချန်မှာ လက်ရှိအချိန်တွင် အလွန် စိတ်လှုပ်ရှားနေပါ၏။ စိုးရိမ်စိတ်များ ကျော်လွန်ပြီးပါက တစ်စုံတစ်ခု ရရှိလိမ့်မည်ဟု ဆိုကြသော်လည်း ဤအခိုက်တွင် အလင်းတစ်ချက်က သူ့နှလုံးသားထဲတွင် တောက်ပလာကာ လျင်မြန်စွာ ထရပ်၍ အော်လိုက်လေသည်။
လုရွှမ်သာ ဤပြိုင်ပွဲ၏ အဖွဲ့ခေါင်းဆောင် ဖြစ်လာပါက သူသည် ကြီးကျယ်သော ဂုဏ်သိက္ခာနှင့် ခိုင်မာသော အဆင့်အတန်း ရှိသဖြင့် အားလုံးထဲ၌ အရည်အချင်း ရှိသူအဖြစ် သတ်မှတ်ခံရနိုင်သည်။
ဒီလိုလူက ဘာကြောင့် ယာယီ ကျောင်းအုပ်ကြီး မဖြစ်နိုင်ရမှာလဲ?
ခန်းမတစ်ခုလုံး ခေတ္တတိတ်ဆိတ်နေပြီး ဘယ်သူကမှ စကားမပြောကြဘဲ တစ်ခဏတာ ငြိမ်သက်သွားခဲ့သည်။ လူတော်တော်များများက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ပြီး သတင်းများ ဖလှယ်နေကြ၏။
လုရွှမ်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူ့ကို ယာယီကျောင်းအုပ်ကြီး ရာထူးကိုတောင် ပေးနေတာလား။
"ဟုတ်တယ်... ကျွန်မလည်း သဘောတူတယ်"
ကျိုးလန်ကလည်း ဆိုလိုက်သည်။
ကျိုးလန် ဖန်းချန်ရဲ့ စကားကို ထောက်ခံလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ကြသော်လည်း မကြာမီတွင် လူတိုင်းသည် ကျိုးလန်ရဲ့ ဆိုလိုရင်းကို နားလည်သွားကြသည်။ ဒါက အမှန်ပင် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်လေသည်။
"ဟုတ်တယ်... ချင်းလုံအရှင်ကို ယာယီကျောင်းအုပ်ကြီး နေရာမှနေဖို့ ကျုပ်လည်း ထောက်ခံပါတယ်"
တစ်ယောက်၊ နှစ်ယောက်မှစ၍ ခဏအတွင်း လူတော်တော် များများက အော်ဟစ် ထောက်ခံလာကြသည်။
သူတို့မှာ လောလောဆယ် ကျောင်းအုပ်ကြီး နေရာကိုယူဖို့ ရည်ရွယ်ချက် တစ်ခုမှမရှိဘူး။ ဘာပဲဖြစ်ဖြစ် ကျောင်းအုပ်ကြီး မရှိသလို ယာယီကျောင်းအုပ်ကြီး ဖြစ်တဲ့လုရွှမ်ပ အနည်းဆုံး ရုပ်ရည်ကောင်းပြီး ကျောင်းကို အရှက်ရအောင် မလုပ်မှာ သေချာလေ၏။
ကျောင်းအုပ်ကြီး နေရာကို ရယူလိုသူများအား ဒုကျောင်းအုပ် နှစ်ဦးက ဖိနှိပ်ထားသောကြောင့် ရှေ့မတိုးနိုင်တော့ပေ။ ထိုအစား လုရွှမ်ကို တွန်းတင်ပြီး ၎င်းတို့နှစ်ဦးကို ဖယ်ချလိုက်တာက ပိုကောင်းပါသည်။
လူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးတွေ ရှိပေမယ့် ခဏအတွင်း လုရွှမ်ရဲ့ ယာယီကျောင်းအုပ်ကြီး နေရာကို ထောက်ခံမှုသူက ပိုလို့တောင် များပြားလာတော့သည်။
လုရွှမ် အရမ်းစိတ်ဝင်စားဖို့ ကောင်းနေတာကို တွေ့လိုက်ရတာကြောင့် ခပ်ဖွဖွလေး ရယ်လိုက်သည်။ ဒုကျောင်းအုပ် နှစ်ယောက်ကို ပြုံးပြုံးလေး လှမ်းကြည့်ပြီး
"ဒုကျောင်းအုပ် နှစ်ယောက်ကရော ဘယ်လိုထင်လဲ?"
သူတို့နှစ်ယောက်မှာ ယင်ကောင်တွေကို ဝါးစားနေရသလိုမျိုး ခံစားနေရသည်။ အခုအဖြစ်က လုံးဝ စက်ဆုပ်ရွံရှာဖွယ် ကောင်းပေမယ့် သူတို့ကို ထောက်ခံပေးမယ့်သူက မရှိခဲ့ချေ။
လက်အောက် ငယ်သားတချို့က ကျယ်လောင်စွာ ဆူညံနေသော်လည်း ကံမကောင်းစွာဖြင့် လုရွှမ်ကို ထောက်ခံသူက လူပိုများလာပြီး သူတို့လူတွေရဲ့ ဆူညံသံမှာ များများပင် မထွက်နိုင်တော့ပေ။
"ချင်းလုံအရှင်က ကျောင်းအုပ်ကြီးရဲ့ မိတ်ဆွေဟောင်း ဆိုတော့ ကျုပ်တို့ ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး နေရာမှာ ဆောင်ရွက်မယ် ဆိုတာက သဘာဝကျပါတယ်"
ဒုကျောင်းအုပ်လီက ကူကယ်ရာမဲ့ ခေါင်းငုံ့၍ ဆိုလိုက်သည်။ ဒုကျောင်းအုပ်ဝမ်က သက်ပြင်းချကာ သူ့အခြေအနေသည် တခြားသူများထက် ပိုပြင်းထန်နေသည်။
ဘာပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်ဟာ အလွန် စိတ်ဓာတ်ကျနေပါပြီ။ ဒါက တခြားသူကို ဝေဖန်ဖို့ တွေ့ဆုံမှုတစ်ခု ဖြစ်ခဲ့ပေမယ့် ဘာလို့များ ဒီလိုတွေ ဖြစ်လာရတာလဲ?
ဖန်းချန် အလွန် ဝမ်းမြောက်သွားကာ သူ့လက်ထောက် နှစ်ယောက်နှင့်အတူ ကျယ်လောင်စွာ ရယ်မောနေခဲ့သည်။
လုရွှမ် ထိုလူတွေကို ဝေ့ကြည့်လိုက်တော့ သူ့ရှေ့က လူသုံးယောက်ကလွဲရင် သူ့အတွက် တကယ် ပျော်တဲ့လူ ဆယ်ယောက်ထက် မပိုဘူးဆိုတာ သူကောင်းကောင်း သိလိုက်ရ၏။
အမှန်တကယ် ပျော်ရွှင်နေသူများသည် ကြားနေ သဘောထားရှိပြီး ကျောင်းရဲ့ ကောင်းကျိုး အကြောင်းကို အမှန်တကယ် တွေးတောသူများ ဖြစ်လိမ့်မည်။
တခြားသူများကတော့ သဘောတူသည် ဖြစ်စေ မတူသည်ဖြစ်စေ သူ လုံးဝ မကြောက်ပါဘူး။ ဒီလူတွေက သူ့ကို လှည့်စားချင်နေတာပဲ။ တစ်ယောက်ပြီး တစ်ယောက် သူ့ကိုကြံစည်ဖို့ စောင့်နေတာလည်း ဖြစ်နိုင်သေးတယ်လေ။
"ကောင်းပြီ အခု လူတိုင်းက ကျုပ်ကို ထျန်းလုံကျောင်းတော်ရဲ့ ယာယီကျောင်းအုပ်ကြီး အဖြစ် ရွေးချယ်လိုက်ပြီ ဆိုတော့ ခင်ဗျားတို့နဲ့ အရင်ရှင်းဖို့ လိုတယ်... ကျုပ် လိုအပ်ချက်တွေ ရှိသေးတယ် မသင့်လျော်ဘူးလို့ သဘောထားရှိတဲ့ ဘယ်သူမဆို အခုချက်ချင်း မတ်တပ်ရပ်လိုက်လို့ ရတယ်... ပြီးတော့ တောင်းဆိုစရာ ရှိတာတွေရောပဲ"
သူနှင့်လူအားလုံးသည် ကျောင်းအုပ်ကြီး၏ စာဖတ်ခန်းထဲ ပြန်လာခဲ့ကြသည်။ ဤတစ်ကြိမ်တွင်တော့ လုရွှမ်သည် ကျောင်းအုပ်ကြီး ထိုင်ခုံပေါ်တွင် မဆိုင်းမတွ ထိုင်ကာ လူတိုင်းကို လှည့်ပတ် ကြည့်ရှုလိုက်သည်။
"ကျုပ်မှာ တခြားတောင်းဆိုချင်တဲ့ လိုအပ်ချက်တွေ မရှိပါဘူး.... တခြားသူတွေလိုပဲ ကျူပ်ကတော့ ထျန်းလုံကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို တစ်ဖန်ပြန်လည် ရယူချင်ပါတယ်... ဒီကျောင်းလေးကျောင်း ပြိုင်ပွဲမှာ ကျုပ်တို့ရဲ့ ထျန်းလုံကျောင်းတော်က အောက်ခြေမှာ မထားနိုင်ဘူး... ကျုပ်တို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ပထမပဲ"
"ဒါဆို ဒီရည်မှန်းချက်အတွက် ခင်ဗျားတို့ရဲ့တပည့် ဒါမှမဟုတ် မြေးတွေကို ထုတ်လာဖို့ လိုတယ်... လူတိုင်းက ကျောင်းအတွက် ဇောက်ချလုပ်နေကြပြီမို့ ကန့်ကွက်စရာ မရှိဘူးလို့ ထင်တယ်"
ပါဝါအာဏာ ရလာသော လုရွှမ်သည် ယခုအချိန်တွင် သူ၏စကားများကို ရှင်းရှင်းလင်းလင်း ပြောပြချင်သည်။ မဟုတ်ပါက သူထိုအကြောင်းကို နောက်မှပြောရလျှင် မရှင်းမလင်း ဖြစ်လာလိမ့်မည်။
ဘယ်သူကမှ စကား မပြောကြချေ။
"ကောင်းပြီ တချို့လူတွေက ကျောင်းမှာ မရှိနိုင်သလို နေမကောင်း ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်... ဒါကို ကျုပ် နားလည်တယ် ဒါပေမဲ့ ကျုပ်ရဲ့ စုဆောင်းရေး အဖွဲ့ထဲကို ဝင်တဲ့ ဘယ်သူပဲ ဖြစ်ဖြစ် ထျန်းလုံကျောင်းတော်ကို ဂုဏ်တက်စေမယ့် အသင်းဝင်ပဲ... ဒါကြောင့် ကျုပ်က လေ့ကျင့်ခန်းတွေ၊ ကျွမ်းကျင်မှုတွေ၊ စွမ်းရည်တချို့ကို အသုံးပြုသွားမှာပါ... အတွေ့အကြုံတွေကို သူတို့ဆီ လက်ဆင့် ကမ်းပေးတဲ့အတွက် ခင်ဗျားတို့ရဲ့ ကလေးတွေကို ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ ရှင်းရှင်းလင်းလင်း ရှင်းပြနိာင်မယ်လို့ မျှော်လင့်ပါတယ်”
လုရွှမ် စကားကို ကြားပြီးနောက် လူတိုင်း၏ မျက်လုံးများ တောက်ပလာပြီး အချင်းချင်း ငြင်းခုံရန် ကြိုးစားနေသော လူတချို့လည်း တုံ့ဆိုင်းသွားကြသည်။
"ကျောင်းအုပ်ကြီး တကယ် ပြောတာလား?"
"လူကြီးလူကောင်း တစ်ယောက်က အလုပ်နဲ့ သက်သေပြတယ်"
ထို့နောက် လုရွှမ်မှ နောက်ထပ် အကြောင်းအရာ တချို့ကို ကြေညာပြီး အစည်းအဝေးကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်သည်။
သိပ်မကြာခင်မှာပဲ ထျန်းလုံကျောင်းတော် တစ်ခုလုံး တုန်လှုပ် ခြောက်ခြားသွားခဲ့ပြီး ချင်းလုံအရှင်က ယာယီကျောင်းအုပ်ကြီး ဖြစ်လာတဲ့ သတင်းက ပျံ့နှံ့သွားတော့သည်။
ထို့နောက် ချင်းလုံအရှင် ယာယီကျောင်းအုပ်ကြီး ဖြစ်လာပုံ ဖြစ်စဉ်လည်း ပြန့်နှံ့သွားကာ ကျောင်းသားများသည် အံ့သြ တုန်လှုပ်သွားကြ၏။ ထိုအကြောင်းကို နေရာတိုင်းတွင် ပြောဆိုနေကြပြီး အချိန်အတော် ကြာအောင် မယုံနိုင် ဖြစ်ခဲ့ရသည်။
လုရွှမ်က ၎င်း၏ အတွေ့အကြုံနှင့် အရည်အချင်းများကို ထျန်းလုံကျောင်းတော်မှ ကျောင်းသားများအား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါက လွှဲပြောင်းပေးမည်ဟု သတင်းလည်း ပျံ့နှံ့လာသောအခါ ကျောင်းသားများ ချက်ချင်း ပေါက်ကွဲသွားခဲ့ကြသည်။
တစ်ယောက်ပြီး တစ်ယောက် သူတို့နေရာကို တခြားသူတွေ လုယူသွားမှာကို စိုးရိမ်ပြီး အမည်စာရင်း သွင်းသည့် စားပွဲဆီကို ပြေးသွားကြလေ၏။
အခြားအဓိကကျောင်း သုံးခုအတွက် ထျန်းလုံကျောင်းတော်မှ အထူးသတ်မှတ်ထားသော ကျန်ဧရိယာတွင် နေရင်း ဆွေးနွေးမှု များစွာရှိလာခဲ့သည်။ သတင်းများက လျင်မြန်စွာ ပြန့်နှံ့သွားပြီးပြီ။
ထျန်းလုံကျောင်းတော် နှင့် ပတ်သက်၍ တခြားကျောင်း၃ ကျောင်းတွင် အလွန်ရှုပ်ထွေးသော အတွေးအမြင်များ ရှိကြသည်။ ယခင် ကျောင်းအုပ်ကြီး ရာထူးတက်တုန်းက သူတို့မှာ ဖိနှိပ်ခံခဲ့ရပြီး ခေါင်းတောင် မထောင်နိုင်ခဲ့ချေ။
နောက်ဆုံးတော့ သူမ ထွက်သွားရာ သူတို့အတွက် ထျန်းလုံကျောင်းတော်ကို သူတို့ခြေထောက်အောက်မှာ နင်းဖို့ အခွင့်အရေး ရလာခဲ့သည်။
သူတို့အမြင်အရတော့ ယခင် ကျောင်းအုပ်ကြီးလို လူဟာ အနှစ်တစ်ထောင်မှာ တစ်ကြိမ်တောင် ပေါ်လာမှာ မဟုတ်ပေမယ့် သူတို့ မမျှော်လင့်ထားတဲ့ အရာက ဒီလိုလူတစ်ယောက် တကယ်ပေါ်လာပြန်၏။
ထျန်းလုံကျောင်းတော် တစ်ဖန်ပြန်လည် ကောင်းမွန်လာမည် ဖြစ်ပြီး သူတို့၏ ကောင်းမွန်သော နေ့ရက်များ ကုန်ဆုံးတော့မည်ဖြစ်ကာ ၎င်းတို့သည် ထျန်းလုံကျောင်းတော်၏ အဆက်မပြတ် ဖိနှိပ်ခံခဲ့ရသည့် ခေတ်ကာလသို့ ပြန်လည် ရောက်ရှိသွားတော့မည် ဖြစ်သည်။
"စိတ်မပူပါနဲ့...အချိန်ပေးပြီး အချိန် ယူလိုက်ရအောင်... နောက်ဆုံးတော့ အဲဒီလူက အရင်ကျောင်းအုပ်ကြီးရဲ့ ကျန်ရှိနေတဲ့ စွမ်းအားကို အားကိုးပြီး ကျောင်းအုပ်ကြီး ဖြစ်လာခဲ့တာပဲလေ... အရာအားလုံးက ဒီပြိုင်ပွဲတွေပေါ်မှာ မူတည်တယ်.... ပြိုင်ဆိုင်မှု မအောင်မြင်ရင် လောင်စာဆီ ထည့်လိုက်ကြရအောင်.... မီးလောင်သွားရင် ဘယ်မျိုးဆက်ကမှ သည်းခံနိုင်မှာ မဟုတ်ဘူး"
"ဒါ့အပြင် ခုနစ်ရက်တောင် ကျန်သေးတယ်....အဲဒီ ချင်းလုံအရှင်က ဒီရေကို ဘယ်လိုတွန်းလှန်ပြီး ပြိုလဲတော့မယ့် ကမ္ဘာကြီးကို ဘယ်လို ထိန်းထားနိုင်မလဲ ဆိုတာ ကျုပ်တို့ စောင့်ကြည့်ရအောင်"