← Chapters

အလောင်းအစား

Vol. 45 Ch. 4.184

အလောင်းအစား

Vol. 45 Ch. 4.184

“ဒါဆို ငါတို့ပြောလိုက်ကြမလား”

အငယ်ဆုံး ထျန်းယင်က မေးလိုက်သည်။

"ဘာလို့ ပြောရမှာလဲ? ပြောလိုက်ရင် ငါတို့ကိုယ်တိုင် အတွက် ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး... ငါတို့ သူ့ကို တိတ်တိတ်လေး ပြောပြီး ဖယ်ခိုင်းရမယ်!"

မင်းသမီးပိုင်လုံက ဆိုလိုက်သည်။ သခင်လေးယွမ်ယန်ကို သူမလေးစားခဲ့တာကို သတိရပြီး သူ့ဆီသွားဖို့ ခြေလှမ်းပြင်လိုက်၏။

ယွမ်ယန်သည် အမှန်တကယ်ပင် သူမအား လျစ်လျူရှုထားပုံ ရလို့ သူမနှလုံးသားထဲတွင် မီးတောက်သွားသလို ခံစားလိုက်ရသည်။ ဒေါသကြောင့် မဟုတ်ဘဲ သူမစိတ်ထဲက စွဲလန်းမှုကြောင့်ပင်။

နည်းနည်းလေး မှားနေသလိုပဲ။ သူမကို ကူညီရတာက ထျန်းလုံကျောင်းတော်ကို ကူညီပေးရတာနဲ့ ယှဉ်ရင် သူမဘက်က ပိုလွယ်တယ် မဟုတ်ဘူးလား။

သူ့ကို အစ်ကိုယွမ်လို့ ခေါ်တဲ့အတွက် ဒီလိုမျိုး ပြန်တုံ့ပြန်လိုက်တာပေါ့လေ။

"ဟမ့်!"

တခြားမိန်းကလေးတွေက တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တိတ်တဆိတ် ရယ်မောလိုက်ကြသည်။

ယခု လုရွှမ်သည် သူတော်စင်တစ်ပိုင်း အဆင့်၄ ယန်ရှန်နယ်ပယ်သို့ ထိုးဖောက် ဝင်ရောက်တော့မှာ ဖြစ်သောကြောင့် အန္တရာယ်ကို အငွေ့အသက်ကို သတိပြုမိနေပြီ ဖြစ်သည်။

တစ်စုံတစ်ယောက်က သူ့ကို အာရုံစိုက်နေသလိုမျိုး တစ်ခုခု မှားနေတာ ခံစားလိုက်ရသည်။ လုရွှမ်ရဲ့ မျက်လုံးတွေက အေးစက်သွား၏။ ဒီလူတွေက သူ့ကို အခုထိ တိုက်ခိုက်ချင်နေသေးတာလား?

ဆိုရိုးစကားအတိုင်း နေရာမြင့်လေ မြင့်လေ ပြုတ်ကျဖို့ လွယ်လေပဲ။ လုရွှမ်၏ နှစ်ထောင်ပေါင်း များစွာသော အတွေ့အကြုံများမှ ဤအမှန်တရားကို ကောင်းစွာ သိထား​လေသည်။

အခြားသူများ၏ အမြင်တွင် ထျန်းလုံကျောင်းတော်၏ ယာယီကျောင်းအုပ်ကြီး ဖြစ်လာခြင်းသည် ကြီးမားသော ဂုဏ်ပုဒ်နှင့် ကျော်ကြားမှု ရရှိလာခြင်းတို့ ဖြစ်နိုင်သည်။

၎င်းသည် ရည်မှန်းချက်ကို မွေးမြူလိုခြင်း၊ ဒီရာထူးကို အပြည့်အဝ ရယူလိုခြင်း၊ ခြားနားမှု တစ်ခုကို ပြုလုပ်လိုခြင်း သို့မဟုတ် အာဏာနှင့် အကျိုးအမြတ်ကို ရယူလိုခြင်းတို့ကို ဖြစ်လာစေနိုင်သည်။

လုရွှမ်သည် အေးဆေးတည်ငြိမ်ပြီး ခေါင်းမာ ပြတ်သားသူ ဖြစ်သည်။ ထိုနည်းလမ်းကို တွေးဝံ့ပါက ရက်အနည်းငယ်အတွင်း အမျိုးမျိုးသော အကျပ်အတည်းများ မလွဲမသွေ ရိုက်ခတ်လာကာ လုပ်ကြံ သတ်ဖြတ်မှုများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာမှာပဲ ဖြစ်သည်။

နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုမှာတော့ ဘယ်လို ခွန်အားမျိုးက ဘယ်လို အနေအထားမျိုးမှာ ထိုင်ရမလဲ။ ဘယ်လို အလားအလာမျိုးက ဘယ်လို ရာထူးကြီးမျိုးမှာ ထိုင်နိုင်မလဲ ဆိုတဲ့ အကြောင်းအရာကို ထည့်သွင်း စဥ်းစားလာကြသည်။

တိမ်ပင်လယ် နယ်မြေထဲက ထောင်သောင်း မကသော ပါရမီရှင်များသည်လည်း လည်ပင်းပေါ် ဓားတင်ထားရတာကို သိထားရမည်။

ထျန်းလုံကျောင်းတော်၏ အကြီးအကဲ ခေါင်းဆောင်များ၏ အမြင်တွင် သူသည် ယခုနေရာ၏ ယာယီ လူတစ်ဦးသာ ဖြစ်သည်။ ဤကျောင်းလေးခုပြိုင်ပွဲ၏ ရည်ရွယ်ချက်ကြောင့် သူတို့က မကျေမနပ်ဖြင့် အလျှော့ပေးကာ ထျန်းလုံကျောင်းတော်၏ ယာယီကျောင်းအုပ်ကြီး ဖြစ်လာရန် အခွင့်အခါ ပေးတာဖြစ်သည်။

သို့သော် ရိုးရိုးသားသား ပြောရလျှင် ထျန်းလုံကျောင်းတော်ရှိ သြဇာကြီးသူများမှာ မကြာသေးမီကမှ ရောက်လာသူ သူတော်စင်တစ်ပိုင်း အဆင့်၃ လူက ကျောင်းသားများကို ဘယ်လောက်ထိများ သင်ကြားပေးနိုင်မလဲ အမှန်တကယ် စောင့်ကြည့်လိုကြသည်။

လုရွှမ်သည် တခြားသူများ၏ ကိစ္စများတွင် ဝင်ရောက် စွက်ဖက်ပြီး သူ၏ သြဇာလွှမ်းမိုးမှုနိုင်ကို မွေးမြူခြင်း မရှိပါက ထိုလူများ၏ ရုပ်သေးရုပ်အဖြစ် တည်ရှိသွားနိုင်ပြီး အပေါ်ယံ ဟန်ချက်ကိုသာ ထိန်းထားနိုင်တော့မယ် ဆိုတာ ကောင်းစွာသိထားသည်။

သူသာ ချွင်းချက်တစ်ခုကို လုပ်ချင်လိုက်တာနဲ့ အဲဒီလူတွေကို သူ့ကို​ချက်ချင်း အရေးယူ တိုက်ခိုက်လာကြမှာ သေချာလေသည်။

ဒါအမှန်တရားပဲလေ။ သူလက်ရှိ ဖြစ်နေတဲ့အ ခြေအနေလိုပဲ။ ဒါပေမဲ့ သူအဲဒါကို လက်ခံရမယ်လို့ မဆိုလိုပါဘူး။

"ဟမ်... ဒီသခင်က မင်းတို့ ထိန်းကျောင်းနိုင်တဲ့ ရုပ်သေးလို့ ထင်နေတာလား? မင်းတို့ရဲ့ အစုတ်ပလုတ် ကျောင်းအုပ်ကြီး နေရာကို ဒီသခင်က လုံးဝ စိတ်မ၀င်စားဘူး... ငါ့အပေါ် လှုပ်ရှားလာရင်တော့ အပြစ်ပေးရလိမ့်မယ်"

လုရွှမ် သူ့နှလုံးသားထဲကနေ လှောင်ရယ်လိုက်သည်။

ကစားချင်တယ်ပေါ့။ ဒါဆို ကစားလိုက်လေ။ ထျန်းလုံကျောင်းတော်က ဒီအနေအထားတောင် ရောက်နေပြီကို သူ့ကို ကစားပြီး အပြစ်တွေ သူ့ခေါင်းပေါ် ပုံချချင်နေရင်တော့ အလောင်းကောင် အဖြစ် ပြောင်းပစ်ဖို့ သူ့ဖက်ကလည်း အားနာနေမှာ မဟုတ်ဘူး။

အရည်အချင်း ရှိသော ကျောင်းသားများသည် မိမိအရည်အချင်းကို ထုတ်ပြရန်နှင့် အနိုင်ရရန် ကြိုးပမ်းရင်း အဆင့်၃၂ဆင့်ကို ဖြတ်ကျော်သွားခဲ့သည်။

ဤပြိုင်ပွဲသည် ကျောင်းကြီးလေးကျောင်း ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ် ဖြစ်သည်။ ပြိုင်ပွဲဝင် အားလုံးသည် သူတော်စင်တစ်ပိုင်း အဆင့်၃ အောက်က ကျောင်းသားများ ဖြစ်ကြပြီး အလွန်ထက်မြက်ကြသည်။

သဘာဝအတိုင်း အသက်ငယ်ကြကာ အသက်ဆယ့်ငါးနှစ်မှ ဆယ့်ခြောက်နှစ်သာ ရှိသေးသော ယောက်ျားမိန်းမ များစွာ ပါရှိသည်။

နုနယ်သော ပါးပြင်များသည် လေးနက်မှု အပြည့်ရှိနေ၏။ ၎င်းတို့သည် လုံလောက်သောအင်အားမရှိ၊ အတွေ့အကြုံမရှိ၊ ​ပြိုင်ပွဲတွင် ရယ်စရာကောင်းသော အမှားတချို့ကိုပင် ပြုလုပ်ခဲ့ကြသော်လည်း အားမာန်အပြည့်နှင့် ရှုံးနိမ့်မှုကို မခံမရပ်နိုင်သော အရှိန်အဟုန်သည် အားအပြည့်နှင့် စောင့်ကြည့်နေသူများကို စိတ်လှုပ်ရှားစေသည်။

လုရွှမ် မျက်လုံးများ တခဏ တောက်ပသွားသည်။ ပြိုင်ပွဲစင်မြင့်ပေါ်တွင် ရင်းနှီးသော ရုပ်သဏ္ဌာန်ကို မြင်ရမာ်လို့ မမျှော်လင့်ထားပေ။ မြို့တော်ကို တွေ့ခဲ့ဖူးသည်။

သူမ၊ သူမအစ်ကိုနဲ့ ခယ်မက လုရွှမ်ကို ကောင်းကင်အရက်ကို အတူသောက်ဖို့ ဖိတ်ခေါ်ခဲ့လို့ အတူသောက်ခဲ့ဖူးလေသည်။

ထိုကလေးမလေး၏ အမည်မှာ ကျောက်ရှင်း ဖြစ်ပြီး လုရွှမ် သူမအား ကူညီပေးကာ သူတော်စင်တစ်ပိုင်း အဆင့်၃အထိ တိုးမြှင့်​ပေးခဲ့သည်။ သူမအား အဆင့်နိမ့် ဝိညာဥ်အဆင့် လေ့ကျင့်ရေး နည်းလမ်းစာအုပ်ကိုလည်း ပေးခဲ့ဖူးသည်။

ကလေးမလေးသည် အရည်အချင်း ကောင်းများရှိပြီး သူ ထွက်ခွာသွားချိန် ကတည်းက သူမစွမ်းရည်များကို ကောင်းမွန်စွာ လေ့ကျင့်ခဲ့ပုံ ရသည်။ သူမ၏ ယွမ်ချီသည် ထူထဲပြီး လိုက်လျော ညီထွေ ရှိသည်။

ပြိုင်ဘက်သည် ကြီးမားသော ပုဆိန်ကြီးက ကျားကိုပင် ပြင်းထန်စွာ တွန်းလှန်ပစ်နိုင်သော်လည်း ယခုအချိန်တွင် ရှက်ကိုးရှက်ကန်း ကျောက်ရှင်း၏ ပြိုင်ဘက် လုံးဝ မဟုတ်​တော့ပေ။

လုရွှမ် သူ့အစ်ကိုနဲ့ ယောင်းမက ကျောက်ရှင်းကို ကွင်းဘေးမှာ အားပေးနေတာကို တွေ့လိုက်ရသည်။

ကျောက်ဟဲကို မြင်လိုက်ရတော့ လုရွှမ်သည် ကောင်းကင်အရက် ပုလင်း ကျန်နေသေးသည်ကို သတိရသွားကာ သူ့နှုတ်ခမ်းကို သပ်လိုက်မိသည်။ အဲဒါ ကျောက်ဟဲရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေသေးလား မသိဘူး။

မကြာခင်မှာပဲ ကျောက်ရှင်းက တစ်ဖက်လူကို ပြိုင်ပွဲစင်မြင့်ပေါ်ကနေ ခေါက်ချလိုက်ပြီး အောင်နိုင်သူ အဖြစ် ကွင်းထဲမှာ ဆက်နေကာ နောက်ထပ်တိုက်ပွဲကို စောင့်နေလိုက်သည်။

လုရွှမ်၏ မျက်လုံးများသည် လူအုပ်ကြားတွင် ဆက်လက် ပျံ့လွင့်နေသည်။ ကွင်းထဲတွင် ယန်ရှီးနှင့် ကျိုးကျိုးတို့ကိုလည်း တွေ့လိုက်ရသည်။ မိန်းကလေး နှစ်ယောက်သည် သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကျင့်ကြံမှု အရှိန်မှာ အလွန်မြန်လှသည်။

အမျိုးသမီး နှစ်ဦးစလုံးသည် အညီအမျှ အလွယ်တကူ တိုးတက်လာကြတာပင်။

ပြိုင်ပွဲကွင်းပြင် ၃၂ခုက တစ်ချိန်တည်းမှာ ယှဉ်ပြိုင်ကြပြီး စွမ်းဆောင်ရည်ကလည်း အရမ်းမြန်ကြ၏။ ကျောင်းတစ်ကျောင်းစီမှ ပြိုင်ပွဲဝင် တစ်ရာရှိပြီး နောက်ဆုံး အသုတ်အဖြစ် သုံးဆယ့်နှစ်ဦးကို အချိန်တိုအတွင်း ရွေးချယ်ခဲ့သည်။

ကျောင်းကြီး လေးခုမှ ကျောင်းသား ရှစ်ယောက်အဖြစ် ခွဲ၍ အညီအမျှ ထွက်လာခဲ့သည်။

လုရွှမ်နှင့် တခြား ကျောင်းအုပ်ကြီး သုံးဦးတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးပြ​နေသော်လည်း သူတို့ ကျေနပ်နေတာလား မကျေနပ်တာလား မည်သူမျှ မသိပေ။ လုရွှမ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ယခုတစ်ကြိမ် ထျန်းလုံကျောင်းတော်တွင် အရည်အချင်း ရှိသော ကျောင်းသား များစွာကို ရွေးချယ်ခဲ့သည်။ လုရွှမ် ထင်မြင်ချက်အရ အနည်းဆုံး လူဆယ်ယောက် တက်လှမ်းနိုင်သင့်သည်။ မမျှော်လင့်ဘဲ လူနှစ်ယောက်ကို ဖယ်ထုတ် ပစ်လိုက်သည်။

အဓိက ကျောင်းကြီး ၃ ကျောင်းကလည်း သူတို့ရဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်နေတာပဲကိုး။

သို့သော် ကျောင်းအုပ်သုံးယောက်၏ မျက်လုံးများကတော့ လုရွှမ် မနေနိုင်စွာ တစ်ချက် လှမ်းကြည့်လိုက် မိသေးသည်။ လုရွှမ်ဘက်မှ ပြိုင်ပွဲဝင် ကိုယ်စားလှယ်လောင်းများ အလျင်အမြန် ပြောင်းလဲမှု အကြောင်း သူတို့ ကြားသိခဲ့ရပြီပြီ။

လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း လုရွှမ်၏ ကြိုးစားအားထုတ်မှု အကြောင်းကိုလည်း သိရှိခဲ့ကြရာ မထင်မှတ်ဘဲ ရလဒ်များမှာ ထူးထူးခြားခြား ပေါ်ထွက်လာ၏။

အရင်တုန်းက လူ၃၂ယောက် စာရင်းမှာ ထျန်းလုံကျောင်းတော်က လူငါးယောက်ပဲ ပါခဲ့တယ်ဆိုတာ သိထားရလိမ့်မည်။

ထျန်းလုံကျောင်းတော်မှ ကျောင်းသားများမှာ ပြိုင်ပွဲစင်ဘေးမှ ကြည့်ရှုနေရင်း ရလဒ်ကို ကျေနပ်ကြပြီး လုရွှမ်ကို ကြည့်လိုက်သော မျက်လုံးများက နှစ်သက်မှု အရိပ်အယောင်များ ဖြတ်ပြေးနေ၏။

နောက်တစ်ခုကတော့ အလယ်တန်းအဆင့် ပြိုင်ပွဲပင်။

ကျူးချွဲ့ကျောင်းတော်မှ ကျောင်းအုပ်ကြီးသည် ကျင့်​ကြံမှု အမြင့်ဆုံး အဆင့်ရှိပြီး သူသည် လူအများ ကြားတွင် စကားပြောဆိုပိုင်ခွင့် အရှိဆုံးဖြစ်တာကြောင့် သဘာဝကျကျ ပြုံးလျက် စကားစလာခဲ့သည်။

"ထျန်းလုံကျောင်းတော်က လူရှစ်ယောက် ရုတ်တရက် ထွက်လာမယ်လို့ မမျှော်လင့်ထားဘူး.... အလောင်းအစား လုပ်ကြည့်ရအောင် အလယ်တန်း အဆင့်မှာ ဘယ်ကျောင်းက အနိုင်ရမလဲ လောင်းကြမယ် ဘယ်လိုလဲ?"

ကျန်တဲ့ နှစ်ယောက်က ခဏလောက် စဉ်းစားပြီး ခေါင်းညိတ် သဘော တူလိုက်ကြသည်။ သူတို့ဘက်က ယုံကြည်ချက်ရှိမှန်း သိသာလေ၏။

လုရွှမ်ကတော့ သူ့နှလုံးသားထဲမှာ လှောင်ရယ်လိုက်သည်။ ဒီလူကြီးသုံးယောက်က သူ့ကို အခွင့်ကောင်း ယူချင်နေတာ ထင်ရှားပါ၏။ ကျောင်းကြီးများ၏ ကြီးကျယ်သော ပြိုင်ဆိုင်မှုသည် အခြေခံအားဖြင့် ဆယ်နှစ်မှ တစ်ကြိမ်သာ ရှိလို့ ယခုလို အထူးအခြေအနေကလည်း တစ်ကြိမ်ပဲ ရှိသည်။

ဆယ်နှစ်အတွင်းတွင် ထိပ်တန်း အရည်အချင်းရှိသော ကျောင်းသားများသည် အဆင့်ငယ် သုံးဆင့်ကို ကျော်ဖြတ်လာခဲ့သည်။ ဆိုလိုတာက မနှစ်က အစောပိုင်းအဆင့်မှာ ပြိုင်ခဲ့ဆဲ့ ကျောင်းသားတွေဟာ အခု အလယ်တန်းအဆင့်မှာ ပါဝင်ဖို့ပဲ ရှိနေကြပြီ။

ပြီးခဲ့သည့် ပြိုင်ပွဲတွင် ထျန်းလုံကျောင်းတော်က ကျောင်းသား ဘယ်နှစ်ယောက် ထိပ်တန်း ၃၂ ဦးထဲ ဝင်ရောက်ခဲ့သလဲ?

လူသုံးယောက်ပဲ ဖြစ်သည်။ အရေအတွက်က လက်တစ်ချောင်းစာတောင် မရှိခဲ့။

All Chapters