← Chapters

နိယာမထိန်းချုပ်မှု

Vol. 45 Ch. 4.182

နိယာမထိန်းချုပ်မှု

Vol. 45 Ch. 4.182

ထျန်းလုံကျောင်းတော်ရှိ ကျောင်း၄ ကျောင်း ပြိုင်ပွဲများအတွက် အမည်စာရင်းများ စုစည်းထားသော ခန်းမတစ်ခုတွင် ဖြစ်သည်။

လုရွှမ် သူတို့ကို တစ်ရက်ပဲ အချိန် ​​ပေးထား၏။ တစ်ရက်ပြီးရင် နောက်ထပ် လာတဲ့သူက ဘယ်လောက်ပဲ ကြံ့ခိုင်နေပါစေ အရည်အချင်း ရှိနေပါစေ အသုံးဝင်တော့မှာ မဟုတ်ဘူး။

လက်ရှိအခိုက်တွင် လုရွှမ်သည် ကိုယ်ခံပညာခန်းမထဲတွင် ရပ်နေပြီး တစ်ယောက်ပြီး တစ်ယောက် အကဲဖြတ်သည့် နေရာကိုလာနေဆသာ အရည်အချင်းရှိ ကျောင်းသားများကို စောင့်ကြည့်နေသည်။ ထိုလူများသည် အတော်လေး အားနည်းနေသေးသလို ကွာဟချက်လည်း အနည်းငယ် ရှိ​နေသေးသည်။

တကယ့် အရည်အချင်းရှိတဲ့ ကျောင်းသားတွေ မရောက်သေးဘဲ သူတို့ဟာ သူ့ကိုဟာသလို့ ကြည့်ဖို့ စောင့်နေကြတုန်းပဲ ဆိုတာကိုလည်း သူက ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။

ဖန်းချန်၏ မျက်နှာမှာ အလွန်ရှက်ရွံ့နေခဲ့သည်။ ယခင်က ကောင်းစွာ ပြောခဲ့ဖူးပြီး ကောင်းစွာကတိပေးခဲ့သော်လည်း ယခုအခါတွင်မူ မျက်နှာကိုပင် မ​ပြရဲတော့အောင် ဖြစ်နေပြီ။

"ကျောင်းအုပ်ကြီး ဒါမှမဟုတ် ကျုပ်တို့ သူတို့ကို သွားရှာကြမလား?"

လုရွှမ် ဖန်းချန်ရဲ့ အကြံပြုချက်ကို လက်ကာလျက် ရပ်တန့်​စေလိုက်ပြီး။

"မလိုဘူး.... သူတို့ဘာသာ သဘာဝအတိုင်း တံခါးဝကို ​ရောက်လာလိမ့်မယ်.... သူတို့ ဆန္ဒမရှိရင်တောင် လာချင်တဲ့သူတွေ အများကြီး ရှိတယ်... မင်းကြည့်လိုက်"

လုရွှမ်၏ လက်ချောင်း ညွှန်​ပြရာလမ်းတွင် လူအနည်းငယ်နှင့် လျိုဟွာ လမ်းလျှောက်လာ​နေတာကို တွေ့လိုက်ရသည်။ လျိုဟွာသည် လူအနည်းငယ်ကို ဆွဲဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း တချို့မှာ မနှစ်သက်ကြပုံပင်။

"ကျောင်းအုပ်ကြီး... သူတို့က ကျွန်တော့်ရဲ့..."

ရွှေရောင်ဆံပင်နဲ့ လူငယ်တစ်ယောက်က လျိုဟွာကို တိုက်ရိုက် ဆွဲကိုင်လိုက်သည်။ ထိုလူသည် ကျောင်းသို့ စတင် ဝင်ရောက်စဉ်က ဆရာ့တစ်ဦးအား ရိုက်နှက်ဆုံးမခဲ့၏။ နောက်ပိုင်းတွင် တစ်စုံတစ်ဦးသည် သူ့ထံချဉ်းကပ်ကာ ချင်းလုံအရှင်ကို သင်ခန်းစာပေးရန် အကူအညီ တောင်းခဲ့သည်။

မမျှော်လင့်ဘဲ ချင်းလုံအရှင်သည် ထိုအချိန်မှစ၍ တံခါးပိတ် ကျင့်ကြံနေပြီး သူ့ကို မတွေ့ရတော့ပေ။ ယခုအချိန် သူထွက်လာသော အခါတွင် ကျောင်းအုပ်ကြီး ဖြစ်သွားလိမ့်မည်ဟု ဘယ်သူက ထင်ပါ့မလဲ။

ထိတ်လန့်သွားသလို သို့တည်းမဟုတ် အားနည်းသွားသလို ခံစားလိုက်ရသည်။

ဆရာများ အကြိမ်ပေါင်း မရေမတွက်နိုင်သော အိပ်မက်တွေ မက်ခဲ့ဖူးသော ထို​နေရာကို သူ့အရွယ် မျိုးဆက်မှ အမှန်တကယ် ယူဆောင်သွားခဲ့သည်။ လျိုဟွာက သူ့ကို ဒီကိုလာဖို့ ဆွဲဆောင်ထားတယ်လို့ ပြောမယ့်အစား သူလာကြည့်ချင်တယ်လို့ ပြောတာက ပိုမှန်လိမ့်မည်။

ဒီလူက ဘယ်လောက်တောင် ထူးခြားနေလဲ သူကြည့်ချင်မိသည်။

"မင်းက ချင်းလုံအရှင် ဆိုတာလား?"

ဆံပင်ရွှေရောင်နဲ့ လူငယ်က နှိမ့်ချခြင်းမရှိသော မချင့်မရဲ ဟန်ဆောင်သည့် အသံဖြင့် မေးလိုက်သည်။

လုရွှမ်ကတော့ သူ့စိတ်ထဲတွင် ရယ်မောနေ၏။ ရွှေရောင်လူငယ်၏ အသံတွင် တုန်လှုပ်​နေခြင်းကို သူကြားနေရသည်။ မျိုးဆက်သစ် လူငယ်များအပေါ် သူပြုခဲ့သော တုန်လှုပ် ချောက်ချားမှုကိုလည်း သတိပြုမိခဲ့ပုံ ရသည်။

"ဟုတ်တယ်... မင်းက စာရင်းသွင်းဖို့ လာတာလား?"

ရွှေရောင်ဆံပင်နဲ့ လူငယ်လေးသည် အကြောင်းပြချက် မရှိဘဲ လုရွှမ်အပေါ် ကြည်ညို လေးစားလာသလို ခံစားလိုက်ရသည်။ ၎င်းသည် အလွန်ထူးဆန်းသည့် ခံစားချက်တစ်ခု ဖြစ်သည်။ တစ်ဖက်လူ၏ ငြိမ်သက်​နေမှုကို ကြည့်ကာ သူ့ကိုယ်သူ ပြန်ကြည့်မိရင်း ပို၍ပင် ရှက်လာခဲ့သည်။

ဆံပင်ရွှေရောင်နဲ့ လူငယ်က စိတ်လိုလက်ရ ခေါင်းညိတ်ပြရင်း။

"ကျွန်တော် ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ လာခဲ့တာ"

သူ ဘာကြောင့် အရမ်းအမြန်ကြီး သဘောတူမိသွားလဲ ဆိုတာ ရုတ်တရက် သဘောပေါက်သွားပြီး သူ့ကိုယ်သူ ရဲရင့်ဟန်ဆောင်ဖို့ တမင်တကာ ချောင်းဆိုးလိုက်ကာ။

"ခင်ဗျား တကယ်ပဲ အဲ့လောက်တောင် တော်လား ဆိုတာကို ကြည့်ဖို့ ကျွန်တော် ခင်ဗျားနဲ့ ပြိုင်ချင်တယ်"

လုရွှမ်က ရယ်ပြီး

"ကောင်းပြီ!"

သူက တခြားလူ သုံးယောက်ကိုပါ ညွှန်ပြ၍

"မင်းတို့ သုံးယောက် အတူတူ တက်လာခဲ့ပါ....မဟုတ်ရင် ကျောင်းအုပ်ကြီး ငါက မင်းတို့အငယ်တွေကို အနိုင်ကျင့်​နေတယ်လို့ တချို့က ပြော​နေလိမ့်မယ်"

လုရွှမ် ကိုယ်တိုင်က တတိယအဆင့် သူတော်စင်တစ်ပိုင်းရဲ့ အစွမ်းသတ္တိ ရှိတယ်ဆိုတာ သိသာထင်ရှားပြီး ဒီလူသုံးယောက်စလုံးဟာ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံတဲ့ နယ်ပယ်မှာ ရှိနေကြ၏။ သူတို့အားလုံး လုရွှမ် ပြောတာကို ကြားလိုက်ရသည်။

သူတို့ သုံးယောက် တစ်ယောက်ကို တစ်ယောက် တစ်ချက် ကြည့်လိုက်သော မကျေနပ်သည့် မျက်လုံးများကို ရှိနေခဲ့ကြောင်း သတိပြုမိသော်လည်း ကြိုးစားချင်စိတ် ပြင်းပြသည့် ခံစားချက်မျိုးလည်း ရှိနေသည်။

သူတို့ သုံးယောက်က လုရွှမ်ရဲ့ နှလုံးသားထဲမှာ ခွန်အားကို အသိအမှတ် ပြုပြီးသား ဆိုတာကို မသိခဲ့ကြချေ။ နည်းနည်းတော့ မကျေမနပ် ဖြစ်မိပေမယ့် အများစုကတော့ လေးနက်တဲ့ လေးစားမှုကို ရရှိကြပါ​သေးသည်။

လုရွှမ် လေထဲသို့ ပျံတက်သွားပြီး သူတို့ သုံးယောက်ရှေ့ ရောက်လာခဲ့သည်။ လူအမြောက်အမြားလည်း စုဝေးနေကြပြီ ဖြစ်သည်။

လုရွှမ် စိတ်ဝိညာဉ် စွမ်းအားဖြင့် လှည့်ပတ်ကြည့်ရှုလိုက်ရာ ကျောင်းသားများ၏ လှုပ်ရှားမှုများကို မြင်လိုက်ရသည်။ တခြားလူကို သီလရှိအောင် စည်းရုံးခြင်းက လူမိုက်၏ အလုပ်သာ ဖြစ်သည်။ တစ်ဖက်လူအား စည်းရုံးလိုပါက ရက်စက်ကြမ်းကြုတ်သော ခွန်အားကို အသုံးပြုရမည်။

သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လုရွှမ် အနီးတစ်ဝိုက်တွင် နေရာသုံးနေရာ အဖြစ် ဖြန့်ကျက်ထားလိုက်ကြသည်။ ရုတ်​တရက်​ ​အော်​ဟစ်​သံ​နဲ့အတူ လူ ၃ ​ယောက်​က ပူး​ပေါင်း၍ တိုက်ခိုက်​ကြတော့သည်။

ရွှေရောင်ဆံပင်နဲ့ လူငယ်လေးသည် သူ၏လက်များကို နိယာမ အခြေခံများနှင့် ရောယှက်ကာ လေထုအလယ်၌ မီးတောက် မီးလုံးကြီး ထွက်ပေါ်လာသည်။ မီးလျှံထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် ကောင်းကင်ကြီးကလည်း ပူလောင်လာလေ၏။

"မီးနဂါး!"

ဆံပင်ရွှေရောင်နဲ့ လူငယ်က အော်လိုက်သည်။

မီးတောက်များက ချက်ချင်းပင် မီးနဂါး အဖြစ်သို့ ပေါင်းစည်းသွားကာ ဟောက်သံနှင့်အတူ လုရွှမ်ဆီသို့ ပြေးဝင်သွားသည်။

ကျန်လူ နှစ်ယောက်ကလည်း အညီအမျှ သန်မာကြသည်။ တစ်ယောက်က လက်နှစ်ဖက်ကို လှည့်ပတ်၍ လေပွေများ ပေါက်ဖွားလာကြသည်။

မီးသည် လေကိုချေးယူ၍ လေသည်လည်း မီးကို ကူညီပေးသည်။ ရက်စက် ကြမ်းကြုတ်တဲ့ စွမ်းအားတစ်ခုက ကောင်းကင်ထက်မှာ လှုပ်ခါသွားရာ သူ့အနီးနားက ကျောင်းသားတချို့ပင် နောက်ပြန် ဆုတ်သွားကြရ၏။

လုရွှမ် မီးနဂါးကို သူ့မျက်လုံးထဲ မထည့်ထားဘဲ ​လေထုအတွင်းရှိ ကွက်လပ်ကို တစ်ချက်ကြည့်လိုက်သည်။ လူနှစ်ယောက်၏ အသွင်အပြင်ကို ရောယှက်လိုက်သောအခါ လုရွှမ် ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း တတိယလူမှာ လေထုအလယ်မှ ပျောက်ကွယ်သွားခဲ့သည်။

ရောယှက်နေသော စွမ်းအင် အသွင်အပြင်သည် မမြင်နိုင်သော စွမ်းအားထက်ပင် ပိုမိုအဆင့်မြင့်သည့် အမြန်နှုန်း ဖြစ်လာကြောင်း တွေ့လိုက်ရသည်။ သူတို့ သုံးယောက်သည် ပါရမီရှင်များဟု လူသိများကြပြီး လုရွှမ်ကလည်း သူတို့ သုံးယောက်ရဲ့ အင်အားကို ကျေနပ်​နေ၏။

သူတို့နဲ့ဆို တခြားကျောင်းတွေကို ယှဉ်ပြိုင်ဖို့ လုံလောက်ပြီ။ ဒါပေါ့ သူရဲ့လမ်းညွှန်မှုကို ရရှိပြီးရင် သူတို့သုံးယောက်ဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ သေချာပေသည်။

လုရွှမ် ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားကာ လက်တစ်ဖက် ဆန့်လျက် သူ့ဘေးကို လှမ်းဆွဲလိုက်သည်။ သူတော်စင်တစ်ပိုင်း၏ ရောင်ဝါကို သယ်ဆောင်လာသော တောက်ကျင့်စဥ် လိုင်းများကဲ့သို့ ပုံသဏ္ဌာန်ရှိသော စွမ်းအင်များက လက်ဖဝါးထဲတွင် စုစည်းထားသည်။

သူ လူပုံသဏ္ဌာန် တစ်ခုကို ဆွဲထုတ်လိုက်ပြီး သူ့လက်ကို ဖျတ်ခနဲ ဝေ့ယမ်းလိုက်တဲ့အခါ အနောက်မှ လူနှစ်ယောက်ကို ရှက်ရွံ့စွာ ထိမိသွားခဲ့သည်။

"ရေ!"

လုရွှမ် ခပ်ကျယ်ကျယ် အော်လိုက်သည်နှင့် တဟုန်ထိုး အော်သံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင် မြစ်​ရေသည် ရုတ်ချည်းကျဆင်းလာကာ အရှိန်အဟုန် ပြင်းလှသော ရေလွှမ်းမိုးမှုကြောင့် မီးနဂါးကြီး ငြိမ်းသွားခဲ့သည်။

သုံးယောက်သား ထိတ်လန့်သွား၏။ လုရွှမ်ရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေက သူတို့ စိတ်ကူးထက် ကျော်လွန်သွားခဲ့ပြီ။ လျိုဟွာပင်လျှင် အလွန်အံ့အား သင့်ခဲ့ရသည်။

သူတို့အားလုံးသည် သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသောကာလများ ဖြစ်ကြပြီး နိယာမစွမ်းအင် အသွင်အပြင်များကို နားလည် သဘောပေါက်မှုမှာ အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားပြီ။ ဤအမျိုးမျိုးသော အသွင်အပြင်များကို တစ်ဦးတစ်ယောက်က ဖောက်ဖျက် နိုင်ခဲ့တာကို မကြားဖူးခဲ့ပေ။

"နိယာမစွမ်းအင်တွေ အပေါ် မင်းတို့ရဲ့ နားလည်မှုက အပေါ်ယံပဲ ရှိသေးတယ်... ဥပမာ ဒြပ်စင်ငါးပါးထဲက မီး၊ တပ်မက်မှုမီး၊ ကံ​ကြမ္မာမီး.... အဲဒါတွေက မီးဖြစ်နေတယ် ဆိုပေမယ့် စိတ်ဆန္ဒမီးကတော့ ကျင့်ကြံသူတွေရဲ့ ရန်သူပဲ.... မင်းစဉ်းစားလိုက်တာနဲ့ မလုပ်နိုင်တာ ဘာမှ မရှိ​တော့ဘူး"

ရွှေရောင်ဆံပင် လူငယ်လေး၏ မျက်လုံးများ တောက်ပလာ၏။ ကံကြမ္မာမီး၊ စိတ်ဆန္ဒမီး။ တကယ်တမ်း သူ့အတွက် ဒါတွေက တစ်ခါမှ မကြုံဖူးလဲ့ဘူး။

"ကြည့်ထား.... ငါအစမ်းပြမယ်"

လုရွှမ်ရဲ့ မျက်လုံးတွေက ရွှေရောင်ဆံပင်နဲ့ လူငယ်လေးထံ ကျရောက်သွားပြီး သူ့လက်ထဲတွင် မီးတောက်တစ်ခု ပေါ်လာခဲ့သည်။

လူတိုင်း၏ မျက်လုံးရှေ့၌ပင် မီးတောက်သည် ရွှေရောင်ဆံပင်နဲ့ လူငယ်ဆီသို့ တိတ်တဆိတ် ပျံ့လွင့်သွားသည်။ သူ့ခမျာ ရှောင်ရန် ကြိုးစားသော်လည်း မရှောင်နိုင်ဘဲ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်သွား​လေသည်။

ရွှေဆံနွယ်နဲ့ လူငယ်လေးကိုယ်မှ ရွှေရောင် အလင်းတန်းများ ရုတ်တရက် ပေါက်ထွက်လာ၍ မြေပြင်ပေါ်သို့ လဲကျသွားတာကို တွေ့လိုက်ရတော့ လူငယ်လေး ကိုယ်တိုင်လည်း အံ့သြသွားမိသည်။ သူကထ၍

"ခုနက ဘာဖြစ်​သွားတာလဲ?"

"မင်းရဲ့ခန္ဓာကိုယ်ထဲကို မီးတောက်တစ်ခု ဝင်လာသလို ခံစားလိုက်ရတယ်မလား? ဒါပေမဲ့ တကယ်တမ်းကျတော့ မင်းခံစားနေရတဲ့ မီးတောက်က တစ်ခုမှ မရှိဘူး... အဲဒါကို မမြင်နိုင်ဘူး ဘာလို့လဲဆိုတော့ ငါကစားခဲ့တာက အတွင်း စိတ်မီးပဲ.... အဲဒါကို မင်းအတွင်းစိတ်ထဲက နတ်ဆိုးစိတ်မီးလို့ ခေါ်နိုင်တယ်"

ရွှေရောင်ဆံပင်နဲ့ လူငယ်လေးဟာ အနီးနားကို ကမန်းကတန်း မေးကြည့်လိုက်သည်။ သေချာတာကတော့ တခြားသူတွေက မီးတောက်တွေ မမြင်ရပေမယ့် အကြောင်းပြချက် မရှိဘဲ ကောင်းကင်မှာ စွမ်းအင်တွေ ပျံဝဲနေခဲ့တယ်လို့ပဲ ဆိုကြလေ၏။

"နိယာမစွမ်းအင် လမ်းစဥ်ဆိုတာ မင်း အဲဒါကို အရင်ရှာရမယ်... ပြီးတော့ နားလည်အောင် လုပ်ရမယ် နောက်ဆုံးမှ ထိန်းချုပ်ရမယ်"

လူငယ်များစွာသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လုရွှမ်အား တစ်ပြိုင်တည်း ဦးညွှတ် ဂါဝရပြုကြပြီး စိတ်ချလက်ချ ယုံကြည်သွား​ကြပြီ ဖြစ်​လေသည်။

All Chapters